Saturday, October 31, 2009

နေ့စဉ်သတင်းများ ( ၃၀ - ၁၀ - ၀၉)

အမေရိကန်နိုင်ငံခြားရေး ထိပ်တန်းအရာရှိနှစ်ဦး မြန်မာနိုင်ငံကို (၂) ရက်ကြာခရီး နိုဝင်ဘာလ (၃) ရက်နေ့ စတင်မည် သတင်း
မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးအတွက် ထိရောက်အောင် ဆောင်ရွက်နိုင်ရေး ၀ါရှင်တန်မှာ ဆွေးနွေး သတင်း
အမေရိကန်ကိုယ်စားလှယ်ကို အဲန်အယ်လ်ဒီက ပါတီဌာနချုပ်၌သာ တွေ့ဆုံလို သတင်း
ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် အမျိုးသမီး နိုဘယ်လ်ဆုရှင်များအဖွဲ့က တောင်းဆို သတင်း
၂၀၁၀ ရွေးကောက်ပွဲကို အော်လ်တာနေးတစ်ဗ် အာဆီယံက ရှုတ်ချ သတင်း
ကိုးကန့်အဖွဲ့ နယ်ခြားစောင့်တပ် သဘောတူ သတင်း
နိုင်ငံတကာကျန်းမာရေးအဖွဲ့ NGO ရုံးကို ဒေသခံများ ၀ိုင်းဝန်းတိုက်ခိုက် သတင်း
သတင်းထောက်တချို့ အပါအ၀င် လင်းလက်ကြယ်လူငယ်များ အဖမ်းခံရ သတင်း
မြန်မာသတင်းထောက်ကို ပြန်လွှတ်ပေးရေး CPJ က တောင်းဆို သတင်း
ကမ္ဘာ့အကြီးဆုံး ကျောက်စိမ်းဆင်းတုတော်ကို မြန်မာကျောက်စိမ်းဖြင့် ထုလုပ်မည် သတင်း
မြန်မာနိုင်ငံသား (၅၀၀) ခန့် မျက်စိခွဲရန် မယ်တော်ဆေးခန်းသို့ ရောက်ရှိ သတင်း
ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေအားလုံးနှင့်တွေ့ခွင့်ပေးရန် တောင်းဆို သတင်း
နယ်ခြားစောင့်တပ်ကို မိမိတပ်ဖွဲ့များဖြင့်သာ ဖွဲ့စည်းလိုဟု မိုင်းလားတပ်ဖွဲ့ ပြော သတင်း
ဖုန်ကြားရှင် ဝပြည်တွင် ခိုလှုံနေကြောင်း ဟောင်ကောင်ပညာရှင်တဦး ပြောဆို သတင်း
မွန်ခွဲထွက်အဖွဲ့တို့ တပ်အသွင်ပြောင်းရန် ရတခတိုင်းမှူးနှင့် တွေ့ဆုံနေ သတင်း
နယ်ခြားစောင့်တပ် အသွင်ပြောင်းမှု ကရင်ငြိမ်းချမ်းရေးကောင်စီ အဖွဲ့ လက်မခံ သတင်း
နယ်စပ်ပြဿနာများကို ငြိမ်းချမ်းစွာဖြေရှင်းရန် မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့တို့ သဘောတူ သတင်း
အရှင်ဂမ္ဘီရနှင့် နိုင်ငံရေးအကျဉ်းသားများ ကျန်းမာရေးဆိုးဝါး သတင်း
စစ်တွေတွင် နိုင်ငံရေးပါတီနှစ်ခုမှ ရုံးများ ဖွင့်လှစ်ပြီး ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲအတွက် ပြင်ဆင် သတင်း
မှတပါး အခြားမရှိပြီ (ဆောင်းပါး)
နယ်စပ်လမ်းက ဝမ်းတထွာ (၂) (ဆောင်းပါး)
စီးပွားဖြစ် ဆံပင် (ဆောင်းပါး)

Friday, October 30, 2009

နိုင်ငံရေးကို နှာခေါင်းရှုံ့ခဲ့တဲ့ ရေပေါ်စီလူတန်းစားတွေ

October 30, 2009

လူထုစိန်ဝင်း

“မြန်မာ လူမျိုးများရဲ့ နိုင်ငံရေး အသိအမြင် ဗဟုသုတက နိမ့်ကျနေသေး လေတော့ ဒီမိုကရေစီ စနစ် အောင်မြင်ပါ့မလား” အသက်နှစ်ဆယ်၊ အစိတ်ဝန်းကျင် လူငယ်တွေနဲ့ စကားပြောကြတိုင်း ဒီမေးခွန်း တစ်ခုကို မေးမြဲဖြစ်တယ်။ သူတို့ စိတ်ထဲမှာ အနောက် နိုင်ငံကြီးတွေလို ဖွံ့ဖြိုး တိုးတက်နေတဲ့ နိုင်ငံကြီးတွေမှ ဒီမိုကရေစီ အောင်မြင်နိုင်တယ်လို့ ထင်မှတ် နေကြဟန် ရှိပါတယ်။ တချို့ ကျတော့လည်း နိုင်ငံရေးဆိုတာ နှာခေါင်း ရှုံစရာလို့ ယူဆပြီး တစ်သက်လုံး ဝေးဝေး ရှောင်ခဲ့တဲ့ ရေပေါ်ဆီ လူတန်းစား “အီလစ်”(elite) တွေ ပြောတဲ့ စကားသံတွေ ကြားပြီး “နဝေတိမ်တောင်” ဖြစ်နေကြပုံ ရပါတယ်။

