Friday, December 14, 2012

မန္တလေးသံဃာတွေ ဆက်လက်ဆန္ဒပြ

2012-12-13

မန္တလေး၊ ချမ်းမြ သာစည်မြို့နယ်၊ မဟာမြတ်မုနိဘုရားကြီး တောင်ဘက်မှာရှိတဲ့ ဦးပွား ဘုရားမှာ ဒုတိယနေ့အဖြစ် သံဃာတော်တွေနဲ့ လူထု ၁၀၀ ကျော်ဟာ ဒီဇင်ဘာလ ၁၃ ရက် ဒီကနေ့ နေ့လည် (၁)နာရီက ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြပါတယ်။

သံဃာတွေရဲ့ တောင်းဆိုချက်တွေကို အကောင်အထည်မဖော်ပေးဘူးဆိုရင် ဆက်လက်ဆောင်ရွက်သွားမယ့် အစီအစဉ်တွေရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့လှုပ်ရှားမှုကော်မတီဝင် ဘ၀အလင်းဆရာတော် ဦးသောဘိတက RFA ကို မိန့်ကြားပါတယ်။

Read More...

ပြန်လွတ်လာသူတွေ ရန်ကုန်မှာ ထပ်မံဆန္ဒပြ

2012-12-13

လက်ပန်းတောင်းတောင်အရေးနဲ့ ပတ်သတ်ပြီး ငွေကြာယံကျောင်းတိုက်က သံဃာတော်နှစ်ပါး နဲ့အတူ မကြာသေးခင်ကမှ အင်းစိန် အကျဉ်းထောင်ကနေ အာမခံနဲ့ ပြန်လွတ်လာတဲ့ ဒေါ်နော်အုန်းလှ၊ ဒေါ်ရှမ်းမ အပါအဝင် လူဆယ်ဦးဟာ ဒီဇင်ဘာလ ၁၃ ရက်နေ့ ဒီကနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့မှာ စီတန်းလမ်းလျှောက် ဆန္ဒပြခဲ့ပါတယ်။

ဆန္ဒပြသူတွေဟာ မွန်းလွဲ ၃ နာရီအခ်ျိန်က ရွှေတိဂုံဘုရား အရှေ့ဘက်မုခ် ကြေးသွန်းဘုရားကြီးကနေ စတင်ပြီးနောက် ရေတာရှည် လမ်းကနေ အနောက်ရွှေဂုံတိုင်လမ်းအတိုင်း စီတန်းလမ်းလျှောက်ခဲ့ကြပြီး ကိုးထပ်ကြီးဘုရားမှာ အဆုံးသတ်ခဲ့ကြပါတယ်။

Read More...

စိတ်ကြွ ဆေးပြားထုတ်လုပ်မှု များလာနေ

2012-12-13

အာရှဒေသတွင်း မူးယစ်ဆေးဝါး ပြသနာ ကြီးထွားလာနေတာကို တိုက်ဖျက်နိုင်ဖို့အတွက် မြန်မာနိုင်ငံဟာ အဓိကကျတဲ့ နိုင်ငံ တခုဖြစ်တယ်လို့ ကုလသမဂ္ဂက မနေ့က ပြောဆိုလိုက်ပြီး ဒေသတွင်း မူးယစ်ဆေးဝါး ပပျောက်ရေး လုပ်ငန်းတွေမှာလည်း ပူပေါင်းပါဝင်ဖို့ကို မြန်မာအစိုးရကို ကုလသမဂ္ဂက တိုက်တွန်းလိုက်ပါတယ်။

Read More...

ရှမ်းပြည်နယ်မှာ ကျင်းပတဲ့ HRDP သင်တန်း သတိပေးခံရ

2012-12-13

လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများကွန်ယက်က ရှမ်းပြည်နယ် ဖယ်ခုံမြို့မှာ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်တာကို ဒေသခံအာဏာပိုင် တွေက တားမြစ်ပိတ်ပင်နေတယ် လို့သိရပါတယ်။

နောက်ဆုံးကြေညာလိုက်တဲ့ သမ္မတရဲ့လွတ်ငြိမ်းသက်သာခွင့်နဲ့ပြန်လွတ်လာတဲ့ လူ့အခွင့်အရေးကာကွယ်မြှင့်တင် သူများ ကွန်ယက်အဖွဲ့ ခေါင်းဆောင် ဦးမြင့်အေး ဦးဆောင်ပြီး ကယားပြည်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းကမြို့တချို့မှာ လူ့အခွင့်အရေး ဆိုင်ရာဆွေးနွေးပွဲတွေကို တစ်နေရာ ၂ ရက်နှုန်းနဲ့ပြုလုပ်နေတာဖြစ်ပါတယ်။

Read More...

မီးလောင်ဒဏ်ရာရ သံဃာတော် ဆေးကုသ ရန် ထိုင်းနိုင်ငံသို့ ထွက်ခွာ

2012-12-13

လက်ပံတောင်းတောင်သပိတ်စခန်း ဖြိုခွင်းမှုမှာ ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြတဲ့ သံဃာတော်တွေထဲက ဆရာတော် ဦးသိက္ခဥာ ဏဟာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ ထိုင်းနိုင်ငံကို ဒီကနေ့ ညနေ ၄ နာရီခွဲက ဆေးဝါး ကုသဖို့ ထွက်ခွာသွား ပြီဖြစ်ပါတယ်။

မန္တလေးဆေးရုံမှာ ဆေးဝါးကုသမှုခံယူနေကြတဲ့ ဒဏ်ရာဆိုးဝါးတဲ့ သံဃာတော်တွေထဲက သံဃာတော် ၅ပါးဟာ ထိုင်းနိုင်ငံကို ဆေးဝါးကုသဖို့ စီစဉ်နေကြပြီး၊ အဲ့ဒီအထဲကမှ ဆရာတော်ဦးသိက္ခဥာဏက ပထမဆုံး ဘန်ကောက်ဆေးရုံကို ထွက်ခွာသွားတဲ့ သံဃာတော်ဖြစ်ပါတယ်။

Read More...

ဆွီဒင်နိုင်ငံလုပ် လက်နက်တွေ မြန်မာအစိုးရ စစ်တပ်ဆီ ရောက်ရှိနေ

2012-12-14

မြန်မာအစိုးရစစ်တပ် လက်ထဲရောက်ရှိသုံးစွဲနေတဲ့ ဆွီဒင်နိုင်ငံလုပ် တင့်ကားဖျက် ရိုင်ဖယ်တွေဟာ အိန္ဒိယ စစ်တပ်ကို မိမိတို့ ရောင်းချလိုက်တဲ့ လက်နက်တွေဖြစ်ကြောင်း ဆွီဒင်နိုင်ငံက မနေ့က ပြောလိုက်ပါတယ်။

ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ KIA နဲ့ အစိုးရတပ်တွေ တိုက်ခိုက်နေတဲ့ ကချင်ပြည်နယ်မှာ အစိုးရတပ်ဆီက ကျန်ရစ်ခဲ့တဲ့ လက်နက်တွေကို မြန်မာ အလွတ်သတင်းထောက်တစ်ဦးက ဓါတ်ပုံ ရိုက်ယူခဲ့ရာမှာ ဆွီဒင်နိုင်ငံလုပ် Carl Gustaf M3 အမျိုးအစား တင့်ကားဖျက်ရိုင်ဖယ်တွေ နဲ့ ကျည်ဆန်တွေ ပါဝင်နေတာတွေ့ရပါတယ်။ ဓါတ်ပုံတစ်ပုံမှာ လက်နက်ပေါ်က ထုတ်လုပ်တဲ့ အမှတ်စဉ် နံပါတ်ကိုပါ ထင်ထင်ရှားရှား တွေ့မြင်ရပါတယ်။

ဆွီဒင်သတင်းမီဒီယာတွေပေါ်မှာ အဲဒီဓါတ်ပုံတွေ ပျံ့နှံ့သွားခဲ့ပြီးတဲ့နောက် ဆွီဒင်ပို့ကုန်ထိန်းချုပ်ရေးဌာနက လက်နက်တွေ မြန်မာ စစ်တပ်ဆီကို ဘယ်ကနေရောက်ရှိခဲ့သလဲဆိုတာ စုံစမ်းစစ်ဆေးနေပြီလို့ပြောဆိုခဲ့ပါတယ်။

ဥရောပသမဂ္ဂ EU ဟာ မြန်မာအစိုးရကို စီးပွားရေးပိတ်ဆို့ အရေးယူထားတာတွေ အားလုံးနီးပါး ဖြေလျှော့ပေးခဲ့ပေမဲ့ လက်နက် အရောင်းအ၀ယ်ကိစ္စကိုတော့ ဆက်လက်ထားရှိပါတယ်။

ဥရောပသမဂ္ဂ က အရေးယူပိတ်ဆို့ထားတဲ့ကြားက အခုလို ဆွီဒင်လက်နက်တွေ မြန်မာအစိုးရစစ်တပ်ဆီ ရောက်ရှိသွားတဲ့အပေါ် ရှင်းလင်းဖို့ အိန္ဒိယအစိုးရကို တောင်းဆိုထားတယ်လို့ ဆွီဒင် ကုန်သွယ်ရေးဝန်ကြီး Ewa Bjorling က မနေ့က လွှတ်တော် မှာပြောကြားခဲ့ပါတယ်။

ဆွီဒင်ပို့ကုန်ထိန်းချုပ်ရေးဌာန ပြောခွင့်ရသူကလည်း အခုလို မဆိုင်တဲ့သူတွေရဲ့ လက်ထဲ ဆွီဒင်လက်နက်တွေ ရောက်သွားတာမျိုး အရင်က မဖြစ်ခဲ့ဖူးဘူးလို့ ပြောဆိုပါတယ်။

Ref: အာရ်အဖ်အေ

Read More...

KIO ဌာနချုပ် အနီး တိုက်ပွဲတွင် အစိုးရတပ် စစ်ရဟတ်ယာဉ်များသုံး တိုက်ခိုက်

ဖနိဒါ
ဒီဇင်ဘာလ ၁၄ ရက် ၂၀၁၂ ခုနှစ်

တလ အတွင်း နိုင်ငံရေး စတင်ဆွေးနွေးမည်ဟု အစိုးရ ငြိမ်းချမ်းရေး အဖွဲ့ ခေါင်းဆောင် ဝန်ကြီး ဦးအောင်မင်း က ပြောဆိုခဲ့ပြီး နောက် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၏ ဌာနချုပ် တည်ရှိရာ လိုင်ဇာမြို့အနီးတွင် သောကြာနေ့ နံနက်ပိုင်းမှ စတင်၍ အစိုးရဘက်မှ စစ်ရဟတ်ယဉ်များနှင့် တိုက်ခိုက်နေပြီး တိုက်ပွဲများ ပြင်းထန်နေ
သည်ဟု KIO ပြောခွင့်ရသူ ဦးလနန် က ပြောသည်။

ဒေါ့ဖုန်းယန်မြို့နယ်ခွဲ၊ လဂျားယန် ကျေးရွာအနီးတွင် KIO ၏ ဗဟိုလုံခြုံရေး ရှေ့တန်းတပ်ဖွဲ့နှင့် အစိုးရ၏ တပ်ရင်း ခမရ ၃၈၃၊ ၃၈၈ နှင့် ခလရ ၄၀ တပ်ဖွဲ့များ နံနက် ၆ နာရီခန့်မှ စ၍ တိုက်ပွဲ ဖြစ်ပွားနေခြင်း ဖြစ်သည်။

Read More...

လက်ပံတောင်းပြဿနာ ကြီးလာမှာကို မွန်ဒီမိုကရေစီပါတီ စိုးရိမ်

ယဉ်စနိုင်း
ဒီဇင်ဘာလ ၁၃ ရက် ၂၀၁၂ ခုနှစ်

ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ပြဿနာကို ပတ်သက်ပြီး အစိုးရ၏ အကြမ်းဖက်သောနည်းဖြင့် ဖြေရှင်း ခြင်းဖြင့် ပိုမိုကြီးမားသော ပြဿနာရပ်များ ဖြစ်ပေါ်လာမည်ကို စိုးရိမ်မိကြောင်း မွန်ဒီမိုကရေစီပါတီ (MDP) က ကြေညာချက် ထုတ်ပြန်လိုက်သည်။

စီမံကိန်းကို ငြိမ်းချမ်းစွာ သပိတ်မှောက်ဆန္ဒပြနေကြသည့် ရဟန်းရှင်လူပြည်သူများကို ရက်စက်စွာ အင်အားသုံးပြီး ဖြိုခွဲခဲ့ခြင်းမှာ ဒီမိုကရေစီကို ရှေးရှူးနေသည်ဟူသည့် သမ္မတ ဦးသိန်းစိန်အစိုးရ၏ စကားနှင့် ဆန့်ကျင်ဘက်ဖြစ် နေသည်ဟု MDP အထွေထွေ အတွင်းရေးမှူး ဒေါက်တာမင်းစိုးလင်း က ပြောသည်။

Read More...

