Friday, October 21, 2011

ဂါးရာယန်တိုက်ပွဲတွင် မြန်မာအစိုးရတပ် အရာရှိ ၃ ဦး ကျ

Thursday, 20 October 2011

ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ်တွင် မြန်မာအစိုးရတပ်အရာရှိ ၃ ဦးနှင့် တပ်သား ၂ ဦး အောက်တိုဘာလ ၁၉ ရက် ဂါးရာယန်တိုက်ပွဲတွင် ကျဆုံးသည်ဟု အစိုးရတပ်နှင့်နီးစပ်သူများက ပြောသည်။


တိုက်ပွဲမှာ မရမ်းနယ်မြေခံ ခလရ ၂၆၀ နှင့် KIA တပ်ရင်း ၃ ကြား ဖြစ်သည်ဟု ဂါးရာယန် ဒေသခံများ ပြောသည်။

Read More...

ဦးနေ၀င်း၊ သင်္ခါရ နဲ့ ကုန်းဘောင်ဆက်

သင်္ခါရတရားတွေကို မသိခဲ့လို့ ၁၉၆၂ ခုနှစ်မှာ အာဏာသိမ်းခဲ့မိတယ်လို့ ဗိုလ်ချုပ်ကြီးဟောင်း နေ၀င်းက ပြောဆိုတဲ့ အကြောင်း ကိုကိုမောင်ကြီး (ဦးချစ်လှိုင်)ရဲ့ ကျွန်တော်သိသော တစ်ရံရော အခါများ စာအုပ်မှာ ရေးထားပါတယ်။

၁၉၉၅ ဇူလိုင်လမှာ ဦးနေ၀င်းက သူ့ဆီသွားတဲ့ ဦးချစ်လှိုင်၊ မဆလခေတ် ပြည်သူ့တရားသူကြီး အဖွဲ့ ဥက္ကဋ္ဌဟောင်း ဦးတင်အောင်ဟိန်း တို့ကို ပြောလိုက်တာပါ တဲ့။

"ကိုယ်လူတွေနဲ့ ကြုံတုန်း ပြောလိုက်ရဦးမယ် .... ကိုယ့်အနေနဲ့ ဒီသံသရာ တရားတွေ သင်္ခါရတရားတွေ အနိစ္စ .... အနတ္တ တရားတွေကို ဒီနေ့ သိမြင်သလိုများ ဟိုတုန်းက သိခဲ့မယ် ဆိုရင် ၁၉၆၂ ခုနှစ်၊ မတ်လက ကိစ္စကို ကိုယ်မလုပ်ခဲ့ပါဘူး .... ဟုတ်တယ် .... အဲဒီတုန်း ကသာ ဒီတရားတွေကို သိနေခဲ့ရင် ၁၉၆၂ က လုပ်ခဲ့တဲ့ အလုပ်မျိုးကို ကိုယ်မလုပ်ခဲ့ဘူး" (စာ-၇၆၂)


Read More...

ဦးဟန်ညောင်ဝေသည် သမီးဖြစ်သူနှင့်အတူ ရန်ကုန်သို့ ရောက်ရှိ





ပြည်ထောင်စု မြန်မာနိုင်ငံ၏ ပထမဆုံး သမ္မတအဖြစ် တာဝန်ယူခဲ့သူ ညောင်ရွှေ စော်ဘွား စဝ်ရွှေသိုက်၏ အငယ်ဆုံးသား ဖြစ်ပြီး ၁၉၆၃ ခုနှစ် ကတည်းကပင် ပြည်ပသို့ ထွက်ခွာသွားခဲ့သူ ဦးဟန်ညောင်ဝေသည် သမီးဖြစ်သူနှင့် အတူ နှစ် ၅၀ ခန့် အတွင်း ပထမဆုံး အကြိမ်အဖြစ် မြန်မာနိုင်ငံသို့ ယမန်နေ့ ညနေပိုင်းက Air Asia လေကြောင်းလိုင်းဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ တစ်ဆင့် ရောက်ရှိလာကြောင်း သတင်းရရှိသည်။

Ref: The Voice

မြန်မာ့သတ္တုတွင်းဝန်ကြီးဌာန၏ ဧရာဝတီကာကွယ်ရေးတောင်းဆို မှုများကို လျစ်လျူရှု၍ မြစ်ဆုံဒေသအတွင်း ရွှေတူးဖော်မှုများ လုပ်ဆောင်

ကချင်လူမှုဖွံ့ဖြိုးတိုးတက်ရေးကွန်ယက် အဖွဲ့၏ ထုတ်ပြန်ကြေညာချက်
အရေးပေါ် ထုတ်ပြန်ကြေညာချက်
အောက်တိုဘာ ၂၁ ရက် ၂၀၁၁ ခုနှစ်။

မြန်မာ့သတ္တုတွင်းဝန်ကြီးဌာနသည် ပြည်သူလူထုများ၏ ဧရာဝတီကာကွယ်ရေး တောင်းဆို မှုများကို လျစ်လျူရှု၍ မြစ်ဆုံ ဒေသအတွင်း ရွှေတူးဖော်မှုများ လုပ်ဆောင်နေသည်။



မြန်မာနိုင်ငံ သမ္မတကြီးသည် "ပြည်သူလူထုဆန္ဒ" ကြောင့်ဟုဆိုကာ မြစ်ဆုံဆည်ကို ဆိုင်းငံ့တော့မည်ဖြစ်ကြောင်း ကြေညာခဲ့ပြီးနောက် ရက်အနည်းငယ် အကြာတွင် အာဏာ ပိုင်များသည် ဆည်စီမံကိန်း ဒေသ၌ ကြီးမား ကျယ်ပြန့်သည့် အစိုးရပိုင် ရွှေတူးဖော်ရေး လုပ်ဆောင်ရန် အတွက် ဒေသခံ ပြည်သူများကို အတင်းအကြပ် နေရာပြောင်းရွှေ့ရန် အမိန့် ပေးခဲ့ကြသည်။

Read More...

နိုင်ငံရေးအကျဉ်းသားတွေကို ဓားစာခံမလုပ်ဖို့ ကင်တားနား တိုက်တွန်း

ခင်မျိုးသက်
ကြာသပတေး, 20 အောက်တိုဘာ 2011

မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားအားလုံးကို ဒီနှစ်မကုန်ခင်မှာ ကျင်းပဖို့ မျှော်လင့်ရတဲ့ ကြားဖြတ် ရွေးကောက်ပွဲ မတိုင်ခင် ပြန်ပြီးတော့ လွှတ်ပေးဖို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ စုံစမ်း စစ်ဆေးရေးမှူး သောမတ်၊ အိုဟေး ကင်တားနားက တောင်းဆို လိုက်ပါတယ်။ မြန်မာ့သမိုင်းမှာ အရေးပါတဲ့ ကဏ္ဍက ပါဝင်နေတဲ့ ဒီနိုင်ငံရေး အကျဉ်းသားတွေကို နိုင်ငံတကာ တောင်းဆိုမှုတွေ အတွက် အပေးအယူ လုပ်ဖို့ ဓားစာခံတွေလို မထားသင့်ဘူး လို့လည်း ကြာသာပတေး နေ့မှာ ကုလသမဂ္ဂမှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြား ခဲ့ပါတယ်။ ဒီအကြောင်းကိုတော့ ဒေါ်ခင်မျိုးသက်က အပြည့်အစုံ တင်ပြထားပါတယ်။

Read More...

ကဒါဖီသေဆုံးမှု နိုင်ငံသားတွေ ပျော်ရွှင်

ကြာသပတေး, 20 အောက်တိုဘာ 2011

လစ်ဗျား ခေါင်းဆောင်ဟောင်း မိုမာကဒါဖီကတော့ လစ်ဗျားကြားဖြတ်အစိုးရ တပ်ဖွဲ့တွေရဲ့လက်ချက်နဲ့ သူ့ရဲ့ဇာတိ ဆာ့တ် မြို့မှာပဲ မနေ့က သေဆုံး သွားခဲ့ပါပြီ။ သူသေဆုံးသွားလို့ လစ်ဗျားတနိုင်ငံလုံး ပျော်ရွှင်နေကြပါတယ်။ ကဒါဖီ သေဆုံးချိန်မှာ အသက် ၆၉ နှစ်ရှိပါပြီ။

ကဒါဖီဟာ နှစ်ပေါင်း ၄၀ ကျော် တိုင်းပြည်ကို အုပ်ချုပ်ခဲ့တာပါ။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကစလို့ နိုင်ငံအရှေ့ပိုင်းမှာ သူပုန်တွေက ကဒါဖီကို ဆန့်ကျင် တိုက်ခိုက်ခဲ့ကြပြီး ကဒါဖီရှိတဲ့ မြို့တော် ထရီပိုလီကို သြဂုတ်လမှာ သူပုန်တွေ ၀င်ရောက် ခဲ့ကြတဲ့အထိ ကဒါဖီက လစ်ဗျားကို အုပ်ချုပ်ခဲ့တာပါ။ အခုအချိန်ဟာ လစ်ဗျား ပြည်သူတွေအားလုံး က ညီညွတ်တဲ့ လစ်ဗျား နိုင်ငံသစ်ကို ထူထောင်ရမယ့် အချိန်ဖြစ်တယ်လို့ လစ်ဗျား ကြားဖြတ် အစိုးရ NTC ရဲ့ ၀န်ကြီးချုပ် မာမွတ် ဂျီဘရေး Mahmoud Jibril က ထရီပိုလီမှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

Read More...

