Saturday, February 6, 2010

နောက်အစိုးရကို နအဖက ဘာအမွေတွေပေးခဲ့မလဲ

ဖိုးသံချောင်း
၅/ ဖေဖော်ဝါရီ ၂၀၁၀

စစ်အစိုးရများလည်း သင်္ခါရတရားကို မလွန်ဆန်နိုင်ကြပါဘူး။ ဒင်းတို့တတွေ အာဏာ လက်လွှတ်ရတဲ့ အဖြစ်ကို မရောက်မီမှာဘဲ အပြောင်း အလဲတွေကို ဒင်းတို့ ဖြတ်သန်း ရတတ်ပါတယ်။ ပြည်သူလူထုရဲ့ တွန်းလှန်မှု၊ ဖိအား၊ နိုင်ငံတကာဖိအား စတာတွေကြောင့် ဒင်းတို့အနေနဲ့ လက်ရှိ တည်ရှိနေတဲ့ ပုံစံနဲ့ ဆက်မသွားနိုင်တော့တဲ့ အခါမှာ ဒင်းတို့ဟာ အသွင်ပြောင်းရတာ၊ အမွေ လွှဲရတာတွေ လုပ်ရပါတယ်။ နအဖရဲ့ လာမယ့် ရွေးကောက်ပွဲဟာလည်း အဲဒီလိုပဲ သူတို့အနေနဲ့ ၈၈ ခုနှစ် အာဏာ သိမ်းတုန်းက ပုံစံအတိုင်း၊ နဝတ အစိုးရလွှဲထားခဲ့တဲ့ ပုံစံအတိုင်း ဆက်သွားနေလို့ မဖြစ်လို့ အရေခွံ လဲတာတမျိုး ဖြစ်တယ်ဆိုရင် မမှားပါဘူး။

အခုအခါမှာ နအဖရဲ့ ရွေးကောက်ပွဲ ဘယ်မှာမှန်း အတိအကျ ဘယ်သူမှ မသိရသေးပေမယ့် နအဖဟာ ကောင်းတဲ့ နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းတွေကို စစ်တပ်ပိုင် ပြုလုပ်ပြီး နောက်အစိုးရ အတွက် အညံ့အဖျင်းတွေကို ချန်ထားတာ၊ နိုင်ငံပိုင် လုပ်ငန်းတွေကို သူတို့ ဆွေမျိုး အသိုင်းအဝိုင်းတွေနဲ့ နီးစပ်သူတွေပိုင်တဲ့ ကုမ္ပဏီတွေကို ရောင်းချပေးတာ စတဲ့ “လက်လွှဲခြင်း” များ စလုပ်နေတာကို တွေ့နေကြရပါပြီ။ နောက်ပြီး ဝန်ကြီးဌာနတွေ အတွင်း၊ တပ်တွေ အတွင်းမှာလည်း လူအပြောင်းအလဲ၊ အရွှေ့ အပြောင်းတွေ အများအပြား တွေ့နေရပါတယ်။ ပြောရရင် ဒီနေ့အထိ ရွေးကောက်ပွဲ လုပ်မယ့်ရက်နဲ့ ရွေးကောက်ပွဲကို မကြေညာ နိုင်သေးတာရဲ့ အဓိက အကြောင်းရင်း တခုက သူတို့အမွေကို ဆက်ခံမယ့်သူတွေ ရွေးချယ်နေရ၊ လက်လွှဲစရာတွေ ပြင်ဆင်နေရလို့ ဖြစ်ပါတယ်။

မဆလစစ်အစိုးရဟာ လူထုအုံကြွမှုကြီးကြောင့် ပလ္လင်ပေါ်က ဆင်းရတဲ့ အခါမှာ နဝတစစ်အစိုးရကို အာဏာအမွေနဲ့ ကုလသမဂ္ဂ သတ်မှတ်ပေးတဲ့ အဆင်းရဲဆုံး နိုင်ငံဆိုတဲ့ ဂုဏ်ထူးကို ချန်ပေးခဲ့ပါတယ်။ နောက်တခုကတော့ ပါတီစုံ ရွေးကောက်ပွဲ ကျင်းပပေးရေး ဆိုတဲ့ သူတို့ မလုပ်နိုင်ခဲ့တဲ့ တာဝန်ကိုလည်း ဗိုလ်စောမောင်တို့ကို လွှဲပေးခဲ့ပါတယ်။ ဒီအခါတုန်းက ဗိုလ်နေဝင်းဟာ (ဗိုလ်စိန်လွင်၊ ဒေါက်တာ မောင်မောင်ကို စာရင်းထဲ မထည့်တော့ပါ) နောက်လူတွေကို မင်းတို့ အဲဒီ ကြေးစားတပ်ကြီးနဲ့ ထောက်လှမ်းရေး တပ်ဖွဲ့ကို အရင်းပြုပြီး တော်သလိုသာ လုပ်စားကြပေတော့ ဆိုတဲ့ သဘောမျိုးနဲ့ ထွက်တော်မူ နန်းကခွာတယ် လုပ်သွားတာ ဖြစ်ပါတယ်။ ဗိုလ်စောမောင်တို့ အနေနဲ့ကတော့ ဆိုးမွေ-ကောင်းမွေ၊ အကုန်လုံးကို လက်ခံရတာပါပဲ။ အရိုးများသလေး ချေးခါးသလေး လုပ်မနေနိုင်ပါဘူး။

Read More...

နေ့စဉ်သတင်းများ ( ၅ - ၂ - ၁၀ )

မြန်မာ့ရွေးကောက်ပွဲ စစ်မှန်မှု ဖိလစ်ပိုင် မေးခွန်းထုတ် သတင်း
ကရင်ဒုက္ခသည်တွေ ပြန်ပို့မှု ထိုင်းအစိုးရမှ ရပ်ဆိုင်း သတင်း
ဒုက္ခသည်တွေကို အကာအကွယ်ပေးဖို့ ထိုင်းဝန်ကြီးချုပ်ထံ အမေရိကန်လွှတ်တော်အမတ်တွေ တောင်းဆို သတင်း
ကရင်ဒုက္ခသည်တွေ ပြန်ပို့မယ့်အရေး လူ့အခွင့်အရေးအဖွဲ့တွေ စိုးရိမ် သတင်း
ကချင်တော်လှန်ရေးနေ့ အခမ်းအနားကို ကေအိုင်အို ကျင်းပ သတင်း
နယ်ခြားစောင့်တပ် မပြောင်းဟု KIO ထပ်မံပြော သတင်း
ပြည်ပရောက် ကချင်များကလည်း နယ်ခြားစောင့်တပ် လက်မခံ သတင်း
မြန်မာအမျိုးသမီး လူမှောင်ခိုကူးမှု တရုတ်-မြန်မာနယ်စပ်မှာ များပြားလာ သတင်း
ဒီချုပ် (၃) ဦးကို ထောင်ပြောင်း သတင်း
နိုင်ငံရေးအကျဉ်းသား ဘယ်ပြောင်းသွားမှန်း စုံစမ်းမရ သတင်း
ကလေးစစ်သားစုဆောင်းမှု ILO ကိုတိုင်မည် သတင်း
ကျော်ဇော်လင်းနှင့် (၁၁) ဦး ဖမ်းဆီးမှုအပေါ် လုပ်ကြံမှုဟု နိုင်ငံရေးသမား မြင် သတင်း
မြန်မာ့လေကြောင်းကို ကမ္ဘောဇဘဏ်အား ရောင်းချ သတင်း
လေယာဉ်ကွင်းကို တပ်ပိုင်မြေအဖြစ် ပြုလုပ်မှု ဌာနဆိုင်ရာအကြား အငြင်းပွားနေ သတင်း
ဒု-ဗိုလ်ချုပ်မှူးကြီးရဲ့ အစ်ကိုနဲ့ ရင်းနှီးတယ်ဆိုပြီး မတရားအနိုင်ကျင့် သတင်း
ကုန်သွယ်လယ်ယာ ဆီဂိုဒေါင် မီးလောင် သတင်း
နယ်ခြားစောင့်တပ်အဖြစ် လက်မခံ၍ ကယန်းဒေသ၌ အစိုးရတပ်အင်အား တိုးချဲ့လာ သတင်း
ခိုင်ရွှန်းလဲ့ရည်မိသားစု နာရေးကူညီမှုအသင်းကို သိန်း (၁၅၀) လှူ သတင်း
နောက်အစိုးရကို နအဖက ဘာအမွေတွေ ပေးခဲ့မလဲ (ဆောင်းပါး)
မိန်းမသားပေမယ့် နိုင်ငံရေးမှာ အားမငယ် (ဆောင်းပါး)
လက်သင့်ရာ စားတော်ခေါ်မှုကို ချဲ့ထွင်ခြင်း (ဆောင်းပါး)
ဘဝမှတ်တမ်း (ဆောင်းပါး)

Friday, February 5, 2010

မြ၀တီ ကုန်သွယ်ရေးဇုံက ညစ်ပုံညစ်နည်းများ

February 05, 2010


မြ၀တီတွင်ရှိသော ကုန်သွယ်ရေးဇုံမှ အကောက်ခွန်နှင့် စစ်တပ် ပေါင်း၍ ပြည်သူကို ညစ်နည်းပေါင်းစုံနှင့် ညစ်နေကြသည်။

မဲဆောက်မှ သယ်လာသည့် ကုန်ပစ္စည်းများသည် ချစ်ကြည်ရေး တံတားတစ်ခုတည်းမှ ဖြတ်သန်း သယ်ယူနေသည် မဟုတ်ဘဲ..ငြိမ်းချမ်းရေးဂိတ် (၂၀) ကျော်မှလည်း တရားမ၀င် ကုန်ပစ္စည်းများ စီးဆင်းနေပါသည်။ ဤပစ္စည်း အားလုံး မြ၀တီမြို့ကို ဖြတ်ကျော် ရာတွင်တော့ ကုန်သွယ်ရေးဇုံကို မဖြတ်မနေ ဖြတ်ကို ဖြတ်ရပါတော့သည်… ထိုအခါတွင် အကောက်ခွန် ၀န်ထမ်းများအတွက် ဂွင်မိပေတော့သည်။ သူတို့အပိုင်ဂွင်တွင် ပြည်သူများအပေါ် ရိုက်စားပုံများ၊ မိုက်ရိုင်းပုံများ ပြောရလျှင်ကား ပြောမဆုံးပေါင် တောသုံးတောင် ဖြစ်နေပေတော့မည်။

ထိုအခြေအနေများအား ပြည်သူအများသိရှိနိုင်ရန် မြ၀တီမြို့ရှို ကုန်သွယ်ရေးဇုံမှာ ဘာတွေ ဖြစ်နေသလဲ ဆိုသည်ကို အပိုင်းကဏ္ဍများ ခွဲ၍ ဖော်ပြပေးသွားမည် ဖြစ်ပါသဖြင့် စောင့်မျှော် ဖတ်ရှုနိုင်ပါကြောင်း သတင်းကောင်းပါး လိုက်ရပါသည်။

မြ၀တီကုန်သွယ်ရေးဇုံသည် တရားဝင်ရော၊ တရားမ၀င်ရော ကုန်ပစ္စည်းမျိုစုံ ဖြတ်သန်းရာ နေရာ ဌာနဖြစ်ပါသည်။ နေ့စဉ် ယာဉ်ကြီး၊ ယာဉ်လတ်၊ ယာဉ်ငယ် အစီး ၄၀၀ နီးပါးခန့်သည် ပြည်သူကို ဒုက္ခပေးနေသော ၀န်ထမ်း များကြားတွင် ကြုံသလို ထမင်းအိုးလေး ကွဲမသွားအောင် အမျိုးမျိုး လုပ်ကိုင်နေရပါသည်။ ထို ၀န်ထမ်းများ၏ ဒဏ်ကို မခံနိုင်သော ကားအစီး ၁၀၀ ခန့်သည် တောလမ်းကပင် သွားလာ နေကြပါသည်။

တောလမ်းသည် ရင်းနှီးထားသော ပစ္စည်းများ အလွယ်တကူ ဆုံးရှုံးနိုင်သည်ကို ကားသမားကော ပစ္စည်းပိုင်ရှင်ကော မသိသည် မဟုတ် …..သိကြသူချည်းသာ…

Read More...

တပ်နှင့် ပြည်သူ ဘဝတူ (၂)

သူငယ်ချင်းရေ
ကိုယ်ရဲ့ပထမစာကို ဖတ်ပီးလောက်ပီးလို့ ယုံကြည်ပါတယ်။ သူငယ်ချင်းဆီကို စာတိုက်ကလည်း မပို့ချင်ဘူးလေ။ တပ်ရင်းက ဖွင့်ဖောက်ဖတ်ပီးမှ သူငယ်ချင်းတို့ဆီ ရောက်တယ်ဆိုတာ ကိုယ်တိုင်လည်း စစ်သားတဦး ဖြစ်ခဲ့ဘူးသူမို့ သိနေတယ်။ ဒါကြောင့် လူကြုံကောင်းနဲ့ ပို့ပေးတာ၊ တို့နိုင်ငံရဲ့ လူ့အခွင့်ရေး ချိုးဖောက်မှုဟာ ပြည်သူထဲက ပြည်သူ ဖြစ်တဲ့ ဒို့တပ်မတော်သားတွေပါ ချိုးဖောက်ခံနေ ရတာပါ။ ဘယ်အချက်တွေ ချိုးဖောက် ခံနေရတယ် ဆိုတာကို ပိုပီးရှင်းအောင် ကိုယ်ထပ်ပြောမယ် သူငယ်ချင်း။ ကမ္ဘာ့ ကုလသမဂ္ဂရဲ့အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေး ကျေညာစာတမ်း အပိုဒ် (၃) နဲ့ (၁၂) ပဲ သူငယ်ချင်း။

အပိုဒ် (၃)မှာ - လူတိုင်းတွင် အသက်ရှင်ရပ်တည်ခွင့်၊ လွတ်လပ်ခွင့်နှင့် လုံခြံခွင့်ရှိသည်။
အပိုဒ်(၁၂)မှာ - မည်သူ့ ကိုယ်ရေးကိုယ်တာ ကိစ္စများ၊ မိသားစုနှင့် သက်ဆိုင်သော ကိစ္စများ၊ နေအိမ်နှင့် စာပေးစာယူ ကိစ္စများတို့ကိုမှ ဥပဒေအရ မဟုတ်သော ၀င်ရောက် စွက်ဖက် မခံစေရ။ ထိုဏ္ဍအပြင် ထိုသူ့ ဂုဏ်သိက္ခာကို ပုတ်ခတ်ပိုင်ခွင့်မရှိ။ လူတိုင်းတွင် ထိုသို့စွက်ဖက်ခြင်းမှ သော်လည်းကောင်း၊ ပုတ်ခတ်ခံရ ခြင်းကို သော်လည်းကောင်း ဥပဒေအရ ကာကွယ်ပိုင်ခွင့်ရှိသည်။...လို့ ဖော်ပြထားတယ်လေ။

ဤစာတမ်းပါ အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို ဖျက်လိုဖျက်ဆီးဖြစ်စေမည့် လုပ်ငန်း လုပ်ရပ်များအား မည်သည့်နိုင်ငံ၊ မည်သည့် အဖွဲ့အစည်း၊ မည်သည့် လူပုဂ္ဂိုလ်ကမှ ကိုယ်တိုင် လုပ်ဆောင်ခွင့် ပါဝင်လုပ်ဆောင်ခွင့် မရှိကြောင်း ဤကြေညာစာတမ်းက အတိအလင်း ကြေညာသည်။ ... လို့ဖော်ပြထားသေးတယ်။

ဒါပေမဲ့ မင်းတို့ငါတို့ရဲဘော်တွေနဲ့တည်ဆောက်ထားတဲ့ တပ်မတော်ကို ခုတုံးလုပ်ပီး ကိုယ်ကျိုးစီး ပွားရှာနေတဲ့ စစ်ခေါင်းဆောင်တွေ ကတော့ မလိုက်နာဘူးဆိုတာ မင်းတို့ ငါတို့နဲ့ နိုင်ငံသိ ကမ္ဘာသိပါပဲ။ ပြည်သူတွေလည်း အဲဒီအချက်တွေ ချိုးဖောက် ခံနေရတာပါပဲ။ ဒါကြောင့် တပ်နဲ့ ပြည်သူ ဘဝတူတွေပဲ ဆိုတာ ရှင်းပါတယ်ကွာ။ အဲဒီကိစ္စကို နောက်မှ ဆက်ပြောတော့မယ်။ နင့်ကို အဓိကပြောချင်တာ ရှိတယ်။

ပြောချင်တာက အခုလ ဖေဖေါ်ဝါရီ ၁၃ ရက်နေ့က ဒို့တပ်မတော်ရဲ့ဖခင်၊ လွတ်လပ်ရေးဖခင်၊ အမျိုးသား ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၊ သခင်အောင်ဆန်းရဲ့ အသက် ၉၅ နှစ်ပြည့်တဲ့ နေ့ပဲ။ ဒို့လူမျိုးတွေရဲ့ ထူးခြားတယ်လို့ ယူဆတဲ့ မွေးနေ့ မွေးရက် ဆုံတဲ့နှစ်နဲ့ မွေးနေ့ပဲ သူငယ်ချင်း။ လက်ရှိ စစ်ခေါင်းဆောင်တွေ ကတော့ မသိကျိုးချင်ပြုမှာပါ။

အလွန်စိတ်ပျက်ဝမ်းနည်းမခံချင်စရာ ကောင်းပါတယ်။ တကယ်ဆို သူလို ကမ္ဘာက လေးစားခံရတဲ့ နိုင်ငံ့ဖခင် တစ်ယောက်ရဲ့ မွေးနေ့ကို ခမ်းခမ်းနားနားနဲ့ နိုင်ငံနဲ့အဝှမ်း ကျင်းပ ပေးသင့်တာပေါ့။ တပ်မတော်ထဲမှာဆို ပိုလို့တောင် လုပ်ပေး ရဦးမှာနော်။ သူတည်ထောင်ခဲ့လို့ ပေါ်ထွန်းလာတဲ့ တပ်မတော်ကြောင့် ဗိုလ်ချုပ်မှူကြီး ဖြစ်နေရပါ လားဆိုတာကို မင်းတို့ တပ်ချုပ်ကြီး သတိရဖို့ ကောင်းတယ်။ ဒီအဖေကြောင့် သားဖြစ်လာပီး အမွေ ဆက်ခံ နေရပါလားဆိုတာ မမေ့သင့်ဘူးကွာ။ တို့တွေလည်း ဒါကြောင့် ရဲဘော်ရယ်လို့ ဖြစ်လာတာပေါ့။ တို့အားလုံးသူကို သတိရပီး သူဖြစ်စေချင်တဲ့ တပ်မတော်ကို ဖြစ်အောင် ဆက်လက် သယ်ပိုးဖို့ တာဝန်ရှိတယ်ဆိုတာ မင်းလဲသိပါတယ်။

ငါမင်းနဲ့အတူတပ်ထဲမှာရှိစဉ်တုံးက မင်းပြောပြခဲ့တဲ့ ဗိုလ်ချုပ်စကားလေးကို မှတ်မိနေတယ် သူငယ် ချင်း။ မင်း မ.ဆ.လ ပါတီက ထုတ်တဲ့ ဗိုလ်ချုပ် မိန့်ခွန်း များစာအုပ်ကို ဖတ်ပီး ပြောခဲ့တာလေ။ တပ်နဲ့ ပတ်သက်ပီး ပြောခဲ့တာပေါ့။

“စစ်တပ်ဟာတိုင်းပြည်အုပ်ချုပ်ရေးမှာ ဝင်မစွက်ဖက်ရဘူး။ စွက်ဖက်ရင် အာဏာရှင် စစ်တပ် ဖြစ်သွားမယ်။ စစ်တပ်ဟာ တိုင်းပြည် အုပ်ချုပ်ရေးနဲ့ နိုင်ငံရေးမှာ ဝင်မပါရဘူး၊ ဝင်ပါရင် ဖက်စစ်အာဏာရှင် စစ်တပ် ဖြစ်သွားမယ်။ ဒီလိုစိတ်မျိုး ရှိနေသူတွေ အခုထဲက ပြင်ကြပါ” လို့ပြောခဲ့တာနော်။

သူငယ်ချင်းရေ
ဗိုလ်ချုပ်တို့ထိုင်းနိုင်ငံမှာတပ်မတော်စတင်ဖွဲ့ခဲ့တဲ့ ၁၉၄၂ ခုကဆို အခု တို့တပ်မတော် သက်တမ်းက ၆၈ နှစ်တောင် ရှိပီးနော်။ ဗိုလ်နေဝင်း အာဏာသိမ်းခဲ့တဲ့ ၆၂ ခုက ၈၈ ထိက အာဏာရှင် စစ်တပ်ပေါ့၊ ၈၈ ကနေ ဒီဖက်ထိကတော့ ဖက်ဆစ် အာဏာရှင်စစ်တပ် ဖြစ်နေပီနော် သူငယ်ချင်း။ တို့ဖခင် ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့တာနဲ့ စိစစ် ကြည့်လိုက်တာပါ။

တပ်မတော် သက်တမ်းရဲ့ သုံးပုံ နှစ်ပုံ ကျော်ဖြစ်တဲ့ ၄၈ နှစ်ဟာ အာဏာရှင်၊ ဖက်ဆစ် အာဏာရှင် စစ်တပ်အဖြစ် ဖြတ်သန်း ခဲ့တာပဲနော်။ သူငယ်ချင်းရေ.. သားသ္မီးဝတ် ငါးပါးမှာပါတဲ့ စောင့်လေမျိုးနွယ် ဆိုတဲ့ စကားအတိုင်း တို့ဖခင် ဖြစ်စေလိုတဲ့ ပြည်သူချစ်တဲ့ တပ်မတော်ဖြစ်ဖို့ မင်းတို့လို အမှုထမ်းဆဲ တပ်မတော်သားတွေမှာရော ငါတို့လို တပ်မတော်သား ဟောင်းတွေမှာပါ တာဝန် ရှိတယ်နော်။

သူငယ်ချင်းရေ
ဒီတော့မင်းတို့ကလည်းတပ်တွင်းမှာ မွေးနေ့မွေးရက်ဆုံနေတဲ့ တပ်မတော် ဖခင်ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၉၅ နှစ်မြောက် မွေးနေ့ကို ကိုယ့်အစီစဉ်နဲ့ကိုယ် ကျင်းပစေချင်တယ်။ ငါတို့လဲ ပြင်ပကနေ ကျင်းပရင်းနဲ့ ဖအေကို ခြေစုံကန်နေတဲ့ သားမိုက် ဗိုလ်ချုပ်မှူးကြီးတို့ လူတသိုက်ကို ဆုံးမသတိပေးရ အောင်လား။

ငါတို့ မိသန်းအေးက ပြောမှာပဲ၊ သူ့အကြောင်းလေးတောင် မေးဖော်မရဖူးလို့။ ပြောလိုက်ပါကွာ၊ အစဉ် မင်းကို သတိရခြင်းနဲ့ အတူ သူ့ကိုလည်း သတိရနေကြောင်း။ သူရဲ့ ပဲပြုပ်နဲ့ မျှစ်ကြော်ကို အမြဲ သတိရနေပါတယ်လို့။ အခုရော မင်းတို့ ပဲပြုပ်နဲ့ မျှစ်ကြော်တောင် စားနိုင်သေးရဲ့လား သူငယ်ချင်း၊။

မင်းတို့တပ်မိသားစုအပေါင်းကိုယ်စိတ်နှစ်ဖြာ ကျမ္မာ ချမ်းသာပြီး ဘေးဘယာ ကင်းဝေးလို့ စစ်မှန်တဲ့ ပြည်သူ့ တပ်မတော်ကို တည်ဆောက်နိုင်သူများ ဖြစ်ကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

မင်းတို့ကိုခင်တဲ့
မင်းတို့ကခင်တဲ့
နှောင်းလူ

Read More...

တပ်နဲ့ ပြည်သူ ဘဝတူ (၁)

သူငယ်ချင်းရေ

တို့တွေခွဲခွာခဲ့ဝေးကွားခဲ့ကြတာ အခုဆို အနှစ်ဆယ်ကျော်ပီနော်။ သူငယ်ချင်းနဲ့ ကိုယ်က ဖောင်ကြီးအမှတ် ( ၁ ) လေ့ကျင့်ရေးမှာ စတွေ့ကြတာလေ။ သင်တန်းပီးလို့ တာဝန်ကျတဲ့ တပ်ကျပြန်တော့လဲ အတူပဲဆိုတော့ တအူတုံဆင်း ညီအရင်းလို ဖြစ်ခဲ့ကြရတယ်။ ဒါပေမဲ့ တို့ရဲဘော်တွေရဲ့ ဘဝဟာပြည်သူတွေရဲ့ ဘဝ တွေလိုပါပဲ၊ ငတ်တလဲ ပြတ်တလဲနဲ့ နေရတာ။ ဒီကြားထဲ ရှေ့တန်းက ပြန်ရောက်ပြန်တော့ လစာကို အထက်အရာရှိတွေ သုံးထားတာနဲ့ ကြုံရသေးပေါ့။ တို့ရဲဘော်တွေနဲ့ စစ်တပ်ကို ခါးပိုက်ထဲ ထည့်ထားတဲ့ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးတွေ ကတော့ တိုင်းပြည်ရဲ့ ကယ်တင်ရှင် အဖြစ် ဟစ်ကြွေးပီး၊ ချမ်းသာနေတယ်။ တိုင်းပြည်နဲ့ လူထုက ဆင်းရဲနေရတယ်။ ကမ္ဘာ့ အဆင်းရဲဆုံး ဖြစ်ခဲ့ရတာ သူငယ်ချင်းလဲ သိပါတယ်။

ဒါတွေ- မခံနိုင်တော့တဲ့အဆုံး ကျောင်းသားတွေနဲ့ အတူ ပြည်သူ တစ်ရပ်လုံးက အာဏာရှင်စနစ် ကျဆုံးပါစေ၊ တစ်ပါတီစနစ် ဖျက်သိမ်းပါ။ ပါတီစုံ ဒီမိုကရေစီနဲ့ ကြားဖြတ် အစိုးရကို တောင်းဆို ခဲ့ကြတော့တာပေါ့။ ဒီတုံးက သူငယ်ချင်းနဲ့ကိုယ် လက်ခုပ်တီး ထောက်ခံခဲ့တာ မှတ်မိနေသေးတယ် သူငယ်ချင်း။

တပ်နဲ့ပြည်သူ၊ ဘဝတူ၊ အတူလက်တွဲ၊ ဒို့အောင်ပွဲ
စားဝတ်နေမှု ဖူလုံရေး၊ ချက်ချင်းဖြေရှင်းပေး

တွေ့ဆုံ ဆွေးနွေး အဖြေရှာရေး၊ လက်တွေ့ဦးစားပေး---- လို့
ရေးထား တောင်းဆိုထားတယ် သူငယ်ချင်း။


သူငယ်ချင်းရေ-တပ်မိသားစုရဲ့ပန်ကြားလွှာဟာ လက်တွေ့ ကိုယ်တို့နိုင်ငံရဲ့ ပကတိ အခြေနေကို ထင်ဟပ် ပြတာပါပဲ။ သူငယ်ချင်းလဲ အခုလို ပြည်သူက တပ်ကို ရွံ့ကြောက်မုန်းတီး နေတာကို အရင်လို ပျိုတိုင်း ကြိုက်တဲ့ နှင်းဆီခိုင် တပ်အဖြစ် ပြောင်းလဲနိုင်ဖို့၊ ဘဝတူ တပ်နဲ့ပြည်သူ၊ အတူလက်တွဲပီး အောင်ပွဲဆီကို သွားဘို့၊ စိတ်တူ၊ ယုံကြည်ချက် တူသူတွေနဲ့ လက်တွဲ ဆောင်ရွက်ဖို့ လုပ်နေပီလို့ ကိုယ်ယုံကြည်တယ် သူငယ်ချင်း။

မိသန်းအေးကိုလဲငါက သတိရတယ်လို့ ပြောလိုက်ပါ။ သူငယ်ချင်းတို့ တမိသားစုလုံး ကိုယ်စိတ်နှစ်ဖြာ ကျမ္မာ ချမ်းသာလို့ ဘေးဘယာ အပေါင်းက ကင်းဝေးကာ ဘဝတူ ပြည်သူတွေရဲ့ အကျိုးကို အောင်မြင်စွာ သယ်ပိုး နိုင်ပါစေလို့ မေတ္တာပို့သ လိုက်ပါတယ်။



Read More...

ဦးဝင်းတင် နှင့် ပဒိုဒေးဗစ်သကဘော် စကားပြောခြင်း

Discussion on NDF Presd n U Win Tin

Discussion on NDF Presd n U Win Tin

နေ့စဉ်သတင်းများ (၄ - ၂ - ၁၀)

စစ်အစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှုများက နိုင်ငံတကာရာဇ၀တ်မှုမြောက် သတင်း
ဒေါ်အောင်ဆန်းစုကြည်က ဗဟိုတရားရုံးချုပ်တွင် ကန့်ကွက်စာတင် သတင်း
ဒု-ဥက္ကဋ္ဌ ပြန်လည်လွတ်မြောက်ရမည်ဟု အန်အယ်လ်ဒီ မျှော်လင့် သတင်း
KNU ခေါင်းဆောင်နေအိမ်နှင့် မီဒီယာတဖွဲ့ကို ထိုင်းလုံခြုံရေးအဖွဲ့များ ဝင်ရောက်စစ်ဆေး သတင်း
ကရင်သတင်းစဉ်ရုံးခန်းကို ထိုင်းအာဏာပိုင်များ စစ်ဆေး သတင်း
ရွှေ့ပြောင်းလုပ်သား (၉) ဦး အသတ်ခံရမှု ရဲကို သင်္ကာမကင်းဖြစ် သတင်း
မြန်မာ (၉) ဦးကို သတ်ဖြတ်သည်ဟု ယူဆရသူ ထိုင်းရဲအရာရှိ သေကြောင်းကြံ သတင်း
(၉၅)နှစ်မြောက် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ် ကဗျာစာအုပ် ထုတ်မည် သတင်း
ဦးသန့်ဇရပ် ပြုပြင်ရာတွင် မြန်မာ့သံဃာတော်များ မပါဝင်စေလို သတင်း
ဘားမား ဗီဂျေ အော်စကာရရန် အလားအလာကောင်း သတင်း
ရွေးကောက်ပွဲအောင်နိုင်ရေး နိုင်ငံခြားအခါပေးများ စစ်အစိုးရ ခေါ်ယူ သတင်း
ကြံ့ဖွံ့ဦးဆောင်၍ လူထုစည်းရုံးမှုများ လုပ်ဆောင်နေ သတင်း
ကချင်တော်လှန်ရေး ပင်လုံစာချုပ်ကို ဦးတည် သတင်း
အပစ်ရပ်များအား အင်အားသုံးတိုက်ရန် မလိုတော့ဟု တြိဂံတိုင်းမှူး ပြော သတင်း
မိုင်းလားအထူးဒေသတွင် လူအ၀င်အထွက် ပုံမှန်ပြန်ဖြစ် သတင်း
ကရင်ဒုက္ခသည်များအား ဌာနေပြန်ပို့မှု ပို့သူတွင် တာဝန်ရှိဟု ကေအန်ယူ ပြောကြား သတင်း
ဒုက္ခသည်များ ပြန်မပို့ရန် ထိုင်း - မြန်မာ မိတ်ဆွေများ တောင်းဆို သတင်း
မြင်းခြံမှ နိုင်ငံရေးအကျဉ်းသားအချို့ ပျောက်ဆုံး သတင်း
(၈) နှစ်ကြာသော်လည်း ဦးအောင်ဆန်းဦးနေအိမ် မပြီးပြတ်နိုင်သေး သတင်း
Backbone ကြောင့် အင်တာနက်ပျက်ရသည်ဟု ရတနာပုံပြော သတင်း
မကြေညာသည့် သွင်းကုန်ဈေးနှုန်းသစ်များကြောင့် နယ်စပ်ကုန်သည်များ အခက်တွေ့ သတင်း
မီးသင်္ဂြိုဟ်စားရိတ် (၇) ဆ တိုးမည် သတင်း
ထိုင်းတွင် မြန်မာနာရေးကူညီမှုအသင်းများ ဖွဲ့စည်း သတင်း
ကချင်အထူးဒေသ (၁) ကုမ္ပဏီ ဘောလုံးအသင်းထောင် သတင်း
ခိုးကူးခွေအရောင်းဆိုင်များကို လိုင်စင်လုပ်ပေးရန် စီစဉ် သတင်း
ယခုနှစ်တွင်လည်း ကျော်သူ အကယ်ဒမီပွဲဖိတ်စာ မရ သတင်း
မြန်မာရုပ်ရှင် ဖွံ့ဖြိုးတိုးတက်ရေး ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) ၏ အမြင် သတင်း
ကုလားအုပ် (၃) ကောင် ဒေါ်လာ ၆.၄၅သန်း UAE စော်ဘွားပေး သတင်း
နှစ် (၁၅၀၀) ကျော်က ဗုဒ္ဓကျောင်းတော်ကြီး ဘင်္ဂလာဒေခ်ျ့တွင် တူးဖော်တွေ့ရှိ သတင်း
ထိုင်းနိုင်ငံရေး ရှုပ်ထွေး၊ ဒါပေမယ့် အာဏာသိမ်းမှာ မဟုတ်လို့ ချာဗာလစ် ပြော သတင်း

Thursday, February 4, 2010

အပြန်အလှန် ထောက်ခံကြ၊ အပြန်အလှန် ပေါင်းစပ်လှုပ်ရှားကြ

တပ်မတော်သားဟောင်းတဦး
၎/ ဖေဖော်ဝါရီ ၂၀၁၀

ပြည်တွင်း ပြည်ပ၊ ပါတီတွင်း ပါတီပ အကြောင်းအချက်များအရ ၁၉၈၉ ခုနှစ်မှာ န၀တစစ်အုပ်စုရဲ့ ဗကပ ဖြိုခွဲရေး လုပ်ကြံမှု အောင်မြင် သွားခဲ့တယ်။ အဲဒီအချိန်ကစပြီး ဗမာပြည် လက်နက်ကိုင် တော်လှန်ရေး ဒီရေဟာ နိမ့်ဆင်း သွားခဲ့တယ်။ အဲဒီအခြေအနေမှာ မိုးဦးကျ မှိုတွေ၊ မျှစ်တွေ အလျှိုအလျှို ပေါက်လာသလို အပစ်ရပ် အဖွဲ့တွေ ပေါ်လာကြတယ်။

န၀တစစ်အုပ်စုဟာ အပစ်ရပ်အဖွဲ့တွေကို သက်ဆိုင်ရာ နယ်မြေဒေသအလိုက် လက်နက် ကိုင်ဆောင်ခွင့်၊ စီးပွားရေး လုပ်ကိုင်ခွင့်တွေ ပေးခဲ့တယ်။ တရားမ၀င် မူးယစ်ဆေးဝါး ထုတ်လုပ် ရောင်းချခွင့်ကိုတောင် ပေးခဲ့တယ်။ ရည်ရွယ်ချက်က အပစ်ရပ် အဖွဲ့တွေကို အမျိုးသား တန်းတူရေး နိုင်ငံရေး အင်အားစုများ အဖြစ်မှ စီးပွားရေး အင်အားစုများ အဖြစ် ပြောင်းလဲ ဖျက်ဆီးပစ်ဖို့ ဖြစ်တယ်။ သူတို့ အလိုကျ မဖြစ်ရင် တရားမ၀င် မူးယစ်ဆေးဝါး ထုတ်လုပ် ရောင်းချတဲ့ အဖွဲ့အစည်းများ အဖြစ် တရားခံရှာဖို့ ဖြစ်တယ်။ ဒီနည်းနဲ့ အပစ်ရပ် အဖွဲ့အစည်းတွေရဲ့ နိုင်ငံရေး လက္ခဏာ လုံးပါး ပါးစေပြီး၊ အဲဒီ အဖွဲ့အစည်းတွေရဲ့ လက်နက်ကိုင် တပ်တွေကို အပိုင်စီးဖို့ ဒါမှမဟုတ် ဖျက်သိမ်းပစ်ဖို့ ဖြစ်တယ်။ တပြည်လုံးဆိုင်ရာ အမျိုးသား နိုင်ငံရေး လှုပ်ရှားမှုကြီးနဲ့ ကင်းကွာ သွားစေဖို့ ဖြစ်တယ်။

၁၉၈၉ ကာလနဲ့ အဲဒီမတိုင်မီကာလများက န၀တ စစ်အုပ်စုရဲ့ အဓိက ဦးတည်ရန်သူဟာ ဗကပ ဖြစ်တယ်။ တပြည်လုံး လက္ခဏာနဲ့ လက်နက်ကိုင် တော်လှန်ရေး ဆင်နွှဲနေတဲ့ အဓိက နိုင်ငံရေး အင်အားစု ဗကပ ပြိုကွဲသွားပြီလို့ ယူဆပြီးတဲ့နောက် နအဖရဲ့ အဓိက ဦးတည်ရန်သူဟာ ၁၉၉၀ ပြည့်ရွေးကောက်ပွဲမှာ အပြတ် အောင်ပွဲရခဲ့တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဖြစ်လာတယ်။ အန်အယ်လ်ဒီကို ဦးတည် ချေမှုန်းနိုင်ဖို့ အန်အယ်လ်ဒီက သပိတ်မှောက်ထားတဲ့ ညောင်နှစ်ပင် ညီလာခံကို ‘အပစ်ရပ်အဖွဲ့’ တွေ တက်လာအောင် နအဖ က အကွက်ဆင်ခဲ့တယ်။ အပစ်ရပ်အဖွဲ့တွေ အန်အယ်လ်ဒီ အပါအ၀င် ဒီမိုကရေစီ အင်အားစု မှန်သမျှအကြား အပြန်အလှန် ဆက်စပ်ခွင့် မရအောင်လည်း နအဖက နည်းမျိုးစုံနဲ့ ချုပ်ချယ် ကန့်သတ်ခဲ့တယ်။ ဒါဟာ ဒီမိုကရေစီရေးနဲ့ အမျိုးသား တန်းတူရေးလှုပ်ရှားမှုကို မပေါင်းစည်း မိအောင် ရည်ရွယ်တာပဲ ဖြစ်တယ်။

Read More...

နေ့စဉ်သတင်းများ (၃ - ၂ - ၁၀)

မကွေးတိုင်း၌ ဘုရားပွဲတွင် လူကို ကြိုးတုပ်နှောင်ပြီး စစ်သားအဖြစ်စုဆောင်း သတင်း
ဗဟိုဥပဒေအထောက်အကူပြုအဖွဲ့ အစည်းအဝေးကျင်းပပြုလုပ် သတင်း
မန္တလေးတိုင်းအတွင်းရှိ မြို့နယ်တွေမှာ အဖွဲ့ချုပ်အမျိုးသမီးအဖွဲ့တွေ ဖွဲ့စည်းပေး သတင်း
ရွေးကောက်ပွဲကာလအတွင်း ဒေါ်အောင်ဆန်းစုကြည် လွတ်နိုင်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပြောကြား သတင်း
NLD-LA (မလေးရှား) မှ ရွေးကောက်ပွဲအကြောင်း ရှင်းလင်းပွဲလုပ် သတင်း
ရှေ့နေ ကိုဖိုးဖြူ လွတ်မြောက်ဖွယ်ရှိ သတင်း
စိတ်ကြွဆေးပြား လေးသန်းသည် UWSA လုပ်ဟု ထိုင်းက ပြော သတင်း
မိုင်းလားအတွင်းရေးမှူး လုပ်ကြံခံရမှု အပစ်ရပ်များကြား ဂယက်ရိုက် သတင်း
စစ်အစိုးရလှုပ်ရှားမှုအပေါ် သတိထားစောင့်ကြည့်နေရဟု မွန်ပြည်သစ်ပါတီဥက္ကဌကြီးမှ ပြောကြား သတင်း
နိုင်အောင်နိုင်အဖွဲ့မှ ဘုရားသုံးဆူ လိုင်းကားများအပေါ် အခွန်ကောက်ခံနေ သတင်း
မြန်မာအင်တာနှေး - ရန်ကုန်မြို့တွင် အင်တာနက်လိုင်းများ ပြတ်တောက်လုနီးပါးဖြစ်နေ သတင်း
နိုင်ငံပိုင် မြန်မာ့လေကြောင်းကို ကမ္ဘောဇဘဏ်သို့ ရောင်းချ သတင်း
မြန်မာ (၉) ဦး သေဆုံးမှုတွင် ပါဝင်ပတ်သက်သူများအား ထိုင်းရဲက ဖမ်းဝရမ်းထုတ်လိုက်ပြီ သတင်း
မယ်လစခန်းရှိ ကရင်ဒုက္ခသည် (၉၀) ဂျပန်မှာ အခြေချခွင့်ရမည် သတင်း
ရန်ကုန်မြို့၏ ကမ်းနားတလျှောက် မြေကွက်များ၊ ဈေးများ၊ ၀န်ထမ်းအိမ်များ ဖယ်ရှားခံရနိုင် သတင်း
ရန်ကုန်မြို့တွင်းဧရိယာ၌ လူစီးဒိုင်နာကားများ ၀င်ရောက်ခွင့်မရှိတော့ သတင်း
ယာယီနိုင်ငံကူးလက်မှတ်ကြောင့် အလုပ်သမားများ ဌာနေသို့ အပြန်များ သတင်း
မသန့်စင်သော ငါးများ ဈေးတွင် ရောင်းချနေဆဲ သတင်း
ရန်ကုန်ရှိ တိုင်းရင်းသားကျေးရွာတွင် မွန်အမျိုးသားနေ့ အခမ်းအနားအဖြစ် ကျင်းပခွင့်ရခဲ့ သတင်း
ပြန်/ဆက်အောက်က ရပ်/ကျေး စာကြည့်တိုက်မှာ တိုင်းရင်းသားစာပေများ ထားခွင့်မပေး သတင်း
ကေအိုင်အိုတော်လှန်ရေးနေ့ အထိမ်းအမှတ်ပွဲတော် စတင်ကျင်းပ သတင်း
မပြီးဆုံးသေးတဲ့ ကရင့်တော်လှန်ရေး သတင်း
ဘားမားဗွီဂျေ ရုပ်ရှင်မှတ်တမ်း အော်စကာဆုအတွက် ပဏာမ (၅) ခုစာရင်းမှာ ပါဝင်နေ သတင်း
မြန်မာအတွက် ဒေါ်လာ (၃၄.၈) သန်း အိုဘားမား အဆိုပြု သတင်း
စစ်တပ်အတွင်း ရွေးကောက်ပွဲကို စိတ်မဝင်စား သတင်း
မန္တလေးတိုင်းက နိုင်ငံရေးအကျဉ်းသားများကို ဝေးလံသည့်ထောင်များသို့ ပို့ဆောင် သတင်း
ဘင်္ဂလီအလုပ်သမားများနှင့် ရန်ဖြစ်မှု မြန်မာဘုတ်သမားများ တာကာ (၅၀၀၀၀) ဒဏ်တပ်ခံရ သတင်း
အကော်ဒီယံအုန်းကျော်ကို ဂီတအစည်းအရုံး တရားစွဲ သတင်း
အနောက်တိုင်း ဖော်ချွတ်အကများ ရခိုင်တွင် ခေတ်စား သတင်း
သမ္မတ အိုဘားမားနဲ့ တိဘက်ခေါင်းဆောင်တို့ကြား တွေ့ဆုံမှု တရုတ် ထပ်မံကန့်ကွက် သတင်း
နော်လွီဇာဘင်ဆင် - ကရင်အမျိုးသားတို့ရဲ့ ငွေကြယ်တပွင့် (ဆောင်းပါး)
မြန်မာနိုင်ငံနှင့် လျှပ်စစ်ဖူလုံရေး အလားအလာ (ဆောင်းပါး)
လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆိုးဆိုးဝါးဝါး ဆက်လက်ဖြစ်ပေါ်နေဆဲ (အင်တာဗျူး)

နယ်ခြားစောင့်တပ် ဖွဲ့ဖို့ လက်မခံနိုင်ဘူး

Wednesday, 03 February 2010

နိုင်ထောမွန်သည် မွန်ပြည်နယ် အခြေစိုက် နိုင်ငံရေးအဖွဲ့ ဖြစ်သည့် မွန်ပြည်သစ် ပါတီ၏ ဥက္ကဋ္ဌ ဖြစ်သည်။ ၁၉၅၈ ခုနှစ်တွင် စတင် တည်ထောင်သည့် မွန်ပြည်သစ် ပါတီသည် လက်နက်ကိုင် တော်လှန်ရေး လမ်းစဉ်ကို ကျင့်သုံးခဲ့ပြီး မြန်မာ့ တပ်မတော်နှင့် နှစ်ပေါင်းများစွာ တိုက်ခိုက်လာခဲ့ရာမှ လွန်ခဲ့သည့် ၁၅ နှစ်က အပစ်အခတ် ရပ်စဲရန် သဘော တူညီခဲ့ကြသည်။

မွန်ပြည်သစ်ပါတီသည် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ရေးဆွဲသည့် အမျိုးသားညီလာခံတွင် ပါဝင်ခဲ့သော်လည်း နောက်ပိုင်းတွင် အခြေခံဥပဒေ ရေးဆွဲမှု အစီအစဉ်နှင့် ပတ်သက်ပြီး စစ်အစိုးရနှင့် သဘောထားခြင်း မတိုက်ဆိုင်သဖြင့် ညီလာခံသို့ လေ့လာသူ တချို့ကိုသာ စေလွှတ်ခဲ့သည်။

၂၀၀၉ ခုနှစ်တွင် တခြားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကဲ့သို့ပင် မွန်ပြည်သစ်ပါတီသည် သူ၏ စစ်ရေးအဖွဲ့ကို နယ်ခြားစောင့် တပ်များအဖြစ် အသွင်ပြောင်းရန် စစ်အစိုးရ၏ ညွှန်ကြားချက်နှင့် ရင်ဆိုင်ရသည်။

ဇန်နဝါရီ ၃၀ ရက်နေ့၊ မွန်အမျိုးသား နေ့တွင် ဥက္ကဋ္ဌ နိုင်ထောမွန်က ဧရာဝတီနှင့် ထိုင်း-မြန်မာ နယ်ခြားတွင် တွေ့ဆုံစဉ် မြန်မာ့နိုင်ငံရေး အခြေအနေ၊ မွန်ပြည်သစ် ပါတီ၏ သဘောထား အမြင်တို့ကို ပြောပြခဲ့သည်။

မေး။ ။ မွန်ပြည်သစ်ပါတီ အနေနဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ဘယ်လိုထင်လဲ။

ဖြေ။ ။ကျနော်တို့ သဘောထား ပေးထားပြီးသားပဲ။ ဖွဲ့စည်းအုပ်ချုပ်ပုံ (အခြေခံဥပဒေ) ကို ပြင်ဖို့၊ ပြင်ပြီးမှ ကျနော်တို့ စဉ်းစားရမှာပေါ့၊ ဒီအတိုင်းဆိုရင် ကျနော်တို့ လက်မခံဘူး ပြောထားပြီးသားပဲ။

မေး။ ။ နအဖ စစ်အစိုးရရဲ့ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို ဘယ်လို မြင်ပါသလဲ။

Read More...