ထိုင်း-မြန်မာ နယ်စပ်တွင် တလလျှင် ကလေး ၂ဝ ခန့် ရောင်းဝယ်ခံရနေဆဲ

မေသဇင်
ဒီဇင်ဘာလ ၁၃ ရက် ၂၀၁၂ ခုနှစ်

မြန်မာ-ထိုင်း နယ်စပ် တလျှောက်တွင် တလလျှင် ကလေး အယောက် ၂ဝ ခန့် ကူးသန်းရောင်းဝယ်ခံနေရသည်ဟု လူ့အခွင့်အရေး ပညာပေးဌာန (မြန်မာနိုင်ငံ) HREIB မှ ဒါရိုက်တာ ကိုအောင်မျိုးမင်း က ဗုဒ္ဓဟူးနေ့က ကျင်းပသော ကလေးသူငယ် ကူးသန်း ရောင်းဝယ်မှု ပပျောက်ရေး အခမ်းအနားတွင် ပြောကြားလိုက် သည်။

နိုင်ငံတကာ ကလေးကူးသန်းရောင်းဝယ်မှု ဆန့်ကျင်တားဆီးရေးနေ့မှာ ဒီဇင်ဘာလ ၁၂ ရက်နေ့ဖြစ်ပြီး မြန်မာနိုင်ငံတွင် အထိမ်း အမှတ် အခမ်းအနားကို ယခုနှစ်တွင်မှ ပထမဆုံး အကြိမ်အဖြစ် ကျင်းပပြုလုပ်ခြင်းဖြစ်သည်။

Read More...

တဦးချင်း နယ်စပ်ကုန်သွယ်ခွင့်ကတ် လူ ၄၀ ကျော် လျှောက်ထား

ခင်မျိုးသွယ်
ဒီဇင်ဘာလ ၁၃ ရက် ၂၀၁၂ ခုနှစ်

နယ်စပ်ကုန်သွယ်ရေး စခန်းများမှ တဦးချင်း ကုန်သွယ်ခွင့် ကတ်များကို လျှောက်ထား တင်သွင်းခွင့် ပြုလျက်ရှိရာ လျှောက်ထားသူ ၄၀ ကျော် ရှိနေကြောင်း နယ်စပ်ကုန်သွယ်ရေး ဦးဌာနက ဆိုသည်။

“တဦးချင်း ကုန်သွယ်ခွင့် ကတ်တွေကို နယ်စပ် ၃ ခုကနေ စမ်းသပ်တဲ့အနေနဲ့ ခွင့်ပြုခဲ့ရာမှာ ဒီဇင်ဘာ ၁၂ ရက်နေ့ အထိ တမူးနယ်စပ်ကုန်သွယ်ရေးစခန်းကနေ ၂၂ ဦး၊ မူဆယ် နယ်စပ်ကုန်သွယ်ရေးစခန်းက ၁၅ ဦး၊ မြဝတီနယ်စပ် စခန်းမှာ ၄ ဦး စုစုပေါင်း ၄၁ ဦး လာရောက် လျှောက်ထားတာ တွေ့ရပါတယ်” ဟု ယင်းဌာနမှ တာဝန်ရှိသူ တဦးက မဇ္ဈိမကို ပြောသည်။

Read More...

လက်ပံတောင်း ဆန္ဒပြပွဲများကြောင့် ရင်းနှီးမြှုပ်နှံလိုသူများ လက်မတွန့်ဟုဆို

ဒီဇင်ဘာလ ၁၃ ရက် ၂၀၁၂ ခုနှစ်

လက်ပံတောင်း ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး ဆန္ဒပြပွဲများကြောင့် မြန်မာနိုင်ငံတွင်း လာရောက် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်လိုသည့် နိုင်ငံခြား ကုမ္ပဏီများအတွက် အဟန့်အတား မဖြစ်စေနိုင်ကြောင်း ရင်းနှီးမြှုပ်နှံသူများက ဆိုသည်။

ထိုဖြစ်ရပ်မျိုးမှာ ထိုလုပ်ငန်းတခုလုံးတွင် ဖြစ်ပေါ်နေကျအဖြစ် ရှုမြင်ပြီး ကမ္ဘာ့စံညွှန်းများနှင့် ကိုက်ညီစွာ ရင်းနှီးမြှုပ်နှံ
ကြရန် သာ လိုကြောင်း ပြောဆိုသည်။

Read More...

အဂတိ လိုက်စားမှု အဆင့်တွင် မြန်မာ အောက်ဆုံး၌ ရှိနေဆဲ

ဘန်ကောက် (TrustLaw)
ဒီဇင်ဘာလ ၁၃ ရက် ၂၀၁၂ ခုနှစ်

မြန်မာနိုင်ငံသည် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေသော်လည်း ပြည်သူ့ကဏ္ဍအတွင်း အဂတိ လိုက်စားမှုအဆင့်ကို တိုင်းတာသည့်အခါ နိုင်ငံတကာ ပွင့်လင်းမြင်သာမှု (TI) ၏ အညွှန်းကိန်း၌ အောက်ဆုံးနားလောက်တွင် ရှိနေဆဲဖြစ်ကြောင်း ထိုစောင့်ကြည့်ရေးအဖွဲ့က ပြောကြားသည်။

၂ဝ၁၃ ခုနှစ်တွင် ညွှန်းကိန်း အဆင့်တက်လာစေရန်အတွက် ပြုပြင်ပြောင်းလဲမှုကို ဆက်လက်လုပ်ဆောင်ရန်နှင့် ညီညွတ်သော နိုင်ငံရေး စိတ်ဆန္ဒများရှိရန်လိုကြောင်း ထိုစောင့်ကြည့်ရေးအဖွဲ့က TrustLaw ကို ပြောကြားလိုက်သည်။

Read More...

ရပ်/ ကျေး အုပ်ချုပ်ရေးမှူး အပြီးသတ်ရွေးချယ်မှု ပြည်သူလူထု စိတ်ဝင်စားမှုနည်းပါး

နန်းသီရိလွင်
December 13, 2012

၂၀၁၂ ခုနှစ် ဒီဇင်ဘာလအတွင်း အပြီးသတ်ဆောင်ရွက်ရမည့် ရပ်ကွက်၊ကျေးရွာ (ရပ်/ ကျေး) အုပ်ချုပ်ရေးမှူးသစ်များ ရွေး ချယ်ကြရာတွင် မသမာမှုတချို့ ကြုံတွေ့နေရပြီး ပြည်သူလူထု၏ စိတ်ဝင်စားမှု နည်းပါးနေကြောင်း သတင်းရရှိသည်။

၂၀၁၂ ခုနှစ် ဇူလိုင်လ အတွင်းက ထွက်ရှိခဲ့သော ရပ်/ကျေး အုပ်ချုပ်ရေးမှူး ဥပဒေနှင့် အညီ အဆိုပါ အုပ်ချုပ်ရေးမှူးများကို အများဆန္ဒနှင့် တင်မြှောက်ရမည် ဖြစ်သော်လည်း ယခင် အုပ်ချုပ်ရေးမှူးဟောင်းများ၏ ၀င်ရောက် စွက်ဖက်မှုများအပြင် မသ မာမှုများ ရှိနေကြောင်း သိရသည်။

Read More...

လုပ်ခ ထိုင်းဘတ် ၃၀၀ ရရှိရေး မြန်မာ အလုပ်သမားများ တောင်းဆိုရန် လှုံ့ဆော်

သန်းထိုက်ဦး
December 14, 2012

ထိုင်းနိုင်ငံတွင် တရားဝင်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှ စတင်၍ ထိုင်းအလုပ် သမားများ နည်းတူ တနေ့ လုပ်အားခ ဘတ်ငွေ ၃၀၀ (ကျပ် ၇၈၀၀ ကျော်) ရရှိစေရေးအတွက် တောင်းဆိုမှုများ ပြုလုပ်ရန် အလုပ်သမားအရေး ဆောင်ရွက်နေသူများက တိုက်တွန်းထားသည်။

ထိုင်း အခြေခံဥပဒေ၊ နိုင်ငံတကာ အလုပ်သမား ဥပဒေတို့တွင် ပြဌာန်းထားချက်အရ အလုပ်သမားဆိုင်ရာ ရပိုင်ခွင့်များသည် ထိုင်းနိုင်ငံသားများသာမက ထိုင်းတွင်ရောက်ရှိနေသော မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား နိုင်ငံတို့မှ အလုပ်သမားများနှင့်လည်း အကျုံဝင်ကြောင်း သိရသည်။

Read More...

KIA ကို တိုက်ခိုက်ရာတွင် အစိုးရတပ်များ ဆွီဒင်ထုတ် လက်နက်သုံး

စောရန်နိုင်
December 13, 2012

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ပွဲများတွင် အစိုးရတပ်မတော်သည် ဥရောပက ရောင်းချရန် ပိတ်ပင်ထားသည့် ဆွီဒင်နိုင်ငံလုပ် လက်နက်များကို အသုံးပြုနေကြောင်း သတင်းထွက်ပေါ်ပြီးနောက် ဝေဖန်မှုများ ရှိနေကြောင်း သိရသည်။

လွန်ခဲ့သည့် တနင်္လာနေ့က အစိုးရ စစ်တပ်မှ ရဟတ်ယာဉ် ၂ စင်းဖြင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) အခြေစိုက် စခန်းများသို့ လာရောက်ပစ်ခတ်ပြီးနောက် ဒုံးကျည်ခွံများကို ကချင်လက်နက်ကိုင် အဖွဲ့ဝင်များက တွေ့ရှိခဲ့ကြောင်း ကချင်ပြည်နယ် စစ်မြေပြင်သတင်းထောက် ဂျွန်စံလင်းက ဧရာဝတီကို ပြောသည်။

ကချင်ပြည်နယ် ပန်ဝါဒေသရှိ စခန်းများ ဒုံးကျည်လက်နက်ဖြင့် တိုက်ခိုက်ခံခဲ့ရပြီး အဆိုပါ ဒုံးကျည်လက်နက်သည် ဆွီဒင်နိုင်ငံရှိ Saab Bofors Dynamics ကုမ္ပဏီမှ ထုတ်လုပ်သည့် Carl Gustaf ခေါ် ၈၄ မမ နောက်ပွင့် ဒုံးကျည် လက်နက်ဖြစ်သည်ဟု ကချင်လက်နက်ကိုင် အဖွဲ့ဝင်များက ယူဆခဲ့ကြကြောင်း သူက ဆက်ပြောသည်။

အဆိုပါ ဒေသတွင် KIA နှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားပြီးနောက် အဆိုပါ ဒုံးလက်နက်နှင့် ကျည်ဆံခွံများကို သိမ်းဆည်းရမိခဲ့ရာ ယခင်က သံသယဖြစ်မှု အဆင့်သာရှိခဲ့ရာမှ အထောက်အထား အခိုင်အမာဖြင့် သက်သေပြနိုင်ခြင်း ဖြစ်ကြောင်း သိရသည်။

ဆွီဒင်နိုင်ငံလုပ်အဆင့်မြင့် M-3 Carl Gustaf လက်နက်များကို KIA ကသိမ်းဆည်း ရရှိခဲ့ကြောင်း ဆွီဒင်သတင်းစာ Svenska Dagbladet ကို ကိုးကား၍ The Independent သတင်းတွင်လည်း ဖော်ပြထားသည်။

အဆိုပါ လက်နက်သည် တင့်ကားကဲ့သို့သော အမာစား ယာဉ်မျိုးကိုပင် အလွယ်တကူ ဖျက်ဆီးနိုင်စွမ်းရှိပြီး ပြည်တွင်း စစ်မျိုးတွင် သုံးစွဲလေ့ မရှိကြောင်းလည်း သိရသည်။

ဆွီဒင်နိုင်ငံသည် ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံတနိုင်ငံ ဖြစ်ပြီး ဥရောပ သမဂ္ဂကမြန်မာအစိုးရသို့ လက်နက် ရောင်းဝယ်မှု ပိတ် ပင်ထားဆဲ ဖြစ်သည်။ ယင်းကိစ္စကိုဆွီဒင်အစိုးရက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်မည် ဖြစ်ကြောင်းလည်း သိရသည်။

လွန်ခဲ့သည့် လ ၂၀ ကျော်ကာလက ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်လာသည့် ဦးသိန်းစိန် သမ္မတအဖြစ် တက်လာပြီး နောက်ပိုင်း အမေရိကန်နှင့် ဥရောပ သမဂ္ဂတို့က မြန်မာနိုင်ငံအပေါ် စီးပွားရေး ဒဏ်ခတ် အရေးယူ ပိတ်ဆို့ထားမှုတချို့ကို ဖယ်ရှားခဲ့သော်လည်း နယ်စပ်တလျှောက် တိုင်းရင်းသား ဒေသများတွင် လက်နက်ကိုင် ပဋိပက္ခများ ရှိနေသေးသည့်အတွက် လက်နက်ဝယ်ယူခွင့်ကိုမူ ယခုထိ ပိတ်ပင်ထားဆဲဖြစ်သည်။

ထိုင်းနိုင်ငံအခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ သတင်းများ၊ စာအုပ်များကို တစိုက်မတ်မတ်ရေးသားသူ၊ မြန်မာ့အရေး ကျွမ်းကျင်သူ လည်းဖြစ်သည့် ဆွီဒင်သတင်းစာဆရာ ဘားတေးလ် လစ်တနာက အဆိုပါ ဆွီဒင်နိုင်ငံလုပ် ဒုံးလက်နက်ကိစ္စနှင့် ပတ်သက်၍ မြန်မာအနေဖြင့် အိမ်နီးချင်း အိန္ဒိယနိုင်ငံမှ ရရှိခြင်းဖြစ်နိုင်သည်ဟု ယုံကြည်ရကြောင်း၊ အိန္ဒိယနိုင်ငံသည် ဆွီဒင်နိုင်ငံမှ လက်နက် အများဆုံး ၀ယ်ယူသည့် နိုင်ငံဖြစ်ကြောင်း ဧရာဝတီကို ပြောသည်။

ဆွီဒင် သတင်းစာအဆိုအရ ဆွီဒင်အစိုးရက စုံးစမ်းစစ်ဆေးမှုများ လုပ်ဆောင်မည်ဖြစ်ပြီး လက်နက် မပြန့်ပွားရေးကိစ္စ အတွက် KIA က သိမ်းဆည်းရမိသည့် ဒုံးကျည်လက်နက်နှင့် ပတ်သက်၍ ဆွီဒင် အေဂျင်စီတခုကို စတော့ဟုမ်းမြို့တွင် စုံးစမ်းမှု လုပ်ဆောင် နေ ပြီဖြစ်ကြောင်းလည်း ဆိုထားသည်။

