Friday, December 10, 2010

ဒု-ပင်လုံညီလာခံ စင်ပြိုင် အာဏာ ယူဖို့မဟုတ်၊ စည်းလုံးရေးသာ ဦးတည်ဟု ဒေါ်စုဆို

ဦးဇော်ဝင်းလှိုင်
ကြာသပတေး, 09 ဒီဇင်ဘာ 2010

ဒုတိယအကြိမ် ပင်လုံညီလာခံ ခေါ်ယူဖို့ ပြင်ဆင်တာဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး နောက်ပိုင်း တဖြည်းဖြည်း ကွယ်ပျောက် လာနေတဲ့ ပင်လုံစိတ်ဓာတ်ကို ပြန်လည်စုစည်း ထူထောင်ဖို့ အတွက်သာ ဖြစ်ပြီး လက်ရှိ အာဏာပိုင် အဖွဲ့အစည်းတွေနဲ့ မကြာခင် ပေါ်ပေါက်လာမယ့် လွှတ်တော်အသစ် စတာတွေကို စင်ပြိုင် လုပ်ဖို့ မဟုတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ မနေ့က ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးပါတီ ခေါင်းဆောင်တွေနဲ့ NLD ရုံးချုပ်မှာ တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က အဲဒီလို ပြောကြား လိုက်တာပါ။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြ ပေးထားပါတယ်။

ဒီငြိမ်းလို့ခေါ်တဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးပါတီ ခေါင်းဆောင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် NLD ပါတီ ခေါင်းဆောင် တချို့တို့ မနေ့က မနက်ပိုင်း ရန်ကုန်မြို့ ရွှေဂုံတိုင်မှာရှိတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်မှာ တွေ့ဆုံ ဆွေးနွေး ခဲ့ကြတာပါ။

၂၁ ရာစု ပင်လုံညီလာခံလို့ ခေါ်တဲ့ ဒုတိယအကြိမ် ပင်လုံညီလာခံ ခေါ်ဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြား နိုင်ငံရေး ခေါင်းဆောင်တွေက ဘာကြောင့် ပြင်ဆင် နေကြသလဲလို့ ဒီငြိမ်းပါတီ ခေါင်းဆောင်တွေက မေးတဲ့အခါ ဒီကိစ္စ အကောင်အထည် ဖော်တာဟာ အာဏာပိုင် အဖွဲ့အစည်း တွေနဲ့ စင်ပြိုင်ဖြစ်အောင် လုပ်ဆောင်တာ မဟုတ်ဘဲ ပင်လုံ စိတ်ဓာတ်ကို ပြန်လည် စုစည်းဖို့အတွက် ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြန်လည် ဖြေကြားခဲ့တဲ့ အကြောင်း ဒီငြိမ်းပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးမျိုးညွန့်က ပြောပါတယ်။

Read More...

နေ့စဉ်သတင်းများ ( ၉ - ၁၂ - ၂၀၁၀ )