Wednesday, February 3, 2010

နေ့စဉ်သတင်းများ ( ၂ - ၂ - ၁၀)

ဦးအောင်ဆန်းဦးတို့ ဇနီးမောင်နှံ ဗုဒ္ဓဘာသာဝင်အဖြစ်မှ ထုတ်ပယ်ခံရ သတင်း
သံဃာ့တပ်ပေါင်းစုနှင့် ဆက်သွယ်သူများကို ထောင်ဒဏ်ချမှတ် သတင်း
မြန်မာ့အရေးအတွက် အိုဘားမား ဒေါ်လာ (၃၆.၅) သန်း အဆိုတင်သွင်း သတင်း
ဦးသန့်၏ ခေါင်းဆောင်မှုကို ဘန်ကီမွန်း ချီးကျူး သတင်း
မြန်မာအလုပ်သမားများ အသတ်ခံရမှု အာဏာပိုင်များ ပါဝင် သတင်း
ဖမ်းဆီးထားသူများအား ညှဉ်းပန်း၍ ဖြောင့်ချက်ရယူမှု ရှေ့နေများကောင်စီက စုံစမ်းသွားမည် သတင်း
စစ်အုပ်စု ရွေးကောက်ပွဲ ပြင်ဆင်၊ သို့သော် လူထုကို အမှောင်ချ သတင်း
သျှမ်းပြည်မြောက်ပိုင်း လောင်းကစားဝိုင်း၌ ဗုံးပေါက် သတင်း
ကရင်ဒုက္ခသည် (၃၀၀၀) ခန့် ထိုင်းက နေရပ်ပြန်ခိုင်း သတင်း
မြေမြှုပ်မိုင်းအန္တရာယ်ကြောင့် ဒုက္ခသည်များ ပြန်မပို့ရေး ကရင်အမျိုးသမီးအဖွဲ့ အသနားခံ သတင်း
တောင်ပေါ်သား ကလေး (၁၆) ယောက်ကို လူပွဲစားလက်မှ ဘင်္ဂလာရဲက ကယ်တင် သတင်း
တိုင်းမှူးက ငွေကောက်၍ ဘုရားတည် သတင်း
အသစ်ရောက် အမြောက်တပ်ရင်းအတွက် ရခိုင်လူထုပိုင် လယ်မြေများ ဆက်လက်သိမ်းဆည်းခံရ သတင်း
ရဲနှင့် စရဖများ ဆိုင်ကယ် အသုံးပြုဆဲ သတင်း
မြန်မာ-တရုတ် ဂက်စ်ပိုက်လိုင်း ပွင့်လင်းရာသီအတွင်း အပြီးသတ် တည်ဆောက်မည် သတင်း
ယာဉ်အပိုပစ္စည်း အခွန်စည်းကြပ်ရာတွင် ပြင်ပဒေါ်လာပေါက်ဈေး သတ်မှတ် သတင်း
အလှဖန်တီးရှင် မယ်ရွေးပွဲ တရားဝင်ကျင်းပခွင့် ပိတ်ပင် သတင်း
မယ်ဆိုင်ဖိနပ်စက်ရုံမှ အလုပ်ထုတ်ခံ မြန်မာအလုပ်သမားများ လျော်ကြေးရ သတင်း
စက်ရုံပိတ်၍ မြန်မာအလုပ်သမားများ အခက်အခဲဖြစ် သတင်း
မလေးရှားက ဒုက္ခသည်များကို ယာယီနေခွင့်ပြုရန် စီစဉ် သတင်း
သတင်းထောက်များ ကာကွယ်ရေးကော်မတီက မြန်မာသတင်းသမားများအတွက် တောင်းဆို သတင်း
‘လေလွင့်သူ’ ၀တ္ထု မူရင်းစာရေးဆရာ ကွယ်လွန် သတင်း
ရွှေမြွေဟောက် စစ်ကစားပွဲ စတင် သတင်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မူဝါဒများနဲ့ အကောင်အထည်ဖော်မှုများ (ဆောင်းပါး)

Tuesday, February 2, 2010

ရုရှ ကိုလူလည်နဲ့ မြန်မာ့လေယာဉ်အရောင်းအ၀ယ်

ဝေလင်း
၁ ဖေဖော်ဝါရီ ၂၀၁၀

ပြီးခဲ့တဲ့ (၃) လလောက်က မြန်မာ့သဘာဝဓာတ်ငွေ့ ရောင်းချရတဲ့ငွေ အမေရိကန်ဒေါ်လာ (၄) ဘီလီယံ ကျော်လောက် စာရင်း ပျောက်တဲ့ ကိစ္စ မီဒီယာ သတင်းတွေထဲ ပျံ့လွင့်ခဲ့ပါတယ်။ ရလိုက်တဲ့ ဒေါ်လာတွေကို လက်ရှိ ပေါက်ဈေးနဲ့ (တဒေါ်လာ ၆ ကျပ်နှုန်းနဲ့) ဖြတ်ပြီး ကျန်တာတွေ နအဖ ဗိုလ်ချုပ်များ အိတ်ကပ်ထဲ ရောက်ကုန်ပြီလို့ တချို့က ပြောကြပါတယ်။

တဘက်ကလည်း နယ်စပ်ဈေးကွက်တွေထဲမှာ အရင်နိမ့်ကျနေတဲ့ မြန်မာငွေဟာ အခုနှစ်ကုန်ပိုင်း အတွင်း သိသာလောက်အောင် ပြန်မြင့် တက်လာပြီး မြန်မာကျပ်ငွေ ရှားပါးမှုဖြစ်နေတာကို အချို့က ရှိနေတဲ့ ဒေါ်လာတွေ တခြားစီးဆင်းကုန်တာကြောင့်လို့ ပြောပါတယ်။

လေ့လာသူတချို့ကလည်း ခရီးသွားလုပ်ငန်းကနေ ဒေါ်လာ (၁၆၅) သန်းလောက် ပြန်ဝင်လာတာလို့ တွက်ဆနေပါတယ်။ ဓာတ်ငွေ့က ရတဲ့ ဒေါ်လာတွေ ဘယ်ကိုများ စီးထွက်ကုန်သလဲလို့ တွေးနေတုန်း အခု မြန်မာ နအဖ စစ်အစိုးရက ရုရှဆီကနေ စစ်လေယာဉ် ဒေါ်လာသန်း (၆၄၁) ဖိုး မှာယူကြောင်း တွေ့ရပါတယ်။ သြော်… ဒါကြောင့်ကိုး။

Read More...

၁၉၄၈ ခုနှစ်တုန်းကလို ပြန်ဖြစ်နိုင်သလား

January 23, 2010

ဗိုလ်သန်းရွှေက ဒီနှစ်ထဲမှာ ရွေးကောက်ပွဲလုပ်မယ့် အကြောင်း ထပ်ပြောပြန်တယ်။ သူတို့ ရွေးကောက်ပွဲ မလုပ်လို့ မဖြစ်တော့ဘူး။ ဒီအတိုင်း ဆက်သွားနေရင် ပြည်တွင်း ပြည်ပမှာ ပိုချဉ်ပတ်ဖြစ်လာမယ်။ နိုင်ငံတကာ ဗိုလ်ပုံအလယ်မှာ သူတို့ ပုံရိပ်ကို နည်းနည်းလေးပဲ ဖြစ်ဖြစ် ပိုကောင်းလာစေ မလားလို့။ နောက်ပြီး ဒီရွေးကောက်ပွဲကို အကြောင်းပြုပြီး ပြည်တွင်း ပြည်ပက ဗမာပြည်သားတွေ ထဲမှာ သူတို့ကို ထောက်ခံတဲ့သူတွေ ဖော်ထုတ်နိုင်မယ်။ တနည်း အရပ်ဝတ် အလိုတော်ရိတွေ ထပ်မွေးနိုင်မယ်။ နိုင်ငံရေးသမား ကြီးငယ်၊ ဟောင်းသစ်၊ ပညာတတ်၊ လူမျိုးစု၊ အလွှာ အသီးသီးထဲမှာ သူတို့ အလိုတော်ရိ၊ ဒါမှမဟုတ် မဆန့်ကျင်ရဲသူတွေ ထွက်လာမှာ သေချာတယ်။ အနည်းဆုံး သူတို့ ထောက်လှမ်းရေး အတွက် ဘီလူးစည်း လူစည်း ကွဲသွားတာပေါ့။