ရာခိုင်နှုန်းပြည့်ထောက်ခံပါရစေ

မောင်ဝံသ
၁၃.၁၀.၁၁

ပြည်သူချစ် အနုပညာရှင် ဇာဂနာ မြစ်ကြီးနားထောင်က လွတ်လာပြီး လွတ်ငြိမ်းခွင့်နဲ့ စပ်လျဉ်းလို့ သူ့အမြင် သူ့သဘောထားတွေကို မီဒီယာတွေနဲ့ ပြောတယ်။ ဖြစ်သင့် ဖြစ်ထိုက်တာတွေကို လိုရင်းတိုရှင်း ပြောသွားတယ်လို့ ကျွန်တော် သဘောရပါတယ်။

ထောင်က ခုလေးတင် ထွက်လာတဲ့ အနုပညာရှင်တစ်ယောက် ကတောင် သူ့သဘောထားကို ခုလို ပွင့်ပွင့်လင်းလင်း တင်ပြသွားရင် စာဖတ် ပရိသတ်နဲ့ အပတ်စဉ် ထိတွေ့နေတဲ့ စတုတ္ထမဏ္ဍိုင် အဖွဲ့ဝင် သတင်းစာဆရာ တစ်ယောက်အနေနဲ့ ကျွန်တော့်အမြင် ကျွန်တော့် ဆန္ဒကိုလည်း ပရိသတ်ကို အသိပေးသင့် တယ်လို့ ခံယူမိတဲ့ အလျောက် ယခုလို ရေးသား လိုက်ခြင်း ဖြစ်ပါတယ်။

ဒီကနေ့ သီတင်းကျွတ်လပြည့်နေ့ နေ့ထူးနေ့မြတ် ( ၁၂ အောက်တိုဘာ ၂၀၁၁) မှာ မြန်မာပြည် အနှံ့ ထောင်တွေထဲက အကျဉ်းသား ၆၀၀၀ ကျော် (၆၃၅၉ ဦး) ကို နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ် ၄၉^ ၂၀၁၁ အရ လွှတ်ပေးတယ်။ ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံနေရသူများ (နိုင်ငံရေး အကျဉ်းသား)များထဲက ဦးရေ ၁၀၀ ကျော်လောက်ပဲ ပါတယ်လို့ သိရပါတယ်။ ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံနေရသူများ (နိုင်ငံရေး အကျဉ်းသား) များဆိုတာ ကျွန်တော်တို့က ခေါ်ဝေါ်သုံးနှုန်းတာပါ။ တရားဝင် ကြေညာချက်မှာ အကျဉ်းသားများလို့ပဲ ပါရှိပါတယ်။

Read More...

ပြောချင်လွန်းလို့

မောင်ဝံသ
၁၁.၁၀.၁၁

ယခု အောက်တိုဘာ ၁၆ ရက်ဆိုရင် သမ္မတကြီး ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရအဖွဲ့ တာဝန်ထမ်းဆောင်ခဲ့တာ ရက်ပေါင်း ၂၀၀ ပြည့်ပြီဗျာ။ ကုန်လွန်ခဲ့တဲ့ ၆လကျော်ကာလအတွင်း ဆောင်ရွက် ပြီးစီးခဲ့တဲ့ ကိစ္စကြီး ကိစ္စငယ်တွေ မနည်းလှဘူးဆိုတာလည်း သတိပြုမိတယ်ဗျ။

သိသာထင်ရှား ဖြစ်ရပ်များ

သိသာ ထင်ရှားတဲ့ ဖြစ်ရပ်တွေကတော့ မြန်မာနိုင်ငံရဲ့ အကြီးမားဆုံး ဒီမိုကရက်တစ် နိုင်ငံရေး အဖွဲ့အစည်းကြီးရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရ ခေါင်းဆောင်များ ရင်းရင်းနှီးနှီး တွေ့ဆုံကြတာ၊ ပထမဆုံး ဇူလိုင် ၂၅ စိမ်းလဲ့ကန်သာ ဆွေးနွေးပွဲရဲ့ ပူးတွဲ ကြေညာချက်မှာ {{ ပြည်သူလူထု ကိုယ်စိတ်နှစ်ပါး ချမ်းသာစေရေးအတွက် နှစ်ဖက် ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခွင့် အလမ်းများကို ဆွေးနွေးခဲ့ကြသည်}} လို့ ဖော်ပြခဲ့တာ၊ ယခုထိ သုံးကြိမ်တိုင် ဆက်လက် ဆွေးနွေးကြတာ၊ ဤကာလအတွင်း သမ္မတကြီး ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော်က သမ္မတ အိမ်တော်မှာ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပုံ နောက်ခံထားလျက် ရိုက်ကူးထားတဲ့ သမိုင်းဝင်ဓာတ်ပုံ ထွက်ပေါ်လာတာ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်တွေ၊ တွေ့ဆုံမေးမြန်းမှုတွေ၊ နိုင်ငံခြားဧည့်သည်တွေနဲ့ တွေ့ဆုံမှုတွေကို ပြည်တွင်း ပုဂ္ဂလိက သတင်း မီဒီယာတွေမှာ အသားပေးထည့်သွင်း ဖော်ပြ ခွင့်ရှိခဲ့တာ စတာတွေ ဖြစ်ပါတယ်။

Read More...

Thursday, October 20, 2011

ပြည်တွင်းစစ်ကို အမြန်ဆုံးရပ်ပါ

October 20, 2011

မြန်မာပြည်မြောက်ပိုင်း ကချင်ဒေသတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများ ပိုမို အရှိန်မြင့်လာသောကြောင့် ဒေသခံပြည်သူ ၃ သောင်း ခန့် တို့မှာ စစ်ပြေးဒုက္ခသည်များအဖြစ် အခက်အခဲနှင့် ရင်ဆိုင်နေကြရသည်။

ထိုတိုက်ပွဲများနှင့် ပတ်သက်၍ နိုင်ငံတကာကလည်း ဝေဖန်ပြောဆိုမှုများ ရှိလာနေသည်။ နယူးယောက်အခြေစိုက် လူ့အခွင့် အရေး စောင့်ကြည့်အဖွဲ့ (HRW) က မကြာသေးခင်ကပင် ကချင်ဒေသရှိ ပြည်သူများအား နိုင်ထက်ကလူမပြုရန် မြန်မာအစိုးရကို တောင်း ဆိုလိုက်သည်။

Read More...

အာဆီယံဥက္ကဋ္ဌရာထူး အလောသုံးဆယ် မဆုံးဖြတ်ရန် AIPMC တိုက်တွန်း

စောရန်နိုင်
October 20, 2011

မြန်မာအစိုးရက စစ်မှန်သည့် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်သည့်အချိန်မှ အာဆီယံအဖွဲ့ ဥက္ကဋ္ဌတာဝန် ပေးအပ်ရေးကိစ္စကို ဆုံးဖြတ် ရန် မြန်မာ့အရေးဆိုင်ရာ အာဆီယံ လွှတ်တော်အမတ်များအဖွဲ့ (AIPMC) က လက်ရှိ အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှား နိုင်ငံကို အင်္ဂါနေ့ တွင် တောင်းဆိုလိုက်သည်။

လာမည့်လ အင်ဒိုနီးရှားတွင် ကျင်းပမည့် အာဆီယံညီလာခံတွင် တက်ရောက်လာသူများက မြန်မာနိုင်ငံအား ၂၀၁၄ ခုနှစ်အတွက် အာဆီယံ အလှည့်ကျဥက္ကဋ္ဌတာဝန် ပေးအပ်ရေးကို ထောက်ခံဆွေးနွေးဖွယ်ရှိသည်ဟု အကဲခတ် အများအပြားက သုံးသပ်နေကြ သည်။

Read More...

ကြားဖြတ် ရွေးကောက်ပွဲ မတိုင်ခင် နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ပေးဖို့ ကင်တားနား တောင်းဆို

2011-10-19

နယူးယောက်မြို့ ကုလသမဂ္ဂ ဌာနချုပ်မှာ ကျင်းပနေတဲ့ (၆၆) ကြိမ်မြောက် အထွေထွေ ညီလာခံမှာ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana က သူရဲ့ အစီရင်ခံစာကို မနေ့က တင်သွင်းခဲ့ပါတယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ အရင်ကထက် စာရင် အပြောင်းအလဲတွေ ဖြစ်လာတယ် ဆိုတာကို ကြိုဆိုပေမဲ့၊ မြန်မာ အစိုးရအနေနဲ့ တာဝန်ယူ ဖြေရှင်းရမယ့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေဆဲ ဖြစ်တယ်လို့ မစ္စတာ ကင်တားနားက ပြောပါတယ်။

Read More...

ဝန်ကြီးများရုံး ဟိုတယ်လုပ်ရန် ဦးခင်ရွှေ ကမ်းလှမ်း

ထွန်းထွန်း
အောက်တိုဘာလ ၁၉ ရက် ၂၀၁၁ ခုနှစ်


ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် အာဇာနည် ခေါင်းဆောင်ကြီးများ လုပ်ကြံခံခဲ့ရသည့် နှစ်ပေါင်း ၁၂၀ သက်တမ်းရှိ ဝန်ကြီးများ ရုံးအဆောက်အအုံကို ဟိုတယ် လုပ်ငန်း လုပ်ကိုင်ချင်သူများ ရှိပါက ကူညီပေး သွားမည် ဖြစ်ကြောင်း မြန်မာ့ခရီးသွား လုပ်ငန်း ဘုတ်အဖွဲ့ MTB ဥက္ကဋ္ဌ ဦးခင်ရွှေက ပြောဆိုသည်။

ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ဗိုလ်အောင်ကျော်လမ်းရှိ ရုံးမှာ အင်္ဂလိပ်တို့က အုပ်ချုပ်ရေး ဗဟိုဌာနအဖြစ် ၁၈၉၀ ပြည့်နှစ် က ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။ အင်္ဂလိပ်ခေတ် အုပ်ချုပ်ရေး ယန္တရား၏ အမြင့်ဆုံးဖြစ်ပြီး အတွင်း ဝန်ချုပ်နှင့် အတွင်းဝန်များ ရုံးစိုက်ရာ နေရာ ဖြစ်သည်။

Read More...

အစိုးရသစ်လက်ထက် သျှမ်းပြည်မြောက်ပိုင်း ဘိန်းစိုက်ပျိုးမှုများလာ

19 October 2011
စောခါးစူးညား

မြန်မာအစိုးရသစ် တက်လာပြီးနောက် သျှမ်းပြည်မြောက်ပိုင်းရှိ မန်တုံ၊ ကွတ်ခိုင်နှင့် နမ့်ခမ်း မြို့နယ် ၃ခုအတွင်း၌ ဘိန်းစိုက်ပျိုး မှု များလာသည်ဟု ပလောင်(တအာင်း)အမျိုးသမီး အစည်းအရုံး-PWO က ပြောသည်။

PWO ၏ အထွေထွေ အတွင်းရေးမှူး လွေးနွေနှောင်းက “အဲဒီဒေသ (မန်တုံ၊ ကွတ်ခိုင်၊ နမ့်ခမ်း)မှာ ဘိန်းစိုက်ပျိုးမှုကတော့ အရင် က ဘိန်းမစိုက်တဲ့ ရွာငယ်လေးတွေတောင် ဘိန်းစိုက်လာကြတယ်။”ဟု ပြောဆိုသည်။

ဘိန်းစိုက်ပျိုးမှုတွင် ရာခိုင်နှုန်းအားဖြင့် မည်မျှတိုးပွားလာသည်ကို အတိအကျ မသိနိုင်သော်လည်း မန်တုံမြို့နယ်တွင် ယခင်က ဘိန်းစိုက်ပျိုးသည့် ရွာ ၇၀ကျော်မှ ယခုဆိုလျှင် ရွာပေါင်း ၈၀ထက်မနည်း များပြားလာကြောင်းလည်း သူမက ဆက်၍ ပြောဆို သည်။

Read More...

မြန်မာစစ်တပ် လက်နက် သင်္ဘော ၂ စီးအား KIA ပစ်ခတ်ဖျက်ဆီး

Wednesday, 19 October 2011

မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်တွင် ပြည်တွင်းစစ် ပိုမို ပြင်းထန်လာချိန် မြန်မာ အစိုးရ၏ စစ်လက်နက်တင် သဘောင်္ ၂ စီးအား KIA မှ အောက်တိုဘာ ၁၇ က ပစ်ခတ် ဖျက်ဆီးခဲ့ကြောင်း KIA သတင်းရပ်ကွက်မှ သိရသည်။


Read More...

မိုင်းစစ်ဆင်ရေးကြောင့် အစိုးရတပ်ကြပ်ကြီး ၁ဦး ကျဆုံးကာ ၅ဦးဒဏ်ရာရရှိ

19 October 2011
နန်းသူးလေ

ကရင်ပြည်နယ် မြ၀တီမြို့နယ် သေ့ဘောဘိုးဒေသရှိ လေးဝေါ်(တောင်နီ)ရွာအနီးရှိ ခမရ(၂၀၃) တပ်ရင်းအား တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA)မှ ယမန်နေ့ညနေက မိုင်းစစ်ဆင်ရေးဖြင့် တိုက်ခိုက်ခဲ့ရာ အစိုးရတပ်ဘက်မှ တပ်ကြပ်ကြီး ၁ဦး ကျဆုံးကာ ၅ဦးမှာ ဒဏ်ရာရရှိခဲ့သည်။

DKBA ကလို့ထူးဝါးဗျူဟာမှ ဒုဗိုလ်စောအဆောင် ဦးဆောင်သည့် တပ်ရင်း(၉၀၇) တပ်ဖွဲ့ဝင်များက ယမန်နေ့ညနေ ၅နာရီ ကျော် အချိန်တွင် လေးဝေါ်ရွာ တံတားထိပ်၌ ခြင်းခတ်နေကြသည့် အစိုးရတပ်ဖွဲ့ဝင်တချို့ကို ဆွဲမိုင်းဖြင့် တိုက်ခိုက်ခဲ့သည်ဟု ကလို့ထူးဝါး ဗျူဟာမှ ဗိုလ်ကြီးသရီးတူးက ယခုလို ပြောသည်။

Read More...

သစ်ပင်ကျိုး၊ ရေတက်ရုံမှလွဲပြီး မုန်တိုင်းကြောင့် ရခိုင်တွင် အထိအခိုက် အပျက်အစီး မရှိ

10/20/2011

ရခိုင်ပြည်နယ် မြောက်ဘက်ပိုင်းသို့ ယမန်နေ့ ညနေပိုင်းက ၀င်ရောက်တိုက်ခတ်သွားသော မုန်တိုင်းငယ်ကြောင့် သစ်ပင်ကျိုး၊ ရေတက်ရုံမှ လွဲပြီး တစုံတရာ ထိခိုက်မူနှင့် အပျက်အစီး မရှိကြောင်း သတင်း ရရှိသည်။

မုန်တိုင်း တိုက်ခတ် ခံရပြီးနောက်ပိုင်း စစ်တွေမြို့ခံ တစ်ဦးအား မေးကြည့်ရာ အခြေအနေကို ယခုလို ပြောသည်။

" မုန်တိုင်းက အနည်းအကျဉ်း တိုက်ခတ်ခဲ့ပါတယ်။ သိပ်ပြင်းပြင်းထန်ထန်တော့ မဟုတ်ပါဘူး။ လေပြင်း တိုက်တဲ့ သဘောမျိုးပါ။ ကုန်သည်လမ်း၊ မင်းဗာကြီးလမ်းနဲ့ စံပြရွာဘက်မှာ သစ်ပင်တချို့တော့ ကျိုးကျ သွားခဲ့တယ်။ ဒါကြောင့် လျှပ်စစ်မီး လျော့ဖြစ်ပြီး ပြတ်တောက်သွားခဲ့ပါတယ်။ အခုတော့ တာဝန်ရှိသူတွေက သစ်ပင်တွေကို ခုတ်ပိုင်းပြီး လမ်းရှင်းနေတာကို တွေ့ရပါတယ်" ဟု ပြောသည်။

Read More...

မင်းကိုနိုင်မွေးနေ့ ရခိုင်နှင့် ချင်းခေါင်းဆောင်များ တက်ရောက်ချီးမြှင့်

10/19/2011

အောက်တိုဘာလ ၁၈ ရက်နေ့က ကျရောက်ခဲ့သော ၄၉ နှစ်မြောက် ကိုမင်းကိုနိုင်မွေးနေ့သို့ တိုင်းရင်းသား ခေါင်းဆောင် များထဲ မှ ရခိုင်နှင့် ချင်းခေါင်းဆောင်များ တက်ရောက် ချီးမြှင့်ခဲ့သည်ဟု သိရသည်။

မွေးနေ့ပွဲသို့ တက်ရောက်ခဲ့သူ ဦးအေးသာအောင်က ယခုလို ပြောသည်။

" တက်ရောက်လာတဲ့ သူတွေက အထူးများတော့ တော်တော်နဲ့ ဘယ်တိုင်းရင်းသား ခေါင်းဆောင်တွေ တက်ရောက် လာတယ် ဆိုတာတော့ မမှတ်မိဘူး။ ရခိုင်က ဆိုရင် ကျနော်ရယ်။ နောက် ၂၀၀၈ ရွှေးကောက်ပွဲ ၀င်တဲ့ ချင်းအမျိုးသားပါတီ ဥက္ကဌ ဦးပုဇိုဖမ် ( U Pu Zo Zam ) တို့ တက်ရောက်တာကို တွေ့ရပါတယ်။ နောက်ခေါင်းဆောင်တွေလည်း ရောက်ကောင်း ရောက်နိုင်ပါတယ်" ဟု ပြောသည်။

Read More...

လူ့အခွင့်အရေးချိုးဖောက်မှုများ အမြန်ဆုံးဖြေရှင်းရန် ကင်တားနားတောင်းဆို

October 20, 2011

မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေသည်ကို လက်ခံ၍ ကိုင်တွယ် ဖြေရှင်းပေးပါရန် မြန်မာနိုင်ငံဆိုင်ရာ ကုလ သမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာသောမတ်စ် အိုဟေး ကင်တားနားက သမ္မတဦးသိန်းစိန် အစိုးရထံ တောင်းဆို လိုက်သည်။

မစ္စတာ ကင်တားနားက ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တင်သွင်းသော အစီရင်ခံစာတွင် မြန်မာနိုင်ငံတွင်း လူ့အခွင့် အရေး ချိုးဖောက်မှုများ ဖြေရင်းပေးရန် မြန်မာအစိုးရအား တောင်းဆိုစာကို ထည့်သွင်းရေးသားခဲ့ခြင်း ဖြစ်သည်။

Read More...

ကချင်အရပ်သားများကို အနိုင်မကျင့်ရန် HRW တောင်းဆို

စောရန်နိုင်
October 19, 2011

ဇွန်လမှစတင်ပြီး ကချင်ပြည်နယ်တွင် ထိုးစစ်ဆင်နေသည့် အစိုးရစစ်တပ်က ဒေသခံအရပ်သားများကို အကြီးအကျယ် အနိုင်ကျင့် နှိပ်စက်နေသည်ဟုHuman Rights Watch (HRW) လူ့အခွင့်အရေးအဖွဲ့ကြီးက အင်္ဂါနေ့တွင် ပြောလိုက်သည်။

တိုက်ပွဲများကြောင့် ထွက်ပြေးရသည့် အရပ်သားပေါင်း သုံးသောင်းဝန်းကျင်ရှိမည်ဟု နယူးယောက်အခြေစိုက် HRW အဖွဲ့က ခန့်မှန်း ထားသည်။

Read More...

ရခိုင်ကို မုန်တိုင်းငယ်တခု ၀င်ရောက်နေ

ခင်ဦးသာ
October 19, 2011

ဘင်္ဂလား ပင်လယ်အော် အရှေ့မြောက်ပိုင်း၌ ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် ယနေ့မွန်းလွဲပိုင်းမှ စတင်ကာ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကောက်စ်ဘဇားမြို့နှင့်ရခိုင်ပြည်နယ် မောင်းတောမြို့ကြားမှ ကုန်းတွင်းပိုင်းကို ၀င်ရောက်နေပြီဖြစ်ကြောင်း မိုးလေ၀သ နှင့် ဇလ ဗေဒ ပညာရှင် ဦးထွန်းလွင်၏ ရာသီဥတုဆိုင်ရာ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

ယင်းမုန်တိုင်းသည် သိသိသာသာအားကောင်းလာခြင်းမရှိဘဲ ရခိုင်ပြည်နယ်မြောက်ပိုင်းကို စစ်တွေမြို့အနီးမှ ယနေ့ညပိုင်းတွင် ဆက်လက် ဖြတ်ကျော်သွားမည်ဖြစ်သည်ဟုလည်း ဦးထွန်းလွင်၏ ယနေ့ ညနေ ၄ နာရီခန့် ထုတ်ပြန်ချက်က ဆိုသည်။

Read More...

မူးယစ်ဆေးသယ်လာသည့် မြန်မာနှစ်ဦး အဖမ်းခံရ

October 19, 2011

မြန်မာနိုင်ငံ မြ၀တီမြို့မှတဆင့် ထိုင်းနိုင်ငံ မဲဆောက်မြို့ဘက်သို့ ယမန်နေ့က မူးယစ်ဆေးဝါး ၂ ကီလိုခန့် သယ်ဆောင်လာသည့် မြန်မာနိုင်ငံသား နှစ်ဦးကိုမူးယစ်ဆေးဝါးဥပဒေဖြင့် တရားစွဲဆိုမည်ဟု မဲဆောက်မြို့ ရဲမှူးကြီးက ပြောသည်။

စောအနိုး အသက် ၃၃ နှစ်နှင့် နန်းယဉ် အသက်၂၄ နှစ်တို့ကို ၎င်းတို့သယ်ယူလာသော စိတ်ကြွဆေးပြား(ရာဘ)ပြုလုပ်ရာတွင် အသုံးပြုသည့် မက်သာအဖက်တမင်း အမှုန့်၂ ကီလိုခန့်နှင့်အတူ ထိုင်း မူးယစ်ဆေးဝါးနှိမ်နှင်းရေး အထူးအဖွဲ့က နှစ်နိုင်ငံ ချစ်
ကြည် ရေးတံတား အနီးတွင် ဖမ်းမိခဲ့ခြင်းဖြစ်သည်။

Read More...

နိုင်ငံရေးဘ၀တွေ ပြန်လည်ထူထောင်ကြဖို့ အချိန်ရောက်ပြီ


ဦးဝင်းတင်နဲ့ မေးခွန်းများ

မိုးမခ၊ အောက်တိုဘာ ၁၉ ၊ ၂၀၁၁


နိုင်ငံရေးအကျဉ်းသားတွေ လွှတ်တာကို အများပြည်သူက အများကြီး မျှော်လင့်သလောက် ဖြစ်မလားဘူးလို့ ပြောကြတယ်။


ဟုတ်တယ်။ ကမ္ဘာကလည်း မျှော်လင့်တယ်။ မြန်မာပြည်သူတွေကလည်း မျှော်လင့်တယ်။ နိုင်ငံရေး အကျဉ်းသားမိသားစု တွေကလည်း မျှော်လင့် နေကြတဲ့အချိန်မှာ လူဦးရေ ၂၀၀ လောက်ပဲ လွတ်မြောက်လာတယ် ဆိုတော့ အများက မျှော်လင့်သလို မဟုတ်တဲ့ အတွက် စိတ်ပျက်ကြတယ်။ ကျနော်တို့က တဆင့်တက် ပြောရရင်တော့ ကျေနပ်ဖွယ်ရာ မရှိဘူးလို့လည်း ပြောချင်တယ်။