ဒေါ်အောင်ဆန်းစုကြည်နှင့် သံတမန်များ တွေ့ဆုံ သတင်း
ဒေါ်အောင်ဆန်းစုကြည်အတွက် အမေရိကန်အမတ် စိုးရိမ် သတင်း
ဒုတိယပင်လုံညီလာခံ စင်ပြိုင်အာဏာယူဖို့မဟုတ်၊ စည်းလုံးရေးသာ ဦးတည်ဟု ဒေါ်အောင်ဆန်းစုကြည် ဆို သတင်း
ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုဘယ်ဆုအပေါ် သဘောထား သတင်း
ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ သူ့ရုပ်ရှင်အကြောင်း သတင်း
ဒေါ်အောင်ဆန်းစုကြည်က ဒီငြိမ်းပါတီနှင့် တွေ့ဆုံ သတင်း
ဒေါ်အောင်ဆန်းစုကြည် အနားယူဖို့ လိုကြောင်း ဆရာဝန် တိုက်တွန်း သတင်း
မနီလာသိန်း အစာငတ်ခံဆန္ဒပြ၊ နေဘုန်းလတ်က ဒေါ်အောင်ဆန်းစုကြည်အတွက် စိုးရိမ် သတင်း
အရပ်သားအဖွဲ့အစည်း ဖွံ့ဖြိုးရေး ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း သတင်း
အနုပညာရှင်များရဲ့ ဒါန သတင်း
ကရင် DKBA နှင့် ကျောင်းသားတပ်မတော် ABSDF စစ်ရေးအရ ပထမဆုံး ပူးပေါင်း သတင်း
ကရင်ပြည်နယ်တွင်း တိုက်ပွဲဆက်ဖြစ် သတင်း
ကရင်ပြည်နယ် မာနယ်ပလောဒေသတွင် တိုက်ပွဲများ ပြင်းထန်နေ သတင်း
ဝေါ်လေတိုက်ပွဲ နအဖ (၇) ဦး ကျဆုံး သတင်း
ဖလူးတိုက်ပွဲမှာ နအဖအရာရှိ ကိုယ်ရေးမှတ်တမ်းကို ဒီကေဘီအေမှ သိမ်းဆည်းရရှိ သတင်း
အပို့ခံရသည့် စစ်ပြေး ဒုက္ခသည်များ ထိုင်းဘက် ပြန်ရောက်လာ သတင်း
ကချင်ပြည်နယ်တွင် မတည်ငြိမ်မှုများ ဖြစ်နိုင်ခြေ ပိုမိုများပြားလာ သတင်း
(၃) နှစ်ကြာ ပိတ်ထားသော ဘုရားသုံးဆူ နယ်စပ်ဂိတ် ပြန်ဖွင့် သတင်း
အေရှားဝေါလ်ဆိပ်ကမ်းကနေ တရုတ်လုပ် စစ်ပစ္စည်း သယ်ယူ သတင်း
ဒုတိယပင်လုံ ဆက်လုပ်မည်ဟု တိုင်းရင်းသားခေါင်းဆောင်များ တုံ့ပြန် သတင်း
ကျန်းမာရေး မကောင်းသည့် အကျဉ်းသား ကိုနိုင်ဝင်းကို ကလေးထောင် ပြောင်း သတင်း
တောင်အာဖရိက အတွေ့အကြုံ မျှဝေလို သတင်း
မြန်မာပြည်သို့ ယူကရိန်းမှ လက်နက်တင်ပို့မှု အမေရိကန် ရပ်တန့်နိုင်ခဲ့ကြောင်း ၀ီကီလိခ် ဖော်ပြ သတင်း
ထိုင်းနဲ့ မြန်မာ နိုင်ငံခြားရေးဝန်ကြီးတွေ တာချီလိတ်မှာ မြန်မာ့အရေး ဆွေးနွေး သတင်း
လက်နက်ချ နိုင်ရှောင်အဖွဲ့သားများ မွန်ပြည်သစ်ပါတီအဖွဲ့ဝင်များ မဟုတ်ကြောင်း သတင်းစာရှင်းလင်း သတင်း
မွန်ပြည်သစ်ပါတီ ငြိမ်းချမ်းရေးနဲ့ လက်နက်လဲလှယ်သတင်း မမှန်ဟု ငြင်းဆို သတင်း
ကြံ့ဖွံ့မှအပ ပူးပေါင်းမည်ဟု မွန်ပါတီ ပြော သတင်း
ကျားဖြူပါတီညီလာခံ ကျင်းပမည့်နေရာ ခွင့်ပြုချက်မရ သတင်း
ရွေးကောက်ပွဲရလဒ် ကော်မရှင်က ကြေညာ၊ ရခိုင်ပါတီက ပါလီမန်အတွက် ပြင်ဆင် သတင်း
ဒေါက်တာစောနိုင်ကို ရွေးကောက်ပွဲတွင်ရှုံးကြောင်း လက်မှတ်ထိုးခိုင်း သတင်း

အင်နားစီးတီးသတင်း မမှန်ဘူးဟု ဒေါက်တာသောင်းထွန်းက ပြော သတင်း
လူ့အခွင့်အရေးနေ့ အကြို အခမ်းအနား ကျင်းပ သတင်း
လာဘတ်စားမှု တိုက်ဖျက်ရေးနေ့နှင့် ရှေ့အလားအလာ အခြေအနေ သတင်း
စာနယ်ဇင်းသမားများကို အကျဉ်းချရာမှာ မြန်မာက စတုထ္တ သတင်း
နိုဘယ်လ်ဆု တက်ရောက်မယူနိုင်ခဲ့သော ငြိမ်းချမ်းရေးဆုရှင်များ သတင်း
မန္တလေးနန်းတွင်း တိုင်းမှူးအိမ် မီးလောင် သတင်း
ဝီကီလိစ် - အိုင်တီနည်းပညာနှင့် နိုင်ငံရေးစစ်မျက်နှာသစ် (ဆောင်းပါး)
ရခိုင်ပြည်လွတ်လပ်ရေး လက်နက်ကိုင်တိုက်ပွဲ (ဆောင်းပါး)
သေမှာကို မေ့နေကြပြီလား (ဆောင်းပါး)

ဒုတိယပင်လုံ ဆက်လုပ်မည်ဟု တိုင်းရင်းသား ခေါင်းဆောင်များ တုံ့ပြန်

ခင်ဦးသာ
Thursday, 09 December 2010

ဒုတိယပင်လုံသည် စစ်အစိုးရ သတင်းစာများက ရေးသားထား သကဲ့သို့ စိတ်ကူးယဉ် ညီလာခံတခု မဟုတ်၍ ဖြစ်မြောက်သည် အထိ လုပ်ဆောင် သွားမည်ဟု တိုင်းရင်းသား ခေါင်းဆောင်များက တုံ့ပြန်ပြောဆိုသည်။

“အစိုးရ သတင်းစာတွေက ခြိမ်းခြောက်ရေးသားပေမယ့် ရပ်တန့် မသွားပါဘူး။ စစ်တပ်ကိုလည်း ပါဝင် လာအောင် စည်းရုံး သွားမယ်။ တိုင်းရင်းသား လက်နက်ကိုင်တွေ၊ အပစ်အခတ် ရပ်ထားသူတွေ၊ ဒီမိုကရေစီ အင်အားစုတွေ အားလုံးပါဝင် ဆွေးနွေးနိုင်အောင် လုပ်ဆောင် သွားမှာပါ” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPP) ၏အတွင်းရေးမှူးနှင့် ရခိုင် တိုင်းရင်းသား ခေါင်းဆောင် တဦးဖြစ်သူ ဦးအေးသာအောင်က ဧရာဝတီကို ပြောသည်။

ဒီဇင်ဘာလ ၈ ရက်နေ့ထုတ်၊ စစ်အစိုးရ သတင်းစာများ၌ ဆောင်းပါးရှင် ဗညားအောင်က “နိုင်ငံ့အရေး အလွယ် မတွေးစေချင်” ဆိုသည့် ခေါင်းစဉ်ဖြင့် ဒုတိယ ပင်လုံကိစ္စသည် နိုင်ငံရေး စိတ်ကူးယဉ်မှု သက်သက်သာ ဖြစ်ပြီး မူဝါဒ လမ်းစဉ် ၇ ရပ်နှင့် ဆန့်ကျင်နေကြောင်း၊ ဖြစ်မြောက်လာသည် အထိ လုပ်ဆောင်ပါက ကောင်းကျိုးထက် ဆိုးကျိုးဘက်ကို ဦးတည် လာနိုင်ကြောင်း ရေးသား ဖော်ပြထားသည်။

Read More...

Thursday, December 9, 2010

နေ့စဉ်သတင်းများ ( ၈ - ၁၂ - ၂၀၁၀ )