အပေါ်ယံမှာ ဝေ့ကာဝဲကာ
ရေပေါ်ဆီ လူတန်းစား ဆိုတာက အများအားဖြင့် ခေတ်တိုင်း ခေတ်တိုင်းမှာ ရေပေါ်ဆီလို အပေါ်ယံ မှာချည်း ဝေ့နေလေ့ရှိလို့ ရေပေါ်ဆီ လူတန်းစားလို့ ခေါ်တာဖြစ်တယ်။ သူတို့က မြို့ကြီးသားတွေ ဖြစ်တော့ လည်လည် ပတ်ပတ် ရှိကြတယ်။ ဘယ်သူ တန်ခိုးရှိသလဲ ဆိုတာ ကောင်းကောင်းသိပြီး တန်ခိုး ရှိသူတိုင်းနဲ့ တည့်အောင်ပေါင်း အမြတ်ထုတ် တတ်ကြတယ်။ ပေါင်းနေတဲ့ သူ တန်ခိုး အရောင် မှိန်သွားရင် ချက်ချင်း စွန့်ခွာပြီး အရောင်တောက် သူကို ပြေးကပ်လေ့ ရှိတယ်။ ရာသီဥတုကို လိုက်ပြီး အရောင် ပြောင်းတတ်တဲ့ လူစားမျိုးတွေ ဖြစ်ကြတယ်။ ခေတ်တိုင်း ခေတ်တိုင်း အပေါ်ယံလွှာမှာချည်း ဝေ့ကာဝဲကာ နေကြ လေတော့ လူတွေကို အမြဲတမ်း ငုံကြည့်လေ့ရှိတယ်။ တန်ခိုးရောင် ပြိုးပြိုးပြက်ပြက် လက်တဲ့သူ မဟုတ်ရင် ဘယ်သူ့ကိုမှ အထင်ကြီးတာ မဟုတ်ဘူး။ဒီတော့ လူတွေကြား ဘယ်တော့မှ မနေဘူး။ လူတွေ အကြောင်းလည်း ဘာမှမသိဘူး။ လူတွေ အကြောင်း မသိတော့ တိုင်းပြည် နိုင်ငံအကြောင်းလည်း ဘာမှ မသိပါဘူး။ စင်ကာပူ နိုင်ငံကြီး တိုးတက်ပုံတွေ၊ နယူးယောက် မြို့တော်ကြီး စည်ကားပုံတွေ အကြောင်း အများကြီး ပြောနိုင်ပေမယ့်၊ လယ်ဆိုတာ ဘာလဲ၊ ယာဆိုတာ ဘာလဲ၊ ကိုင်းဆိုတာ ဘာလဲလို့ မေးရင်တောင် မှန်အောင် ဖြေနိုင်တာ မဟုတ်ပါဘူး။

ဆယ်ဆသာတယ်
ဒီလို လူတွေဟာ တိုင်းရေးပြည်ရေး နိုင်ငံရေးဆိုတာ သူတို့လို ရေပေါ်ဆီတွေ နဲ့ပဲ ဆိုင်တယ်။ လက်လုပ်လက်စား လူသာမန် တွေနဲ့ လားလားမှ ထိုက်တန်တာ မဟုတ်ဘူး။ ဒီမိုကရေစီရဲ့ အနှစ်သာရ ဆိုတာ ပညာတတ် ရေပေါ်ဆီတွေသာ သဘောပေါက် နားလည် နိုင်တာမျိုး ဖြစ်တယ်၊ ဆင်းရဲလို့ ပညာကောင်းကောင်း မသင်နိုင်တဲ့ သူတွေရဲ့ နိုင်ငံရေး အသိပညာ ရေချိန်ဟာ အင်မတန် နိမ့်တယ်။ ဒီလူတွေနဲ့ ဒီမိုကရေစီ တည်ဆောက်လို့ မရသေးဘူးလို့ ကျယ်ကျယ် လောင်လောင် ပြောလေ့ ရှိကြတယ်။ ဒီစကားတွေ ကြားပါများတော့ လူငယ်တွေက နားယောင်ပြီး ဟုတ်နိုးနိုး ထင်နေရှာကြတာ ဖြစ်တယ်။ အဲဒါကြောင့် မြန်မာလူမျိုးဟာ တခြား နိုင်ငံကြီး သားတွေလောက် နိုင်ငံရေး အသိမမြင့်ဘူး ဆိုတောင်မှ နိုင်ငံရေးဆိုတာ နှာခေါင်း ရှုံ့စရာ သဘောထားပြီး ဘယ်တုန်းကမှ နိုင်ငံရေးကိစ္စ တွေမှာ မပါဝင်ခဲ့ဖူးတဲ့ ရေပေါ်ဆီ လူတွေထက်တော့ ဆယ်ပြန် ဆယ်ဆမက နိုင်ငံရေးအသိ မြင့်မားတယ်လို့ ရှင်းပြလိုက်ရ ပါတယ်။

လိမ်မှန်းညာမှန်းမသိတဲ့ လူမျိုး
မြန်မာလူမျိုးဟာ တခြား နေရာများမှာ ညံ့ချင်ညံ့မယ်။ နိုင်ငံရေး အသိမှာတော့ ထိပ်တန်းက ရှိနေတဲ့ လူမျိုးဖြစ်တယ်။ နယ်ချဲ့ အစိုးရက ၉၁ဌာန အုပ်ချုပ်ရေးတို့၊ ဒိုမီနီယံ အဆင့်ပေးမယ် တို့နဲ့ လှည့်စားခဲ့ပေမယ့် လိမ်တာကို လိမ်မှန်းသိ၊ ညာတာကို ညာမှန်းသိလို့ လုံးဝ လွတ်လပ်ရေးမှ တစ်ပါး ဘာမှ မလိုချင်ဘူးလို့ အပြတ် ပြောခဲ့တာပါ။ ပါးစပ်ပြောသာ မဟုတ်ဘူး။ လက်တွေ့မှာလည်း မရရတဲ့နည်းနဲ့ ယူမယ်ဆိုတာ အထင်အရှား ပြခဲ့တာပါ။ ဂျပန်ခေတ်မှာလည်း ဂျပန်ပေးတဲ့ လွတ်လပ်ရေး နဲ့တင် ကျေနပ် ရောင့်ရဲ မနေခဲ့ပါဘူး။ လိမ်တာကို လိမ်မှန်းသိလို့ တော်လှန်ရေးဆင်နွှဲ အောင်ပွဲခံခဲ့တာ ဖြစ်တယ်။ ရှေးလူကြီးတွေကသာ ပေးတာလေးယူပြီး ရောင့်ရဲနေလိုက်ကြရင် ဒီနေ့ လွတ်လပ်တဲ့ မြန်မာလူမျိုးရယ်လို့ ရှိလာမှာ မဟုတ် ပါဘူး။

ရန်/ငါပြတ်လို့

Read More...

နေ့စဉ်သတင်းများ ( ၂၉ - ၁၀ - ၀၉)

ရွေးကောက်ပွဲမတိုင်ခင် ဖွဲ့စည်းပုံပြင်ဖို့ နိုဘဲလ်ဆုရှင်များ တောင်းဆို သတင်း
ဒေါ်အောင်ဆန်းစုကြည်အိမ် လုံခြုံရေးတိုးမြှင့်ဖို့ ဗိသုကာနဲ့ တွေ့ခွင့်မရ သတင်း
တွေ့ခွင့်ရှိသူများနှင့် တွေ့ရေး ဒေါ်အောင်ဆန်းစုကြည် တောင်းဆို သတင်း
အမေရိကန်ကိုယ်စားလှယ်ခရီးစဉ် ဒေါ်အောင်ဆန်းစုကြည် စောင့်ကြည့်နေ သတင်း
ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်နှင့် စစ်အစိုးရ တိုက်ရိုက်ဆက်ဆံမှုကို စောင့်ကြည့်နေဟု ဒီချုပ်ပြော သတင်း
တိုက်ရိုက်ဆွေးနွေးမှုမူဝါဒကို ဒေါ်အောင်ဆန်းကြည် ကြိုဆို သတင်း
နာရေးကူညီမှုအသင်းကို စည်ပင်က တရားစွဲ သတင်း
ဘူးသီးတောင်မြို့ရှိ အန်ဂျီအိုတခုကို ဒေသခံများ ၀ိုင်းဝန်းတိုက်ခိုက် သတင်း
၂၀၁၀ တွင် ၀င်မည့် ရခိုင် (၂) ဖွဲ့ ရခိုင်ပြည်သူကို ကိုယ်စားမပြုဟုဆို သတင်း
အပစ်ရပ်အဖွဲ့များ၏ တောင်းဆိုချက်ကို စစ်အစိုးရ မတုံ့ပြန်သေး သတင်း
နယ်ခြားစောင့်တပ်ဖွဲ့ရေး လက်ခံသည့် ငြိမ်းအဖွဲ့ အနည်းငယ်သာရှိ သတင်း
စစ်အစိုးရ၏ နယ်ခြားစောင့်တပ် မိုင်းလားတပ်ဖွဲ့ ငြင်းဆန်၍မရတော့ သတင်း
ကေအင်ယူခေါင်းဆောင်များနေအိမ် စီးနင်းမှု မြန်မာစစ်အစိုးရ၏ တိုက်တွန်းချက်မဟုတ်ကြောင်း ထိုင်း ငြင်း ဆို သတင်း
ထိုင်းက ဗိုလ်မှူးကြီးနဒါးမြ ဇနီးကို လွှတ်ပေး သတင်း
အစိုးရကို သရော်သည့် ပြက်လုံးထုတ်လျှင် ထောင်ဒဏ်ချမှတ်မည် သတင်း
ထောင်ကျသွားသည့် တောင်သူမိသားစုများကို တရားစွဲမည်ဟု ခြိမ်းခြောက် သတင်း
စာနယ်ဇင်းလောကတွင် ဖမ်းဆီးမှုကြောင့် တိမ်းရှောင်နေသူ များပြား သတင်း
မလေးရှားနိုင်ငံ ဒုက္ခသည်ရုံးမှာ မြန်မာများ အခက်အခဲတွေ့နေ သတင်း
ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ် ၂၀၀၉ စည်းရုံးရေး သတင်း
ကမ္ဘာ့ဆန်စပါးညီလာခံ ပြုလုပ်ချိန်တွင် မြန်မာနိုင်ငံ ဆန်ဈေးတက်နေ သတင်း
အမေရိကန်စီးပွားရေး ပြန်လည်ဦးမော့လာ သတင်း
ဝက်တုပ်ကွေးရောဂါ တိုက်ဖျက်ရေး ကာကွယ်ဆေးထိုးခြင်း အကောင်းဆုံး သတင်း
ကာဝိုင်းဟာ နှင်းခါးသင်တိုင်းနဲ့ (ဆောင်းပါး)

နအဖ ၏ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကိစ္စ ကရင် ငြိမ်းချမ်းရေးကောင်စီ လက်မခံ

နန်းထူးစံ
အောက်တိုဘာ ၂၉ရက်။

နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရေးအတွက် နအဖ စစ်အစိုးရ၏ ကမ်းလှမ်းချက်ကို လက်ခံမည် မဟုတ်ကြောင်း ကေအဲန်ယူ/ ကေအဲန်အယ်လ်အေ - ငြိမ်းချမ်းရေး ကောင်စီ အဖွဲ့က အောက်တိုဘာ (၂၀)ရက်နေ့တွင် ကြေညာချက် တစောင် ထုတ်ပြန်လိုက်သည်။

နအဖ ဗိုလ်ချုပ်ရဲမြင့်နှင့် ဗိုလ်ချုပ်ခင်ဇော်တို့ ဦးစီးသော အထက်တန်း အရာရှိ (၂၀)ဦး တို့သည် ဗိုလ်မှူးချုပ် စောဌေးမောင် ခေါင်းဆောင်သော ကေအဲန်ယူ/ ကေအဲန်အယ်လ်အေ ငြိမ်းချမ်းရေး ကောင်စီ အဖွဲ့ကို တပ်အသွင် ပြောင်းရေး ကိစ္စ လက်ခံရန် အတွက် ကရင်ပြည်နယ်၊ ဖားအံမြို့တွင် အောက်တိုဘာ ၁ ရက်နေ့က လာရောက် တွေ့ဆုံကာ ကမ်းလှမ်းခဲ့သည်ကို လက် မခံနိုင်ကြောင်း ထိုကြေညာချက်တွင် ဖော်ပြထားသည်။

ငြိမ်းချမ်းရေးကောင်စီအနေဖြင့် ထိုသို့ နအဖ၏ ကမ်းလှမ်းချက်ကို လက်မခံနိုင်ခြင်းမှာ ကရင် လူထု အနေဖြင့် ကရင် တပ်ဖွဲ့ဝင်များကို မြန်မာတပ်များ၏ သြဇာခံအဖြစ် မလိုလားသည်က တကြောင်း၊ တိုင်းရင်းသား အခွင့်အရေးများကို ဝါးမျိုရေးဟု အဓိပ္ပါယ် ဆောင်သည့် ထိုဒီမိုကရေစီ ကျင့်သုံးမှု အခန်းကဏ္ဍများကို အယုံအကြည် မရှိသည်က တကြောင်းနှင့် စစ်တပ် အုပ်ထိန်းမှုသည် မပြီးဆုံးနိုင်သည့် ရှုတ်ထွေးမှု ပဋိပက္ခများ ဖြစ်လာနိုင်ပြီး ၂၀၁၀ ဒီမိုကရက်တစ် လုပ်ငန်းစဉ်ကို အဟန့်အတား ဖြစ်စေနိုင်သည်ဟု ၎င်းတို့အနေဖြင့် ယုံကြည် ထားသည့် အတွက်ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

ဗိုလ်ချုပ်ရဲမြင့်၏ ထိုကမ်းလှမ်းချက်ကို လက်ခံလိုက်မည် ဆိုပါက ကရင်ပြည်နယ် အတွင်း အကြမ်းဖက်မှုများ၊ အချင်းချင်း သတ်ဖြတ်မှုများ ပို၍ ဖြစ်ပွား လာမည်ဖြစ်ပြီး ဒီကေဘီအေ တပ်ဖွဲ့သည် နအဖ၏ အဆိုပြုချက်ကို သဘောတူ လက်ခံလိုက်ပြီးနောက် နယ်ခြား စောင့်တပ် အသွင်ပြောင်းရေး အစီအစဉ်အောက်တွင် ကရင်ပြည်သူ လူထုများ အပေါ် အကြမ်းဖက်မှုများ၊ စစ်ပွဲများ ပိုမို ကျင့်သုံးလာရာ ယခုလက်ရှိ ကရင်ပြည်နယ် တပ်မဟာ ၁၊ ၂၊ ၃နှင့် ၅နယ်မြေအတွင်း သတ်ဖြတ်ခံရသည့် ကရင် လူထုများမှာ သက်သေအဖြစ် ထင်ရှားလျှက် ရှိသည်ဟု ဆိုသည်။

Read More...