သို့သော် ဘာတေးလ် လစ်တနာကမူ “ဒါကတော့ စုံစမ်းစစ်ဆေး ခံရပါလိမ့်မယ်။ ဒါပေမယ့် ဆွီဒင် လက်နက်တွေကို အဓိက ၀ယ် ယူသူ အိန္ဒိယနိုင်ငံဟာ ဈေးကွက်ကြီးတခု ဖြစ်တာကြောင့် တစုံတရာ ကန့်သတ်မှု လုပ်လာရုံလောက်ပဲ ဖြစ်ပါလိမ့်မယ်။ ဆိုလိုတာက အိန္ဒိယအနေနဲ့ တောင်းပန်ရပြီး နောက်ထပ် ဒါမျိုး ထပ်မလုပ်ဖို့လောက်ပဲ ဖြစ်နိုင်ပါလိမ့်မယ်” ဟု မှတ်ချက်ပေးသည်။

၂၀၁၁ ဇွန်လက အပစ်အခတ် သဘောတူမှု ကျိုးပေါက်ပြီး ၁၈ လတာ ပစ်ခတ်မှုများ ဖြစ်ပွားချိန်တွင် မြန်မာစစ်တပ်က ရုရှားလုပ် ရဟတ်ယာဉ်များ အသုံးပြုနေကြောင်းလည်း KIA က ပြောသည်။

ရုရှားလုပ် Mi-35 ရဟတ်ယာဉ်များသည် လက်နက်တပ်ဆင် ပစ်ခတ်၍ရသည့် Mi-24 Hind Helicopter Gunships အမျိုးအစား ပို့ကုန်တခုဖြစ်ပြီး မြန်မာအစိုးရတပ်များ အသုံးပြုသည်ဟု သတင်းများက ဆိုသည်။

“သူတို့ (KIA တပ်ဖွဲ့တွေ) က ထောက်ပံ့ရေး ရဟတ်ယာဉ်တချို့ကို ပစ်ချနိုင်ဖွယ်ရှိတယ်။ Mi-35 ရဟတ်ယာဉ်လို လက်နက် တပ်ဆင်ထားတဲ့ ဟာမျိုးကို ပစ်ချဖို့ကတော့ တော်ရုံ တန်ရုံလက်နက်မျိုးနဲ့တော့ မလွယ်ဘူး” ဟု ဘာတေးလ် က ပြောသည်။

ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) က မြန်မာစစ်တပ်သည် အဆိုပါကိစ္စမျိုးကို ထုတ်ဖော်ပြောဆိုမည် မထင်ကြောင်း ပြောသည်။

“KIA နဲ့ စစ်ပွဲတွေ နောက်ထပ်ဖြစ်လာမှ မဟုတ်ဘူးလို့ ဦးအောင်မင်းက ကျနော်တို့ကို ပြောတယ်” ဟု KIO မှ ပြောခွင့်ရပုဂ္ဂိုလ် ဦးလနန်က ဧရာဝတီကို ပြောသည်။

ဦးအောင်မင်းသည် ယခု သမ္မတရုံး ၀န်ကြီးဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေး စကားပြောဆိုရာတွင် အဓိက လုပ်ကိုင်နေသူဖြစ်သည်။

“နိုင်ငံတကာ အသိုင်းအ၀ိုင်းနဲ့ မီဒီယာတွေက သူပြောတာကို ယုံကြည်ကြတယ်။ ဒါပေမယ့် လက်တွေ့မှာ ရှေ့တန်း စစ်မျက်နှာတွေမှာ ဖြစ်နေတာနဲ့ လုံးဝ တခြားစီပဲ” ဟု ဦးလနန်က ပြောသည်။

ယခုအခါ ကချင်ပြည်နယ်တွင် မြန်မာစစ်တပ်က တပ်အင်အား၊ ရိက္ခထောက်ပံ့မှုများ ယခင်ကထက် ပိုမို လုပ်ဆောင်လာသည့်အတွက် နေ့စဉ် တိုက်ပွဲများ ဆက်တိုက်ဖြစ်နေကြောင်း၊ ယခုဆိုလျှင် နေရပ်စွန့်ခွာ ထွက်ပြေးရသူပေါင်း ၁ သိန်းလောက်အထိ ရှိလာသည်ဟု အကူအညီပေးရေး အေဂျင်စီများက ခန့်မှန်းနေကြောင်း သူက ဆက်ပြောသည်။

“နိုင်ငံသား အခွင့်အရေးကို အာမခံနိုင်တဲ့ တခုတည်းသော နည်းလမ်းဟာ နိုင်ငံရေးတည်ငြိမ်မှု ပြေလည်မှုရရှိရေး ဖြစ်တယ်။ ဒီလိုမှ မဟုတ်ရင်တော့ ဖွံ့ဖြိုးတိုးတက်မှုဆိုတာ မဖြစ်နိုင်ဘူး။ ဒါကြောင့်ပဲ နိုင်ငံရေးအရ အဖြေရှာကြဖို့ ကျနော်တို့ ခဏခဏ တောင်းဆိုနေ တာဖြစ်တယ်” ဟု ဦးလနန်က ဆိုသည်။

Ref: ဧရာဝတီ

Read More...

နတ်မောက်သားတို့ ဂုဏ်ယူစရာ ဗိုလ်ချုပ်ပြတိုက်သို့ တခေါက်

နန်းဆိုင်နွမ်
December 13, 2012

ကွေ့ကောက်ပြီး ဖုန်တလူလူထနေသည့် အညာဒေသ နတ်မောက်မြို့၏ ကတ္တရာလမ်း ဘေးဘယ်ညာတွင် ထန်းပင်များ၊ ပဲပင်၊ ငရုတ်ပင်များ ၀န်းရံ စိုက်ပျိုးထားသည်။ ထိုလမ်းပေါ်တွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ငယ်စဉ်က နေထိုင်ခဲ့ သည့် နေအိမ်ရှိပါသည်။

ဗိုလ်ချုပ်အောင်ဆန်း နေထိုင်ခဲ့သည့် အိမ်သည် ရေနံချေး ဝအောင် သုတ်လိမ်းထားသည့် သစ်သားများဖြင့် ခြံစည်းရိုး ခတ်ထားကာ “ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်း သုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာနက ဦးစီးသော ဗိုလ်ချုပ်အောင် ဆန်း နေအိမ်ပြတိုက်၊ နတ်မောက်မြို့” ဆိုသည့် ဆိုင်းဘုတ် ထူထားသည်ကို တွေ့ရသည်။

နေအိမ်ပြတိုက် အတွင်းသို့ ၀င်ရောက်သွားသည့်အခါ ဗိုလ်ချုပ်နေအိမ် ပြန်လည်ပြုပြင် ထိန်းသိမ်းရေးအတွက် ၀င်ကြေးအဖြစ် နိုင်ငံသား တဦးလျှင် ၂၀၀ ကျပ်နှင့် နိုင်ငံခြားသား တဦး အတွက် ၃၀၀ ကျပ် ကောက်ခံလျှက် ရှိသည်။

ဗိုလ်ချုပ်အောင်ဆန်း၏ နေအိမ်သည် ခြေတံရှည် နှစ်ထပ် ပျဉ်ထောင်အိမ်ဖြစ်ပြီး အောက်ထပ်တွင် ဝါးထရံဖြင့် ကာရံထားသည်။ အောက်ထပ် အိမ်ရှေ့ တံခါးဝတွင် ဗိုလ်ချုပ်အောင်ဆန်း၏ မိဘဆွေမျိုးများ အသုံးပြုခဲ့ပုံရသည့် ပဲ၊ နှမ်းလှောင်လေ့ ရှိသော ပုတ်အကြီး တခုကို ချထားသည်။

နေအိမ်ပြတိုက်အတွင်း ၀င်ရောက်သွားသည့် အခါ ဗိုလ်ချုပ်အောင်ဆန်း၏ ငယ်ဘ၀ ဓာတ်ပုံများ၊ ကျောင်းသားဘ၀ ဓာတ်ပုံများ၊ မိသားစု ဓာတ်ပုံများနှင့် ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းဝင် ဓာတ်ပုံများ၊ ဗိုလ်ချုပ်အောင်ဆန်း၏ ဆွေစဉ်မျိုးဆက် တော်စပ်သည့် နာမည်စာရင်းများကို ချိတ်ဆွဲပြသထားသည်။

ထို့အပြင် ဗိုလ်ချုပ်အောင်ဆန်း၏ နေအိမ်တွင် အသုံးပြုခဲ့သည့် မီးခံသေတ္တာကိုလည်း တွေ့ခဲ့ရသည်။

ဆွေစဉ်မျိုးဆက်စာရင်းအရ ကိုထိန်လင်းခေါ် ဗိုလ်ချုပ်အောင်ဆန်း၏ ဘိုးဘွားများမှာ ပုဂံမင်းသမီးတပါးမှ ဆင်းသက်လာခြင်း ဖြစ်သည်ဟု သိရသည်။ ၎င်းသည် ဦးဖာနှင့် ဒေါ်စုတို့မှ မွေးဖွားလာသည့် မွေးချင်း ၇ ယောက်အနက် အငယ်ဆုံးသား ဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်း နေအိမ်၏ ညာဘက်ဘေးတွင် ယခင်က ပစ္စည်းထားခဲ့ပုံရသည့် ဂိုဒေါင်ပျက် တခုကိုလည်း တွေ့ရသည်။
နေအိမ်၏ အပေါ်ထပ် ဘုရားခန်းရှေ့တွင်မူ ပက်လက် ကုလားထိုင်တလုံး ချထားပြီး ဗိုလ်ချုပ်အောင်ဆန်း စာဖတ်သည့် နေရာဟု စာတန်းထိုးထားသည်။

အပေါ်ထပ်ကို အိပ်ခန်း ၄ ခန်းနှင့် စားဖိုခန်း တခန်းဖြင့် ဖွဲ့စည်းထားပြီး ခေါင်းရင်းခန်းတွင် ဗိုလ်ချုပ်လာစဉ် အိပ်ခန်း၊ ၎င်း၏ ဘေးခန်းတွင် မိခင်အိပ်ခန်း၊ မိသားစုခန်း၊ အပျိုခန်းဟု၍ ရေးသားချိတ်ဆွဲ ထားသည်။

နတ်မောက်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်ကို လာရောက်လေ့လာ ကြည့်ရှုသူ တနေ့လျှင် ပျမ်းမျှ ၃၀ ဦးခန့် ရှိသည်ဟု သိရသည်။

“ပုံမှန်တော့မရှိဘူး။ ပျမ်းမျှဆိုရင်တော့ ၃၀ လောက်တော့ရှိတယ်။ တခါတလေလည်း ၁၀ ယောက်လောက်ပဲ ရှိတယ်။ လာတဲ့သူ အများဆုံးကတော့ မကွေးခရိုင် ၀န်းကျင်က ဒေသခံတွေပါ” ဟု ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်တွင်ဝင်ကြေး ကောက်ခံသည့် နတ်မောက်သူ မမြမဉ္ဇူက ပြောပြသည်။

ဗိုလ်ချုပ်အောင်ဆန်း၏ ဇာတိနေအိမ်တွင် ၎င်း၏ မိန့်ခွန်း ကောက်နုတ်ချက် တချို့ကို ချိတ်ဆွဲထား သကဲ့သို့ သခင်အောင်ဆန်း အဖြစ်နှင့် ဂျပန်ပြည်တွင် စစ်ဘက် အာဏာပိုင်များနှင့် ညှိနှိုင်းဆွေးနွေးခဲ့သည့် ဖြစ်စဉ်များကိုလည်း လာရောက် လေ့လာသူများ အသေးစိတ် သိရှိစေရန်အတွက် ရေးဆွဲ ချိတ်ထားသေးသည်။

“တိုင်းသူပြည်သား လူအများဟာ ဥမကွဲသိုက်မပျက် တညီတညွတ်တည်း စည်းကမ်းတကျ ရှိဖို့လိုတယ်။ မိမိတို့အဓိကပန်းတိုင်ကို မျက်ခြည်ပြတ် မခံဘဲ လမ်းမလွဲအောင် ကြိုးစားဖို့လိုတယ်” “လူထုညီညွတ်မှု၊ တိုင်းရင်းသား အချင်းချင်း ညီညွတ်မှု တွေကို ဆက်လက်ကြိုးပမ်းရမယ်” “ပဒေသာပင်ပေါက်အောင် ဆိုရင် ကျွန်တော်တို့ အလုပ်လုပ်မှ ဖြစ်မယ်” စသည့် ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းများကို တွေ့ရသည်။

ဗိုလ်ချုပ်ပြတိုက်ကို လာရောက် လေ့လာသည့် သီလရင် ဆရာလေးတပါးက “ဆရာလေးက ဒီ မကွေးခရိုင်ထဲက ပါပဲ။ ဗိုလ်ချုပ်အိမ်ကို ဒါ ပထမဆုံး ရောက်တာပါ။ ဗိုလ်ချုပ်အိမ်ကို ၀င်လိုက်တာနဲ့ စိတ်ထဲမှာ ဖော်ပြလို့ မရအောင် ၀မ်းနည်းတယ်” ဟု ဆိုသည်။

ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်ကို လာရောက်လည်ပတ်ကြသူများသည် ဗိုလ်ချုပ်အောင်ဆန်း၏ နေအိမ်အကြောင်း၊ ၎င်း၏ ငယ်ဘဝ ဓာတ်ပုံများကို ကြည့်ကာ မည်သို့ နေထိုင်ခဲ့သည် ဆိုသည့်အကြောင်းနှင့် ဆွေစဉ်မျိုးဆက် နာမည် စာရင်းများကို သိရသဖြင့် အလွန် ၀မ်းမြောက်ကြောင်း၊ ဗိုလ်ချုပ်နေအိမ်ကို မပျက်မစီးအောင် ထိန်းသိမ်းထားကာ ကြည့်ရှုခွင့် ရသည့်အတွက် ဂုဏ်ယူကြောင်း ပြောဆိုကြသည်။

ဗိုလ်ချုပ်အောင်ဆန်းသည် မကွေးတိုင်းဒေသကြီး မကွေးခရိုင် နတ်မောက်မြို့ရှိ နေအိမ်တွင် ၁၉၂၉ ခုနစ်အထိ နေထိုင် ခဲ့ကြောင်း၊ ၇ နှစ်သား အရွယ်မှစ၍ နတ်မောက်မြို့ရှိ ဒီပင်္ကရာဘုန်းတော်ကြီး ကျောင်းတွင် စာသင်ကြားခဲ့ကြောင်း၊ ၁၄ နှစ် အရွယ်တွင် ရေနံ ချောင်းမြို့သို့ ပြောင်းရွှေ့ပညာသင်ခဲ့ပြီး အဆိုပါ နေအိမ်ဝန်းတွင် ဗိုလ်ချုပ်အောင်ဆန်း၏ မိခင် ဒေါ်စုနှင့် သူ၏ မောင်နှမ သား ချင်းများ နေထိုင်ခဲ့ကြကြောင်း၊ အိမ်ခြံဝန်းကြီးတွင် စုပေါင်းနေထိုင်ကြခြင်းဖြစ်ပြီး ဗိုလ်ချုပ်၏ ဖခင်ဦးဖာ ကွယ်လွန်ပြီးနောက် အိမ် ကြီးတွင် အစ်ကိုအကြီးဆုံးဖြစ်သူ ဦးနေအောင်က မိခင်ဖြစ်သူနှင့်အတူ ဆက်လက် နေထိုင်ခဲ့ကြောင်း၊ ၁၉၇၀ ပြည့်နှစ် နိုဝင်ဘာ ၂၀ ရက်နေ့တွင် ဦးနေအောင် ကွယ်လွန်ပြီးနောက် သားဖြစ်သူ ဦးအောင်မြင့်သိန်းက ဆက်လက် နေထိုင်ခဲ့ကြောင်း၊ ၁၉၇၃ ခုနစ်တွင် ဦးဘ၀င်း၏ဇနီး၊ ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီးနှင့် ဦးအောင်သန်းတို့က အဆိုပါ နေအိမ်ကြီးအား နိုင်ငံတော်သို့ လှူဒါန်းရန် တိုက် တွန်းခဲ့ကြသဖြင့် ဦးအောင်မြင့်သိန်းက ၁၉၇၃ ခုနစ် ဇူလိုင်လ ၁၆ နေ့ရက်တွင် လှူဒါန်းခဲ့ရာမှ စတင်၍ ယဉ်ကျေးမှုဝန်ကြီး ဌာနက တာဝန်ယူထိန်းသိမ်းခဲ့ကြောင်း အစရှိသည်ဖြင့် ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက် စတင် ဖြစ်ပေါ်လာပုံနှင့် ပတ်သက်၍ သိရသည်။

၁၉၇၄ ခုနှစ် ဧပြီလ ၈ ရက်နေ့တွင် နတ်မောက်တမြို့လုံး မီးကြီး လောင်ကျွမ်းခဲ့ရာ မီးလောင်ပြီးနောက် မြေကွက်များ ပြန်လည် နေရာ ချထားပေးချိန်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ ဆွေမျိုးများက ယင်းတို့၏ မူလအိမ် နေရာများကို ပြန်မယူတော့ဘဲနိုင်ငံတော်သို့ လှူဒါန်းခဲ့သည်။ ၁၉၇၅ ခုနှစ်တွင် နတ်မောက်မြို့နယ် ဆောက်လုပ်ရေးဌာနက မူလပုံစံအတိုင်း ပြန်လည် တည်ဆောက်ခဲ့ပြီး ၁၉၈၃ ခုနစ်တွင် မြို့နယ် ပါတီယူနစ်နှင့် ပြည်သူ့ကောင်စီသို့ လွှဲပြောင်းပေးခဲ့ရာ ပါတီကောင်စီမှ တဆင့် နေအိမ်ပြတိုက်ကို ယဉ်ကျေးမှု ၀န်ကြီးဌာနသို့ လွှဲပြောင်း ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

နတ်မောက်မြို့ခံတဦးဖြစ်သူ ဦးလှဌေးက “နတ်မောက်မှာက ဘာမှတော့ ထွေထွေထူးထူး ပြစရာမရှိဘူး။ ဗိုလ်ချုပ်နေအိမ် ပြတိုက် တခုပဲ ရှိတယ်။ ဗိုလ်ချုပ် နေအိမ်ရှိတော့၊ ဗိုလ်ချုပ်ဇာတိ ဖြစ်တော့ နတ်မောက်သူ နတ်မောက်သားတွေ အတွက် ဂုဏ်ယူစရာပါပဲ” ဟု ဆိုသည်။

Ref: ဧရာဝတီ

Read More...

တော်ဝင် သစ်စက် အလုပ်သမားအရေး ရန်ကုန်တိုင်း အစိုးရ ညှိနှိုင်းပေး

December 13, 2012

တော်ဝင် သစ်အချောထည်စက်ရုံမှ ဆန္ဒပြ အလုပ်သမားများသည် ဒီဇင်ဘာ ၁၇ ရက်နေ့မှစတင်၍ လုပ်ငန်းခွင် ပြန်ဝင်ကြ တော့ မည် ဖြစ်ပြီး အလုပ်သမားများကို အလုပ်မ၀င်ခိုင်းခြင်း၊ ဖိအားပေး ခွဲခြားခြင်းများ မရှိစေရန် အလုပ်သမားဝန်ကြီးဌာန အလုပ်သမား ညွန်ကြားမှု ဦးစီးဌာနက တာဝန်ယူ ဆောင်ရွက်ပေးမည်ဟု ဆိုသည်။

ခရိုင်အဆင့်၊ တိုင်းအဆင့် အလုပ်သမားဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ရန်ကုန်တိုင်း ရွှေပြည်သာ မြို့နယ် ၀ါးတရာ စက်မှုဇုန်ရှိ တော်ဝင် သစ်စက်မှ အလုပ်သမားများ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများ ယမန်နေ့က တွေ့ဆုံညှိနှိုင်းရာတွင် ယင်းသို့ ပြောကြားခြင်း ဖြစ်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသည့် ရန်ကုန်ပြည်သူ့အကျိုးဆောင် ကွန်ရက်မှ ကိုဝေဠုက ပြောပြသည်။

“ဦးကိုကိုထွေး(အလုပ်ရှင်) အယူခံဝင်နေတုန်းမှာ အလုပ်သမားတွေ အလုပ်ပြန်ဆင်းခွင့် ပေးဖို့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရက ညှိနှိုင်းပေး ခဲ့တာပါ။ ဒီဇင်ဘာ ၁၇ ရက်မှာ အလုပ်ပြန်ဆင်းပါမယ်”ဟုလည်း ၎င်းက ပြောသည်။

ဒီဇင်ဘာ ၁၂ ရက်နေ့မှ ၁၇ ရက်နေ့အထိ ဆန္ဒပြအလုပ်သမားများ၏ စားဝတ်နေရေးကိုလည်း ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့၊ ရန်ကုန် ပြည်သူ့ အကျိုးဆောင်ကွန်ရက် နှင့် အခြားလူမူအဖွဲ့အစည်းများက တာဝန်ယူ၍ အဆင်ပြေရန် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၅ ရက်နေ့မှ စတင်၍ သစ်စက်အလုပ်သမားများကို ပြင်ပဆောက်လုပ်ရေး လုပ်ငန်းခွင်များသို့ သွား ရောက် လုပ်ကိုင်စေခြင်း အပါအ၀င် အလုပ်ခွင်အတွင်း မမျှတသည့် စည်းကမ်းသတ်မှတ်ချက်များကြေင့် အလုပ်သမားများက ဆန္ဒပြ ခဲ့ကြခြင်း ဖြစ်သည်။

နိုင်ငံတော်အဆင့် အလုပ်သမား ခုံသမာဓိ ကောင်စီက နိုဝင်ဘာ ၂၇ ရက်တွင် အလုပ်သမားများ၏ တောင်းဆိုချက်များကို လိုက် လျောရန် ဆုံးဖြတ်ပေးခဲ့သော်လည်း ပိုင်ရှင် ဦးကိုကိုထွေးက ပြည်ထောင်စု လွတ်တော် တရားလွတ်တော်ချုပ်သို့ အယူခံဝင်ထားပြီး အလုပ်ဆင်းခွင့်မပြုရာမှ ဒီဇင်ဘာ ၃ ရက်နေ့က ရွှေပြည်သာ အလုပ်သမားရုံးတွင် စုရုံးခဲ့သည်။ ဒီဇင်ဘာ ၄ ရက်မှ စတင်၍ မရမ်း ကုန်းရှိ ခရိုင် အလုပ်သမား ဦးစီးဌာန ရှေ့တွင် နေ့ည ၉ ရက်ဆက်တိုက် ဆန္ဒပြခဲ့သည်။ ဆန္ဒပြအလုပ်သမား ၂၀၀ ကျော်ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်း အလုပ်သမား ခုံသမာဓိရုံး၊ နိုင်ငံတော်အဆင့် အလုပ်သမားခုံသမာဓိ ကောင်စီ တို့က ဆန္ဒပြ အလုပ်သမားများ၏ တောင်းဆိုချက်ကို အလုပ်ရှင်က လိုက်လျောရန် ဆုံးဖြတ်ချက်ချခဲ့သော်လည်း ဦးကိုကိုထွေးက အဆင့်ဆင့် အယူခံဝင်ခဲ့ပြီး နောက် ဆုံးအဆင့်ဖြစ်သော ပြည်ထောင်စု လွှတ်တော် တရားလွတ်တော်ချုပ်သို့ အယူခံဝင်ထားသည်။

အလုပ်သမားများ အနေဖြင့် လျော်ကြေးနှင့် နစ်နာကြေးငွေများ ရရှိရေးအတွက် အယူခံကာလ အပါအ၀င် တရားရုံး အဆုံးအဖြတ် ရရှိရန် ၆ လ ခန့် စောင့်ရမည် ဖြစ်ကြောင်း သိရသည်။

ဧရာဝတီ သတင်းထောက် မိုင်အဲမလီ နှင့် လဖိုင် ပူးပေါင်း ရေးသားသည်။

Ref: ဧရာဝတီ

Read More...

ဖြေရှင်းမပေးပါက သတ္တုတွင်း ဝန်ကြီးဌာန ကို ရွှေလုပ်သားများ တရားစွဲမည်

ခင်ဦးသာ
December 13, 2012

မန္တလေးတိုင်း ရမည်းသင်းမြို့နယ်၊ မိုးထိ မိုးမိဒေသ၌ ဖြစ်ပွားနေသော ရွှေတွင်းလုပ်သား ပြဿနာကို တာဝန်ယူ ဖြေရှင်းမပေးပါက ရွှေတွင်းလုပ်သားများက သတ္တုတွင်း ၀န်ကြီးဌာနကို ဥပဒေနှင့်အညီ တရားစွဲဆိုသွားမည် ဖြစ်ကြောင်း သိရသည်။

ရွှေတွင်းလုပ်သားများနှင့် အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီတို့အကြား ကာလအတန်ကြာ ဖြစ်ပွားနေသည့် ပြဿနာကို ဖြေရှင်းပေးမည်ဟု အာမခံပေးထားသော်လည်း လက်တွေ့တွင် ဖြေရှင်းပေးမှု မရှိသည့်အတွက် တရားစွဲဆိုရန် ဆောင်ရွက်သွား မည်ဟု အလုပ်သမားခေါင်းဆောင် တဦးဖြစ်သူ ကိုသီဟက ဧရာဝတီသို့ ပြောသည်။

အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီသည် ရွှေတွင်းလုပ်ငန်းများကို နိုင်ငံတော် အစိုးရနှင့် အကျိုးတူ လုပ်ဆောင်နေကြောင်း သိရသည်။

သတ္တုတွင်း ၀န်ကြီးဌာနထံ ရွှေတွင်းလုပ်သားများ စုပေါင်းလက်မှတ်ရေးထိုး၍ စာချွန်လွှာတစောင်ကို ယခု သီတင်းပတ်အတွင်း ပေးပို့သွားမည်ဖြစ်ကြောင်း၊ ပေးပို့သည့်နေ့မှစ၍ ရက်ပေါင်း ၉၀ အတွင်း တစုံတခု ဆောင်ရွက်မပေးပါက ၀န်ကြီးဌာနကို တရား စွဲဆိုမည်ဖြစ်ကြောင်း၊ ထိုကိစ္စကို ရှေ့နေ ဦးကြည်ဝင်းနှင့် ဦးဉာဏ်ဝင်းတို့က ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ကိုဟီဟက ပြောသည်။

၎င်းက “စာချွန်လွှာမှာကတော့ ဒီပြဿနာကို ကြားဝင်ဖြေရှင်းပေးဖို့ အဓိက တောင်းဆိုမယ်။ တောင်းဆိုတာကို ရက် ၉၀ အတွင်းမှာ ၀န်ကြီးအနေနဲ့ တခုခု အကြောင်းမပြန်ရင် တရားစွဲမယ်။ ဒါက ဥပဒေကြောင်းအရ လုပ်တာပါ” ဟု ၎င်းက ဆက်ပြောသည်။

