August 10, 2011
သူရိန်စိုး
မန္တလေး ပုသိမ်ကြီးမြို့နယ် ရေကြည်ကျေးရွာအုပ်စု ရန်ကင်းတောင်ခြေက စိုက်ပျိုးမြေတွေ မူလတန်ဖိုးထက် အဆမတန်ဈေးမြင့်နေပြီး အရောင်းအဝယ်တွေလည်း ဖြစ်နေပါတယ်။
အရင်ဈေး တဧကကို ကျပ်တသိန်း၊ တသိန်းခွဲလောက်ပဲ ရှိခဲ့ရာက အခု သိန်း ၁၅၀ အထက်ဈေးပေါက်နေပြီး မြေပြန့်နေရာပိုကျယ်လေ ဈေးပိုကောင်းလေလို့ မန္တလေးကုန်သည် တဦးက ပြောပါတယ်။
အခုလို အရောင်းအဝယ်တွေ ဖြစ်နေတဲ့မြေတွေမှာ သစ်မွှေး၊ ငှက်ပျော၊ ပိတောက်၊ သစ်မာ စတာတွေစိုက်ပျိုးပြီး ဒေသခံ တောင်သူလယ်သမားတွေ ပိုင်ဆိုင်ကြတာပါ။
ဒီမြေတွေကို တရုတ်လူမျိုးတွေက လာရောက်ဝယ်ယူနေ တာဖြစ်ပြီး နေ့စဉ်လိုလို မြေပုံတွေကိုင်ပြီး မြေလာကြည့်နေကြတာကို တွေ့နေရတယ်လို့လည်း မန္တလေးကုန်သည်က ပြောပါတယ်။
အရောင်းအဝယ်ဖြစ်ပြီးသား မြေတွေပေါ်မှာ နေအိမ်၊ အဆောက်အအုံဆောက်တာမျိုး၊ လူနေတာမျိုးတွေတော့ မရှိသေးပါဘူး။
ရန်ကင်း တောင်ကနေ မေမြို့ထိ ကားလမ်းဖောက်မယ်ဆိုတဲ့ ကောလာဟလကြောင့် အခုလို မြေဈေးတွေ ထိုးတက်သွားတာ ဖြစ်ပြီး နောင်တချိန်မှာ စည်ကားပြီး အကွက်ကွင်းကောင်းလာမှာမို့ အခုကတည်းက ကြိုတင်ရင်နှီးမြုပ်နှံထားတာလို့ မန္တလေးကုန်သည်က သုံးသပ်ပါတယ်။
Ref: ဒီဗွီဘီ
Thursday, August 11, 2011
မန္တလေး ရန်ကင်းတောင်ခြေတွင် မြေဈေးတက်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment