ခင်မျိုးသွယ်
ဒီဇင်ဘာလ ၁၁ ရက် ၂၀၁၂ ခုနှစ်
ကမ္ဘာ့ ငွေကြေးဆိုင်ရာ ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်ကို မြန်မာ ပုဂ္ဂလိကဘဏ် သုံးခုအား အမေရိကန် အစိုးရက နိုဝင်ဘာလ အတွင်း ခွင့်ပြုခဲ့ပြီးကြောင်း ဘဏ်လုပ်ငန်း လုပ်ကိုင်သူများက ပြောသည်။
“Visa Credit card က အမေရိကန်အခြေစိုက် ကုမ္ပဏီကြီးပါ။ အဲဒီကုမ္ပဏီက ဘဏ်သုံးဘဏ်နဲ့ လက်မှတ်ထိုးခဲ့တယ်။ Visa card အတွက် ကမ္ဘောဇဘဏ်နဲ့ မြန်မာအရှေ့တိုင်းဘဏ် တို့နဲ့ လက်မှတ်ရေးထိုးခဲ့ပါတယ်။ CB ဘဏ်လည်း Visa card နဲ့ Credit card လုပ်ငန်း လုပ်ကိုင်ဖို့အတွက် လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ပါတယ်။ Visa Credit card ကုမ္ပဏီကို မြန်မာ ပြည်မှာ လုပ်ကိုင်ခွင့် ပြုခဲ့တယ်ဆိုကတည်းက အမေရိကန် အစိုးရက ငွေလွှဲပြောင်းဖို့အတွက် ခွင့်ပြုပြီလို့ ယူဆလို့ ရပါတယ်” ဟု ကမ္ဘောဇဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးသန်းလွင် က မဇ္ဈိမကို ပြောသည်။
ကမ္ဘောဇဘဏ်အနေဖြင့် Master card အတွက် ဆွေးနွေးမှု သာ ရှိနေသေးသည်ဟု ဆိုသည်။
ပြင်သစ်အခြေစိုက် ကုမ္ပဏီတခု ဖြစ်သော Western Union ကုမ္ပဏီနှင့် CB ဘဏ်တို့မှာ ငွေလွှဲလုပ်ငန်း လုပ်ကိုင်ရန် သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
“Western Union ကုမ္ပဏီက နိုင်ငံပေါင်းစုံမှာ ရှိတဲ့ဘဏ်တွေနဲ့ ချိတ်ဆက်လုပ်ကိုင်နေတဲ့ ကုမ္ပဏီပါ။ အဲဒီဘဏ်နဲ့ CB ဘဏ် က ငွေလွှဲလုပ်ငန်း လုပ်ကိုင်ဖို့ သဘောတူ လက်မှတ် ရေးထိုးပြီး ဖြစ်ပါတယ်။ ၂ဝ၁၂ခုနှစ်၊ ဒီဇင်ဘာ ၁၄ ရက်နေ့ လောက် မှာ စတင်ငွေလွှဲနိုင်အောင် စီစဉ်နေပြီ ဖြစ်ပါတယ်” ဟု CB ဘဏ်၏ မန်နေဂျင်း ဒါရိုက်တာ ဦးဖေမြင့် က မဇ္ဈိမကို ပြောသည်။
Western Union ကုမ္ပဏီမှာ မြောက်ကိုရီးယား၊ ဆိုမာလီနှင့် ဆူဒါန်နိုင်ငံ တို့မှလွဲလျှင် တကမ္ဘာလုံးရှိ နိုင်ငံပေါင်းစုံနှင့်
ငွေလွှဲ လုပ်ငန်း လုပ်ကိုင်နေသည့် ကုမ္ပဏီကြီး ဖြစ်သည်။
“ပြည်ပနိုင်ငံတွေကနေ မြန်မာပြည်ကို ငွေလွှဲမယ်ဆိုရင် နိုင်ငံစုံမှာ ရှိနေတဲ့ Western Union ကုမ္ပဏီကနေ ငွေလက်ခံ မယ်။ အဲဒီကနေ Western Union နဲ့ ချိတ်ဆက်ထားတဲ့ စင်္ကာပူ ကုမ္ပဏီကို ငွေလွှဲပေးမယ်။ စင်္ကာပူ ကမှ တဆင့် မြန်မာပြည် မှာရှိတဲ့ CB ဘဏ်ကို ငွေလွှဲပေးမှာပါ။ CB ဘဏ်က တဆင့် သက်ဆိုင်ရာကို ငွေထုတ်ပေးမှာ ဖြစ်ပါတယ်” ဟု ဦးဖေမြင့် က ဆက်ပြောသည်။