အဲသည်လို နိုင်ငံရေးအကျဉ်းသားတွေဆိုတာက ယခင်အစိုး ရလက်ထက်မှာ ဖမ်းဆီး ထောင်ချခဲ့တာ ဆိုတော့ လက်ရှိ အစိုးရက လွတ်ငြိမ်းခွင့် မပေးနိုင်လောက်အောင် ဖြစ်နေတာက သူတို့တွေ ကိုယ်တိုင်က အာဃာတတွေ ထားနေဆဲလား၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို မလိုလားလို့လားလို့ မေးခွန်းတွေ ဖြစ်လာတယ် ဆရာ။


အဲသည်လိုမျိုး ကျနော်တို့ ပတ်ဝန်းကျင်မှာ ပြောဆိုသံတွေ ကြားနေရတယ်။ အခုလက်ရှိ အစိုးရ ဆိုသူတွေ ကလည်း အရင် အစိုးရက လူတွေ၊ စစ်ဗိုလ်ချူပ်တွေပဲ ဆိုတော့၊ သမ္မတ ကိုယ်တိုင်ကလည်း အရင်အစိုးရ လက်ထက်မှာ ကတည်းက ၀န်ကြီးချုပ် ဖြစ်ခဲ့တဲ့ သူတွေ ဖြစ်နေတော့ ဒီလူတွေရဲ့ စိတ်ထဲမှာ အရင် အတိတ်က အကြောင်းအရာ တွေကနေ ကင်းကင်း လွတ်လွတ် ရှိနိုင်ရဲ့လားလို့ မေးစရာ ဖြစ်လာတယ်။

Read More...

ကချင်အရပ်သားများကို အနိုင်မကျင့်ရန် HRW တောင်းဆို

စောရန်နိုင်
October 19, 2011

ဇွန်လမှစတင်ပြီး ကချင်ပြည်နယ်တွင် ထိုးစစ်ဆင်နေသည့် အစိုးရစစ်တပ်က ဒေသခံ အရပ်သားများကို အကြီးအကျယ် အနိုင်ကျင့် နှိပ်စက် နေသည်ဟုHuman Rights Watch (HRW) လူ့အခွင့်အရေး အဖွဲ့ကြီးက အင်္ဂါနေ့တွင် ပြောလိုက်သည်။

တိုက်ပွဲများကြောင့် ထွက်ပြေးရသည့် အရပ်သားပေါင်း သုံးသောင်းဝန်းကျင်ရှိမည်ဟု နယူးယောက်အခြေစိုက် HRW အဖွဲ့က ခန့်မှန်း ထားသည်။

အရပ်သားများကို သတ်ဖြတ်မှု၊ တိုက်ခိုက်မှု၊ လုပ်အားပေးခိုင်းစေမှု၊ ကျေးရွာများကို ဖျက်ဆီးမှုတို့အတွက် အစိုးရ တပ်များတွင် တာဝန် ရှိသည်ဟု HRW က ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

Read More...

လူ့အခွင့်အရေး ဟောပြောလို့ ထောင်ကျခံရသူ

ကိုဝိုင်း
ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာလ ၁၉ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ ကွန်ယက် (HRDP) Human Rights Defenders and Promoters network မှ အဖွဲ့ဝင် ဦးမြင့်လှိုင် ခေါ် ဦးမြင့်နိုင်သည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာ စာတမ်းပါ အချက် အလက်များကို အခြေခံကာ ပြည်သူလူထုသို့ ဟောပြောခြင်းကြောင့် အာဏာပိုင်များ၏ ဝိုင်းဝန်း ရိုက်နှက်မှုခံခဲ့ရကာ ၂ဝဝ၇ ခုနှစ်တွင် ထောင် ရှစ်နှစ်ကျခဲ့သည်။

ဦးမြင့်နိုင်သည် ဟင်္သာတနှင့် ကလေးထောင်တို့တွင် လေးနှစ်ကျော်နေခဲ့ ရပြီးနောက် အောက်တိုဘာ ၁၂ ရက်နေ့တွင် လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် ကလေးထောင်မှ ပြန်လည် လွတ်မြောက်လာခဲ့သည်။

အသက် ၄၅ နှစ်ကျော်ပြီဖြစ်သူ ဦးမြင့်နိုင်က ကလေးထောင်မှ အခြား နိုင်ငံရေး အကျဉ်းသား ၅ ဦးလည်း လွတ်မြောက် လာပြီး ၁၄ ဦး ကျန်နေ သေးသည်ဟု ဆိုသည်။ သူနှင့်အတူ လွတ်မြောက်လာသူများမှာ ကိုအေးချို (ပျော်ဘွယ်-အန်အယ်ဒီ)၊ ကိုမင်းအောင် (တောင်ကုတ်- အန်အယ်ဒီ)၊ ဦးသိန်းလွင်ဦး (ရန်ကုန်)၊ ကိုမျိုးကြီး (ရန်ကုန်)၊ ဘွေထန်း (CNF) တို့ ဖြစ်ကြသည်။

Read More...

အပေါ်သို့