အနှစ်နှစ်ဆယ်ကျော် ယူနီဖောင်းဝတ်နဲ့ အာဏာယူထားခဲ့တဲ့နောက် အရပ်ဝတ်တွေကို ကက်ဘိနက်ထဲမှာ ထည့်မလို့ လုပ်တဲ့ နအဖရဲ့ ဒီခြေလှမ်းမှာ အခု သူတို့အတွက် အကြီးမားဆုံး အတားအဆီးကြီး တခုကို ကြုံတွေ့နေရတယ်။ အဲဒါကတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ရွှေဂုံတိုင် ကြေညာစာတမ်းပဲ။ ဒီတပွဲဟာ ရွှေဂုံတိုင် ကြေညာစာတမ်းနဲ့ နအဖရဲ့ ၂ဝဝ၈ ခုနှစ်ဖွဲ့စည်းပုံ ဥပဒေတို့ ကျားနဲ့ ဆင် လယ်ပြင်မှာ တွေ့တဲ့ ပွဲလို့ဆိုရင် မမှားဘူး။ ဒီပွဲကောင်းကို ကမ္ဘာကရော ဗမာပြည်ကပါ မျက်စိ ဒေါက်ထောက် ကြည့်နေကြတယ်။ နောက်ပြီး အခြေအနေက ဘယ်သူ့ ဘယ်သူမှ လျှော့ပေးလို့ မရဘူး။

ဒီလိုအခြေအနေနဲ့ပတ်သက်ပြီး ပြည်တွင်းမှာ ရေးခွင့် (နည်းနည်းပါးပါး) ရထားတဲ့ “ကလောင်ရှင်”တွေက ကိုယ့်အမြင်တွေ ကိုယ်ရေးကြ၊ “ဆရာလုပ်ကြ”တာတွေ တွေ့နေရတယ်။ အမျိုးမျိုးပဲ။ လူအမျိုးမျိုး၊ စာအမျိုးမျိုး ဆိုပါတော့။ စစ်နဲ့ တော်လှန်ရေးကို မှီဖူးသူတွေက ပုံစံတမျိုးနဲ့ ရေးတယ်။ တခါ ဖဆပလခေတ် မှီလိုက်သူတွေကလည်း သူတို့ပုံစံနဲ့ သူတို့ရေးကြသလို မဆလခေတ်ကို မှီလိုက် သူတွေကတမျိုး၊ နဝတ-နအဖခေတ်ကို မှီသူတွေက တမျိုး၊ ကိုယ်သန်ရာ သန်ရာ ရှုဒေါင့်ကနေ ရေးကြတယ်။ သူတို့ ဘယ်လိုပဲရေးရေး၊ အားလုံးမှာ တူညီနေတဲ့ အကြောင်းအရာ တခုကတော့ ဒီ ၂ဝ၁ဝ မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ နအဖတို့ ထိပ်တိုက် တွေ့ကြမလား၊ ဘာဖြစ်မလဲ ဆိုတာပဲ။ ထောက်လှမ်းရေးရဲ့ မော်ကွန်းတိုက်ထဲက အချက်အလက်တွေ၊ အမှတ်အသားတွေ ကိုတောင် ဗန်းတင် လာတာလည်း တွေ့ရတယ်။



Read More...

နေ့စဉ်သတင်းများ ( ၁ - ၂ - ၁၀)

မဲဆောက်အနီး တောထဲတွင် မြန်မာ (၇) ဦး သေဆုံးမှု မြို့နယ်ရဲတပ်ဖွဲ့ဝင်များ အစီရင်ခံစာတင်ရ သတင်း
မြန်မာ (၉) ဦး၏ ရုပ်အလောင်း နယ်စပ်တွင် တွေ့ သတင်း
ကာကွယ်ရေးတက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်ချုပ်မြ၀င်း အငြိမ်းစားယူ သတင်း
အပစ်ခတ်ရပ်စဲရေး ဆက်ထိန်းသွားလိုကြောင်း မွန်ပြည်သစ် ပြောကြား သတင်း
ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆု ကရင်ကျန်းမာရေးလုပ်သား စောညွန့်ဝင်း ဆွတ်ခူးရရှိ သတင်း
ဆစ်ဒနီ ကရင်လူငယ်များ နှီးနှောဖလှယ်ပွဲ ပြီးစီး သတင်း
ဂျပန်သွားမည့် ဒုက္ခသည်များကို လူတွေ့စစ်ဆေးတော့မည် သတင်း
လွတ်လပ်ပြီး တရားမျှတမှု ရှိမှာလား သတင်း
မီးပျက်ချိန် (၃) ဆပိုလာမည့် အချိန်ဇယားသစ် ထုတ်ပြန် သတင်း
ရန်ကုန်မြို့တွင်း ဒိုင်နာပြေးခွင့်ပိတ်၍ ခရီးသွားပြည်သူများ အခက်တွေ့ သတင်း
ပို့ကုန်မှရသည့် ဒေါ်လာငွေဈေးနှုန်း၊ ပုံမှန်ထက်မြင့်တက် သတင်း
ဆယ်တန်းစာမေးပွဲ ခိုးကူးစာအုပ်ငယ်ဈေးကွက် ကြီးမားလာ သတင်း
သွင်းကုန်လိုင်စင်များ ကြန့်ကြာ သတင်း
စိုင်းတင်ချောင်းကို သွားလာခွင့် ပိတ်ပြီ သတင်း
ထေရဝါဒဗုဒ္ဓဘာသာ အနှစ်ချုပ်အညွှန်း ယေဓမ္မာဂါထာတော် သတင်း
တာလီဘန်တွေနဲ့ ပြန်လည်သင့်မြတ်ရေး အာဖဂန်သမ္မတ ထပ်မံပြောဆို သတင်း
အာဖရိကသမဂ္ဂ အလှည့်ကျ ဥက္ကဋ္ဌ မာလာဝီနိုင်ငံ ယူမည် သတင်း
ခတ္ထိယ လက်နက်ချပြီ သတင်း
(၂၀) တန် အရွက်တွေနေရာမှာ ဘတ် (၂၀) အကြွေစေ့တွေ အစားထိုးတော့မလား သတင်း
ရုရှ ကိုလူလည်နဲ့ မြန်မာ့လေယာဉ်အရောင်းအ၀ယ် (ဆောင်းပါး)
မြန်မာ့လျှပ်စစ်နှင့် ပေါချောင် မကောင်း ပစ္စည်းပိုများ (ဆောင်းပါး)

မွန်ပြည်သစ်က ဘာကြောင့် နယ်ခြားစောင့်တပ် ငြင်းလဲ

ကျော်ခ
တနင်္လာနေ့၊ ဖေဖေါ်ဝါရီလ ၀၁ ရက် ၂၀၁၀

ချင်းမိုင် (မဇ္ဈိမ) ။ ။ယခုနှစ် တပို့တွဲလပြည့်ကျော် ၁ ရက်၊ ဇန်နဝါရီလ ၃ဝ ရက်နေ့သည် ၆၃ နှစ်မြောက် မွန်အမျိုးသားနေ့ ဖြစ်သည်။

သို့သော် မွန်တိုင်းရင်းသားများသည် ၎င်းတို့၏ စာပေ၊ ဘာသာစကားနှင့် ယာဉ်ကျေးမှုများကို လွတ်လပ် စွာ ထိန်းသိမ်း မြှင့်တင်နိုင်ခွင့် မရရှိကြောင်း မွန်ပြည်သစ်ပါတီ-NMSP မှ နိုင်ငံခြားရေးဌာန တာဝနှ်ရှိသူ တဦးက မဇ္ဈိမကို ပြောသည်။

မွန်အမျိုးသားများအပါအဝင် တိုင်းရင်းသားအားလုံး တန်းတူညီမျှရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အတွက် တခန်းတကဏ္ဍမှ ကြိုးစားနေသည့် မွန်ပြည်သစ် ပါတီသည် စစ်အစိုးရနှင့် ၁၉၉၅ ခုနှစ်တွင် အပစ်ရပ်သည်။ သို့သော် စစ်အစိုးရနှင့် နိုင်ငံရေးအရ လွတ်လပ်စွာ ဆွေးနွေးနိုင်ခြင်း မရှိသေးပေ။ စစ်အစိုးရကမူ နယ်ခြား စောင့်တပ် BGF အသွင်ပြောင်းရန်သာ တိုက်တွန်းနေသည်။ မွန်ပြည်သစ် ပါတီကလည်း ယင်းကို ငြင်းဆို ထားသည်။

မွန်တိုင်းရင်းသားများနှင့် မွန်ပြည်သစ်ပါတီ၏ လက်ရှိ ခံစားချက်နှင့် နိုင်ငံရေးအရ ရပ်တည်မှုများကို သိရှိ နိုင်ရန် မဇ္ဈိမ သတင်းထောက် ကျော်ခက မွန်ပြည်သစ်ပါတီ နိုင်ငံခြားရေးဌာန ဒုတာဝန်ခံ နိုင်ခြေးမွန်ကို မေးမြန်းထားသည်။
--------------------------------------------------------------------------------------------------------------
လက်ရှိအခြေအနေမှာ မွန် စာပေ၊ ဘာသာစကားကို ထိန်းသိမ်း ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက် နေတာတွေကို ရှင်းပြပေးပါ။ ခက်အခဲ အတားအဆီးတွေရော ရှိပါသလားခင်ဗျာ။

မွန်အမျိုးသားစာပေနဲ့ပတ်သက်ပြီး မွန်ပညာရေးကျောင်းတွေတော့ရှိတယ်။ အဲဒါတွေ နဲ့ပတ်သက်ပြီး တချို့ရွာတွေမှာတော့ ဖိနှိပ်ထားတာတွေ၊ အနှောက်အယှက်ပေးတာမျိုးတွေရှိတယ်။ မွန်စာသင်တဲ့ မွန် ကျောင်းဆရာ/ဆရာမတွေကို အနှောင့်အယှက်ပေးတာရှိတယ်။ သူတို့အနေနဲ့ ဘာရည်ရွယ်ချက်နဲ့လုပ် တာလဲဆိုတာတော့ ကျနော်တို့လည်း နားမလည်ဘူးပေါ့။

မွန်ယဉ်ကျေးမှုနဲ့ ပတ်သက်ပြီးတော့ရော လွတ်လွတ်လပ်လပ် လုပ်ကိုင်ခွင့် ရရဲ့လား။ ထိန်းသိမ်း စောင့်ရှောက်ခွင့်တွေ ရှိလား။

Read More...