ယခင်က ပြည်ပ နိုင်ငံများတွင် အလုပ်လုပ်နေသူcbb မည်သူ မဆို မြန်မာနိုင်ငံသို့ ဒေါ်လာငွေများ လွှဲပို့သည့်အခါတိုင်း အမေရိကန် ဒေါ်လာ ထိန်းချုပ်မှု ကော်မတီက စစ်ဆေးပြီး မှ မြန်မာမိသားစုများက ထုတ်ယူခွင့် ရကြသည်။
“ပြည်ပ ဘဏ်တွေကနေ မြန်မာပြည်ကို ငွေလွှဲပို့ရင် ဘဏ်တွေ မှာ မြန်မာနာမည်နဲ့ ဝင်ရတယ်။ အဲဒီလို မြန်မာအမည်နဲ့ ဝင် တိုင်းဝင်တိုင်း အမေရိကန် ဒေါ်လာ ထိန်းချုပ်တဲ့ ကုမ္ပဏီက သူတို့ ပိတ်ပင်ထားတဲ့သူတွေ ဟုတ်မဟုတ်စစ်ဆေးပါ တယ်” ဟု သင်္ဘောသားဟောင်း ဦးခင်မောင်ချစ် က ပြောပြသည်။
ထိုသို့ အမေရိကန်ဒေါ်လာ ထိန်းချုပ်မှု ကုမ္ပဏီက စစ်ဆေးသည့်အခါတိုင်း အနည်းဆုံး သီတင်း သုံးပတ်မှ သုံးလ အထိ ကြာမြင့် တတ်သည်ဟု ဆိုသည်။
“မြန်မာအမည်တွေက ဆင်တူတာ များကြတယ်။ အဲဒီမှာ သူတို့ ပိတ်ပင်ထားတဲ့သူတွေနဲ့ အမည် တူလို့ကတော့ အတော်စစ်ဆေး ခံရပြီးမှ ငွေထုတ်လို့ ရတယ်” ဟု ၎င်းက ဆက်ပြောသည်။
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန်အတွက် ကြိုးစားခဲ့ဖူးသည့် ကုမ္ပဏီအချို့မှာ ပြည်တွင်းသို့ ငွေလွှဲသည့်အခါ အခက်အခဲမျိုးစုံ ကြုံဆုံခဲ့ရ၍ လုပ်ငန်း ရပ်ဆိုင်းခဲ့ရသူများ ရှိခဲ့သည်ဟု သိရသည်။
“ဘဏ်စနစ် အတားအဆီးကြောင့် မွန်ပြည်နယ်၊ မုပွန်မှာရှိတဲ့ ပျားတောင် ဘိလပ်မြေစက်ရုံမှာ ပထမဆုံး ရင်းနှီးမြှုပ်နှံဖို့ ကြိုး စားခဲ့တဲ့ အင်ဒိုနီးရှား သူဌေးဆိုရင် ပြည်ပကနေ ငွေလွှဲ မရခဲ့လို့ လုပ်ငန်းတန်းလန်းနဲ့ ဆက်မလုပ်နိုင်ခဲ့ရတာမျိုး ဖြစ်ခဲ့ ဖူးတယ်” ဟု ယင်းစီမံကိန်းတွင် ပါဝင်ခဲ့သူ ဦးလှရီ က ပြောပြသည်။
ထို့အတူ ဗြိတိန်နိုင်ငံရှိ ကုမ္ပဏီတခုနှင့် ဖက်စပ်လုပ်ငန်းတခု လုပ်ကိုင်ရန် ဗြိတိန်မှ အမေရိကန် ဒေါ်လာ ၁၅ဝ,ဝဝဝ ကို လွှဲပို့ ရာတွင် ဘဏ်အဆင့်ဆင့် ငွေလွှဲခဲ့ရသဖြင့် ဒေါ်လာ သောင်းချီ ကုန်ကျခဲ့ရဖူးသည့် အတွေ့အကြုံကိုလည်း Global ကုမ္ပဏီမှ လုပ်ငန်းရှင် ဦးစိုးသိန်း က ဆိုသည်။
“မြန်မာပြည်မှာ လုပ်ငန်းတခု လုပ်ကိုင်ဖို့အတွက် ပြည်ပကနေ ငွေလွှဲပို့တာ အမေရိကန်ကမှ တဆင့် ဂျပန်၊ ဂျပန် ကနေ ထိုင်း။ အဲဒီလို ဘဏ်အဆင့်ဆင့် ငွေလွှဲခဲ့ရတဲ့အတွက် ဒေါ်လာ သောင်းချီ ကုန်ကျခဲ့တယ်။ အချိန်လည်း ကြန့်ကြာခဲ့တော့ လုပ်ငန်း အတွက် အတော်နှောင့်နှေးခဲ့ရတယ်” ဟု နိုင်ငံခြား ဖက်စပ်ကုမ္ပဏီတခုတွင် အကြံပေး လုပ်နေသူ ဦးစိုးသိန်း က ပြောကြား သည်။
Ref: မဇ္ဈိမ
Wednesday, December 12, 2012
ကမ္ဘာ့ ငွေကြေးဘဏ်လုပ်ငန်းကို မြန်မာဘဏ် သုံးခုအား အမေရိကန်ခွင့်ပြု
Labels:
စီးပွားရေး
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment