Friday, May 9, 2008

မြန်မာ့ရေတပ်မတော် စစ်သင်္ဘော ၇ စီး နစ်မြုပ်၊ အရာရှိ၊ စစ်သည် ၂၀၀ ကျော် ပျောက်ဆုံး

ရေတပ်မတော်နှင့် နီးစပ်သည့် နောက်ဆုံး သတင်းများအရ မြန်မာ့ ရေတပ်မတော် ပင်လယ်ပြင် အခြေစိုက် စခန်းများဖြစ်သည့် ပမ္မ၀တီ ရေတပ်စခန်း၊ ဧရာဝတီ ရေတပ်စခန်းများ အောက်ရှိ ဟိုင်းကြီးကျွန်း ရေတပ်စခန်းနှင့် အနီးတ၀ိုက် သံလျက်စွန်း စခန်းနှင့် စခန်းဝန်းကျင် တာဝန် ထမ်းဆောင်နေသည့် စစ်သင်္ဘော (၇)စင်း လုံးဝ နစ်မြုပ်ခဲ့ကြောင်း သိရှိရသည်။ အဆိုပါ (၇)စီးတွင် (၅)စီးမှာ တိုက်ခိုက်ရေး ရေယာဉ်များဖြစ်ပြီး (၂)စီးမှာ သယ်ယူပို့ဆောင်ရေး ရေယာဉ် များဖြစ်သည်။ တိုက်ခိုက်ရေးရေယာဉ် (၅)စီးတွင် (၃)စီးမှာ တန် (၈၀၀) မှ တန်(၂၀၀၀) ကြားထိ လေးသည့် သင်္ဘောများ ဖြစ်ပြီး တန်(၂၀၀၀) အလေးချိန်ရှိသည့် သင်္ဘောတစီးမှာ တရုတ်ပြည်မှ ၀ယ်ယူထားသော သင်္ဘောဖြစ်ကြောင်း သိရှိရသည်။ ၄င်းရေယာဉ်များတွင် လိုက်ပါ ဆောင်ရွက်နေသော အရာရှိ (၃၀)ကျော်နှင့် အခြားအဆင့် (၂၂၀)ဦး ပျောက်ဆုံးနေကြောင်း သတင်းရရှိပါသည်။

Thursday, May 8, 2008

အမေရိကန် ကူညီရေးလေယာဉ်များ နအဖ ခွင့်ပြုလိုက်ပြီ

မေလ ၈ ရက်နေ့ ညနေတွင် နအဖ စစ်အုပ်စုက နာဂစ် မုန်တိုင်းဒဏ်မှ အသက်ရှင် ကျန်နေသူများအား ကယ်ဆယ်ရေး ပစ္စည်းများ ပေးပို့မည့် အမေရိကန် စစ်လေယာဉ်များအား ခွင့်ပြုလိုက်ကြောင်း ထိုင်းတပ်မတော်က ပြောကြားလိုက်သည်။
“အမေရိကန် လေယာဉ်တွေ ခွင့်ပြုဖို့ မြန်မာအစိုးရကို ကျနော်တို့ ပြောပေးလိုက်တာပါ၊ အခုပဲ သူတို့ သဘောတူလိုက်ပြီ” ဟု ထိုင်း စစ်သေနာပတိချုပ် Boonsrang Niumpradit က ပြောခဲ့သည်။ အမေရိကန် သံရုံးအရာရှိကလည်း ဤဆုံးဖြတ်ချက် ဟုတ်မှန်ကြောင်း အတည်ပြုခဲ့သည်။

နအဖ အရာရှိတဦး၏ ယနေ့ ပြောကြားချက်အရ နာဂစ် မုန်တိုင်းဒဏ်ကြောင့် ယခုထိ သေဆုံးသူ ပေါင်းမှာ ၈၀,၀၀၀ ကျော်ပြီဖြစ်ကြောင်း ရွာလုံးကျွတ် ပျောက်ကွယ်သွားမှုများမှာလည်း မနည်းလှကြောင်း ထုတ်ဖော် ၀န်ခံနေရပြီ ဖြစ်သည်။
နအဖ ခွင့်ပြုချက် မရရှိသေးသဖြင့် ရိက္ခာပစ္စည်းများ တင်ဆောင်ထားသည့် ကယ်ဆယ်ရေး လေယာဉ်များသည် ထိုင်း၊ ဘင်္ဂလားဒက်ရှ်၊ ဒူဘိုင်း နိုင်ငံများတွင် စောင့်ဆိုင်းနေကြရသည်။

Natural Disasters in Burma (Compiled by Vimutti)

Updated: May 8, 2008


Read More...