Monday, February 1, 2010

နေ့စဉ်သတင်းများ ( ၃၁ - ၁ - ၁၀)

ကရင့်တော်လှန်ရေး (၆၁) နှစ်ပြည့် အခမ်းအနား ကရင်အမျိုးသားအစည်းအရုံး ကျင်းပ သတင်း
၂၀၀၉ ဖဒိုမန်းရှာ လူငယ်ခေါင်းဆောင်ဆု ဖန်းရန်ပုံငွေအဖွဲ့ ချီးမြှင့် သတင်း
မြန်မာစစ်အစိုးရ၏ အဏုမြူအကြံအစည်ကို အထူးသတိထားရန်လို သတင်း
မြန်မာ့နိုင်ငံရေးအကျဉ်းသားအခြေအနေကို ကမ္ဘာသိရေး လှုပ်ရှားမှု သတင်း
ဗိုလ်မှူးကြီး နယ်ဒါးမြနှင့် တွေ့ဆုံမေးမြန်းခြင်း သတင်း
အပစ်ရပ် မွန်ပြည်သစ် နယ်ခြားစောင့်တပ်ဖွဲ့ရေး လက်မခံ သတင်း
နအဖစစ်တပ်တွင်း ရာထူးအပြောင်းအလဲများ ဆက်တိုက်ပြုလုပ်နေ သတင်း
လယ်သမားအရေး ဆောင်ရွက်ပေးသူ ရှေ့နေအမှု အထူးအယူခံ ပြန်လည်ကြားနာမည် သတင်း
မြန်မာကို ကူညီရေး ကမ္ဘာ့ဘဏ် စဉ်းစားမှု - ပညာရှင် ဝေဖန်သုံးသပ်ချက် သတင်း
အဆိပ်ခတ်လုပ်ကြံမှုတခု စစ်တွေတွင် ဖြစ်ပွား သတင်း
နီပေါ လုမ္ဗနီဥယျာဉ်က သမိုင်းဝင် ဦးသန့်ဇရပ်ကို ဖျက်သိမ်းကြတော့မှာလား သတင်း
ပြည်သူထိခိုက်ရန် မိုင်းခွဲခြင်းမဟုတ်ဟု KNPP တုံ့ပြန်ချေပ သတင်း
ဂက်စ်ပိုက်လိုင်း တည်ဆောက်ရေးအတွက် ပင်လယ်ရေပြင် တိုင်းတာမည် သတင်း
မြန်မာ-ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်အငြင်းပွားမှု ခုံရုံးကြားနာမယ့်ရက် သတ်မှတ် သတင်း
တာ့ခ်ကနာဆိပ်ကမ်းပြဿနာ လွှတ်တော်အမတ်နှင့် လုပ်ငန်းရှင်တွေ ဖြေရှင်းနေ သတင်း
ဓာတ်ခွဲခန်းအချို့၌ ရောဂါအဖြေမှန် လိမ်ပေးနေ သတင်း
ဝန်ထမ်းတွေ လစာတိုးပေးပေမယ့် ဘာကြောင့်မပျော်နိုင်သလဲ သတင်း
နေပြည်တော်၌ သွင်းကုန်ပစ္စည်းဈေးနှုန်းတွေ တိုးပြီးသတ်မှတ် သတင်း
ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာစစ်အစိုးရ (တနင်္ဂနွေ ဆွေးနွေးပွဲ)
မူဝါဒရေးရာ ဗဟိုဦးစီးအဖွဲ့ ပြန်လည်ဖွဲ့စည်းရေး - ဘာလဲ ဘယ်လဲ (ဆောင်းပါး)

Sunday, January 31, 2010

ဗဟိုဦးစီးအဖွဲ့ ဖွဲ့စည်းရေး NLD ၏ ထုတ်ပြန်ကြေညာချက်

နေ့စဉ်သတင်းများ ( ၃၀ - ၁ - ၁၀)

ရဲချုပ်၏ သတင်းစားရှင်းလင်းပွဲ သတင်းထောက်အများစု သတင်းယူခွင့်မရ သတင်း
စစ်အစိုးရကို မြန်မာသတင်းသမဂ္ဂနဲ့ နယ်စည်းမခြား သတင်းထောက်အဖွဲ့ ရှုတ်ချ သတင်း
ရွှေဂုံတိုင်စာတမ်းကို CRPP ဝန်းရံမည် သတင်း
ဗဟိုဦးစီးအဖွဲ့ဝင်စာရင်း ပေးပို့ရန် NLD ဥက္ကဋ္ဌ ညွှန်ကြား သတင်း
ဒေါ်အောင်ဆန်းစုကြည်လွှတ်ဖို့ အမေရိကန်တို့ လိုလား သတင်း
အဖွဲ့ချုပ် ဗဟိုဦးစီး ပြန်လည်ဖွဲ့စည်းရေး စတင်ဆောင်ရွက် သတင်း
အမြောက်တပ် အရာရှိတဦး ထိုင်း-မြန်မာနယ်စပ်သို့ ထွက်ပြေးရောက်ရှိ သတင်း
ကျောင်းသားခေါင်းဆောင် ကိုလှမျိုးနောင် မျက်လုံး ပြန်လည်ကောင်းမွန် သတင်း
အိုးဘိုထောင်က နိုင်ငံရေးအကျဉ်းသားအချို့ နယ်ဝေးထောင်တွေပို့ သတင်း
ဒုက္ခသည်များကို ပြန်ပို့မည်ဟု ထိုင်းစစ်တပ်က တရားဝင်ကြေညာ သတင်း
မွန်အမျိုးသားနေ့ အခမ်းအနားများ ပြည်တွင်းနှင့် နယ်စပ်ဒေသတို့၌ ကျင်းပ သတင်း
ဒီပဲယင်းတရားခံ ဖော်ထုတ်ရန် ဆန္ဒပြတောင်းဆို သတင်း
ဆိုင်ကယ်တန်ဖိုးနှင့် လိုင်စင်ကြေး ဆတူဖြစ်နေ၍ ... သတင်း
ပလောင်တောင်တန်း ဘိန်းဆိပ်သင့်မှုဒဏ် အမျိုးသမီးများ ခံရ သတင်း
တရုတ်ရေနံကုမ္ပဏီတွေ စမ်းသပ်မှုကြောင့် စိုက်ပျိုးပြီး ယာခင်းတွေ ပျက်စီး သတင်း
ပုဂ္ဂလိကလုပ်ငန်းမှ ၀န်ထမ်းများလည်း လစာတိုးမြင့်ရန် မျှော်လင့်နေကြ သတင်း
မွန်လူထုအနေဖြင့် မွန်ခေါင်းဆောင်များ ဦးဆောင်မှုနောက်ကို လိုက်ရန် တိုက်တွန်း သတင်း
အကြမ်းဖက်ဗုံးခွဲမှုသည် မိမိတို့၏ လမ်းစဉ်မဟုတ်ဟု ကေအဲန်ယူ ဆို သတင်း
ဝ တပ်ဖွဲ့ရုံးအနီး၌ ထောင်ထားသည့် ဗုံးတလုံး တွေ့ရှိ သတင်း
မိုင်းလားတပ်ခေါင်းဆောင် အစိုးရလက်ချက်နဲ့ သေဆုံးတယ်လို့ အန်ဒီအက်ဖ် စွပ်စွဲ သတင်း
ကေအိုင်အိုနှင့် ဗိုလ်ချုပ်ရဲမြင့် တွေ့ဆုံ သတင်း
ဒီဗွီဘီသတင်းထောက် ထောင်ဒဏ်ကျခြင်းနှင့် ပတ်သက်၍ ဒီဗွီဘီ၏ ပြောကြားချက် သတင်း
၂၀၀၉ နိုင်ငံရေးအကျဉ်းသား အခြေအနေ ပိုဆိုး သတင်း
ရွေးကောက်ပွဲအရေး ၈၈ မျိုးဆက်ကျောင်းသားများ တောင်းဆို သတင်း
ယခုနှစ်သည် မြန်မာနိုင်ငံအတွက် အတိမ်းအစောင်းမခံသောနှစ်ဟု အီးယူကိုယ်စားလှယ် ပြော သတင်း
အိန္ဒိယအစိုးရမူဝါဒ ပြောင်းလဲရန် သတင်းထောက်များ တိုက်တွန်း သတင်း
ဆန္ဒပြ မြန်မာအလုပ်သမားများ တောင်းဆိုချက် အလုပ်ရှင် လိုက်လျော သတင်း
နည်းပညာဖလှယ်သူများ၏ BarCamp Yangon (ဆောင်းပါး)
ကြွေးကြော်သံ (ဆောင်းပါး)
ILO အရာရှိ ကာရီတာပီအိုလာနှင့် တွေ့ဆုံခြင်း (အင်တာဗျူး)

အပေါ်သို့