မိုးထိ မိုးမိ ဒေသတ၀ိုက်၌ တနိုင်တပိုင် လုပ်ကိုင်စားသောက်နေကြသည့် လုပ်ကွက်များကို အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီက သတ္တုတွင်း ၀န်ကြီးဌာနနှင့် ပူးပေါင်း လုပ်ကိုင်သည့်အတွက် တနိုင်တပိုင် လုပ်ကိုင်နေသည့် ရွှေတွင်းလုပ်သားများ၏ လုပ်ကွက်များ နစ်နာဆုံးရှုံးခဲ့ရာမှ နှစ်ဖက်အကြား ပြဿနာ ဖြစ်ပွားခဲ့ကြသည်။

ရွှေလုပ်သားများ၏ လုပ်ကွက်များ ပြန်လည်ရရှိရေး ဆန္ဒပြတောင်းဆိုမှုသည် ပြီးခဲ့သည့် ဧပြီလက စတင်ခဲ့သော်လည်း ယနေ့အထိ အောင်မြင်မှု မရရှိသေးပေ။ မိုးထိ မိုးဒေသမှ နေပြည်တော်အထိ ချီတက်ကြရာ အာဏာပိုင်များ၏ တာဆီး ပိတ်ပင်မှုကြောင့် နေပြည်တော် မရောက်မီ ခေါင်းဆောင်တချို့ ဖမ်းဆီးခံခဲ့ရသည်။

ရွှေလုပ်သား ခေါင်းဆောင်များဖြစ်သော ကိုနေအောင်ထက်၊ ကိုစောနောင်၊ ကိုရဲရင့်ထွန်းနှင့် ကိုနိုင်ဝင်းတို့ကို နိုင်ငံတော် တည်ငြိမ် အေးချမ်းရေးကို ပျက်ပြားစေသည့် ဥပဒေ ပုဒ်မ ၅၀၅ (ခ) ဖြင့် တောင်ငူထောင်တွင် ဖမ်းဆီးထားကြောင်း၊ ၎င်းတို့ အတွက် အာမခံ မရကြောင်း ရွှေလုပ်သားအရေး ကူညီပေးနေသူ ကိုအောင်ကြီးက ပြောသည်။ ဆန္ဒပြရာတွင် ဦးဆောင်ပါဝင်သူ ၃၀ ခန့်ကိုလည်း ကုမ္ပဏီက စက်တင်ဘာလတွင် တရားစွဲဆိုခဲ့သည့်အတွက် ခံဝန်ကတိဖြင့် နေထိုင်သွားလာနေရကြောင်း သိရသည်။

ကုမ္ပဏီနှင့် ရွှေလုပ်သားတို့အကြား ပြဿနာ ကြီးထွားလာမှုကြောင့် အာဏာပိုင်တချို့က ကြားဝင်စေ့စပ်ပေးသည့်အတွက် ဇွန်လ အတွင်း သဘောတူညီမှု ၆ ချက် လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း၊ သို့သော် ထိုစည်းကမ်းချက်များကို ကုမ္ပဏီက လိုက်နာမှုမရှိသဖြင့် ပြဿနာမှာ ပြေလည်မှု မရနိုင်ဘဲ ဖြစ်နေကြောင်း ရွှေလုပ်သားတဦးဖြစ်သူ ကိုလှိုင်မျိုးအောင်က ပြောသည်။

အချက် ၆ ခုတွင် ရွှေလုပ်သားများ ပြန်လည်လုပ်ကိုင်ခွင့်ရရေး၊ ဇုန်အတွင်း စက်များ လည်ပတ်ခွင့်ရရေး၊ ဖမ်းဆီးထားသူများ ပြန်လွှတ်ပေးရေး၊ နစ်နာသူများအား လျှော်ကြေးပေးရေး စသည့်အချက်များ ပါဝင်သည်။

ကိုလှိုင်မျိုးအောင်က “ကုမ္ပဏီက စည်းကမ်းတွေ ဖောက်ဖျက်တဲ့အပြင် လုပ်သားတွေနေတဲ့ တဲအိမ်တွေကို မီးရှို့တာ၊ ဖျက်စီး တာတွေကို ကုမ္ပဏီဝန်ထမ်းတွေနဲ့ လုံခြုံရေးအဖွဲ့တွေက ခုရက်ပိုင်းမှာ ဆက်တိုက်လုပ်နေတယ်” ဟု ဆိုသည်။

အမျိုးသားကြီးပွား တိုးတက်ရေး ကုမ္ပဏီတာဝန်ရှိသူများကမူ ၎င်းတို့အနေဖြင့် စည်းကမ်းချက်များ ဖောက်ဖျက်မှု မရှိကြောင်း မီဒီယာများကို မကြာခဏ ဖြေဆိုသည်။

အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီသည် မိုးထိ မိုးမိဒေသရှိ ရွှေလုပ်ကွက် ဧက ၆၁၀၅ ဧကကို အစိုးရထံမှ ရရှိထားကြောင်း၊ ကုမ္ပဏီအနေဖြင့် နိုင်ငံတော် အစိုးရနှင့် အကျိုးတူ ပေါင်းဆောင်ရွက်နိုင်ရန် ၂၀၁၁ ခုနှစ် စက်တင်ဘာလတွင် သဘောတူညီမှု ရရှိထားကြောင်း၊ ထိုလုပ်လုပ်ငန်းမှ ရွှေပိဿာချိန် ၇၃ ပိဿာကို နိုင်ငံတော်အစိုးရထံ လစဉ်ပေးသွင်းရကြောင်း ပြည်တွင်းထုတ် The Messenger ဂျာနယ်၏ အင်တာနက် စာမျက်နှာ၌ သြဂုတ်လ ၂၅ နေ့က ဖော်ပြခဲ့သည်။

အစိုးရနှင့် ကုမ္ပဏီတို့အကြား သဘောတူညီမှု ရပြီးနောက် ၂၀၁၂ ခုနှစ် မေလမှစတင်၍ တနိုင်တပိုင် ရွှေလုပ်သားများ၏ လုပ်ပိုင် ခွင့်ကို ကုမ္ပဏီက ဟန့်တားမှုများ လုပ်ဆောင်ခဲ့ကြောင်း ရွှေလုပ်သားများက ပြောသည်။ ထို့ကြောင့် လုပ်ကိုင်ခွင့်ပြန်ရရေး၊ ၎င်းတို့၏ နစ်နာကြေးများ ပေးဆောင်ရေးတို့အတွက် ဆန္ဒပြ တောင်းဆိုမှုများ ဆက်တိုက် လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။

ထိုဒေသ၌ တနိုင်တပိုင် လုပ်ကိုင်စားသောက်နေသူ ရွှေတွင်းလုပ်သားပေါင်း တသိန်းကျော်ရှိကြောင်း အလုပ်သမားအရေး ဆောင်ရွက် နေသူများက ပြောသည်။ ထိုပြဿနာအား အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ လွှတ်တော် ကိုယ်စားလှယ် တချို့က ကြားဝင် ဆောင်ရွက်ပေးနေကြောင်း၊ သို့သော် ကုမ္ပဏီဥက္ကဋ္ဌ ဖြစ်သူ ဦးစောထွန်းရှိန် ကိုယ်တိုင် မလာရောက်ဘဲ ဆုံးဖြတ်ချက် မပေးနိုင်သည့် တာဝန်ခံတချို့သာ လာရောက်သည့်အတွက် အဖြေမထွက် ဖြစ်နေကြောင်း ရွှေလုပ်သားအရေး ဆောင်ရွက်နေသူ များက ပြောသည်။

ဒေသဆိုင်ရာ အာဏာပိုင်တို့ကလည်း ယခုလ ၁၇ ရက်နေ့တွင် အဖြေတခုခု ရရှိရေး ကြားဝင်ဆောင်ရွက်ပေးမည်ဟု ပြောဆိုထား ကြောင်းလည်း သိရသည်။

Ref: ဧရာဝတီ

Read More...

Thursday, December 13, 2012

မန္တလေးမြို့တွင် သံဃာများနှင့် လူထု ၇ ထောင်ကျော် ဆန္ဒ ထုတ်ဖော်

12 December 2012
နန်းသူးလေ

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရပ်ဆိုင်းရေးလှုပ် ရှားမှု၌ ထိခိုက်ဒဏ်ရာ ရခဲ့သည့် သံဃာတော်များကို သက်ဆိုင် ရာအစိုးရ ဘက်မှ ၀န်ချတောင်းပန်ခြင်း မပြုသဖြင့် မန္တလေးမြို့ တွင် သံဃာတော်နှင့် လူ ထုပရိဿတ် ခုနှစ်ထောင် (၇,၀၀၀)ကျော် ယနေ့ ဆန္ဒထုတ်ဖော်ခဲ့ကြသည်ဟု မန္တလေးသံဃာများ က ပြောသည်။

ဆန္ဒဖော်ထုတ်မှုတွင်ပါဝင်ခဲ့သည့် မန္တလေးတိုင်းဒေသကြီးမှ ဂဠုန်နီဆရာတော် ဦးကာဝိရက “သူတို့အကြမ်း ဖက်နှိမ်နင်းလို့ သံဃာ တော်တွေ ၁၀၀ လောက် ပြင်းပြင်းထန်ထန် ဒဏ်ရာရတယ်။ အဲဒါ ဒဏ်ရာရတဲ့ ကိုယ်တော်တွေအတွက် ၀န်ချတောင်းပန် ပေးပါလို့ တောင်းဆိုထားတာ အခုထိ မတောင်းပန်သေးတဲ့အတွက် ဒီနေ့ ဆန္ဒထုတ်ဖော်တာ”ဟု ကေအိုင်စီသို့ မိန့်ကြားသည်။

Read More...

စီမံကိန်းကြီးများကြောင့် ဒေသခံလူ ထုများ၏သဘောထား အပစ်ပယ် ခံရမှုများ SYCB နှင့် NYFထုတ်ပြန်

12 December 2012
စောခါးစူးညား

ဖွံ့ဖြိုးရေးစီမံကိန်းကြီးများကြောင့် မြန်မာနိုင်ငံရှိ ပြည်နယ် (၇)ခုနှင့် တိုင်းဒေသကြီး (၁)ခုမှ ဒေသခံလူထုများ၏ ဆန္ဒသဘော ထားများ အပစ်ပယ်ခံရမှုနှင့်ပတ်သက် ၍ မြန်မာနိုင်ငံ ကျောင်းသား လူငယ်များကွန်ဂ ရက်-SYCB နှင့် တိုင်းရင်းသားလူငယ်များ အင်အား စု-NYF တို့က ယနေ့ အစီရင်ခံစာတစ်စောင် ထုတ်ပြန် လိုက်သည်။

ယင်းအစီရင်ခံစာကို “အပစ်ပယ်ခံ”ဟု အမည်ပေးထားပြီး မြန်မာနိုင် ငံရှိ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ သျှမ်းပြည် တောင် ပိုင်းနှင့် တနင်္သာရီတိုင်း တို့တွင် မြန်မာအစိုးရနှင့် နိုင်ငံခြားကုမ္ပဏီ များ၏ ပူးပေါင်းလုပ်ကိုင် သော မဟာစီမံကိန်းကြီးများ ၉ခု ကို ဒေသခံလူထုများအား တိုင်ပင်ခြင်းမရှိဘဲ အကောင် အထည်ဖော် လုပ် ဆောင်ခြင်း ကို ထောက်ပြထားသည်။

Read More...

နိပွန်ဖောင်ဒေးရှင်း အကူအညီ ရှားတော IDP သို့ ယခုလ အတွင်း ရောက်မည်

ဟင်္သာနီ (မွန်မြေ)
ဒီဇင်ဘာလ ၁၂ ရက် ၂၀၁၂ ခုနှစ်

ကယားပြည်နယ်၊ ရှားတော မြို့နယ် အတွင်းရှိ ပြည်တွင်း ရွာပုန်းရွာရှောင် ဒုက္ခသည် IDP စခန်းမှ လူဦးရေ ၄,ဝဝဝ ကျော်အတွက် နိပွန် ဖောင်ဒေးရှင်းနှင့် သဘောတူထားသည့် အကူအညီ တချို့ကို အရေးပေါ်အဖြစ် ဒီဇင်ဘာလအတွင်း ပို့ဆောင်ရန် ရှိကြောင်း ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီက ဆိုသည်။

အဆိုပါ အရေးပေါ်အကူအညီများမှာ စားနပ်ရိက္ခာနှင့် ဆေးဝါးများသာ ဖြစ်ကြောင်း KNPP အတွင်းရေးမှူး (၁) ခူးဦးရယ် က ပြောသည်။

“သူတို့(နိပွန်)ဘက်က အပြောအရတော့ မကြာမီ တရက် နှစ်ရက်အတွင်း ပေးမယ်လို့ ပြောတယ်။ ဒီလထဲလို့တော့ ပြောလို့ရ တယ်။ ဒီရက်တွေ အတောအတွင်း သူတို့ ကိုယ်စား လှယ်တွေ နောက်ဆုံး အကြိမ် အဖြစ် လာရောက် ညှိနှိုင်းဖို့ ရှိပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

ရိက္ခာ (ဆန်) အား ပြည်တွင်းမှ ဝယ်ယူရန် သဘောတူထားပြီး ဆေးဝါးများကို ထိုင်းနိုင်ငံဘက်မှ ဝယ်ယူကာ နယ်စပ်
ဖြတ်ကျော် ပေးပို့သွားရန် စီစဉ်ထားသည်။