ဒေါ်အောင်ဆန်းစုကြည်လုံခြုံရေး တကမ္ဘာလုံး စောင့်ကြည့်ဖို့ အမေရိကန်အမတ် တောင်းဆို သတင်း
ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ ဒေါ်အောင်ဆန်းစုကြည်နှင့် လာရောက်ဆွေးနွေး သတင်း
ဥရောပညီလာခံသို့ ဒေါ်အောင်ဆန်းစုကြည် ဗွီဒီယိုမိန့်ခွန်း ပေးပို့ သတင်း
ဒေါ်အောင်ဆန်းစုကြည်ကို အိန္ဒိယသံအမတ်ကြီး ဖိတ်ကြားဆွေးနွေး သတင်း
ဒေါ်အောင်ဆန်းစုကြည်နောက်တွင် အိန္ဒိယပြည်သူများရှိဟုဆို သတင်း
ဒေါ်အောင်ဆန်းစုကြည် ပုံတူဖယောင်းရုပ်တု ထိုင်းပြတိုက်မှာ ပြသ သတင်း
ဒေါ်အောင်ဆန်းစုကြည်အလှူကို သံဃာနှင့် သီလရှင် (၉၀၀) ကျော် ကြွရောက် သတင်း
အစာငတ်ခံ ဆန္ဒပြမှုကြောင့် မနီလာသိန်း ထောင်ဝင်စာ ပိတ်ခံရ သတင်း
စစ်အစိုးရတပ်နှင့် ဒီကေဘီအေ တိုက်ပွဲပိုပြင်းထန်လာ သတင်း
တိုက်ပွဲဖြစ်နေတဲ့ ဖလူးဒေသက နအဖတပ်များ ဦးတည်ရာမဲ့ ပြေးနေကြ သတင်း
ကျောင်းသားတပ်မတော်နှင့် ဒီကေဘီအေ တပ်ဖွဲ့ဝင်များက သုခမြိုင် နအဖအခြေစိုက် စခန်းအား သိမ်းပိုက် သတင်း
စစ်တပ်က ဖမ်းသွားသည့် KNU-KNLA တပ်သား (၆) ဦး အသတ်ခံရ သတင်း
မွန်ပြည်သစ်ပါတီနယ်မြေမှာ စစ်အစိုးရတပ်များ တိုးမြှင့်ချထား သတင်း
မွန်အဖွဲ့တဖွဲ့ စစ်အစိုးရနဲ့တွဲပြီး လှုပ်ရှား သတင်း
မွန်ငြိမ်းချမ်းရေးနဲ့ ကာကွယ်ရေးအဖွဲ့ ဒုတိယအကြိမ် လက်နက်အပ်နှံ သတင်း
အမေရိကန် ဒု-လက်ထောက်နိုင်ငံခြားရေးဝန်ကြီး နိုင်ငံရေးပါတီ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံ သတင်း
သတင်းသမား ဖမ်းဆီးခံရမှု အဆိုးဆုံးစာရင်းထဲ မြန်မာ စတုတ္ထမြောက် သတင်း
၂၁ ရာစုပင်လုံကို အပေါစား နိုင်ငံရေးစတန့်ဟု သတင်းစာ ရေးသား သတင်း
မဲပေးသူ (၇၇) % သံသယဖြစ်ဖို့ကောင်း သတင်း
နအဖ၏ ဟန်ပြရွေးကောက်ပွဲဟု ပြည်တွင်းအခြေစိုက်အဖွဲ့များ အစီရင်ခံစာထုတ် သတင်း
ကျားဖြူပါတီညီလာခံ တားဆီးခံရ သတင်း
နေပြည်တော်ကျောက်မျက်ပြပွဲမှ ဒေါ်လာ သန်းထောင်ချီရ သတင်း
လှိုင်းဘွဲ-ကော့ကရိတ် ကားလမ်းသစ် ဖောက်လုပ်ရာတွင် ဥယျာဉ်ခြံနှင့် လူနေအိမ်များ ဖျက်ဆီးခံရ သတင်း
မွန်ပြည်နယ်မှာ ဇေကမ္ဘာကုမ္ပဏီက လယ်ယာခြံမြေ မတရားသိမ်း သတင်း
တိုးချဲ့လာနေတဲ့ မြန်မာ့လေကြောင်းလုပ်ငန်း သတင်း
လူ့အခွင့်အရေးဟာ AIDS ရောဂါဝေဒနာရှင်တွေအတွက် ဘယ်လောက် အရေးပါသလဲ သတင်း
မရဏမောင်းလော အောင်စည်လော (ဆောင်းပါး)
ချို (ဂျို) နုနေတုန်း ရိုက်ချိုးလိုက်ကြစို့ (ဆောင်းပါး)
သတိကြီးကြီးထား အင်အားကို တသားတည်း ပြသရမယ့်အချိန် (ဆောင်းပါး)
Venues Protection အကြောင်း သိကောင်းစရာ (ဆောင်းပါး)
ပ သုံးလုံး ပြီးတော့ နောက်တလုံး ‘ပရဟိတ’ (ဆောင်းပါး)

Wednesday, December 8, 2010

တကယ်ညီညွတ် ချင်ရင် ရန်သူအစစ်ကို မြင်ဖို့လိုတယ်

ရဲဘော်ကျော်သန်း၏ ပြည်ထောင်စုဆိုင်ရာ တပိုင်းတစအမြင်

တကယ်ညီညွတ် ချင်ရင် ရန်သူအစစ်ကို မြင်ဖို့လိုတယ်

နေ့စဉ်သတင်းများ ( ၇ - ၁၂ - ၂၀၁၀ )

မြန်မာ့အရေး အားပေးရန် အိန္ဒိယကို ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း သတင်း
အကြမ်းမဖက်နည်းဖြင့် နိုင်ငံရေးအဖြေရှာမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော သတင်း
ဒေါ်အောင်ဆန်းစုကြည်ကို ဒိန်းမတ်သံအမတ်ကြီး တွေ့ဆုံ သတင်း
ကမ္ဘာကျော်မင်းသမီး မီရှဲလ်ယိုးနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ သတင်း
Divided Heart ဇာတ်ကားမှာ ဒေါ်အောင်ဆန်းစုကြည်အဖြစ် မီရှဲလ်ယိုး သရုပ်ဆောင် သတင်း
ဒေါ်အောင်ဆန်းစုကြည်ပုံတူ ဖယောင်းရုပ်တု ဘန်ကောက်ပြတိုက်တွင် ထားရှိ သတင်း
ဒေါ်အောင်ဆန်းစုကြည် ဆွဲ ပန်းချီပို့စ်ကတ်များ ရန်ပုံငွေအတွက် ရောင်းချ သတင်း
ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် အင်္ဂလန် ပြန် သတင်း
ဒေါ်အောင်ဆန်းစုကြည် သားကို နှုတ်ဆက်ပို့ဆောင် သတင်း
ဒေါ်အောင်ဆန်းစုကြည်ရဲ့သား ကိုထိန်လင်း နှုတ်ဆက်ညစာစားပွဲ ယမန်နေ့ညက ကျင်းပ သတင်း
အမေရိကန် ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး (၄) ရက်ကြာ မြန်မာနိုင်ငံခရီး စတင် သတင်း
ရွေးကောက်ပွဲဝင် ပါတီအချို့နှင့် အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံ သတင်း
အမေရိကန်ဝန်ကြီးနှင့် နိုင်ငံရေးပါတီများ တွေ့ဆုံ၊ ရွေးကောက်ပွဲ မတရားမှုအကြောင်း တင်ပြ သတင်း
တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတချို့နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ သတင်း
ဖမ်းဆီးခံ ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့ဝင် (၆) ဦး၏ အလောင်း ပြန်လည်တွေ့ရှိ သတင်း
ဖမ်းဆီးခံခဲ့ရသည့် ကရင်ငြိမ်းချမ်းရေးကောင်စီဝင် (၆) ဦး၏ အလောင်း ပြန်တွေ့၊ ငြိမ်းချမ်းရေးကို နအဖ ချိုး ဖောက်ခြင်းဖြစ်ဟု ကရင်ငြိမ်းချမ်းရေးကောင်စီ ပြော သတင်း
နအဖနှင့် ဒီကေဘီအေတိုက်ပွဲ ပိုမိုပြင်းထန်၊ နအဖတပ်အင်အား တိုးချဲ့ သတင်း
ကေအဲန်အယ်လ်အေ၏ ပြောက်ကျားတိုက်ခိုက်မှုကြောင့် နအဖ (၆) ဦး ကျဆုံးကာ (၄) ဦး ထိခိုက် သတင်း
နအဖ ရိက္ခာသယ်ယူနေသည့် သစ်တံတားငယ် (၇) စင်းကို ကေအဲန်ယူ မီးရှို့ခဲ့ သတင်း
တိုက်ပွဲများကြောင့် စစ်ပြေးဒုက္ခသည်များ ထပ်မံတိမ်းရှောင် သတင်း
မဲ့ကူကင်းရွာမှာရှိတဲ့ စစ်ပြေးဒုက္ခသည်တွေကို ထိုင်းအာဏာပိုင်တွေက နေရပ်ပြန်ခိုင်း သတင်း
ထိုင်း-မြန်မာ ဘုရားသုံးဆူဂိတ် ပြန်ဖွင့်ပြီ သတင်း
နယ်စပ်စောင့် နအဖရဲတပ်ဖွဲ့အား ‘ဓားပြ’ ဟု အော်ခေါ်ခံရ သတင်း
မိုင်းလားဌာနချုပ် သျှမ်းနှစ်သစ်ကူးပွဲ နအဖအာဏာပိုင် မပါဝင် သတင်း
ကချင်ပြည်နယ် မနောပွဲတော် ကျင်းပနိုင်ဖို့ ပဋိပက္ခဖြစ်နေ သတင်း
ကချင်မနောပွဲတော် ကေအိုင်အို မပါရ သတင်း
နအဖလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ ထုတ်သည့် မူးယစ်ဆေးဝါးများ အရည်အသွေးပိုကောင်းလာ သတင်း
ဘင်္ဂလာရိုင်ဖယ်တပ်ဖွဲ့ဝင်တဦးကို ဓားဖြင့်ခုတ်၍ မူဆလင်ဒုက္ခသည်တဦး ဖမ်းဆီးခံရ သတင်း
မြန်မာနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့ တာချီလိတ်မြို့၌ တွေ့ဆုံ သတင်း
နိုင်ငံခြားသူနှစ်ဦးကို မြန်မာစစ်အစိုးရက နိုဝင်ဘာလအတွင်းမှာ ပြည်နှင်ဒဏ်ပေးခဲ့ သတင်း
လာမည့်နှစ်လအတွင်း မြန်မာ့ရှေ့ရေး အရေးကြီးဆုံးအဖြစ် ကုလအတွင်းရေးမှူးချုပ် သတိပေး သတင်း
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အချိန်ပြည့်ကိုယ်စားလှယ် ခန့်ရန် အဆိုပြု သတင်း
အန်ဒီအက်ဖ်ပါတီနှင့် တိုင်းရင်းသားပါတီများက ရှေ့လုပ်ငန်းစဉ်အတွက် ပြင်ဆင် သတင်း
ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ ရုံးခွဲများ မြို့နယ်လေးမြို့နယ်တွင် တိုးချဲ့ဖွင့်လှစ်မည် သတင်း
ပြည်တွင်းအဖွဲ့များ ရွေးကောက်ပွဲ သုံးသပ်ချက် ပူးတွဲထုတ်ပြန် သတင်း
အဖမ်းမခံရဘဲ နိုင်ငံရေးလုပ်ပိုင်ခွင့်ရှိသည့်ခေတ် နီးလာပြီ သတင်း
အမေရိကန်သံတမန်အဖွဲ့ မြန်မာပြည်ကို လာမည် သတင်း
ပြည်တွင်းက လူငယ်နှစ်ဦးရဲ့ ဗိုလ်ခင်ညွန့် ဗွီဒီယိုတွေအပေါ် အမြင် သတင်း
နာဂစ်ဒဏ်ခံ မြစ်ဝကျွန်းပေါ်တွင် စပါးအထွက်နှုန်းကျ သတင်း
တသက်တာစာပေဆု ဒေါက်တာခင်မောင်ညွှန့် ရရှိ သတင်း
မန်ယူအသင်းကို မြန်မာစစ်ခေါင်းဆောင် ၀ယ်ယူဖို့ စဉ်းစားမှုအပေါ် အားကစားလောကအမြင် သတင်း
စိုင်းစိုင်းခမ်းလှိုင်တို့ စတိတ်ရှိုးပွဲပျက် သတင်း
ဒေါ်အောင်ဆန်းစုကြည်မှ ရခိုင်လေဘေးအတွက် ကူညီသော ကျပ် (၃၉) သိန်းကို လေဘေးသင့် ပြည်သူများထံသို့ နိုဝင်ဘာလ (၃၀) မှ ဒီဇင်ဘာလ (၂) ရက်နေ့ထိ တိုက်ရိုက် သွားရောက် လှူဒါန်းခဲ့သူ အဖွဲ့ချုပ် ရခိုင်ပြည်နယ် စည်း တွဲဘက် အတွင်းရေးမှူး ဦးသိန်းလှိုင်နှင့် တွေ့ဆုံမေးမြန်းချက် (အင်တာဗျူး)
မှိန်သောအလင်း (ဆောင်းပါး)
ထိုင်းဘုရင်နဲ့ ပြည်သူများ (ဆောင်းပါး)
ကရင်လူထုအတွက် စာမျက်နှာသစ်ဖွင့်ချိန် (ဆောင်းပါး)