ဗိုလ်မှူးအောင်လင်းထွဋ်၏ အရေးပေါ် ပေးစာတစောင်

ဗိုလ်မှူးအောင်လင်းထွဋ်


သို့
၇. ၅. ၀၈

ဦးကျော်တင့်ဆွေ
ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ်
နယူးယောက်မြို့
ဦးကျော်တင့်ဆွေခင်ဗျား၊

မြန်မာနိုင်ငံရဲ့ ကျရောက်နေတဲ့ ဘေးဒုက္ခကို နိုင်ငံရေးကို ဘေးဖယ်ပြီး လူမှုရေးကို ရှေ့ရှုပြီး နိုင်ငံတကာရဲ့ အကူအညီနဲ့ ဒုက္ခရောက်နေတဲ့ မြန်မာနိုင်ငံသားတွေကို ခင်ဗျားအစွမ်းကုန် ကူညီဖို့ လိုနေ ပါသည်။ နိုင်ငံတော်အကြီးအကဲဆိုတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အကြောင်းကို ခင်ဗျားရော ကျွန်တော်ရော ကောင်းကောင်းသိပါသည်။ “ မင်းတို့ အမင်္ဂလာသတင်းတွေ ငါမကြားချင်ဘူး” လို့ ဗိုလ်ချုပ်သန်းရွှေ ပြောခဲ့ တာကို၊ ယခုအချိန်မှာ ခင်ဗျားတို့ ဒီစကားကို နာခံဖို့မသင့်တော့ပါဘူး။

Read More...

အထူးကြေညာချက်

Read this doc on Scribd: NLD Special Statement 9-05-2008


Read this doc on Scribd: NLD Special statement 9-05-08(Eng)

Wednesday, May 7, 2008

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (ကန့်ကွက်မဲ) မဲဆန္ဒ ပေးပိုင်ခွင့်ရှိ



လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် ဦးတင်ဦးတို့သည် ဗဟန်းမြို့နယ်တွင် အခြေခံဥပဒေ မူကြမ်းအား ရပ်ကွက်မတူ သော်လည်း မြို့နယ်တူ (ကန့်ကွက်မဲ) မဲဆန္ဒပေးပိုင်ခွင့် ရှိသည်ဟု ရန်ကုန်တိုင်း အခြေခံဥပဒေ မဲဆန္ဒပေးပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးလှစိုးလက်မှတ် ရေးထိုးထားသောစာနှင့် မေလ(၂)ရက်နေ့ သောကြာနေ့တွင် တရားဝင် ထုတ်ပြန် ကြေငြာသည်။

လမ်းဆုံ၊ လမ်းခွများတွင် လိုက်လံရောင်းချနေသော စစ်အစိုးရ ကျောထောက်နောက်ခံ ရေးဆွဲထားသည့်
အခြေခံဥပဒေ မူကြမ်း စာအုပ်

ရန်ကုန်တိုင်းအတွင်း၌ မဲရုံပေါင်း ၂၅၀၀ကျော်ရှိမည် ဖြစ်ပြီး ရန်ကုန်တိုင်းအတွင်း၌ မဲဆန္ဒပေးပိုင်ခွင့် ရှိသူ ၄သန်းကျော်ရှိပြီး တနိုင်ငံလုံး ဆန္ဒမဲပေးခွင့် ရှိသူ အရည်အတွက်ကိုမူ မကြေငြာချေ၊ ဆန္ဒမဲကို မေလ(၁၀)ရက်နေ့ နံနက် (၆)နာရီမှ ညနေ(၄)နာရီအထိ ဖြစ်ပြီး၊ မဲဆန္ဒပေးပိုင်ခွင့် မရှိသူများမှာ ဗုဒ္ဓဘာသာ၊ ခရိယာန်၊ ဟိန္ဒူဘာသာဝင် ဘုန်းတော်ကြီးများ၊ သီလရှင်များ၊ စိတ်ရောဂါဝေဒနာ ခံစားရသူများ၊ ထောင်သွင်း အကျဉ်းကျနေသူများ၊ ပြည်ပရောက် မြန်မာနိုင်ငံသားများဟု ဖေါ်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှ ထွက်ခွာ၍ မဲရုံသို့ ဆန္ဒမဲသွားရောက် ပေးပိုင်ခွင့် ပေး၊ မပေးနှင့်၊ ပြည်ပရောက်များ မဲပေးပိုင်ခွင့်အား သေခြာစွာ ရှင်းလင်း မထားသော်လည်း၊ လွန်ခဲ့သည့်လ ကတည်းကပင် ပြည်ပအချို့နိုင်ငံများတွင် ကန့်ကွက် ဆန္ဒမဲများပေးခြင်း၊ မဲဆန္ဒ မပေးရ၍ ပြည်ပနိုင်ငံအချို့၏ ရဲများနှင့် အချင်းပွားမှုများ ဖြစ်ပေါ်ခဲ့ရသည်။

(ကိုးကား။ ။ peoplemediavoice.net)

