Saturday, August 13, 2011

အတောင်းကြမ်းကြမ်း ဘ၀မှ နိုင်ငံတကာ အလှူရှင်ကြီး ဖြစ်လာတဲ့ အိန္ဒိယ

13 August 2011

၁၉၅၁ နှင့် ၁၉၉၂ ခုနှစ်ကြားမှာ အိန္ဒိယနိုင်ငံက နိုင်ငံရပ်ခြားမှ အလှူငွေ ဒေါ်လာ ၅၅ ဘီလီယံ လက်ခံရရှိခဲ့ပြီး၊ ကမ္ဘာ့သမိုင်းမှာ အလှူငွေ အများဆုံး ရရှိခဲ့တဲ့ တိုင်းပြည်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။

သို့သော် ယခု အိန္ဒိယက အမြဲလက်ဖြန့်တောင်းနေမယ့် အတန်းစားမျိုး မဟုတ်တော့တာကို သက်သေပြတော့မည် ဖြစ်သည်။ အများဆုံး လက်ဖြန့်တောင်းခဲ့ရတဲ့ ဘ၀မှ နိုင်ငံတကာ အလှူရှင်ဇောတိက အဖြစ်ကို ခုန်ကူးဖို့ အစိုးရက စနစ်တကျ ဆောင်ရွက် နေသည်။

Read More...

ဂီရိ မုန်တိုင်းသင့် ဒေသတွင် ထမင်းငတ်နေသူများ ရှိနေပြီ

8/12/2011

မုန်တိုင်းဒဏ်ကို အဓိက ခံခဲ့ရသော မြေပုံမြို့နယ် ကျွန်းသာယာကျွန်းမှ ဒေသခံ ပြည်သူ တစ်ချို့မှာ နပ်မှန်အောင် ထမင်း မစား ရဘဲ ငတ်နေကြပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

" ကျွန်တော်တို့ နေထိုင်နေတဲ့ ကျွန်းသာယာကျွန်းမှာ ရွာပေါင်း (၄) ရွာရှိပါတယ်။ အုန်းချောင်း၊ ပြင်ချောင်း၊ ပြင်ဝန်းနဲ့ ကျွန်းသာ ယာ ဖြစ်ပါတယ်။ အခု အများစု ထမင်းငတ်နေတဲ့ ရွာသားတွေက အုန်းချောင်း၊ ပြင်ချောင်းနဲ့ ပြင်ဝန်း ရွာသုံးရွာက လူတွေ ဖြစ် ကြပါတယ်" ဟု ဒေသခံ တစ်ဦးက ပြောသည်။

Read More...

ပလက်ဝ ကြားခံ ဆိပ်ကမ်း ပွင့်လင်းရာသီတွင် အိန္ဒိယက တည်ဆောက်မည်

8/12/2011
မောင်ရမ္မာ

အိန္ဒိယ-မြန်မာ ကုန်သွယ်ရေး လမ်းကြောင်းသစ်ပေါ်တွင် တည်ဆောက်မည့် စစ်တွေဆိပ်ကမ်း အပြင် ပလက်ဝတွင်လည်း ကြား ဆိပ်ကမ်းတစ်ခုကို ပွင့်လင်း ရာသီတွင် စတင်တည်ဆောက်သွားမည်ဟု သိရသည်။

အဆိုပါ ကုန်သွယ်ရေး လမ်းကြောင်းသစ်သည် အိန္ဒိယနိုင်ငံအား စစ်တွေ ဆိပ်ကမ်းကို အသုံးပြုပြီး ကုန်သွယ်မှု တိုးမြှင့်ရေး အတွက် လုပ်ဆောင်သော လုပ်ငန်း ဖြစ်သဖြင့် လာမည့် ၂၀၁၃ ခုနှစ်တွင် အပြီးသတ် တည်ဆောက်မည် ဖြစ်သည်ဟု သိရသည်။

Read More...

နစက ဗဟိုဈေးမီးလောင်၊ မသင်္ကာမူနှင့် လူ ၃ ဦးကို ဖမ်းဆီး တရားစွဲ

8/13/2011

ရခိုင်ပြည်နယ် မောင်တောမြို့တွင် အခြေစိုက်ထားသော နစက ဌာနချုပ်ဈေးတွင် သြဂတ်စ်လ ၁၁ ရက်နေ့ ညဉ့်က မီးလောင်မူ ဖြစ်ပွားရာ မသင်္ကာသူ လူသုံးဦးကို ဖမ်းဆီး တရားစွဲဆို လိုက်ကြောင်း သတင်း ရရှိသည်။

အမည်မဖေါ်လိုသူ ဒေသခံ တစ်ဦးက အခြေအနေ အရပ်ရပ်ကို ယခုကဲ့သို့ ပြောသည်။

Read More...