နိုဝင်ဘာလ ၄ ရက်နေ့က ဖောင်ဒေးရှင်း ဥက္ကဋ္ဌ Yohei Sasakawa နှင့် ကိုယ်စားလှယ် အဖွဲ့တို့ လွိုင်ကော်မြို့သို့ သွားရောက်ကာ အကူအညီ ပေးရန်အတွက် လေ့လာခဲ့သည်။

နိပွန် ဖောင်ဒေးရှင်း အနေနှင့် တိုင်းရင်းသား ဒေသများသို့ ဒေါ်လာ ၃ သန်းခန့် အကူအညီ ပေးရန် ရှိကြောင်း ထုတ်ပြန် ပြောဆိုထားပြီး ကနဦး ပရောဂျက် အနေဖြင့် ဒေါ်လာ ၃ သိန်းတန် ရိက္ခာနှင့် ဆေးဝါးများကို ပေးအပ် သွားမည် ဖြစ်ကာ ကျန်ပမာဏကို လာမည့် နှစ်၌ ဆက်လက်၍ ပေးအပ်သွားဖွယ် ရှိသည်။

ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အဆင်ပြေစွာ လုပ်ကိုင်နိုင်ရန် ဒီမောဆိုးမြို့၊ ရို့ဖယ်ခို ရပ်ကွက်၌ ဖွံ့ဖြိုးရေးရုံး တခုအား ဒီဇင်ဘာလ ၇ ရက်နေ့က ဖွင့်လှစ်ကြောင်းလည်း ခူးဦးရယ် က ဆိုသည်။

“တချို့ INGOs တွေနဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတချို့ကို လုပ်ကိုင်ဖို့ ရှိပါတယ်။ လုပ်ငန်းက အတွင်းမှာပဲ အများကြီး ရှိပြီးတော့ ကျနော် တို့ကို တကူးတက ပြည်ပမှာ လိုက်လာ တွေ့နေရတဲ့ အခက်အခဲတွေ လွယ်ကူအောင်လို့ပါ” ဟု ပြောသည်။

KNPP နှင့် အစိုးတို့အကြား ဖွံ့ဖြိုးရေး လုပ်ငန်းများအား အသေးစိတ် သဘောတူထားမှု မရှိသော်လည်း ပညာရေး၊ ကျန်းမာရေး၊ လမ်းတံတား၊ လူထု ပြန်လည်နေရာ ချထားရေး လုပ်ငန်းများအား ပြည်နယ်အဆင့်နှင့် ပြည်ထောင်စု အဆင့် တို့နှင့် ပူးပေါင်း လုပ်ဆောင်နိုင်ကြရန် အကြမ်းဖျင်း မူအားဖြင့် သဘောတူထားသည် ဟုလည်း ခူးဦးရယ်က မဇ္ဈိမကို ပြောဆိုသည်။

Ref: မဇ္ဈိမ

Read More...

အစိုးရ မလိုက်လျောပါက မုံရွာ သံဃာတော်များ နေ့စဉ်ဆန္ဒပြမည်ဟု ဆို

နေမျိုး
ဒီဇင်ဘာလ ၁၂ ရက် ၂၀၁၂ ခုနှစ်

လက်ပံတောင်းတောင် သပိတ် ဖြိုခွင်းရာ၌ ထိခိုက်ဒဏ်ရာ ရခဲ့သည့် သံဃာများအား နိုင်ငံတော် သမ္မတနှင့် အစိုးရအဖွဲ့က ဝန်ချတောင်းပန်မှု မပြုမချင်း နေ့စဉ်ရက်ဆက် ဆန္ဒပြမည်ဟု ထုတ်ပြန် ကြေညာလိုက်သည်။

ဗုဒ္ဓဟူးနေ့တွင် မုံရွာမြို့မှ သံဃာ အပါး တထောင်ခန့်နှင့် ပြည်သူများက စတင် ဆန္ဒပြနေကြပြီဖြစ်ကြောင်း ရွှေကျင်ဓမ္မာရုံ ကျောင်းတိုက်မှ ဦးပဉ္စင်း ဥူးဉာနဂ္ဂ က မိန့်ဆိုသည်။

Read More...

လက်ပံတောင်း အကြမ်းဖက်မှု တောင်းပန်ရေး ရန်ကုန်သံဃာများ ဆန္ဒပြ

သိင်္ဂီထွန်း
ဒီဇင်ဘာလ ၁၂ ရက် ၂၀၁၂ ခုနှစ်

လက်ပံတောင်းတောင် ဒေသတွင် နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက်က ဖြစ်ပွားခဲ့သော သံဃာများအား အကြမ်းဖက်မှုနှင့် ပတ်သက်၍ အစိုးရမှ ဝန်ချတောင်းပန်ခြင်း မပြုသေး၍ ဒီဇင်ဘာ ၁၂ ရက်နေ့၊ နေ့လည် ၂ နာရီတွင် ရန်ကုန်မြို့ သံဃာ အပါး ၄ဝဝ ခန့်က လှည့်လည်ဆန္ဒပြခဲ့ကြသည်။

သံဃာများသည် ရွှေတိဂုံဘုရား အရှေ့ဘက်မုခ် ကြေးသွန်းဘုရားကြီးတွင် စုဝေးကာ ရေတာရှည် လမ်းဟောင်း အတိုင်း မေတ္တာသုတ် များ ရွတ်ဖတ်သရဇယ်ကာ ဆူးလေ မြို့တော်ခန်းမရှေ့သို့ ချီတက်ကြခြင်း ဖြစ်သည်။

ထိုသံဃာများအား လူထုက ဘေးပတ်ပတ်လည်မှ ဝန်းရံကာ စီတန်း လမ်းလျှောက်လာစဉ် ရေတာရှည် လမ်းထိပ်ရှိ ရဲဓမ္မာရုံရှေ့တွင် ဒဂုံမြို့နယ်ရဲတပ်ဖွဲ့မှ တားဆီးမှု ရှိခဲ့သော်လည်း ညှိနှိုင်းကာ ဆက်လက်ချီတက်နိုင်ခဲ့ကြသည်။

လက်ပံတောင်းတောင် သပိတ်အား အကြမ်းဖက်ဖြိုခွင်းမှုနှင့်ပတ်သက်၍ အမျိုးသားနေ့တွင် သံဃာများ တောင်းဆို ထားသော အချက် ၅ ချက်အား အစိုးရက မလိုက်နာ၍ ယခုလို ထပ်မံဆန္ဒပြရခြင်းဖြစ်သည်ဟု ဆန္ဒပြသံဃာတပါးမှ ဆူးလေမြို့တော် ခန်းမ ရှေ့တွင် ကြေညာချက်အား ဖတ်ကြားရင်း မိန့်ကြားခဲ့သည်။

သံဃာထုတရပ်လုံး ကျေနပ်စေရန် နိုင်ငံတော် သမ္မတအနေဖြင့် ပွင့်လင်းမြင်သာစွာ တောင်းပန်ရန်၊ အကြမ်းဖက်ခံ သံဃာထုနှင့် လူထုအတွက် မှန်မှန်ကန်ကန် တာဝန်ယူပေးရန်၊ လက်ပံတောင်းအရေးနှင့် ပတ်သက်၍ ဖမ်းဆီးခံ လိုက်ရသော ရဟန်းရှင်လူများအား ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးရန်၊ အကြမ်းဖက် ဖြိုခွင်းသူများအား ဖော်ထုတ် အရေးယူရန် သံဃာများက တောင်းဆိုထားခြင်း ဖြစ်သည်။

သို့သော် အကြမ်းဖက်ခံသံဃာများအား မုံရွာမြို့ရွှေစည်းခုံ ဘုရားတွင် တောင်းပန်မှုမှာ ကိုယ်ထိလက်ရောက် စော်ကားခဲ့သော ပုဂ္ဂိုလ်များ မပါဝင်ဘဲ တင်စီးစွာ ဝတ်ကျေ တန်းကျေသာ တောင်းပန်ခဲ့ခြင်းဖြစ်သည်ဟု သံဃာများက မိန့်သည်။ ဖမ်းဆီးထားသော ပုဂ္ဂိုလ်များအား ဒီဇင်ဘာ ၁၁ နေ့တွင် ပြန်လွှတ်ပေးခဲ့သော်လည်း ပုဒ်မ ၅ဝ၅(ခ) တပ်ထားဆဲ ဖြစ်သည်ဟု ဆိုသည်

ရန်ကုန်နည်းတူ တချိန်တည်းတွင် မန္တလေး၊ မုံရွာ၊ ပြည်၊ ချောက်၊ မြင်းခြံ၊ ပဲခူး မြို့များတွင်လည်း သံဃာများ ဆန္ဒထုတ်ဖော်ခဲ့ကြ သည်။ တောင်ကြီးမြို့တွင်မူ ဆန္ဒပြမည့်အစီစဉ်စား ရွှေ့ဆိုင်းလိုက်ရကြောင်း သိရှိရသည်။

Ref: မဇ္ဈိမ

Read More...

နယ်စပ် ဘုရားသုံးဆူဂိတ် ပြန်ဖွင့်ရေး ထိုင်းစစ်တိုင်းမှူး လာရောက် လေ့လာ

ဟင်္သာနီ (မွန်မြေ)
ဒီဇင်ဘာလ ၁၂ ရက် ၂၀၁၂ ခုနှစ်

၂ဝဝ၇ ခုနှစ်၊ မတ်လကတည်းက ပိတ်ထားရသော ထိုင်း-မြန်မာ နယ်စပ်ရှိ ဘုရားသုံးဆူဂိတ် တရားဝင် ပြန်လည်ဖွင့် လှစ်နိုင် ရေးအတွက် ထိုင်းနိုင်ငံ အလယ်ပိုင်းတိုင်းခေါ် အမှတ် (၁) စစ်တိုင်းမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ဖိုင်းဗုန် ခွန်ချိုင်ယာ နှင့် လက် အောက်ခံ တပ်မ (၉) တပ်မှ တပ်မမှူး ဗိုလ်ချုပ် ဖိုင်းလစ် ထောင်းမာအင် တို့သည် ဗုဒ္ဓဟူး နေ့လည် ၁၂ နာရီခွဲက ဘုရားသုံးဆူ မြို့သို့ လာရောက် လေ့လာခဲ့ကြသည်။

အဆိုပါ ထိုင်းစစ်ဘက် အရာရှိ ကြီးများသည် နယ်စပ်ဂိတ်သို့ မသွားရောက်မီ ဘန်ဂလို တောင်၌ ဒေသခံ ထိုင်းစစ် ဘက် အရာ ထမ်းများနှင့် အုပ်ချုပ်ရေး အမှုထမ်းများအား တွေ့ဆုံကာ နှစ်နိုင်ငံ တရားဝင် သဘောတူညီမှု မရသေး သည့် နယ်စပ်မျဉ်း ကိစ္စနှင့် နယ်စပ်ဂိတ် တရားဝင် ပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် အခက်အခဲများကို စစ်ဘက် အစီရင်ခံစာ ဖတ်ကြားကာ ရှင်းလင်း တင်ပြ ခဲ့သည်။

Read More...

အစိုးရ မတောင်းပန်မချင်း မန္တလေးသံဃာများ နေ့စဉ် ဆန္ဒပြမည်

နေမျိုး
ဒီဇင်ဘာလ ၁၂ ရက် ၂၀၁၂ ခုနှစ်

ရဟန်းသံဃာအပေါ် အကြမ်းဖက်မှုများအတွက် အစိုးရမှ ဝန်ချတောင်းပန်မှု မပြုမချင်း ဆက်လက် ဆန္ဒပြကြမည်ဟု မန္တလေးမြို့ သံဃာများက ပြောဆိုလိုက်ပြီး ဗုဒ္ဓဟူးနေ့တွင် အပါး တထောင်ကျော် အင်အားဖြင့် ဆန္ဒပြပွဲများကို စတင်လိုက်ကြသည်။

နိုဝင်ဘာလ ၂၉ ရက်နေ့ မိုးမသောက်မီ သပိတ်စခန်းများအား အာဏာပိုင်များက အကြမ်းဖက် ဖြိုခွင်းစဉ် ထိခိုက် ဒဏ်ရာ ရခဲ့သည့် သံဃာများအား သမ္မတနှင့် အစိုးရအဖွဲ့က ဝန်ချတောင်းပန်သည်အထိ နေ့စဉ် ဆက်လက် ဆန္ဒပြကြ မည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့လှုပ်ရှားမှု ဦးဆောင်ကော်မတီ မှ ဆရာတော် ဦးသောဘိတ က မဇ္စျိမ ကို မိန့်ကြားလိုက်ခြင်း ဖြစ်သည်။

Read More...