Thursday, October 29, 2009

နေ့စဉ်သတင်းများ (၂၈ - ၁၀ - ၀၉)

နိုင်ငံလုံးကျွတ်ညီလာခံ ကျင်းပရန် အဖွဲ့ချုပ်ကို ထပ်မံတောင်းဆို သတင်း
ဝ' တပ်ဖွဲ့ အလျှော့ပေးမည့် လက္ခဏာမရှိဟု အကဲခတ်များ ပြော သတင်း
မိုင်းလားခေါင်းဆောင်နှင့် ဗိုလ်ချုပ်ရဲမြင့် ကျိုင်းတုံ၌ တွေ့ဆုံ သတင်း
ရမခ တိုင်းမှူးအား ဝ ခေါင်းဆောင်များ တွေ့ဆုံနှုတ်ဆက် သတင်း
နယ်ခြားစောင့်တပ်ဖွဲ့ကိစ္စ အပစ်ရပ်အဖွဲ့များအတွင်း သဘောထားကွဲလွဲ သတင်း
မဲဆောက်လုံခြုံရေးအတွက် စစ်ဆေးမှုလုပ်ဟု ထိုင်းတပ်မှူး ပြော သတင်း
ဦးဝင်းတင်ကို နိုင်ငံရေးအကျဉ်းသားမိသားစုဝင်များ စုပေါင်းကန်တော့ သတင်း
အယူခံကိစ္စ ညှိနှိုင်းရန် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် သူ၏ ရှေ့နေအဖွဲ့ တောင်းဆို သတင်း
နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး စာကပ်သူကို ထောင် (၁၅) နှစ်ချ သတင်း
သတင်းထောက်နှင့် လူငယ်အချို့ ဖမ်းဆီးခံရ သတင်း
ကွမ်းခြံကုန်းမြို့နယ်မှ ကလေးငယ်တဦး စစ်သားအဖြစ် စုဆောင်းခံရ သတင်း
ကချင်ရေကာတာစီမံကိန်း ရပ်တန့်ပေးရန် တောင်းဆို သတင်း
နယ်စပ်ခြံစည်းရိုး ကာရံမှုတွင် ရိုဟင်ဂျာများကို အဓမ္မလုပ်အားပေးခိုင်းစေ သတင်း
မြန်မာနိုင်ငံတွင် ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်မှုအခြေအနေ စိုးရိမ်ရ သတင်း
နိုင်ငံကျော်စာရေးဆရာ နီကိုရဲ ဈာပန ပြီးဆုံး သတင်း
အကျဉ်းကျခံ ကိုညီညီအောင်၏ မွေးနေ့ မဲဆောက်တွင် ကျင်းပ သတင်း
ဦးချိုနှင့် မျက်လုံး (၅) လုံးပါ အင်းဆက် ရုပ်ကြွင်း မြန်မာတွင် တွေ့ သတင်း
စစ်အစိုးရမျက်နှာဖုံးတပ်ထားတဲ့ ကိုရီးယားကားများ သို့မဟုတ် စစ်အစိုးရရေးတဲ့ ဇာတ်ညွှန်း သတင်း
တောင်ကြီး တန်ဆောင်တိုင်တွင် Iron Cross ဖျော်ဖြေမည် သတင်း
အကောင်းမြင်ရန် စောသေးသည် (ဆောင်းပါး)
သူတို့နှင့် လင်းယုန်ကြီး (ဆောင်းပါး)

Wednesday, October 28, 2009

စဉ်းစားစရာဝေါဟာရနဲ့စံ

ရဲဘော်ဖိုးသံချောင်း
၂၇ အောက်တိုဘာ ၂၀၀၉

အခုနောက်ပိုင်း နအဖရဲ့ ဒီမိုကရေစီအောက်မှာ အပြောများလာ၊ မီဒီယာတွေထဲမှာ အတွေ့ရ များလာတဲ့ နိုင်ငံရေး ဝေါဟာရ တွေထဲမှာ “စတိတ်စမင်း” (statesman) ဆိုတာလည်း ပါတယ်လို့ ဆိုရပါမယ်။ ဒါကို ဒီတိုင်းပြည်မှာ စကားလုံးကြီးတွေနဲ့ ထုတဲ့ အကျင့်က မပျောက်ကြ သေးပဲကိုးလို့ မှတ်ချက်ချရုံနဲ့ မပြီးဘူး ထင်ပါတယ်။ ဒီစကားလုံး၊ ဒီဝေါဟာရကို ရှေ့တန်းတင် ပြောဆို နေကြသူတွေရဲ့ တကယ့် ရည်ရွယ်ချက်နဲ့ ဗမာပြည် နိုင်ငံရေး နောက်ခံနဲ့ ဟပ်ပြရမယ်လို့ ထင်ပါတယ်။

ဒီပညာရှိတွေဟာ ဒါနဲ့တူညီတဲ့ ဝေါဟာရမျိုး ဗမာစကားထဲမှာ မရှိဘူး ဆိုပြီး (ဒီလို အရည်အချင်း ရှိတဲ့လူ ဗမာပြည်မှာ မရှိဘူးလို့ မပြောရုံတမယ်) အင်္ဂလိပ် အဘိဓာန်ကြီးတွေ၊ နိုင်ငံခြားသား တွေရဲ့ အဆိုအမိန့်တွေနဲ့ ကိုယ်လိုရာ ဆွဲပြီး အနက် ဖွင့်ပြကြပါတယ်။ သူတို့ထဲက တချို့ရဲ့ အဆိုအရ ဒါဟာ “နိုင်ငံရေး ရေချိန် နိမ့်နေသေးတဲ့ ဗမာပြည်သားတွေ” ကို ပညာပေးတဲ့ သဘော ဖြစ်ဟန် တူပါတယ်။ သူတို့ရေးတာတွေ ထဲမှာ သတိထားမိတဲ့ တချက်က သူတို့ပြောတဲ့ စတိတ်စမင်း ဆိုတာမျိုးကို ဗမာပြည်သား ထဲက တဦး တယောက်ကိုမှ ကိုးကား ထောက်ပြတာ မတွေ့ရတာပါပဲ။ ဒီတော့ အင်္ဂလိပ်နယ်ချဲ့ သမားနဲ့ ဂျပန် ဖက်ဆစ်တွေကို တွန်းလှန် ဖယ်ရှားခဲ့တဲ့၊ နှစ်ပေါင်း (၆၀) ကျော် ပြည်တွင်းစစ်ကို ဆင်နွှဲနေတဲ့၊ နှစ်ပေါင်း (၅ဝ) နီးပါး စစ်အာဏာရှင်တွေကို ဆန့်ကျင် တိုက်ခိုက်နေတဲ့ ဒီနိုင်ငံမှာ စတိတ်စမင်း တယောက်မှ မရှိပါကလားလို့ တွေးယူရမလို ဖြစ်လာပါတယ်။

တကယ်ကျတော့ ဗိုလ်သန်းရွှေတို့ခေတ်မှာ ပေါ်ထွန်းလာတဲ့ ဂုရုများဟာ လက်ရှိ အတိုက်အခံ နိုင်ငံရေး လုပ်နေသူတွေကို ရှုတ်ချတဲ့ သဘောနဲ့ ဒီလို စံတခု တင်နေကြတာ ဖြစ်ပါတယ်။ အတိုက်အခံ နိုင်ငံရေး သမားတွေဟာ မီဒီယာ အမျိုးမျိုးမှာ ဘယ်လိုပဲပွဲထွက် နေနေ၊ ဘာကြေညာချက်တွေ ထုတ်နေနေ တယောက်မှ စတိတ်စမင်း မဟုတ်ဘူးလို့ ဆိုချင်ကြတာပါ။ ဦးဝင်းတင်က စလို့ ပြည်ပရောက်တွေ အဆုံးကို သူတို့က နာမည် မတပ်ရုံတမယ် စောင်းလို့တဖုံ၊ တည့်တည့်တမျိုး အပြစ်ရှာပြနေတာ ဖြစ်ပါတယ်။ အဲဒီလို အရေးအသား တွေထဲက ဆောင်းပါးတပုဒ်မှာ “လက်တွေ့မကျသော၊ စိတ်ကူးယဉ် ဝါဒနှင့် အလုပ်မဖြစ်သော အစစ်အမှန် ဝါဒတို့ကို ရှောင်ရှား နိုင်ရေးသည် စတိတ်စမင်း၏ အရည်အချင်း တပါးဖြစ်သည်” လို့ ရေထားပါတယ်။ ဆိုလိုတာက ရှင်းပါတယ်။ ဘယ်လိုပဲ ဝေ့ကာဝိုက်ကာ ရေးနေနေ၊ အပြီးသတ်တော့လည်း ဝှီးဖတ် ဆိုသလို ဒီဘူတာကိုပဲ ဆိုက်တာပါ။ နအဖ စီစဉ်သမျှကို လက်မခံရင် လက်တွေ့ မကျဘူး၊ စိတ်ကူးယဉ်ဝါဒ ဖြစ်တယ်လို့ ဆိုပြီး ရွေးကောက်ပွဲ ဝင်ခိုင်းတာပါပဲ။ ဒီနေ့ဗမာပြည်ရဲ့ နိုင်ငံရေး ဇာတ်ခုံမှာ စတိတ်စမင်း ဆိုသူဟာ နအဖရဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲကို ဝင်သင့်တယ်ဆိုတဲ့ သဘောထား ရှိကိုရှိရမယ်လို့ ဆိုလိုက်တာပါ။

သူတို့ ဒီလိုပြောဆိုရေးသားနေတာတွေကို နအဖ စစ်အစိုးရက သဘောကျမယ် ဆိုတာကတော့ ဘာမှ သံသယဖြစ်စရာ မလိုပါဘူး။ ဒါကြောင့် ရေးသူများဟာ သူတို့ရဲ့ရည်မှန်းချက် ကိုတော့ အရောက်သားလို့ အောက်မေ့ရမှာပါ။ ဒါပေမယ့် ဒီနေရာမှာ သူတို့ကို မေးလိုက်ချင်စရာ တချက် ပေါ်လာပါတယ်။ အဲဒါက ဒီလိုဆိုရင် ဗိုလ်နေဝင်း - ဗိုလ်သန်းရွှေ အပါ နိုင်ငံတကာထွက် လှုပ်ရှားနေကြတဲ့ ဗိုလ်သိန်းစိန် - ဗိုလ်ဉာဏ်ဝင်းတို့ အလယ်၊ ပြုတ်သွားတဲ့ ဗိုလ်ခင်ညွန့် - ဗိုလ်စောမောင် အဆုံး ဘယ်သူတွေကိုများ စတိတ်စမင်းလို့ သတ်မှတ်လို့ ရပါသလဲလို့။ ဒါကိုတော့ သူတို့က ဘယ်သူဖြင့် ဟုတ်တယ်၊ ဘယ်သူဖြင့် မဟုတ်ဘူးလို့ ပြောရဲမယ် မထင်ပါဘူး။ သူတို့ ခံစားနေရတဲ့ ဒီမိုကရေစီကလည်း အကန့်အသတ် ရှိနေတာကိုး။

Read More...

နေ့စဉ်သတင်းများ ( ၂၇ - ၁၀ - ၀၉)

ဦးဝင်းတင်အား အကျဉ်းကျနိုင်ငံရေးသမား မိသားစုဝင်များ ကန်တော့ သတင်း
ကရင်ခေါင်းဆောင်နေရာများကို ထိုင်းအာဏာပိုင်များ ရှောင်တခင် စစ်ဆေး သတင်း
မြန်မာအဖွဲ့အစည်းများ၏ နေအိမ်များကို ရှောင်တခင်စစ်ဆေး သတင်း
သရုပ်ဆောင် လူရွှင်တော်ဇာဂနာ ကျန်းမာရေးကောင်း သတင်း
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သီရိလင်္ကာသို့ သွားမည် သတင်း
ဝန်ကြီးချုပ်သိန်းစိန် ပြောသည့်စကား လက်တွေ့ကျရန်လိုဟု NLD ပြော သတင်း
စစ်အစိုးရနှင့် ၀ တပ်ဖွဲ့ တင်းမာမှု လျော့ပါးလာပြီလော သတင်း
ဗလမင်းထင်တံတားတွင် ပစ်ခတ်မှုဖြစ်ပွား သတင်း
ကိုအေးလွင်အဖွဲ့ တိုင်းမှူးနှင့် ၀န်ကြီးများထံ ချဉ်းကပ်ခြင်း (ပေးစာ)
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ကမ္ဘောဒီးယားကို တရားဝင် တုန့်ပြန်တော့မယ် သတင်း
သတ္တုတွင်းလုပ်ငန်းများ ပုဂ္ဂလိကသို့ လွှဲပြောင်းမည် သတင်း
ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းအတွက် ရေလှောင်တမံ (၁၀) ခု တည်ဆောက်မည် သတင်း
ရန်ကုန်မြို့တွင်းက မြို့နယ်များကို ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ ရေပေးဝေမှု ဖြတ်တောက်ခဲ့ သတင်း
အိမ်လွမ်းစိတ်နှင့် မြို့အဝင်ည (ဆောင်းပါး)
ကိုကြီးသာရ အသက်ရာကျော် ရှည်ပါစေ (ဆောင်းပါး)
လမ်းလျှောက်ခြင်းညနေ (ဆောင်းပါး)
စဉ်းစားစရာ ဝေါဟာရနဲ့ စံ (ဆောင်းပါး)
ကမ္ဘာမပြားပါ (ဆောင်းပါး)
ကဲ … ယုံချင် ယုံ၊ မယုံချင်နေ - အပိုင်း (၄) (ဆောင်းပါး)

တပြည်လုံး ထောင်ကျနေတာမို့ မကြောက်ကြဖို့ ဦးဝင်းတင် ပြောကြား

October 28, 2009

အန်အယ်လ်ဒီရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ နှစ်ရှည်နိုင်ငံရေး အကျဉ်းသားဟောင်း ဦးဝင်းတင်ကို ကျောင်းသား တွေနဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း တွေက သီတင်းကျွတ် ဂါရ၀ပြု တွေ့ဆုံပွဲ တခု ဒီကနေ့ ရန်ကုန်မြို့မှာ ပြုလုပ် ပါတယ်။

မှန်ကန်တဲ့လုပ်ရပ်အတွက် အကျဉ်းထောင်တွေကို မကြောက်ကြ ဖို့နဲ့ စစ်အစိုးရရဲ့ လက်ကမ်း ဖိတ်ခေါ်မှုတွေကိုလည်း သတိနဲ့ စောင့်ကြည့် နားစွင့်ဖို့ စသဖြင့် တက်ရောက် လာသူတွေကို ဦးဝင်းတင်က မှာကြားခဲ့ပါတယ်။ အ ခုလို ဒီကနေ့ တွေ့ဆုံလာကြတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း တွေကို ဘာတွေများ မှာကြားခဲ့သလဲ ဆိုတာနဲ့ ပတ်သက်ပြီး ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာက ဦးဝင်းတင်ကို ဆက်သွယ်မေးမြန်း ထားတယ်ဆိုတော့ အပြည့်အစုံကို ပြောပြပေးပါဦးရှင်။

မအေးအေးမာ ။ ။ ဂါရ၀ပြုကြသူတွေထဲမှာ လက်ရှိ တက္ကသိုလ် တက်နေတဲ့ ကျောင်းသားများ အပါအ၀င် နိုင်ငံရေး တက်ကြွသူ အကျဉ်းသား ဟောင်းတွေ၊ နိုင်ငံရေး အကျဉ်းသား မိသားစုတွေလည်း ပါဝင်ပါတယ်။ ဦးဝင်းတင်ကတော့ သူ့ကို ဂါရ၀ လာပြုသူတွေကို တပြည်လုံး ထောင်ကျနေတာမို့ မကြောက်ကြဖို့နဲ့ လက်ရှိ နိုင်ငံရေး အခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ ပြောပြပါတယ်။

Read More...

Tuesday, October 27, 2009

နေ့စဉ်သတင်းများ ( ၂၆ - ၁၀ - ၀၉)

ဒေါ်အောင်ဆန်းစုကြည်ကို သက်ဆင်နှင့် နှိုင်းသဖြင့် မြန်မာကျောင်းသားများ မကျေနပ် သတင်း
အမျိုးသားပြန်လည်သင့်မြတ်ရေးတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်နိုင်ဟု ဗိုလ်ချုပ်ကြီးသိန်းစိန် ပြော သတင်း
ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားပေါ်မူတည်ပြီး ချမှတ်ပြစ်ဒဏ်လျှော့နိုင် သတင်း
နအဖနှင့်ဆက်ဆံရေး ၀/မိုင်းလားတို့ နည်းဗျူဟာပုံစံပြောင်း သတင်း
သျှမ်းပြည် (မြောက်ပိုင်း) တွင် ၂၀၁၀ ရွေးကောက်ပွဲအတွက် ကြိုတင်သန်းကောင်စာရင်းကောက်ဟုဆို သတင်း
လောက်ကိုင်မြို့တွင် (၁၀) လုံးထက်မနည်း ဗုံးများ ဆက်တိုက်ပေါက်ကွဲ သတင်း
ကျေးရွာအတွင်းရေးမှူး လုပ်ကြံခံရမှု ဒေသခံပြည်သူများ ဒုက္ခရောက်နေ သတင်း
ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့် လူမှုအဖွဲ့အစည်းများ၏ အခန်းကဏ္ဍ သတင်း
ပစ္စက္ခအခြေအနေတွေအပေါ် ဦးဉာဏ်ဝင်းရဲ့ အမြင်နဲ့ သုံးသပ်ချက် သတင်း
ညွန့်ပေါင်းအစိုးရက ဦးဘိုလှတင့်နှင့် စကားပြောခြင်း သတင်း
အဲပုဂံလေယာဉ် စက်ချို့ယွင်း၍ နောက်ကြောင်းပြန်လှည့်ရ သတင်း
ရန်ကုန်တွင် ကြွပ်ကြွပ်အိတ်စက်ရုံများ ပိတ်ရတော့မည် သတင်း
ယာဉ်ထိန်းရဲတပ်ဖွဲ့၏ ကဗျာပြိုင်ပွဲတွင် ဆုရသံဃာတော်တပါး ဆုယူခွင့်မရ သတင်း
ခိုလှုံစရာမရှိသော မြန်မာဒုက္ခသည်များ ဓာတ်ပုံပြပွဲ ကျင်းပ သတင်း
အောက်တိုဘာလ (၇) ရက်နေ့ သွေးထွက်သံယိုဖြစ်မှုနဲ့ ပတ်သက်တဲ့ NACC ရဲ့အစီရင်ခံစာ ရှေ့နေတွေက ပြန်လည်ပေးပို့ သတင်း
အခြေခံဥပဒေပြန်လည်ရေးဆွဲရေး ဆော်သြသူတွေ အစည်းအဝေး သတင်း
ထိုင်းဝန်ကြီးချုပ်ဟောင်း ထပ်စင် ကမ္ဗောဒီးယားဝန်ကြီးချုပ်ရဲ့ စီးပွားရေးအကြံပေး ဖြစ်တော့မလား သတင်း
NLD ၏ ၁၉၉ဝ ရွေးကောက်ပွဲ သင်ခန်းစာများ (ဆောင်းပါး)

Monday, October 26, 2009

နအဖ၏ ဥမင်လှိုင်ခေါင်း အစီရင်ခံသည့် ဗွီဒီယို ( ၂ )







နေ့စဉ်သတင်းများ ( ၂၅ - ၁၀ - ၀၉)

မြန်မာ့နိုင်ငံရေးထဲ ဒေါ်အောင်ဆန်းစုကြည် ပါဝင်နိုင်၊ ၀န်ကြီးချုပ်သိန်းစိန် ပြောဆို သတင်း
ဒေါ်အောင်ဆန်းစုကြည် ပြစ်ဒဏ်လျှော့ချနိုင်ခြေအပေါ် နအဖ၀န်ကြီးကို သံသယရှိ သတင်း
NLD လှုပ်ရှားမှုနဲ့ ခေါင်းဆောင်ပိုင်းကို သုံးသပ်စမ်းစစ် (မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်း)
ကိုးကန့်ဒေသ လောက်ကိုင်မြို့မှာ ဗုံးတွေကွဲ သတင်း
ကေအိုင်အိုအဖွဲ့တည်ထောင်မှု (၄၉) နှစ်ပြည့်မြောက် သတင်း
သုံးဆူမြို့တွင် ဗုံးတလုံး ထပ်မံပေါက်ကွဲ သတင်း
အီရတ်ဗုံးကွဲမှု လူ (၁၃၀) ကျော် သေဆုံး သတင်း
ရန်ကုန်မြို့အတွက် ရေ သတင်း
အမေရိကန် ၀က်တုပ်ကွေးကူးစက်မှု သမ္မတ အိုဘားမား အရေးပေါ်အခြေအနေ ကြေညာ သတင်း
ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြစ်ဒဏ်လျှော့ပေါ့နိုင်ဟု နအဖ၀န်ကြီးချုပ် ပြော သတင်း
မြန်မာ့အရေး အာဆီယံ ဆွေးနွေး သတင်း
အာဆီယံ ထိပ်သီးအစည်းအဝေးတွင် လူ့အခွင့်အရေးကော်မရှင် စတင်ဖွဲ့စည်း သတင်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ညီလာခံခေါ်ယူဖို့ မဖြစ်နိုင်သေး သတင်း
ပီနန်ဆရာတော်ကြီး ဗန်ကူးဗားမှာ ဖွင့်လှစ်မယ့် ဘုန်းတော်ကြီးကျောင်းသစ် သတင်း
မဲဆန္ဒကောက်ယူကြည့်ရာမှာ ပြည်သူတွေက ထပ်စင် ၀န်ကြီးချုပ်ဖြစ်တာကို ပိုကြိုက် သတင်း
စာရေးဆရာ နီကိုရဲ ကွယ်လွန်အနိစ္စရောက်ခြင်း သတင်း
စည်း (ဆောင်းပါး) သတင်း

Sunday, October 25, 2009

“နိုင်ငံရေးဆိုတာက အပြတ်မဖြစ်နိုင်ဘူး”

Saturday, 24 October 2009 14:38

စစ်အစိုးရ၏ တင်းမာသော သဘောထားများကို ဝေဖန်ပြောဆိုရာတွင် အထင်ရှားဆုံး နိုင်ငံရေးသမား တဦး ဖြစ်သည့် ဦးဝင်းတင်သည် ၁၉၈၈ ခုနှစ်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ကို စတင် တည်ထောင်သူ များထဲတွင် ပါဝင်သော ခေါင်းဆောင် တဦးဖြစ်သည်။ ၎င်းသည် မြန်မာ စာနယ်ဇင်း လောက၏ အထင်ကရ သတင်းစာဆရာ တဦးလည်း ဖြစ်သည်။

ဦးဝင်းတင်သည် နိုင်ငံရေးနယ်ပယ်သို့ ရောက်ပြီး တနှစ် မပြည့်မီမှာပင် အထိန်းသိမ်း ခံရသည်။ အင်းစိန်ထောင် တွင် ၁၉ နှစ်ကျော် ချုပ်နှောင် ခံခဲ့ရပြီး ယမန်နှစ် စက်တင်ဘာလ က ပြန်လည် လွတ်မြောက် လာသည်။

စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှု၊ ၂၀၁ဝ ပြည့်နှစ် ရွေးကောက်ပွဲ၊ စစ်အစိုးရ ၏ အခြေခံဥပဒေ၊ NLD ၏ လက်ရှိ အခြေ အနေများနှင့် ပတ်သက်ပြီး ဧရာဝတီ သတင်းထောက် ကိုစိုးက ဆက်သွယ် မေးမြန်းရာတွင် ဦးဝင်းတင်က ပြောပြ ခဲ့သည်များကို ဖော်ပြလိုက်ပါသည်။

မေး။ ။အနောက်နိုင်ငံတွေက စစ်အစိုးရအပေါ် ဒဏ်ခတ် ပိတ်ဆို့ ထားတာတွေ ပြန်လည် ရုပ်သိမ်းရေး နဲ့ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးက ဘယ်လောက် ဆက်စပ် နေပါသလဲ။

ဖြေ။ ။နိုင်ငံရေးမှာတော့ နှစ်ခုစလုံး ဆက်စပ်နေတယ်၊ တွေ့ဆုံ ဆွေးနွေးမယ် ဆိုရင် စစ်အစိုးရက ပါနေတယ်၊ ဒီ Sanction (စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှု) က သူတို့ကို ချုပ်ကိုင် ထားတဲ့ဟာ။ အဲဒီတော့ ဒီနှစ်ခုက ဆက်စပ်နေ မှာပဲ။ ဒီ Sanction က ကျနော်တို့ကို အားဖြည့် ပေးတယ်လို့ မဆိုနိုင်ရင်တောင် ကျနော်တို့ကို ဖိနှိပ် ချုပ်ချယ်နေတဲ့ အင်အားကြီးတဲ့ ရန်သူကို ချုပ်ကိုင်ရာ ရောက်တယ်။ ဘာနဲ့တူလဲ ဆိုရင် ကျနော်တို့ကို ဘီလူးကြီးက နှိပ်စက်နေတဲ့ အခါမှာ ဘီလူးကြီးကို Sanction လိုဟာမျိုးနဲ့ ကြိုးကွင်းစွပ်တယ် ဆိုရင် ကျနော်တို့ကတော့ အသက်ရှူချောင်တာ အမှန်ပဲဗျ။