အပြုသဘော ပူးပေါင်းဆောင်ရွက်ရန် ဒေါ်စုနဲ့အစိုးရ သဘောတူ

12 သြဂုတ် 2011
ဒေါ်ခင်မျိုးသက်

မြန်မာ့ဒီမိုကရေစီရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အလုပ်သမားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွေရဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နဲ့ ရန်ကုန်မြို့ စိမ်းလဲ့ကန်သာ အစိုးရ ဧည့် ဂေဟာမှာ ဒီကနေ့တွေ့ဆုံခဲ့ပါတယ်။ နှစ်ဖက် ပဋိပက္ခဖြစ်နိုင်ချေတွေကို ရှောင်ရှားပြီးတော့ ဒီမိုကရေစီရေးအတွက် ပူးပေါင်း လက်တွဲ ဆောင်ရွက်သွားမယ့်အပြင် တွေ့ဆုံ ဆွေးနွေးမှုတွေလည်း ဆက်လုပ်သွားမယ်လို့ တွေ့ဆုံအပြီးမှာ ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ဒီအကြောင်းကိုတော့ ထိုင်းနိုင်ငံကနေ စုံစမ်းထားတဲ့ ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။

Read More...

ဗြိတိန်ဆူပူမှုအတွက် လူ ၆၀၀ ခန့်ကို တရားစွဲ

12 သြဂုတ် 2011

ဗြိတိန်နိုင်ငံမြို့တော် လန်ဒန်မြို့မှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်ဆူပူမှုတွေ၊ လုယက် ခိုးယူမှုတွေမှာ ပါဝင်ခဲ့သူ ၆၀၀ နီးပါးလောက်ကို လန်ဒန်ရဲတပ်ဖွဲ့က ဖမ်းဆီး တရားစွဲလိုက်ပါတယ်။ အဲဒီ ဆူပူမှုတွေဖြစ်ပွားပြီး သီတင်းတပတ်လောက်အကြာမှာ အခုလို တရားစွဲ တာလည်းဖြစ်ပါတယ်။

တနိုင်ငံလုံးအတိုင်းအတာနဲ့ လူပေါင်း ၁,၇၀၀ ကျော်ကို အာဏာပိုင်တွေက ဖမ်းဆီး ထိန်းသိမ်းခဲ့ပြီး အဲဒီအမှုတွေအားလုံးကို အမြန်ဆုံး စစ်ဆေး ပြီးဆီးဖို့အတွက် ကြာသပတေးနေ့တနေ့လုံးအပြင် ညရောက်တဲ့အထိ တရားရုံးတွေမှာ စစ်ဆေးခဲ့တာ ဖြစ် ပါတယ်။

Read More...

အိန္ဒိယဇာတ်စနစ်ရုပ်ရှင် ပြည်နယ်တချို့ ပိတ်ပင်

12 သြဂုတ် 2011

အိန္ဒိယနိုင်ငံက နာမည်ကျော် ဘောလိဝုဒ် (Bollywood) ရုပ်ရှင်ဇာတ်ကားသစ်တစ်ကားဟာ ဇာတ်နိမ့်၊ ဇာတ်မြင့် လူတန်းစား တွေအတွက် ခွဲတမ်းချထားတဲ့ စနစ်အကြောင်း ရိုက်ကူးထားတာ ဖြစ်တာကြောင့် အချေအတင် ဖြစ်စရာ ပြဿနာတွေ ကြုံရ မှာကို ဟန့်တားတဲ့အနေနဲ့ ပြည်နယ် ၃ ခုမှာ ပြသခွင့် ပိတ်ပင်လိုက်ပါတယ်။

Read More...

KIA နဲ့ ငြိမ်းချမ်းရေး ပြည်ထောင်စုအစိုးရ မျှော်လင့်

12 သြဂုတ် 2011
ကိုမိုးဇော်

မြန်မာအစိုးရသစ်ရဲ့ ပထမဆုံးသတင်းစာရှင်းလင်းပွဲကို နေပြည်တော် ဒီကနေ့ ကျင်းပခဲ့ပြီး ဒီသတင်းစာရှင်းလင်းပွဲမှာ လက်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA-KIO) နဲ့ ဖြစ်ပွားနေတဲ့ ပြဿနာနဲ့ ငြိမ်းချမ်းရေးကိစ္စတွေကို အလေးထား ထုတ်ပြန် ခဲ့ပါ တယ်။ ဒါ့အပြင် အစိုးရသစ်လက်ထက်မှာဆောင်ရွက်ခဲ့တဲ့ တိုင်းပြည်တည်ဆောက်ရေးကိစ္စ၊ ပင်စင်ကိစ္စတွေနဲ့ လာဘ်စားမှု တိုက် ဖျက်ရေးကိစ္စ စတာတွေကိုလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။ သတင်းစာရှင်းလင်းပွဲကို တက်ရောက်သူတွေကတော့ အရင် အစိုးရလက်ထက် တုန်းကထက်စာရင် အစိုးရသစ်လက်ထက်မှာ ပိုပြီး ပွင့်လင်းလာတယ်လို့ သုံးသပ်ကြပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက်သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

Read More...