သမ္မတ ဦးသိန်းစိန် အိန္ဒိယ သွားမည်၊ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး မြန်မာပြည်လာမည်

ဒီဇင်ဘာလ ၁၂ ရက် ၂၀၁၂ ခုနှစ်

မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်၏ ဒုတိယအကြိမ် အိန္ဒိယ ခရီးစဉ်အဖြစ် ဒီဇင်္ဘာလ ၂၀ ရက်နေ့တွင် စတင်ကျင်းပမည့် အိန္ဒိယ-အာဆီယံ ထိပ်သီးအစည်းအဝေးသို့ လာရောက်တက်မည်ဟု သိရှိရသည်။

ဦးသိန်းစိန်၏ အဆိုပါခရီးစဉ် မတိုင်မီ ရှေ့ပြေးအဖြစ် အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး ဆာလ်မန်း ခူရှီးဒ် Salman Khurshid လည်း မြန်မာနိုင်ငံသို့ သုံးရက်ကြာခရီးစဉ်အဖြစ် သောကြာနေ့တွင် လာရောက်မည်ဟု နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်အား ကိုးကား၍ အိန္ဒိယ သတင်းစာများတွင် ရေးသားကြသည်။

မကြာမီက ခန့်အပ်လိုက်သော နိုင်ငံခြားရေးဝန်ကြီး၏ ပထမဆုံးအကြိမ် နှစ်နိုင်ငံ ဆက်ဆံရေး ခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ လာရောက်စဉ် သမ္မတ ဦးသိန်းစိန်နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် အပါအဝင် အစိုးရပိုင်းနှင့် နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယနိုင်ငံသို့ လာရောက်စဉ် နိုဝင်ဘာလ ၁၅ ရက်နေ့က ဆာလ်မန်း ခူရှီးဒ် ၏ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ဖူးပြီး ယခုခရီးစဉ်တွင်လည်း ထပ်မံတွေ့ဆုံကြရန် စီစဉ်ထားကြောင်း သိရသည်။

ဆာလ်မန်း ခူးရှီးဒ်၏ ခရီးစဉ် အဓိကရည်ရွယ်ချက်မှာ မြန်မာနိုင်ငံတွင် ကျင်းပမည့် နိုင်ငံတကာ ဗုဒ္ဓဘာသာပွဲတော်ကို ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် တက်ရောက်ဖွင့်လှစ်ကာ ရွှေတိဂုံစေတီတော်တွင် တည်ထားကိုးကွယ်မည့် ဉာဏ်တော် ၁၆ ပေရှိ ဗုဒ္ဓ ရုပ်ပွား တော်အား လက်ဆောင်အဖြစ် လွှဲပြောင်းပေးအပ်ရန် ဖြစ်သည်။

အေဒီ ၅ ရာစု၊ ဂုပတ္တမင်းဆက်ခေတ် အနုပညာလက်ရာ ပုံစံအတိုင်း ထုံးကျောက်ဖြင့် ပြန်လည်ထုဆစ်ထားသည့် ထိုင်တော်မူ ရုပ်ပွားတော်မှာ အိန္ဒိယနိုင်ငံမှ ‘ငြိမ်းချမ်းရေး လက်ဆောင်’ အဖြစ် ပေးပို့ လှူဒါန်းလိုက်ခြင်း ဖြစ်သည်။

အိန္ဒိယ ရှေးဟောင်းသုတေသနဌာနမှ ကူညီဆောင်ရွက်ပေးနေသည့် ပုဂံ အာနန္ဒာဘုရား ထိန်းသိမ်းပြုပြင်ရေး သို့လည်း သွား ရောက်ကြည့်ရှုမည်ဖြစ်သည်။

ဝန်ကြီး၏ ခရီးစဉ်မှာ အိမ်နီးချင်းနိုင်ငံများအပေါ် ထားရှိသော ဆက်ဆံရေးများ၏ အရေးပါပုံကို ထပ်မံအထူးပြု ဖော်ပြချက်ပင်ဖြစ် ကြောင်း အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။

နှစ်နိုင်ငံ ခေါင်းဆောင်များဖြစ်ကြသည့် ဦးသိန်းစိန်နှင့် ဒေါက်တာမန်မိုဟန်ဆင်း တို့၏ အပြန်အလှန်ခရီးစဉ်များ၊ ဒေါ်အောင်ဆန်း စုကြည်၏ နိုဝင်ဘာ အိန္ဒိယခရီးစဉ် စသည်တို့ကို ကြည့်၍ နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက် ကောင်းမွန်လာကြောင်း လေ့လာသူ များက သုံးသပ်ပြောဆိုကြသည်။

သမ္မတ ဦးသိန်းစိန်သည် ၂ဝ၁၁ ခုနှစ် အောက်တိုဘာလတွင် အိန္ဒိယ နိုင်ငံသို့ သွားရောက် လည်ပတ်ခဲ့ ပြီးနောက် ၂၀၁၂ ခုနှစ်၊ မေလကုန်ပိုင်းတွင် အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန်ဆင်း က မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ပြီး ကဏ္ဍမျိုးစုံ ပါဝင်သည့် နှစ်နိုင်ငံ သဘောတူစာချုပ်များ ချုပ်ဆိုနိုင်ခဲ့ကြသည်။ ထို့ပြင် အိန္ဒိယမှ မြန်မာနိုင်ငံအား ထုတ်ချေးထားသော အမေရိကန် ဒေါ်လာ သန်း ၅၀၀ တန် ချေးငွေနှင့် ပတ်သတ်၍လည်း ပြန်ဆပ်ရမည့် ကာလကို နောက်ဆုတ် ပေးရန် သဘောတူညီနိုင်ခဲ့ကြသည်။

Ref: မဇ္ဈိမ

Read More...

မတရားသင်းပုဒ်မဖြင့် ရင်ဆိုင်နေရသူ ကချင် နှစ်ဦးကို ဖောက်ခွဲမှုဖြင့် ထပ်စွဲ

ဖနိဒါ
ဒီဇင်ဘာလ ၁၂ ရက် ၂၀၁၂ ခုနှစ်

မတရားအသင်း ဆက်သွယ်မှုဖြင့် တရားရင်ဆိုင်နေရသူ ကချင် စစ်ပြေးဒုက္ခသည် ဦးလဖိုင်ဂမ်နှင့် ဦးဘရန်ယုန်တို့ကို မြစ်ကြီးနားခရိုင် တရားရုံးက ဖောက်ခွဲ ၃ ဖြင့် ထပ်မံ စွဲဆိုလိုက်ကြောင်း မိသားစုဝင်နှင့် ရှေ့နေက ပြောသည်။

မြစ်ကြီးနားမြို့နယ်၊ ရွှေစက်ကျေးရွာ ကချင်နှစ်ခြင်းအသင်းတော် ဘုရားကျောင်းရှိ စစ်ပြေးဒုက္ခစခန်းတွင် ခိုလှုံနေသော ဦးဘရန် ယုန်နှင့် ဦးလဖိုင်ဂမ် တို့ကို ဇွန်လအတွင်းက ဖမ်းဆီးခဲ့ပြီး မတရားအသင်း ပုဒ်မ ၁၇(၁) ဖြင့် စွဲဆို ခဲ့ပြီးနောက် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ဖောက်ခွဲ ၃ ဖြင့် ထပ်မံ စွဲဆိုထားမှုကို ဗုဒ္ဓဟူးနေ့တွင် ခရိုင်တရားရုံး၌ ရုံးထုတ်ခဲ့ခြင်း ဖြစ်သည်။

Read More...

ပုသိမ်တွင် ဆန္ဒပြ သံဃာတော်နှင့် ဦးဆောင်သူများ အမှုဖွင့်ခံရ

သန့်စင်ငြိမ်းချမ်း
December 12, 2012

ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့တွင် ၂ ရက် ဆက် ပြုလုပ်ခဲ့သည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး ဆန္ဒပြပွဲ ဦးဆောင်သူ ၃ ဦးကို ပုသိမ်မြို့ရှိ အသည်ကြီး ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း ရဲ သတင်းရပ်ကွက်မှ သိရသည်။

ဒီဇင်ဘာ ၁၀၊ ၁၁ ရက်တွင် ပြုလုပ်သည့် ဆန္ဒဖော်ထုတ်ပွဲနှင့်ပတ်သက်ပြီး ၂၀၀၇ ရွှေဝါရောင် ဆရာတော် ဦးတေဇောဘာသ (ခေါ်) ဦးပဉ္ဇင်းနိုင်ကြီး၊ တက်ကြွ လှုပ်ရှားသူ ကိုကျော်စွာနှင့် ကိုမြင့်အောင်တို့အား ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့် လည်ခွင့် ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၈ ဖြင့် အသည်ကြီး စခန်းမှ ရဲအရာရှိတဦးက တရားလိုပြုလုပ်၍ ယနေ့ အမှုဖွင့်လိုက်ခြင်း ဖြစ်သည်။

“သူတို့ကို အမှုဖွင့်ထားတယ်။ “ပ” နံပါတ် (ပြစ်မှုနံပါတ်)တော့ မထွက်သေးဘူး။ ပုဒ်မ ၁၈ နဲ့ ဖွင့်ထားတာပေါ့။ အသည်ကြီး စခန်းက ရဲအရာရှိ တယောက်က တရားလိုလုပ်ပြီး အမှုဖွင့်ထားတာ။ တရားစွဲ၊ မစွဲတော့ မသိသေးဘူး”ဟု ပုသိမ် ရဲတပ်ဖွဲ့နှင့် နီးစပ်သူ တဦး က ပြောသည်။

ပုသိမ်မြို့ အမှတ် ၄ ရပ်ကွက် အသည်ကြီးရဲစခန်းသို့ ဧရာဝတီမှ သွားရောက်မေးမြန်းခဲ့ရာ တာဝန်ရှိ ရဲဝန်ထမ်းတဦးက အမှုဖွင့်ထား သည်မှာ မှန်ကန်ကြောင်း အတည်ပြုပြောကြားသည်။

“ဆန္ဒဖော်ထုတ်မှုနဲ့ပတ်သက်ပြီး လူ ၃ ယောက်ကို အမှုဖွင့်ထားတယ်ဆိုတာ မှန်ပါတယ်။ ဒီကိစ္စက စခန်းမှူး ခွင့်ပြုမှ ပြောလို့ ရမှာပါ။ ခွင့်မပြုရင် ပြောပြလို့ မဖြစ်ဘူး ခင်ဗျ”ဟု အဆိုပါ ရဲဝန်ထမ်းက ပြောသည်။

ဆန္ဒဖော်ထုတ်ပွဲ ဦးဆောင် ၃ ဦးသည် ဆန္ဒဖော်ထုတ်ခွင့်ကို မြို့နယ်နှင့် တိုင်းရဲတပ်ဖွဲ့များထံ ၇ ရက် ကြိုတင် တောင်းခံ ခဲ့သော် လည်း ခွင့်မပြုသဖြင့် မူလသတ်မှတ်ထားသည့် အစီအစဉ်အတိုင်း ဆန္ဒဖော်ထုတ်ကြရာမှ ယခုကဲ့သို့ အမှုဖွင့်ခံရခြင်း ဖြစ်သည်။

အမှုဖွင့်ခံထားရသည့် နိုင်ငံရေးအကျဉ်းသားဟောင်း ရွှေဝါရောင်ဆရာတော် ဦးတေဇောဘာသက“ဦးပဉ္ဇင်းတို့ကတော့ မြန်မာ ပြည်ကြီး ကောင်းစားရေး အတွက် လုပ်နေတာပါ။ အမျိုးဘာသာ သာသနာကို ထိပါးလာလို့ အခုလိုတွေ လုပ်ဆောင်နေတာပါ။ ပြည်သူ လူထု မလိုလားတဲ့ ဒီ စီမံကိန်း မရပ်မချင်းကတော့ ဖမ်းဆီး တရားစွဲထောင်ချလည်း ရင်ဆိုင်သွားမှာပါ”ဟု ပြောသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးနှင့် ငြိမ်းချမ်းစွာ ဆန္ဒပြသူများအား အကြမ်းဖက် ဖြိုခွင်းခဲ့သည့် ဖြစ်ရပ်ကို ရှုတ် ချ ပွဲများ ဆက်တိုက်ပြုလုပ်ခဲ့ရာ တသီးပုဂ္ဂလ တက်ကြွလှုပ်ရှားသူများအပြင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂ များအဖွဲ့ချုပ် (ပုသိမ်ခရိုင်)၊ လူ့အခွင့်အရေး စောင့်ကြည့်ကာကွယ်ရေး ကွန်ရက်(HRWDN) နှင့် အမျိုးသား ဒီမိုကရေစီ ကွန်ရက်(NDN) အဖွဲ့များပါ ပူးပေါင်း၍ ဆန္ဒ ဖော်ထုတ်ခဲ့ကြသည်။

ဆန္ဒဖော်ထုတ်သူများက “၀မ်ပေါင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး”၊“သဘာဝ ပတ်ဝန်းကျင်နှင့် ယဉ်ကျေးမှု အမွေအနှစ်များ မပပျောက်ရေး”၊“ပြည်သူပိုင်ပစ္စည်းနှင့် သယံဇာတများ အလွဲသုံးစားပြုလုပ်ခြင်း – အလိုမရှိ” စသဖြင့် ကြွေး ကြော် ၍ ပုသိမ်မြို့ရှိ အဓိကကျသည့် နေရာများနှင့် လူစည်ကားရာဈေးများ အနီးတွင် လှည့်လည် ဆန္ဒဖော်ထုတ်ကြခြင်း ဖြစ်သည်။

ဆန္ဒဖော်ထုတ်စဉ်အတွင်း နယ်မြေခံ ရဲတပ်ဖွဲ့၊ ခရိုင် ရဲ ရုံး၊ ရဲ အထူး သတင်းတပ်ဖွဲ့၊ စစ်ဖက်ရေးရာ ထောက်လှမ်းရေး အဖွဲ့ များက ဗီဒီယို၊ ဓာတ်ပုံ မှတ်တမ်း ရိုက်ကူးမှုများ ပြုလုပ်ခဲ့ကြသော်လည်း တစုံတရာ တားဆီးနှောင့်ယှက်ခြင်း မရှိခဲ့ကြောင်း သိရသည်။

ယမန်နေ့က ပြုလုပ်သည့် ဆန္ဒဖော်ထုတ်ပွဲသို့ တိုင်းအဆင့် သံဃနာယက အဖွဲ့မှ စေလွှတ်လိုက်သည်ဟု ဆိုကာ သံဃာတော် တပါး က ဆိုင်ကယ်ဖြင့် လိုက်ပါကြည့်ရှုပြီး ဓာတ်ပုံမှတ်တမ်းယူခြင်း၊ သတင်းပို့ခြင်းများ ပြုလုပ်နေသည်ကို တွေ့ရသည်။

“ဦးပဉ္ဇင်းက တိုင်းအဆင့် သံဃနာယက အဖွဲ့ကပါ။ ဒီ ဆန္ဒဖော်ထုတ်မှုမှာ ပုသိမ်က သံဃာတွေ ပါဝင်တာ ရှိမရှိ လိုက်ကြည့်တာ ပေါ့။ ဒီက အခြေအနေတွေ အကုန်လုံးကိုလည်း အထက်က ဆရာတော်တွေဆီကို သတင်းတွေဆက်တိုက် ပေးပို့နေတယ်။ ဘုန်းကြီး တွေ ဒဏ်ရာရတဲ့ ကိစ္စကို ဘယ်လို သဘောထားလဲ ဆိုတော့ သံဃာအလုပ် သံဃာလုပ်ပေါ့နော်။ သံဃာတော်နဲ့ မဆိုင်ဘူးလို့ ဘုန်းကြီးတို့ သံဃနာယက က ဒီလိုပဲ သတ်မှတ်ပါတယ်”ဟု ဆန္ဒဖော်ထုတ်ပွဲ သတင်းလိုက်ယူသည့် နဂါးနှစ်ကောင် ကျောင်း တိုက် မှ အဆိုပါ သံဃာ က မိန့်ကြားသည်။

ယနေ့ကျရောက်သည့် ၁၂. ၁၂. ၂၀၁၂(၁၂ သုံးလုံး) နေ့တွင်လည်း လက်ပံတောင်း ကြေးနီစီမံကိန်းရပ်ဆိုင်းရေး တောင်း ဆိုပွဲနှင့် အကြမ်းဖက် နှိမ်းနှင်းခဲ့သည့် ဖြစ်ရပ်အပေါ် ရှုတ်ချပွဲများ ပုသိမ်မြို့၌ ဆက်လက်ပြုလုပ်ရန် စီစဉ်ထားကြောင်း ဦးဆောင် သူများက ပြောသည်။

Ref: ဧရာဝတီ

Read More...

