Saturday, June 12, 2010

တပ်ရင်းတစ်ခုလုံး နုတ်ထွက်ဖို့ ကြိုးပမ်းမှုကြီး

June 11, 2010

ကရင်ပြည်နယ် နတ်ကြီး ကျေးရွာမှာ အခြေစိုက်တဲ့ တပ်မ (၄၄) လက်အောက်ခံ ခြေမြန်တပ်ရင်း (၃) မှာ တပ်ရင်းတစ်ခုလုံး နုတ်ထွက်ဖို့ ကြိုးပမ်းမှု ဖြစ်ပွားခဲ့တယ်လို့ စစ်တပ်နဲ့ နီးစပ်တဲ့ ဘီးလင်းမြို့ခံ တယောက်က ဘီဘီစီကို ပြောပါတယ်။

အဲဒီတပ်ဟာ မော်လမြိုင် ရန်ကုန် ကားလမ်းနံဘေးက ဘီးလင်းမြို့အနားမှာ အခြေစိုက်တာ ဖြစ်ပါတယ်။

တပ်တွင်းမှာ အောက်ခြေက တပ်သားတွေ ရင်ဆိုင်နေရတဲ့ အခြေအနေနဲ့ အထက်က အမိန့်ပေးခိုင်းစေတာတွေကို မကျေနပ်ကြတဲ့ အတွက် တပ်ရင်းမှုးကအစ အောက်ခြေ တပ်သားတွေ အဆုံး နှုတ်ထွက်ဖို့ ပြင်ဆင်ကြတာကို တပ်မမှုး သိသွားလို့ ထိမ်းချုပ် ထားလိုက်တဲ့ အကြောင်းလည်း ဘီးလင်းမြို့ခံက ဘီဘီစီကို ပြောပါတယ်။

အခုတော့ တပ်ရင်းမှုး အပြောင်းအလဲ လုပ်လိုက်ပြီး ပထမ တပ်ရင်းမှုးအပါအဝင် ဂျီတူး နဲ့ ဂျီသရီး တွေ အပြင် အခြား တာဝန် ရှိသူတွေကိုလည်း ထုခြေလွှာတောင်းပြီး စစ်ဆေးမှု ပြုလုပ် နေတယ်လို့လည်း သူက ဆက်ပြောပါတယ်။

မြန်မာစစ်တပ်အတွင်းမှာ အခုလို တပ်တွင်းမှာ အကျေမနပ် ဖြစ်မှုတွေအကြောင်း မကြာခဏ ကြားရလေ့ ရှိပေမဲ့ မြန်မာ အစိုးရဘက်က တရားဝင် သတင်းထုတ်ပြန်လေ့ မရှိလို့ အတည်ပြုချက် ရယူဖို့ခက်ပါတယ်။

ဒီနှစ်ဆန်းပိုင်းတုန်းကလည်း မြန်မာစစ်တပ်ထဲမှာ စားဝတ်နေရေး မပြေလည်တဲ့ အတွက် အင်းမက တပ်မ (၆၆) နဲ့ တပ်မ (၇၇) တို့မှာ တပ်တွင်း အမိန့် မနာခံမှုတွေ ဖြစ်ခဲ့ပါတယ်။

Ref: BBC News

0 comments:

အပေါ်သို့