ဒီ Sanction ဟာ ၃ မျိုးရှိမယ်လို့ ထင်တယ်၊ တမျိုးက အများပြည်သူတွေ ကို ထိခိုက်တဲ့ ဥပမာ အမေရိကန်က ပိတ်ဆို့တဲ့ အတွက် အထည်ချုပ် အလုပ်သမားတွေ အလုပ်လက်မဲ့ ဖြစ်ရတာ။ နောက်တမျိုးက စစ်ဗိုလ်နဲ့ အပေါင်း အပါတွေ ထိခိုက်တယ်၊ နောက်တခုက နိုင်ငံပေါင်း တော်တော်များများက လက်နက်ရောင်းဝယ်တာ မလုပ်တော့ တာ ရှိတယ်။ သုံးမျိုးထဲမှာ စစ်ခေါင်းဆောင် တွေကို၊ စစ်တပ်ကို ထိခိုက်တာ ဘာမှ ပြောစရာမရှိဘူး၊ သို့သော် ပြည်သူလူထုကို ထိခိုက်စေတဲ့ Sanction မျိုးဆိုရင်တော့ ကျနော်တို့ ဝင်ပြီးတော့ ပြေရာပြေကြောင်း ပြောမှာပဲ။

အဲဒီလို Sanction တွေ လျှော့တယ်ဆိုရင် အမျိုးသား ပြန်လည် သင့်မြတ်ရေး ကိစ္စ အထိ တခါတည်း ဆက်သွားနိုင် တယ်လို့ ကျနော် ထင်တယ်၊ အခု ဒီ အမေရိကန်ရဲ့ မူဝါဒသစ်ဟာ Sanction နဲ့ ပူးတွဲပြီးတော့ လျှောက်မယ့် ကိစ္စ ပဲ။ ဒါဟာ Drama (ပြဇာတ်) ကြီး တခုပဲ၊ ကြားထဲမှာ ငိုခန်း၊ ရယ်ခန်းတွေ ပါမယ်၊ နှစ်ပါးသွားတွေ ပါမယ်၊ အမျိုးစုံ ပေါ့။ ဒါပေမယ့် နှစ်ပါးသွား တွေရော ဘာတွေရော ဘယ်လောက်ပဲ ရှိရှိ နောက်ဆုံးမှာ ဇာတ်ပေါင်းခန်း ရောက်ရ မှာပဲလို့ ကျနော်တို့က မှန်းတယ်။ အဲဒါကြောင့် ဒီ Sanction ဟာ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲတွေ အတွက် ဘယ်လောက် အထောက်အကူ ဖြစ်မလဲ ဆိုတာက မှန်းလို့ မရဘူး၊ ရွေးကောက်ပွဲ မတိုင်ခင်တော့ ဖြစ်ရမယ်၊ ဖြစ်ဖို့လိုမယ်။

မေး။ ။ အာဏာပိုင်တို့က အဲဒီရွေးကောက်ပွဲ လုပ်ဖို့ကြေညာ ထားတဲ့၊ ပြင်ဆင် ထားတဲ့ အပေါ် ဦးဝင်းတင်ရဲ့ အမြင်ကို သိချင်ပါတယ်။

Read More...

နေ့စဉ်သတင်းများ ( ၂၄ - ၁၀ - ၀၉)

ဒေါ်အောင်ဆန်းစုကြည်ကို သက်ဆင်နဲ့ နှိုင်းလို့ ထိုင်းဝန်ကြီးချုပ် ကာကွယ် သတင်း
ဒေါ်အောင်ဆန်းစုကြည်အပေါ် တင်းကျပ်မှုတွေ လျှော့ချရေး ဗိုလ်ချုပ်ကြီးသိန်းစိန် အပြော သတင်း
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် (၁၄) နှစ်ပြည့် သတင်း
ရွေးကောက်ပွဲဥပဒေ မကြာမီ ထုတ်ပြန်မည်ဟု ဗိုလ်ချုပ်ကြီး သိန်းစိန် ပြော သတင်း
လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲကျင်းပဖို့ မြန်မာစစ်အစိုးကို အာဆီယံ တိုက်တွန်း သတင်း
မြန်မာ့မိတ်ဆွေ အာဆီယံအမတ်များ သတင်းစာရှင်းလင်းပွဲ ပြုလုပ် သတင်း
မြန်မာ့အရေး ထိရောက်စွာ ဆောင်ရွက်ကြပါဟု ဘားမားကမ်ပိန်း ယူကေ တိုက်တွန်း သတင်း
ကရင်ပြည်နယ်အတွင်း စစ်အစိုးရရဲ့ ဖြတ်လေးဖြတ် စစ်ဆင်ရေး သတင်း
ရွှေဈေးကြောင့် နိုင်ငံရေး မတည်ငြိမ်ဖြစ်နိုင်၊ ဈေးထိန်းရန် ဝန်ကြီး သတိပေး သတင်း
ရွှေနှင့်သစ်လုပ်ငန်းအတွက် ဒီကေဘီအေ အင်အား (၇၀၀) ခန့် ဖာပွန်နှင့် သထုံခရိုင်နယ်စပ်သို့ ရောက်ရှိနေ သတင်း
KNU တပ်မဟာ (၇) နယ်မြေတွင် နအဖနှင့် ဒီကေဘီအေ ပူးပေါင်းလှုပ်ရှား သတင်း
မြ၀တီမြို့တွင် ဗုံးပေါက်ကွဲမှုကြောင့် အရပ်သား (၁) ဦးသေ၊ (၂) ဦး ဒဏ်ရာရ သတင်း
DKBA အရာရှိတဦး မြ၀တီတွင် ဗုံးခွဲ သတင်း
အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံခရီးစဉ်မှာ အတိုက်အခံတွေနဲ့လည်း တွေ့ဖို့လို သတင်း
ဘယ်သူကပဲ တောင်းဆို တောင်းဆို ကမ္ဗောဒီးယားကတော့ ထပ်စင်ကို ပြန်လွှဲပေးမှာမဟုတ် သတင်း
နိုင်ငံခြားသားများ ဥဒဟိုဝင်လာစေတဲ့ ဗမာပြည်နိုင်ငံရေး အခြေအနေသစ် (ဆောင်းပါး)
ကမ္ဘောဒီးယား အတွေ့အကြုံ (ဆောင်းပါး)
မွန်ပြည်သစ်ပါတီနှင့် နအဖတို့ လက်နက်ကိုင်ပဋိပက္ခ ဖြစ်လာနိုင်ချေ အလားအလာများ (ဆောင်းပါး)
ခေါင်းဆောင်များနှင့် ဆက်ဆံရေးကွက်လပ်များ (ဆောင်းပါး)
ရွှေဥဒေါင်း၏ အနှစ် (၉၀) ကျော် ခေတ်စားနိုင်သောနည်း (ဆောင်းပါး)
ဆေးကု၍ မရတော့ပါ (ဆောင်းပါး)

အပေါ်သို့