နိုင်ငံခြားငွေလဲ လက်မှတ်များ ပြန်ရုပ်သိမ်းမည်

12 သြဂုတ် 2011
မနန္ဒာချမ်း

ဒီကနေ့ နေပြည်တော်မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ဗဟိုဘဏ်ဥက္ကဋ္ဌက မြန်မာပြည်မှာ နိုင်ငံခြားငွေ ဒေါ်လာနေရာ မှာ အစားထိုးပြီး တရားဝင်သုံးစွဲခွင့်ပြုထားတဲ့ Foreign Exchange Certificate (FEC) ကို မကြာခင်မှာ ရုပ်သိမ်းတော့မယ်လို့ ပြောကြားခဲ့ပါတယ်။ အဲ့ဒီလို ရုပ်သိမ်းတဲ့အခါမှာ နစ်နာမှု မရှိရအောင် အစိုးရက FEC ကို ပြန်လည်ဝယ်ယူမှာ ဖြစ်တယ်လို့ ဆိုပါ တယ်။ ဒီအပေါ်နဲ့ပတ်သက်ပြီး မြန်မာပြည်က စီးပွားရေးလုပ်ငန်းရှင် တချို့ကတော့ ဒါဟာ ဖြစ်သင့်တဲ့ကိစ္စတခုပဲလို့ တုံ့ပြန်ခဲ့ကြပါ တယ်။ ဒီအကြောင်းအပြည့်အစုံကို မနန္ဒာချမ်းက တင်ပြထားပါတယ်။

Read More...

Friday, August 12, 2011

၈၈ ဟာ ဒီမိုကရေစီအောင်ပွဲရဲ့ အစ

2011-08-11

၁၉၈၈ ခုနှစ်မှာ ပေါ်ပေါက်ခဲ့တဲ့ ရှစ်လေးလုံး အရေးတော်ပုံဟာ ဒီမိုကရေစီကို ချက်ချင်း ရအောင် မစွမ်းဆောင်နိုင်ခဲ့ပေမယ့် မအောင်မြင်တဲ့ အရေးတော်ပုံ တရပ်လို့ မမြင်မိကြောင်း မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြော ကြားလိုက် ပါတယ်။

Read More...

စည်သူဇေယျတို့သားအဖအမှု ကုလ လူ့အခွင့်အရေး ကောင်စီ ဆက်လက် စုံစမ်း

2011-08-11

၂၀၁၀ ခုနှစ်က ရန်ကုန် X2O ရေကစားမဏ္ဍပ်ရှေ့ ဗုံးကွဲတဲ့ ဖြစ်ရပ်ကို သတင်းဓာတ်ပုံ ရိုက်ယူခဲ့တာကြောင့် ထောင်ချ ခံထားရတဲ့ ကိုစည်သူဇေယျတို့ သားအဖ နှစ်ဦးစလုံးရဲ့ အမှုတွေကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ဆက်လက် ကိုင်တွယ် စုံစမ်း နေတယ်လို့ သိရပါတယ်။

Read More...

နိုင်ငံတကာ စုံစမ်းရေး ကော်မရှင်ဖွဲ့ဖို့ အမေရိကန် စီစဉ်ဆောင်ရွက်နေ

2011-08-11

မြန်မာနိုင်ငံကို စေလွှတ်မယ့် နိုင်ငံတကာ စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းဖို့ အတွက် အမေရိကန် အစိုးရက ဦးဆောင် ကြိုးပမ်း နေတယ်လို့ သြဂုတ်လ ၁၁ ရက်နေ့က သတင်းစာ ရှင်းလင်းပွဲမှာ အမေရိကန် နိုင်ငံခြားရေး ဌာန ပြောခွင့်ရ အမျိုးသမီး Victoria Nuland က အတည်ပြု ပြောဆိုသွားပါတယ်။

အမေရိကန် အမျိုးသမီး လွှတ်တော် အမတ်တွေက နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန် ဆီကို မြန်မာ့အရေး အိတ်ဖွင့် ပေးစာ ပေးပို့လိုက်တာနဲ့ ပတ်သက်လို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

Read More...

ဧရာဝတီအတွက် စိုးရိမ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောပြီ

ထွန်းထွန်း
သြဂုတ်လ ၁၁ ရက် ၂၀၁၁ ခုနှစ်

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အငြင်းပွားဖွယ်ရာ ဧရာဝတီမြစ် ညာဘက်တွင် တည်ဆောက်နေသော ရေကာတာ များကြောင့် သဘာဝပတ်ဝန်းကျင်နှင့် အခြားဆိုးကျိုးများနှင့် ပတ်သက်ပြီး စိုးရိမ်ကြောင်း ပထမဆုံးအကြိမ် ထုတ်ဖော် ပြောဆိုလိုက်သည်။

ဆည်စီမံကိန်းများကြောင့် လျှပ်စစ်စွမ်းအင် ထုတ်လုပ်နိုင်မည် ဖြစ်သော်လည်း မြစ်ကြောင်း ပြတ်တောက်ခြင်း၊ ရေတိုက်စား မှုနှုန်း မြင့်မားခြင်း၊ ရေစီးအားနည်းခြင်း၊ စီမံကိန်း ဆောက်လုပ်ရာမှ ကျန်ရှိနိုင်သည့် ဓာတု ဓာတ်ပစ္စည်း များ ပိုမိုစုစည်းကာ ဆည်လွှတ် ရေတွင် ပါဝင်နိုင်ခြင်းတို့ကြောင့် စိုးရိမ်စရာဖြစ်ခဲ့ကြောင်း “ဧရာဝတီ အတွက် ပန်ကြားချက်” အမည်ဖြင့် ကြာသပတေးနေ့က ကြေညာချက် ထုတ်ပြန်လိုက်သည်။

“စနစ်ကျသော စီမံကိန်းများ ကင်းမဲ့မှု၊ ထိန်းသိမ်းမှုဆိုင်ရာ ဥပဒေများကို လိုက်နာရန် ပျက်ကွက်မှုနှင့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ အသိပညာနှင့် ဗဟုသုတ အားနည်းခြင်းတို့သည် ပြဿနာပေါင်းစုံကို ဖြစ်ပေါ်စေခဲ့ပါသည်” ဟုလည်း ဒေါ်အောင်ဆန်း စုကြည် ကိုယ်တိုင် လက်မှတ်ထိုးထားသည့် ပန်ကြားလွှာတွင် ဖော်ပြထားသည်။

Read More...

ငြိမ်းချမ်းရေး အတွက် KIO က UNFC မဟာမိတ်များနှင့် တိုင်ပင်နေ

ကျော်ခ
သြဂုတ်လ ၁၁ ရက် ၂၀၁၁ ခုနှစ်

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နှင့် မြန်မာအစိုးရ အကြား ပြုလုပ်နေသည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အခြေအနေများနှင့် စပ်လျှင်း၍ KIO က တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC မဟာမိတ် အဖွဲ့ထံ အကြောင်းကြား တိုင်ပင်မှုများ ရှိ သည်ဟု UNFC က ပြောသည်။

KIO ခေါင်းဆောင်များနှင့် UNFC အဖွဲ့ တာဝန်ရှိသူများ အကြား ငြိမ်းချမ်းရေး ဆွေးနွေးမှု အခြေအနေအရပ်ရပ်ကို တိုက်ရိုတ် ဆက်သွယ် တိုင်ပင်မှုများ ရှိကြောင်း UNFC အဖွဲ့ဝင်တဦးဖြစ်သည့် ခွန်ဥက္ကာက မဇ္ဈိမသို့ ယခုလိုပြောပြ သည်။

Read More...

ရေကြီးနေဆဲ ပဲခူးသို့ ဒေါ်အောင်ဆန်းစုကြည် သွားမည်

ဇွဲခန့်
သြဂုတ်လ ၁၁ ရက် ၂၀၁၁ ခုနှစ်

ပဲခူးတိုင်းအတွင်း လက်ရှိ ရေလျှံမှု စိုးရိမ်အမှတ်ထက် ၄၂ စင်တီမီတာကျော်လွန်ပြီး ၉၅၂ စင်တီမီတာအထိရောက်ရှိနေသော် လည်း စာကြည့်တိုက်နှစ်ခုဖွင့်ပွဲသို့ ဒေါ်အောင်ဆန်းစုကြည်မှ မူလ စီစဉ်ထားသည့်အတိုင်း လာမည့် တနင်္ဂနွေနေ့တွင် သွား ရောက်မည် ဖြစ်သည်။

“သွားဖို့ပဲ ပြင်ဆင်ပါတယ်။ သွားလို့ ရ၊ မရဆိုတာ တနင်္ဂနွေနေ့ကျမှ သိမယ်လေ။ ကြားထဲမှာ နှစ်ရက်တောင် ရှိသေးတာကိုး” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပြောခွင့်ရ ဦးဉာဏ်ဝင်းက မဇ္စျိမကို ပြောသည်။

Read More...

စောဘဦးကြီးရေးခဲ့တဲ့ ခိုင်မြဲတည်တံ့သောအစိုးရ

August 11, 2011

တိုင်းပြည်မရှိသော လူတမျိုးသည် လူမျိုးကြီးတမျိုးဟု ကမ္ဘာကအသိ၊ ၎င်းလူမျိုးသည် ကိုယ့်မင်းကိုယ့်ချင်းနှင့် နေနိုင်ခွင့် မရဘဲ တပါးအမျိုးသားများ၏ လက်အောက်၌သာ နေထိုင်ကြရခြင်းကြောင့်ဖြစ်ပေသည်။ အမှတ်ပြုလိမ့်မည် မဟုတ်ချေ။ အကြောင်းမူ ကား ပင်ကိုယ်တိုင်းပြည် ရှိနှင့်သောလူတမျိုးသည် ကိုယ့်မင်းကိုယ်ချင်းနှင့်မနေရသော် မိမိတို့၏ ညံ့ဖျင်းမှုကြောင့်သာဖြစ်ပြီး၊ နိုင်ငံရပ်ခြားတိုင်းတပါးသားများ၏ လက်အောက်ခံအဖြစ်ဖြင့်သာ အောက်ကျ နောက်ကျရှိကြရလေသည်။ သို့ရာတွင် ကိုယ့်မင်း ကိုယ့်ချင်းနှင့်ရှိသော လူမျိုးတို့သည်ကား သူတပါး၏လက်အောက်ခံသို့မရောက်စေရန် ခိုင်မြဲတည်တံ့သော အစိုးရကိုရရန်အတွက် အင်တိုက်အားတိုက်လုံးပန်းကြရမည်ပင် ဖြစ်သည်။ အောက်ပါအချက်ကြီး (၃) ချက်နှင့် ပြည့်စုံသောအစိုးရသည် ကာလကြာမြင့် စွာတည်တံ့နိုင်မည်ဖြစ်ပေသည်။

Read More...

ငြိမ်းချမ်းရေးကို အလေးထားဆောင်ရွက်ဖို့ အစိုးရသစ်ကို ဘုရင်ကြီး မိန့်မှာ

August 11, 2011

ကမ္ဘာ့နေရာအတော်များများမှာ ဆူပူအုံကြွမှုတွေ ဖြစ်နေတော့ တိုင်းပြည်အတွင်းမှာ ငြိမ်းချမ်းအောင်လုပ်ဖို့ ၀န်ကြီးချုပ် ယင်လပ် ရှီနာဝပ်ထ်နဲ့သူ့အစိုးရအဖွဲ့ကို ဘုရင်ကြီးက တောင်းဆိုလိုက်ပါတယ်။

ဘုရင်ကြီးက အစိုးရအဖွဲ့ဝင်တွေကို တိုင်းပြည်အကျိုးစီးပွားအတွက် ရိုးရိုးသားသားလုပ်မယ်ဆိုတဲ့ သူတို့စကားအတိုင်း တည်ပြီး နမူနာကောင်းတရပ်အနေနဲ့လုပ်ကိုပြစေချင်ပါတယ်။ မစ္စခွန်ယင်လပ်ဦးဆောင်တဲ့ အစိုးရအဖွဲ့ဝင်တွေဟာ တ နေ့က ဆီရိရာ့ခ်ျ ဆေးရုံမှာ တက်နေတဲ့ ဘုရင်ကြီးရှေ့မှောက်မှာ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။

Read More...

ထိုင်းအစိုးရသစ်မှ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးတွင် ကူညီပံ့ပိုးပေးရန် KNU မျှော်လင့်

11 August 2011
စောခါးစူး

အသစ်တက်လာသည့် ထိုင်းအစိုးရအနေဖြင့် မြန်မာနိုင်ငံငြိမ်းချမ်းရေး ရရှိရေးတွင် တဖက်တလမ်းဖြင့် ကူညီပံ့ပိုးရန် မျှော်လင့် သည် ဟု ကရင်အမျိုးသား အစည်းအရုံး KNU က ပြောကြားလိုက်သည်။

ထိုင်းနိုင်ငံ၏ ပထမဆုံးသော အမျိုးသမီးဝန်ကြီးချုပ် ဖြစ်လာသူ ယင်လတ်ရှင်နာဝပ် (Yingluck Shinawatra) ဦးဆောင်သည့် အစိုး ရအဖွဲ့ သြဂုတ်လ ၉ရက်နေ့တွင် ကျမ်းသစ္စာကျိန်ဆိုပြီး အစိုးရအဖွဲ့ဝင် ၀န်ကြီး ၃၅ဦး အမည်စာရင်းကိုလည်း ထုတ်ပြန် ခဲ့သည်။ ထို သို့ ထုတ်ပြန်ပြီးနောက်တွင် KNU က ယခုလို ပြောကြားလိုက်ခြင်း ဖြစ်သည်။

Read More...

မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ်မှ ရဲသားများ၏ လစာ တ၀က်ငွေကို အထက်အရာရှိများမှ ဖြတ်တောက်ယူ

11/8/2011
မောင်အေး

မြန်မာ နိုင်ငံ အနောက်ဘက် နယ်စပ်တွင် တာဝန် ထမ်းဆောင်နေကြသော ရဲတပ်သားများ၏ လစာငွေ တ၀က်ကို အထက် အရာရှိ များမှ အကြောင်းအမျိုးမျိုးပြကာ ဖြတ်တောက်ယူနေသဖြင့် အောက်ခြေ ရဲတပ်သားများမှာ စားဝတ်နေရေး အထူး အခက်အခဲ ဖြစ် ပေါ်လျှက် ရှိနေကြောင်း သတင်း ရရှိသည်။

ထိုသို့ ဖြတ်တောက် ခံနေရကြောင်းကို မောင်တောမြို့နယ် ကြိမ်ချောင်းရဲစခန်းတွင် တွင်တာဝန် ကျနေသည့် ရဲတပ်ဖွဲ့ဝင် တဦး က နိရဉ္စရာသို့ ယခုလို ပြောသည်။

Read More...

မြန်မာနိုင်ငံ လူ့အခွင့်အရေး ချိုးဖောက်မှု အမေရိကန် စုံစမ်းလို

11 သြဂုတ် 2011

မြန်မာနိုင်ငံမှာ လူသားမျိုးနွယ်တွေအပေါ် ကျူးလွန်နေတဲ့ ပြစ်မှုတွေ ရှိတယ်လို့ စွပ်စွဲ ပြောဆိုနေတာနဲ့ ပတ်သက်ပြီး နိုင်ငံတကာ ကော်မရှင်တရပ် ဖွဲ့ပြီး စုံစမ်းစစ်ဆေးဖို့ ကိစ္စကို မဟာမိတ်နိုင်ငံတွေ ကြားမှာ ထောက်ခံမှုရအောင် လုပ်ဆောင်နေတယ်လို့ အမေရိကန် ပြည်ထောင်စုက ပြောလိုက်ပါတယ်။