Tuesday, December 7, 2010

ဒေါ်အောင်ဆန်းစုကြည်၏ ရရှိခဲ့ပြီးသော နိုင်ငံတကာ ဆုတံဆိပ်များ (၁၉၉၀ -၂၀၁၀)

7 Dec 2010


Daw Aung San Suu Kyi's International Awards (Updated: December 12, 2010)

ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေး

ဦးသန်းလွင်ထွန်း
တနင်္ဂနွေ, 05 ဒီဇင်ဘာ 2010

တတိယအကြိမ်မြောက် နေအိမ် အကျယ်ချုပ်ကနေ ပြန်လွတ် လာပြီးနောက်ပိုင်း မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့လုံခြုံရေးကို လူအများက ပိုပြီး စိုးရိမ်တကြီး ရှိနေကြပါတယ်။ ၂ဝဝ၃ ခုနှစ်၊ မေလက ဒီပဲယင်းမှာ ကြုံတွေ့ခဲ့ရတဲ့ လူအုပ်နဲ့ တိုက်ခိုက်မှု၊ ၂ဝဝ၇ ခုနှစ်၊ သံဃာ့ လှုပ်ရှားမှုမှာ မြင်ခဲ့ရတဲ့ စစ်အစိုးရက မြေတောင် မြှောက်ပေးထားတဲ့ စွမ်းအားရှင် လူရမ်းကားတွေရဲ့ဗြောင်ကျကျ ကျူးလွန်မှု စတာတွေကြောင့်လည်း အခုလို စိုးရိမ်မှုတွေ ပိုလာနေတာလည်း ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ်လုံခြုံရေးကို လူငယ်အဖွဲ့ဝင်တွေနဲ့အတူ တာဝန်ယူ ဆောင်ရွက် ပေးနေတဲ့ အန်အယ်လ်ဒီ ဗဟို ကော်မတီဝင် ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်ကို ဆက်သွယ် မေးမြန်း ထားပါတယ်။

ဦးဝင်းထိန်။ ။ အဲဒီလုံခြုံရေးနဲ့ပတ်သက်လို့ ပြည်တွင်းကရော ပြည်ပကရော ကျနော့ကိုတင် မကဘူး။ တခြားနီးစပ်ရာ နီးစပ်ရာ လူကြီးတွေဆီကို ဒေါ်စုရဲ့ လုံခြုံရေးနဲ့ ပတ်သက်လို့ စိုးရိမ်ကြတယ် ဆိုတဲ့ စကားတွေ၊ နောက် စာတွေ၊ တယ်လီဖုန်းတွေ အခုလိုပဲ ရပါတယ်။ ရတဲ့အခါမှာ ကျနော်တို့ စဉ်းလည်း စဉ်းစားတယ်။ နောက် လူကြီးတွေနဲ့လည်း တိုင်ပင်တယ်။ တိုင်ပင်တဲ့ အခါကျတော့ ကျနော်တို့ ကိုယ်တိုင်က တပ်ထဲမှာ လူကြီးတွေ VIP တွေ ဆိုပါတော့ဗျာ။ အထက်က ဗွီအိုင်ပီတွေကို လုံခြုံရေး လုပ်တယ်ဆိုတာ ဘယ်လို လုပ်ခဲ့တယ်ဆိုတာ သိတဲ့အခါ အဲဒီ စံနှုန်းနဲ့သွားပြီး လုပ်ဖို့ကတော့ ကျနော်တို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ မဖြစ်နိုင်တဲ့ အခါကျတော့ ဘယ်လို နည်းနဲ့ လုပ်လို့ရမလဲ- စဉ်းစားကြတဲ့ အခါမှာ ကျနော်တို့က ဒေါ်စုရဲ့ လုံခြုံရေးကို ခန္ဓာကိုယ်တွေ နဲ့ပဲ ကာကွယ်ရမယ်။ Human Shields ဒါပဲ ရှိတယ်။ ၈၈၊ ၈၉ တောက်လျှောက် ကျနော် အပြင်မှာ၊ ၉၅၊ ၉၆ တောက်လျှောက် ဖြစ်တဲ့ အခါမှာလည်း ဒီလိုပဲ လုပ်ခဲ့ကြရတာပဲ။

Read More...

