Friday, October 21, 2011

ဂါးရာယန်တိုက်ပွဲတွင် မြန်မာအစိုးရတပ် အရာရှိ ၃ ဦး ကျ

Thursday, 20 October 2011

ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ်တွင် မြန်မာအစိုးရတပ်အရာရှိ ၃ ဦးနှင့် တပ်သား ၂ ဦး အောက်တိုဘာလ ၁၉ ရက် ဂါးရာယန်တိုက်ပွဲတွင် ကျဆုံးသည်ဟု အစိုးရတပ်နှင့်နီးစပ်သူများက ပြောသည်။


တိုက်ပွဲမှာ မရမ်းနယ်မြေခံ ခလရ ၂၆၀ နှင့် KIA တပ်ရင်း ၃ ကြား ဖြစ်သည်ဟု ဂါးရာယန် ဒေသခံများ ပြောသည်။

ကျဆုံးစစ်သည်များမှာ ဗိုလ်ကြီး နေ၀င်းထွန်း၊ ဗိုလ်ကြီး အောင်နိုင်ထူး၊ ဗိုလ် နိုင်နိုင်လင်း(အမှတ်-၄၁၄၄၉) နှင့် တပ်သား နောင်ချို (အမှတ်-၇၆၇၃၁၀)နှင့် တပ်သားစိုးပိုင်(အမှတ်-၄၉၄၄၃၁) တို့ဖြစ်သည်ဟု ပြောသည်။

မြန်မာအစိုးရတပ်က ၎င်းတို့၏တပ်သား သေကြေဒဏ်ရာရမှုနှင့် စပ်လျဉ်း၍ တရားဝင် မကြေညာပါ။

မြန်မာအစိုးရတပ်သား အမြောက်အများ ထိခိုက်ဒဏ်ရာ ရရှိသည်ဟု မျက်မြင် သက်သေများပြောသည်။

KIA ဘက်မှ တပ်သား တစ်ဦး ဒဏ်ရာရသည်ဟု ဒေသခံများပြောသည်။

ယခု မြစ်ကြီးနား-ဗန်းမော်ကားလမ်း ဂါးရာယန်ကျေးရွာ လုန်ဇက်ပ်ကောင် (Lung Zep Kawng) တောင်ကုန်း တိုက်ပွဲမှာ အောက်တိုဘာ ၁၄ ရက်ကတည်းက ဖြစ်သည်။

တစ်ပတ်ကြာလာသည့် ယင်းတိုက်ပွဲတွင် မြန်မာအစိုးရတပ်မှ ဒါဇင်နှင့်ချီ သေကြေဒဏ်ရာရ မှုများ ရှိသည်ဟု ဒေသခံ များပြောသည်။

Ref: KNG News

0 comments:

အပေါ်သို့