အမေရိကန်လွှတ်တော်ရဲ့ အမျိုးသမီး အထက်လွှတ်တော်အမတ် အုပ်စုက မြန်မာစစ်တပ်ဟာ အဓမ္မ ပြုကျင့်မှုတွေကို လက်နက် သဖွယ် အသုံးချပြီးတော့ အမျိုးသမီးတွေ အပေါ်မှာ ကျူးလွန်နေတယ်လို့ စွပ်စွဲလိုက်ပြီး အဲဒီလို စွဲချက်တွေ အပေါ်မှာ စုံစမ်း စစ်ဆေးရေး ကော်မရှင်တရပ် ဖွဲ့ပြီး စစ်ဆေးနိုင်ဖို့ အတွက်ကို ထောက်ခံဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ကို တိုက်တွန်းလိုက်ပါတယ်။

Read More...

နှစ် ၃၀ ကြာ အရေးပေါ် အခြေအနေ ရုပ်သိမ်းရေး အီဂျစ် ပြင်ဆင်

11 သြဂုတ် 2011

အီဂျစ်နိုင်ငံမှာ ဆယ်စုနှစ် ၃ ခုကြာ ရှိနေခဲ့တဲ့ နိုင်ငံတော် အရေးပေါ် အခြေအနေကို အဆုံးသတ်ဖို့ ခြေလှမ်းတွေကို အီဂျစ်နိုင်ငံက စတင်လိုက်ပြီ ဖြစ်ပါတယ်။ ဒီအချက်ဟာ သမ္မတဟောင်း ဟော်စနီ မူဘာရက်ခ် (Hosni Mubarak) ပြုတ်ကျတဲ့အထိ ဖြစ်ခဲ့တဲ့ ဆန္ဒပြမှုတွေရဲ့ အဓိက တောင်းဆိုချက် ဖြစ်ပါတယ်။

အရေးပေါ် အမိန့်တွေကို အစားထိုးနိုင်မယ့် ဥပဒေတွေနဲ့ လုပ်ငန်း ယန္တရားတွေကို အစိုးရအဖွဲ့က စတင်ဖော်ဆောင်နေပြီလို့ ဒုတိယ၀န်ကြီးချုပ် အလီ အယ်လ် ဆယ်လ်မီ (Ali El-Selmi) ကြာသပတေးနေ့က ပြောတာကို ကိုးကားပြီး The Al-Ahram သတင်းစာက ဖော်ပြပါတယ်။

Read More...

ရာဂျစ်ဗ် ဂန္ဒီ လုပ်ကြံမှု အယူခံ အိန္ဒိယသမ္မတ ပယ်ချ

11 သြဂုတ် 2011

အိန္ဒိယ ၀န်ကြီးချုပ်ဟောင်း ရာဂျစ်ဗ် ဂန္ဒီ (Rajiv Gandhi) ကို လုပ်ကြံသတ်ဖြတ်မှုနဲ့ သေဒဏ်ပေးခံထားရသူ ၃ ဦးရဲ့ အသနား ခံလွှာကို အိန္ဒိယ သမ္မတက ပယ်ချလိုက်ပါတယ်။

သူတို့ရဲ့ အသနားခံလွှာကို ပြီးခဲ့တဲ့ သီတင်းပတ်မှာ ပယ်ချခဲ့တာ ဖြစ်တယ်လို့ အိန္ဒိယ သမ္မတ ပရာတီဘာ ပါတေးလ် (Pratibha Patil) ရဲ့ ရုံးက ကြာသပတေးနေ့မှာ ပြောပါတယ်။

Read More...

ဧရာဝတီ ကယ်တင်ရေး ဒေါ်စု ပန်ကြား

11 သြဂုတ် 2011

တရုတ်၊ မြန်မာ နှစ်နိုင်ငံ ပူးတွဲတည်ဆောက်တဲ့ ရေအားလျှပ်စစ် စီမံကိန်းက မြန်မာနိုင်ငံရဲ့ အဓိက ရေကြောင်းလမ်းမကြီးဖြစ်တဲ့ နိုင်ငံရဲ့ အကြီးဆုံး ဧရာဝတီမြစ်ကြီးအတွက် အန္တရာယ် ဖြစ်စေနိုင်မယ့် ရေစီးအား ကျဆင်းမှု ဖြစ်စေနိုင်ပြီး နောက်ဆက်တွဲ ရလဒ်အဖြစ် နိုင်ငံက အဓိက အားထားရတဲ့ သီးနှံရိက္ခာ ဖြစ်ရုံမက ပင်မ နိုင်ငံခြားပို့ကုန်လည်း ဖြစ်တဲ့ ဆန်စပါး စိုက်ပျိုး ထုတ် လုပ်ရေး အတွက်ပါ ခြိမ်းခြောက်မှု အန္တရာယ် ဖြစ်နေကြောင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြော ဆိုလိုက်ပါတယ်။

ကြာသပတေးနေ့က ထုတ်ပြန်တဲ့ ပန်ကြားချက်မှာ စနစ်ကျတဲ့ စီမံကိန်းများ ကင်းမဲ့မှု၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေများကို လိုက်နာရန် ပျက်ကွက်မှု၊ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာ ဗဟုသုတ အားနည်းမှုများကြောင့် ဖွံ့ဖြိုးမှု အနည်းဆုံး မြန်မာနိုင်ငံမှာ မဟာမြစ်ကြီးလို့ ခေါ်တဲ့ ဧရာဝတီမြစ်ကြီးနဲ့ ပတ်သက်လို့ ကြီးမားတဲ့ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေနဲ့ ရင်ဆိုင်ရမယ့် အခြေအနေတွေကို နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင်က ထောက်ပြ ပြောဆိုခဲ့ပါတယ်။

Read More...

အစိုးရ ဧရာဝတီ ၀ါဒဖြန့်ဆောင်းပါး လိုရာဆွဲရေးဟု ကျွမ်းကျင်သူတွေ သုံးသပ်

11 သြဂုတ် 2011
မသင်းသီရိ

ဧရာဝတီမြစ်ကြောင်းကနေ ထုတ်လုပ်နေတဲ့ လျှပ်စစ်တွေကို လက်ရှိ ပြည်သူတွေ သုံးစွဲနေကြရတာဖြစ်ပြီး ဒီစီမံကိန်းတွေက ဧရာဝတီ မြစ်ကြောင်းနဲ့ ဒီမြစ်ကို အမှီပြုနေတဲ့ လုပ်ငန်းတွေ ဘာမှ ထိခိုက်စရာ မရှိဘူးဆိုတဲ့ အစိုးရထုတ် သတင်းစာထဲက ဆောင်းပါးဟာ တဖက်သတ် လိုရာကို ဆွဲပြောတဲ့ ရေးသားချက် ဖြစ်တယ်လို့ ဝေဖန်နေကြပါတယ်။ ပညာရှင်တွေရဲ့ လေ့လာ ဆန်းစစ်ချက်တွေ အရရော လက်ရှိ မြင်တွေ့နေရတဲ့ အန္တရာယ်တွေကို လျစ်လျုရှုပြီး ရေးသားလိုက်တာ ဖြစ်တယ်လို့ ၀ါရင့် သတင်းစာဆရာကြီး လူထုစိန်ဝင်းက ပြောပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၉ ရက်နေ့ထုတ် သတင်းစာထဲက ဆောင်းပါးရှင် လျှပ်စစ်ဝန်ထမ်းတဦးရဲ့ ထာဝရ အမွေအနှစ်နဲ့ မွန်မြတ်သည့် စေတနာဆိုတဲ့ ဆောင်းပါးဟာ လက်ရှိ ဧရာဝတီမြစ်ကြောင်းမှာ ပျက်စီး ထိခိုက်နေတဲ့ အခြေအနေ အရပ်ရပ်ကို မလေ့လာဘဲ တဖက်သက် ရေးသားလိုက်တဲ့ ဆောင်းပါးတပုဒ် ဖြစ်တယ်လို့ အတော်များများက ဝေဖန်နေကြပါတယ်။

Read More...

မြန်မာအစိုးရ ပြောခွင့်ရအဖွဲ့ ဗဟိုချုပ်ကိုင်မှုအရ မဖွဲ့စည်းသင့်

11 သြဂုတ် 2011
မသင်းသီရိ

မြန်မာအစိုးရက နိုင်ငံရဲ့ အခြေအနေ အရပ်ရပ်ကို ထုတ်ပြန်နိုင်ဖို့ ပြောရေးဆိုခွင့်နဲ့ သတင်းထုတ်ပြန်ရေး အဖွဲ့တရပ်ကို ဖွဲ့စည်း လိုက်တယ်လို့ ဒီကနေ့ထုတ် သတင်းစာတွေမှာ ကြေညာလိုက်ပါတယ်။ အခုလို သတင်းထုတ်ပြန်ရေး အဖွဲ့တရပ် ဖွဲ့လိုက်တယ် ဆိုတာဟာ သတင်းတွေကို ဗဟိုချုပ်ကိုင်မှုစနစ်နဲ့ ထိန်းချုပ်ထားဖို့ ဖြစ်သလို လွတ်လပ်ပြီး တိကျတဲ့ သတင်းတွေ ဖြစ်မလာ နိုင် ဘူးလို့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။ ဒီအခြေအနေ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

နိုင်ငံရဲ့ စီးပွားရေး၊ လုံခြုံရေးနဲ့ နိုင်ငံရေးရာ ကိစ္စတွေ အပါအ၀င် စစ်ရေးနဲ့ သဘာဝ ဘေးအန္တရာယ်တွေကို သတင်းထုတ်ပြန်နိုင်ဖို့ ပြောရေးဆိုခွင့်နဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ ဖွဲ့စည်းလိုက်တယ်လို့ ဒီကနေ့ထုတ် သတင်းစာတွေမှာ ကြေညာလိုက်တာပါ။ ဒီ အဖွဲ့ကို ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း ခေါင်းဆောင်ပြီး ပြည်ထဲရေး၊ နိုင်ငံခြားရေးနဲ့ အလုပ်သမားရေး ဌာနက ၀န်ကြီး တွေ အပြင် ရဲတပ်ဖွဲ့က ရဲချုပ်နဲ့အတူ အဖွဲ့ဝင် ၁၁ ဦးနဲ့ ဖွဲ့စည်းလိုက်တာပါ။

Read More...

ဧရာဝတီအရေး ဒေါ်အောင်ဆန်းစုကြည် ပြောပြီ

လင်းသန့်
11 August 2011

ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ၏ အသက်သွေးကြော ဧရာဝတီမြစ်ကြီး အန္တရာယ်နှင့် ရင်ဆိုင် နေရသဖြင့် ပူးပေါင်း ဖြေရှင်းရန် လိုအပ်ကြောင်း ပန်ကြားချက်တစောင်ကို ကြာသပတေးနေ့တွင် ရေးသား ထုတ်ပြန်လိုက်သည်။

ဧရာဝတီမြစ်တွင် ပြဿာနာပေါင်းစုံ ဖြစ်ပေါ်လာရခြင်းမှာ စနစ်ကျသည့် စီမံကိန်းများ မရှိခြင်း၊ ထိမ်းသိမ်းမှုဆိုင်ရာ ဥပဒေများကို မလိုက်နာခြင်း၊ သဘာဝပတ်ဝန်းကျင် ဆိုင်ရာ အသိပညာနှင့် ဗဟုသုတ အားနည်းခြင်းတို့ကြောင့် ဖြစ်သည်ဟု အင်္ဂလိပ် မြန်မာ နှစ်ဘာသာဖြင့် ထုတ်ပြန်သည့် ပန်ကြားချက်တွင် ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြထားသည်။

Read More...

ရှမ်းဒုက္ခသည်များ အကူအညီပြတ်

သန်းထိုက်ဦး
11 August 2011

ရှမ်းဒေသ စစ်ပြေး ဒုက္ခသည် ၃၀၀၀၀ ကျော်အတွက် စားနပ် ရိက္ခာ၊ သောက်သုံးရေနှင့် အမိုးအကာများ ရရှိရန် နိုင်ငံ တကာ အကူအညီ လိုအပ်နေကြောင်း လူ့အခွင့်အရေး အဖွဲ့ ၂ ခုက ဗုဒ္ဓဟူးနေ့တွင် ပြောလိုက်သည်။

မတ်လက စတင်ခဲ့သော ရှမ်းဒေသရှိ တိုက်ပွဲများကြောင့် မြို့နယ် ၉ ခုမှ ဒေသခံ အများအပြား တရုတ်နယ်စပ်၊ ထိုင်းနယ် စပ်နှင့် တောတောင်များထဲတွင် ခိုလှုံနေရသည်ဟု ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ် လှုပ်ရှားမှု ဆောင်ရွက်ရေး အသင်း (SWAN) နှင့် ရှမ်းလူ့အခွင့်အရေး ဖောင်ဒေးရှင်းတို့ ပူးတွဲထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက်က ဆိုသည်။

Read More...

ဆည်ရေဖောက်ချသဖြင့် တိုက်ကြီး၊ ဥက္ကံတဝိုက် ရွာ ၂၀ ကျော်ရေမြုပ်

ကျော်ကျော်
11 August 2011

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်နှင့် ဥက္ကံမြို့နယ်များတွင် မြစ်ရေကြီးမှုကြောင့် ဆည်ရေဖောက်ချခဲ့ရာ လူတဦး သေဆုံး ပြီး ကျေးရွာပေါင်း ၂၀ ကျော်ခန့် ရေနစ်မြုပ်ခဲ့ရကြောင်း သိရှိရသည်။

တိုက်ကြီးမြို့နယ်အတွင်းရှိ တဘူးလှ ဆည်ကို သြဂုတ်လ ၈ ရက်နေ့ ညနေ ၅ နာရီခန့်က ရေဖောက်ထုတ် လိုက်သောကြောင့် တိုက်ကြီးမြို့နယ်နှင့် ဥကံ္ကမြို့နယ်အတွင်းရှိ ကျေးရွာများမှာ ရေကြီးခဲ့ပြီး ကျေးရွာပေါင်း ၂၀ မှ အိမ်ခြေ ၂၅၀ ကျော်ခန့် ပျက်စီး ခဲ့ကြောင်း တိုက်ကြီးမြို့နယ်၊ ညောင်ဝိုင်းကျေးရွာသား တဦးကပြောသည်။

Read More...

၂ ရက်အတွင်း မိုးပြန်နည်းမည်

ရန်ပိုင်
11 August 2011

ယခုရက်ပိုင်း မိုးသည်းထန်စွာ ရွာသွန်းနေသော်လည်း လာမည့် ၂ ရက်အတွင်း မိုးနည်းပါးသွားမည်ဟု မိုးလေ၀သနှင့် ဇလဗေဒ (မိုး/ဇလ) ပညာရှင် ဒေါက်တာ ထွန်းလွင်က ခန့်မှန်းပြောဆိုသည်။

မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ညွန်ကြားရေးမှူးဟောင်း ဒေါက်တာ ထွန်းလွင်က “အိန္ဒိယမှာလည်း မိုးနည်း တော့မယ်။ မြန်မာပြည်ကိုလည်း အကျိုးသက်ရောက်မှာပါ။ ရွာတော့ နည်းနည်းရွာမယ်။ အခုလောက် ရေမပါတော့ဘူး” ဟု ပြောသည်။

Read More...

အပေါ်သို့