ကလေးသူငယ် ကူးသန်းရောင်းဝယ်မှု အနည်းငယ် ကျဆင်းလာ

ညိမ်းပြည့်စုံ
December 12, 2012

မြန်မာနိုင်ငံသည် လူကုန်ကူးမှုများ အပြင် ကလေးသူငယ် ကူးသန်းရောင်းဝယ်ရေး များတွင် အလွန်ဆိုးရွားသည့် အခြေအနေ ရှိခဲ့ရာမှ ယခင်နှစ်က အနည်းငယ် ကျဆင်းခဲ့ပြီး စောင့်ကြည့်ရမည့် အနေအထားသို့ တိုးတက်ခဲ့ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် ကလေးသူငယ်များ ကူးသန်းရောင်းဝယ်ရေး ဆန့်ကျင်တားဆီးရေးနေ့ အထိမ်းအမှတ်အဖြစ် လူ့အခွင့်အရေး ပညာပေးဌာန – မြန်မာနိုင်ငံ (HREIB) မှ ဦးစီးပြီး ကရင် အမျိုးသမီးအဖွဲ့ Action Group နှင့် ကုလသမဂ္ဂ လူကုန်ကူး မှုတိုက်ဖျက်ရေးအဖွဲ့ (UNIAP) စသည့်အဖွဲ့ ၃ ဖွဲ့ ပူးပေါင်းကာ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ရန်ကုန်မြို့ Excel Hotel ၌ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ HREIB အဖွဲ့၏ ဒါရိုက်တာ ဦးအောင်မျိုးမင်းက အထက်ပါအတိုင်း ပြောခဲ့သည်။

Read More...

နိုင်ငံတ၀န်း သံဃာတော်များ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်

December 12, 2012

လက်ပံတောင်းတောင် စီမံကိန်း ဆန္ဒပြသူများကို အကြမ်းဖက်ဖြိုခွဲမှုနှင့် ပတ်သက်ပြီး နိုင်ငံတ၀န်း မြို့ကြီးများ၌ ယနေ့ နေ့လယ် ပိုင်းမှ စတင်၍ သံဃာတော် များနှင့် လူပုဂ္ဂိုလ်များက ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ကြသည်။

ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ ပြည်၊ ပခုက္ကူ၊ စစ်တွေ၊ ကလေး အစရှိသည့်မြို့များတွင် သံဃာတော်များ ဦးဆောင်၍ မြို့တွင်းလှည့် လည် မေတ္တာသုတ် ရွတ်ဆိုပြီး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။

ရန်ကုန်မြို့တွင် ဗုဒ္ဓသာဝက ရဟန်းပျိုများအဖွဲ့ ဦးဆောင်သော သံဃာတော်အပါး ၃၀၀ ကျော်နှင့် လူအင်အား ၇၀၀ ခန့်က ရွှေတိဂုံဘုရား အရှေ့ဘက်မုခ် ကြေးသွန်း ရုပ်ပွားတော်ကြီးအနီးမှ စတင်ကာ “မြန်မာပြည်သူပြည်သားများ ကျန်းမာချမ်းသာပါစေ” ၊ “ခန္တီနှလုံး အစဉ်သုံးသော သံဃာထု၏ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်မှု” နှင့် “အကြမ်းဖက်မှုရပ်” ဟုပါရှိသည့် ပိုစတာများကိုင် ဆောင် ၍ မြို့တော်ခန်းမအနီး ဆူးလေ စေတီသို့ ချီတက် ဆန္ဒထုတ်ဖော်ခဲ့သည်။

ဆန္ဒပြ သံဃာတော်များက လက်ပံတောင်း အကြမ်းဖက်ဖြိုခွဲမှုနှင့် ပတ်သက်ပြီး နိုင်ငံတော် သမ္မတ အနေနှင့် သံဃာထု တရပ် လုံး ကျေနပ်စေရန် ပွင့်လင်းမြင်သာစွာ တောင်းပေးရေး၊ ဖမ်းဆီးခံရသူ ရဟန်းရှင်လူ အားလုံးကို ခြွင်းချက် မရှိပြန်လွှတ်ပေးရေး၊ တာဝန် ရှိသူအားလုံးကို ဖော်ထုတ်အရေးယူ ပေးရေးနှင့် မှန်ကန်မြန်ဆန်စွာ ဆောင်ရွက်ပေးရေး စသည့် အချက်များကိုလည်း တောင်းဆို ထား သည်။

ယင်းသို့ ဆန္ဒဖော်ထုတ်ခြင်းအား ရန်ကုန်မြို့ ဒဂုံမြို့နယ် ရဲစခန်းမှူး ဦးဝင်းရွှေက သံဃာတော်များ ဆန္ဒထုတ်ဖော်မှုသည် ဝိနည်းနှင့် မညီညွတ် သည့် အတွက် ဆက်လက် လုပ်ဆောင်ခြင်း မပြုရန် တားမြစ်သော်လည်း ဦးဆောင်သံဃာတော်များက ယနေ့တွင် ဆန္ဒထုတ်ဖော်ခြင်း ကို ရပ်နားရန် မဖြစ်နိုင်ကြောင်း ပြန်လည်မိန့်ကြားခဲ့သည်ဟု သိရသည်။

မန္တလေးမြို့တွင်လည်း လူပုဂ္ဂိုလ် နှင့် သံဃာတော် ၃၅၀၀ ကျော်သည် ဦးပွားဘုရားမှ စတင်၍ သာသနာ့ အလံများ၊ မုံရွာလက်ပံ တောင်း တောင်တွင် ဒဏ်ရာရရှိခဲ့သည့် သံဃာတော်များ၏ ဓာတ်ပုံများ၊ တရားဥပဒေ စိုးမိုးရေး စသည့် စာတန်းများ ကိုင်ဆောင် ကာ မေတ္တာသုတ်များ ရွတ်ဆိုလျက် မြို့တွင်းလှည့်လည် လမ်းလျှောက် ဆန္ဒဖော်ထုတ်ပြီး နေ့လယ် ၃ နာရီတွင် အဆုံးသတ်ခဲ့ ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း မုံရွာမြို့ ရွှေစည်းခုံဘုရား၌ သံဃာတော်အပါး ၇၀၀ ခန့်နှင့် လူ ၁၀၀၀ ကျော်သည် “သာသနာတော်ကို ကာကွယ် ပါ” ဟူသော ဆိုင်းဘုတ် ကိုင်ဆောင်ကာ မြို့တွင်းသို့လှည့်လည်၍ မေတ္တာသုတ်ရွတ်ဆို ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း မုံရွာမြို့ဒေသခံ တဦးက ပြောသည်။

ပခုက္ကူမြို့ရှိ သံဃာတော်အင်အား ၁၀၀၀ ကျော်ကလည်း“အကြမ်းဖက်မှု အလိုမရှိ၊ အကြမ်းဖက် ဥပဒေ အလိုမရှိ၊ အကြမ်းဖက် သည့် လူမျိုးမဟုတ်၊ အကြမ်းဖက်သည့် နိုင်ငံမဟုတ်” ဆိုသည့် စာတန်းများကိုင်ဆောင်ကာ သီဟိုရှင် ဘုရားပေါ်တွင် တောင်းဆို ချက်များ ဖတ်ကြား၍ ဝတ်ပြုဆုတောင်းပြီး ဆန္ဒထုတ်ဖော်ကြကြောင်း သိရသည်။

ပြည်မြို့တွင် သံဃာတော်အင်အား ၇၀၀ ခန့်နှင့်လူအင်အား ၅၀၀ ကျော်က “လက်ပံတောင်းတောင် စီမံကိန်း ရပ်ဆိုင်းပေးရန်၊
ပြည်သူ့အသံ နားထောင်ပေးရန်နှင့် ပြည်သူကို လေးစားပါ”ဟူသော စာတန်းများ ကိုင်ဆောင်ကာ ကျောင်းကြီး ရပ်ကွက် တပ် လမ်းမှ ပြည်ခရိုင် တရားရုံးသို့ ချီတက် ဆန္ဒ ထုတ်ဖော်ခဲ့သည်ဟု ဆိုသည်။

ထို့အပြင် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ အတုလမာရဇိန် ပြည်လုံးချမ်းသာဘုရားကြီးပေါ်တွင် စည်းကမ်း ထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောက်ရေး ရဟန်းတော်များ ဦးဆောင်သည့် သံဃာတော်အပါး ၅၀ ခန့်က ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်သည်။

“စစ်တွေမြို့မှာ ကာဖျူး(ညမထွက်ရ)အမိန့် ထုတ်ထားတဲ့ကြားက ဆောင်ရွက်ရတာက တကြောင်း၊ ကျောင်းတိုင်းလိုလိုမှာ ကျောင်း တွင်း စာမေးပွဲတွေ ရှိနေတဲ့အတွက်က တကြောင်း၊ သံဃာဦးရေ နည်းပါးတဲ့အတွက် အခြားဒေသများက သံဃာ တော်များ အနေနဲ့ နားလည်မှု ပေးနိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် ဦးပဉ္စင်းတို့ အနေနဲ့ အများအကျိုး၊ ဒေသ အကျိုး ဆောင်ရွက် ကြ တဲ့ လက်ပံတောင်း တောင် အကြမ်းဖက်ဖြိုခွင်းခံရတဲ့ သံဃာတွေနဲ့ ထပ်တူ ထပ်မျှခံစားရပါတယ်”ဟု စစ်တွေမြို့မှ ဆရာတော် ဦးဉာဏ က မိန့်ကြားသည်။

စစ်ကိုင်းတိုင်း ကလေးမြို့ပေါ်တွင်လည်း သံဃာတော် ၁၅၀ ကျော်က မြို့တွင်းသို့ လှည့်လည်၍ မေတ္တာသုတ်များ ရွတ်ဆိုပြီး သဘောထား ကြေညာချက်များထုတ်ပြန်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ဧရာဝတီတိုင်း ပုသိမ်မြို့တွင် တကောင်းဘုရားမှ စတင်ကာ လူအင်အား ၁၀၀ ကျော်နှင့် နိုင်ငံရေးအဖွဲ့အစည်းများသည် ပုသိမ်မြို့ တကောင်းဘုရားမှ စတင်ပြီး ရွှေမော်ဓောဘုရားအထိလှည့်လည်၍ “ဒဏ်ရာရ သံဃာတော်များကို တာဝန်ရှိသူများမှ အမြန်ဆုံး ဝန်ချတောင်းပန်ရေး၊ အခြေခံဥပဒေ ပုဒ်မ – ၃၉၀/၃၅၄ ကို မစော်ကားပါနှင့်” စသည့် ဆိုင်းဘုတ်များ ကိုင်ဆောင် ကာ ငြိမ်း ချမ်းစွာ ဆန္ဒ ထုတ်ဖော်ခဲ့သည်။

ယင်း ဆန္ဒထုတ်ဖော်မှုတွင် ဦးဆောင်ပါဝင်သူ ကိုဇော်ဇော်က“လက်ပံတောင်းတောင် စီမံကိန်းကနေ အမျိုး ဘာသာ သာသနာကို ထိခိုက်လာလို့ ဆန္ဒထုတ်ဖော်တာ ဖြစ်ပါတယ်”ဟု ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂၉ ရက် နံနက်ပိုင်းက လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆန္ဒပြ သပိတ် စခန်း ၆ ခုကို အာဏာပိုင် များက အကြမ်းဖက် ဖြိုခွဲမှုကြောင့် သံဃာ အပါး ၇၀ ကျော်နှင့် လူ ၅၀ ကျော် ဒဏ်ရာများ ရရှိခဲ့ပြီး သံဃာတော် တချို့ ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သည်။

Ref: ဧရာဝတီ

Read More...

အပေါ်သို့