NLD Circulate the Vote No Fliers & Referendum Watch Notice



ပြည်သူလူထုအား နာဂစ်မုန်တိုင်းသတင်းမှားပေးခဲ့သည့် နအဖ

သက်သေခံအထောက်အထား

Monday, May 5, 2008

တိုက်ပွဲဝင်မှာလား၊ လိုက်ပွဲပြင်မှာလား

“တိုက္ပဲြဝင္မွာလား၊ လိုက္ပျဲြပင္မွာလား”

ကျနော်မြင်ခဲ့ တွေ့ခဲ့တဲ့တာတွေနဲ့ မျက်မြင်ကိုယ်တိုင် ရင်ဆိုင်နေရသူတွေကတဆင့် သေသေချာချာကြားတာ ကြောင့် ပွင့်ပွင့်လင်းလင်း ရေးလိုက်တာပါ။ စကားထောက်၊ စကားကျန်၊ စာကျန်ရင် ပြင်ဖတ်ပေးဖို့နဲ့ မရည်ရွယ်ပဲ ထိခိုက်ရေးသားမိတာတွေပါရှိခဲ့ရင် နားလည်ပေးဖို့ တောင်းပန်ပါတယ်။

အထူးသဖြင့်၊ ပြည်တွင်းက တိုင်းရင်းသား မြန်မာလူမျိုးအားလုံးကို မေးရမှာဖြစ်သလို၊ ပို၍ ထပ်ပြီးမေးသင့်သည် မှာ အားလုံးသော ဒီမိုကရေစီဘက်တော်သားတွေ၊ ခေါင်းဆောင်ကြီးတွေ၊ လေလှိုင်းပေါ်မှာ မိုးတလုံးလေတလုံး ပြောနေသူတွေ၊ ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုသူတွေ၊ အရင်ကတော့ ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုပြီး အခု တော့ ရသမျှ ခုနှစ်ဆယ့်ငါး ရာခိုင်နှုန်းလေးပဲယူပြီး နေရာဝင်ယူချင်သူတွေ၊ ပြည်သူတွေရဲ့ ဆန္ဒအတိုင်းဆိုပြီး စကားလှလှလေးသုံးရင်း အနာမခံပဲ အသာချည်း သက်သက်စံချင်တဲ့ ပုဂ္ဂိုလ်ကြီးတွေကို ပြည်သူတစ်ယောက် အနေနဲ့ ပြတ်ပြတ်သားသား မေးရတော့မယ့် အချိန်ကိုရောက်ပါပြီ။


Read More...

ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဆန္ဒမဲလက်မှတ်ပုံစံ



Read More...

တပ်မှူးဟောင်းတဦး၏ တပ်မတော်သို့ သတင်းစကား

ဗိုလ်ထက်မင်းမှ တပ်မတော်သားများအား တိုက်တွန်းချက်

တပ်မတော်သားများခင်ဗျား -

တပ်မတော်မှာ တော်သုံးတော်ရှိတဲ့အနက် "ကိုင်တိုင်တော်" သူအရာရှိများထက် "အဖားတော်" သူများနဲ့ "အမျိုးတော်" သူအရာရှိတွေသာ လွှမ်းမိုချယ်လှယ်နေကြလို့ တပ်ပျက်ကြီးဖြစ်နေပါတယ်။ ဒါ့အပြင် တပ်မတော်သားတွေဟာ ရှေ့မှာ ရန်သူ၊ နောက်မှာ ခုံရုံး၊ ဘယ်မှာ လုပ်အားပေး၊ ညာမှာ သင်တန်းကြေး၊ အောက်မှာ မိုင်းဗုံး၊ အပေါ်မှာ အကြွေးထုပ် တွေနဲ့ ပိတ်မိနေပြီး ရည်မှန်းချက်ပျောက်နေကြပြီဖြစ်ပါတယ်။ တပ်မတော်သားတွေဟာ ကျွေးတာစား၊ ပေးတာယူ၊ ခံမပြောနဲ့ဆိုတဲ့ တသွေးတသံအမိန့် အာဏာရှင်စနစ်နဲ့ အုပ်ချုပ်မှုအောက်မှာ ပြားပြားဝပ်နေကြရတာမို့ တခုတည်းသော ထွက်ပေါက်ဖြစ်တဲ့ တပ်တွင်းဆန္ဒဖော်ထုတ်ပွဲ (ဒါဘာ) တွေမှာတောင် "တင်ပြရန်မရှိပါဘူး" ဆိုတဲ့စကားနဲ့ ဆန္ဒတွေကို မျိုသိပ်ခဲ့ရပေါင်းများနေတာလည်း ရဲဘော်တွေ ကိုယ်တွေ့ဖြစ်ပါ တယ်။

Read More...

အပေါ်သို့