နေ့စဉ်သတင်းများ ( ၆ - ၁၂ - ၂၀၁၀ )

အမေရိကန် ထိပ်တန်းသံတမန် မြန်မာနိုင်ငံကို ဒီသီတင်းပတ် သွားရောက်မည် သတင်း
ဒေါ်အောင်ဆန်းစုကြည်လက်ရာ ပန်းချီကား ပို့စ်ကတ်များ ရောင်းပြီး လူမှုရေးတွင် သုံးမည် သတင်း
သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့တွင်း ဗုံးပေါက်ကွဲ သတင်း
ကေအိုင်အေတပ်စခန်းကို နအဖစစ်တပ်က ပစ်ခတ် သတင်း
စစ်အစိုးရနှင့် DKBA တိုက်ပွဲဆက်ဖြစ် သတင်း
BGF တပ်ဖွဲ့ဝင် (၁၇) ဦး ကေအဲန်ယူထံ ထွက်ပြေးရောက်ရှိလာ သတင်း
တပ်မဟာ (၇) အား ပြည်သူ့စစ်လုပ်လျှင် တစိုက်မတ်မတ်လုပ်ရန် တိုင်းမှူး ညွှန်ကြား သတင်း
ထိုင်းနယ်မြေသို့ဝင်ရောက်လာသည့်မြန်မာစစ်အရာရှိနှစ်ဦး ဂတုံး(ခေါင်းတုံး)တုန်းအပြစ်ပေးခံ သတင်း
လက်နက်ကိုင်ပဋိပက္ခကြား အရပ်သားတွေ ကာကွယ်ဖို့ HRW တောင်းဆို သတင်း
လေဘေးသင့်ဒေသမှ ရယက ဥက္ကဌတဦးကို စစ်ဗိုလ်တဦးမှ ကိုယ်ထိလက်ရောက်စော်ကား သတင်း
တပ်မဟာ ၇ အား ပြည်သူ့စစ်လုပ်လျှင် တစိုက်မတ်မတ်လုပ်ရန် တိုင်းမှူးညွှန်ကြား သတင်း
အိန္ဒိယက မြန်မာကို စစ်သုံးပစ္စည်းများ ပေးအပ် သတင်း
ဒေါ်အောင်ဆန်းစုကြည်ကို ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဘုရင်မဆု အိန္ဒိယက ချီးမြှင့် သတင်း
ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေး (ဦးဝင်းထိန်နှင့် ဆက်သွယ်မေးမြန်းချက်)
HIV ဝေဒနာရှင်တွေကို သတင်းထောက်တွေ ငွေလှူ သတင်း
ပြည်တွင်းသတင်းထောက်များ HIV ဝေဒနာသည်များအား လှူဒါန်း သတင်း
ကြံ့ဖွံ့က ပြည်သူတို့ကို ကျေးဇူးတင်ကြောင်း သတင်းစာတွင် ကြော်ငြာထည့် သတင်း
ကြံ့ဖွံ့ပါတီ၏ “ပြည်သူများသို့ ကျေးဇူးတင်လွှာ” ကို နိုင်ငံရေးပါတီများ ဝေဖန် သတင်း
Facebook ၏ Profile Page တွင် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ် သတင်း
ဆူဇူကီးဖလားပြိုင်ပွဲမှာ အုပ်စုနောက်ဆုံးအဆင့်နဲ့ အိမ်ပြန်ရတော့မယ့် မြန်မာဘောလုံးအသင်း သတင်း

Sunday, December 5, 2010

ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်၏ အသံပါသော ဗွီဒီယိုဖိုင် ထပ်မံထွက်ရှိ

5 Dec 2010

အပေါ်သို့