Friday, November 19, 2010

ရိုင်းမိုက်ကယ်သရော် လွှတ်တော် လွှတ်တော် ခုံဖိနပ်နဲ့ဆော်

19 Nov 2010

ဘီကြားဆိုတဲ့ ဇာတ်စကားတခုရှိတယ်။ ကိုယ့်ဟာကိုယ် ဘာမှန်းမသိပဲ ဆိုင်းသံကြားရင် ကချင်ကခုန်ချင်တဲ့ တောင်မရောက်မြောက်မရောက် နမူနထိုင်း အရှက်မရှိတဲ့သူကို ခေါ်တဲ့ စကားတခုပေါ့။ ဗြုပ္ပတ်ကို ပြောရရင် တခါက ဇာတ်ပွဲတခုမှာ ဇာတ်ပိုးရှိတာက လွဲလို့ ဘာအရည်အချင်းမှ မရှိ၊ သုံးမရတဲ့ သူတယောက်ရှိတယ်။ ဒီတော့ ဇာတ်ထဲမှာ ကားလိပ်ကြိုးဆွဲလိုက်၊ ထမင်းချက် လိုက်နဲ့ ကြာလာတော့ ဇာတ်ဆရာက သနားပြီး အရေးမကြီးတဲ့ ဇာတ်ဝင်ခန်း တခန်းနှစ်ခန်းမှာ သုံးပေးတယ်။ တညမှာတော့ ဇာတ်ထုပ်တခုမှာ သူ့ကို ဘီလူးခန်းက တခန်း ထဲ့ထားတယ်။ ဒီတော့ ဒီလူလည်း ဘီလူကြိမ်း ဇာတ်စကားလေးတွေ အပြေးအလွှား ကျက်နေတာပေါ့။ ဖြစ်ချင်တော့ အဲဒီညမှာ အဲဒီဇာတ်ထုပ်ကို မကဖြစ်တော့ဘဲ တခြားဇာတ်ထုပ်ကို အခြေအနေ အရ ပြောင်းကကြတယ်။ အဲဒီဇာတ်ထုပ်မှာလည်း ဇာတ်ဆရာက သူ့ကို သိကြားမင်း အခန်းက တခန်းကပေးဖို့ ထဲ့ထားတယ်။ ဒီလူလည်း သူ့အလှည့်ကိုစောင့်ရင်း ခဏ အိပ်ပျော်သွားတယ်။ ဒီလို ကကြရင်း သူ့အလှည့်ရောက်လို့ နှိုးလွှတ်လိုက်တော့ တွေ့ရာ ဇာတ်ရုပ်တခု ခေါင်းစွပ်ပြီး ဇာတ်ခုံပေါ် တက်သွားတယ်။ ရောက်တာနဲ့ မနက်ကကျက်ထားတဲ့ ဒဿဂီရိမည်ရတွင်ကျော် ဘုန်းမော်အံ့ထူး၊ ယက္ခမှုးတဲ့ ငါဟဲ့ဘီလူး ဘာညာနဲ့ ကျက်ထားတာတွေ ရွတ်ရင်း တန်းလန်း ခေါင်းစမ်းကြည့်တော့ ဘီးလူးခေါင်းစွပ် မဟုတ် သိကြားခေါင်းစွပ် ဖြစ်နေရော။ ဒါနဲ့ အဆုံးသတ် အချပိုဒ်ကို ဘီလူးလည်းမဟုတ်၊ သိကြားလည်းမဟုတ်တဲ့ ငါဟဲ့ဘီကြားလို့ လုပ်ချလိုက်တာ ပရိတ်သတ်လည်း ပတ်တုတ်မရ၊ ဇာတ်လည်းပျက်ရော။

Read More...

SU FREE UNITE & ADVANCE TO GRAB THE HOPE



ပြည်တွင်းမှာ တရားဝင် ထုတ်ဝေနေတဲ့ Eleven Sport Journal ရဲ့ အဖုံးမှာ SUNDERLAND FREEZE CHELSEA UNITED STUNNED BY VILLA & ARSENAL ADVANCE TO GRAB THEIR HOPE ဆိုတဲ့စာသားမှာ အနီရောင်ဖျော့နဲ့ ရေးထားတဲ့စာလုံးတွေကို ဖတ်ကြည့်လိုက်ရင် SU FREE UNITE & ADVANCE TO GRAB THE HOPE လို့ ဖြစ်နေပါတယ်။

ဒေါ်စုလွတ်မြောက်မှုဟာ ညီညွတ်မှုနဲ့ မျှော်လင့်ချက်ကို ဆုတ်ကိုင်နိုင်ဖို့ လမ်းစ ဖြစ်တယ်ဆိုတဲ့ အဓိပ္ပာယ် ပါပဲ။
ရဲရဲဝံ့ဝံ့ ဖန်တီး ဂုဏ်ပြုလိုက်သူများကို အသိအမှတ် ပြုခြင်းနှင့်အတူ ရင်ခုန်သံတူသူများကို မျှဝေပေးနိုင်ဖို့။

(အီးမေးရွှေပေလွှာ မှ ပြန်လည်ကူးယူတင်ဆက်သည်)

“အပြောင်းအလဲလိုချင်ရင် အပြောင်းအလဲ ရအောင်ကြိုးစား”

Thursday, 18 November 2010


မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် နိုဗဲလ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် စစ်အစိုးရ၏ နေအိမ် အကျယ်ချုပ်မှ နိုဝင်ဘာ ၁၃ ရက်နေ့တွင် ပြန်လည် လွတ်မြောက် လာခဲ့သည်။


ဒေါ်အောင်ဆန်းစုကြည်၏ စစ်အစိုးရအပေါ်သဘောထား၊ ၎င်း ဆက်လက် ဆောင်ရွက်မည့် နိုင်ငံရေး ရှေ့လုပ်ငန်းစဉ် များနှင့် ရွေးကောက်ပွဲ အပြီး နိုင်ငံရေး အခင်းအကျင်း အပေါ် အမြင် စတာတွေကို ဧရာဝတီမဂ္ဂဇင်း အယ်ဒီတာ အောင်ဇော်က ဆက်သွယ် မေးမြန်းထားသည်။

မေး။ ။ အခုဆိုရင် နေအိမ်မှာ ၇ နှစ်ကျော် အကျဉ်းကျခဲ့တာ ပြန်လွတ်လာပြီ၊ လွန်ခဲ့တဲ့ ၂ ရက် ၃ ရက်အတွင်းမှာ လူထုကို စကား ပြောခဲ့တယ်၊ အပြင်ကိုလည်း ထွက်ကြည့်ခွင့်ရတယ်။ မြန်မာ လူမျိုးတွေကလည်း အပြင်မှာရော အထဲမှာရော ဒေါ်အောင်ဆန်းစုကြည် လွတ်လာတာကို ဝမ်းမြောက် ဝမ်းသာဖြစ်ကြတယ်။ ဘာတွေ ပြောင်း သွားတယ်လို့ မြင်ပါသလဲ။

ဖြေ။ ။ ပထမ ဦးဆုံးကတော့ အန်တီ့ကို လာပြီး ကြိုတဲ့ လူအုပ်စုထဲမှာ လူငယ်တွေ ပိုများလာတာတော့ သတိ ထားမိတယ်။ နောက်ပြီးတော့ cell phone လေးတွေ သုံးတာပေါ့နော်။ cell phone လေးတွေနဲ့၊ hand phone လေးတွေနဲ့ ဓာတ်ပုံ ရိုက်တာတွေ ဘာတွေပေါ့။ အဲဒါတွေက အရင်တုန်းက မကြုံဖူးဘူးလေ။ ၁၀ နှစ် လောက်က မရှိဘူး။ အဲဒါတွေက တော်တော်များများ ပျံ့နေတာဟာ၊ ဘာပဲပြောပြော ဆက်သွယ်ရေး လမ်းကြောင်းကတော့ အရင်ထက်စာလို့ ရှိရင် လမ်းကြောင်းတွေ ပိုများ လာတယ်လို့ မြင်တာပေါ့နော်။ အဲဒါကတော့ အရေးကြီးတဲ့ ကိစ္စပေါ့နော်။ နောက်ပြီးတော့ မြို့ထဲမှာတော့လေ သိပ်ထူးထူးခြားခြား အပြောင်းအလဲကြီးတော့ မမြင်ဘူး။ တကယ်တော့ အန်တီလည်း လျှောက်ပြီး သွားတဲ့လူ မဟုတ်တော့ နေရာ မနှံ့လို့လားတော့ မသိဘူး။ သိပ်ပြီး ထူးထူးခြားခြား ဘာမှ ပြောင်းလဲမှု မရှိဘူး။

မေး။ ။ မြန်မာလူမျိုးတွေက အရမ်း နွမ်းသွားလား။

Read More...

နေ့စဉ်သတင်းများ ( ၁၈ - ၁၁ - ၂၀၁၀ )

ဒေါ်အောင်ဆန်းစုကြည် လွတ်လာပြီးနောက် နိုင်ငံရေးအပြောင်းအလဲ ဖြစ်နိုင်သလား သတင်း
မြန်မာ့အရေး လုံခြုံရေးကောင်စီမှာ ဒီကနေ့ ဆွေးနွေးမည် သတင်း
ဒေါ်စုနဲ့ မစ္စတာဘန်ကီမွန်း တယ်လီဖုန်း ပြောဆို သတင်း
ဒီကေဘီအေနှင့် ကေအန်ယူ ပူးတွဲတိုက်တော့မည် သတင်း
နေပြည်တော် ကျောက်မျက်ပွဲ ကျင်းပ၊ စစ်အရာရှိများ စီးပွားဖြစ် သတင်း
နယ်ခြားစောင့်တပ်ဖွဲ့များကို မြ၀တီမြို့မှာ နေရာယူခိုင်း သတင်း
တန်ပိုယာဉ်တွေ ဒဏ်ရိုက်ဖမ်းဆီးမှုကြောင့် ဆန်ဈေးတက် သတင်း
ဦးထွန်းကျော် ဦးဆောင်သည့် ကရင်နီဖလားဘောလုံးပွဲ ဒကစမှူး တက်ရောက် သတင်း
နိုဝင်ဘာ (၁၈) ရက် နောက်ဆုံးရ သတင်းတိုများ သတင်း
ရေနံချောင်း၌ စစ်သားက အရပ်သား အမျိုးသမီးကို အဓမ္မပြုကျင့် သတင်း
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှုနှင့် ဝန်ထမ်းများအသံ သတင်း
NDF ပါတီက လွှတ်တော်အမတ် ဦးသိန်းညွန့်ကို ထုတ်ပယ် သတင်း
ပြည်ထောင်စုကောင်းကျိုး ရှေ့ရှုသယ်ပိုးသွားမည်ဟု SNDP ဥက္ကဋ္ဌ ပြော သတင်း
လွှတ်တော်နေရာ (၇၆.၅) ရာခိုင်နှုန်းကို ကြံ့ခိုင်ရေး သိမ်းပိုက် သတင်း
လူမှုရေးလုပ်ငန်းများ ကြံ့ဖွံ့ပါတီ ရပ်ပြီ သတင်း
ကြံ့ခိုင်ရေးပါတီ၏ မဲမသမာမှုများအပေါ် ပြစ်တင် သတင်း
ကြံ့ဖွံ့နှင့် ပေါင်းရန် ကရင်ပါတီကို စည်းရုံး သတင်း
ဖလုံစဝေါ်ပါတီနှင့် မိတ်ဖွဲ့ရန် တောင်ကလေးဆရာတော်ဆီ သာသနာရေးဝန်ကြီး ချဉ်းကပ် သတင်း
သူကြီးမ ၈ ဦး မတရား ဖမ်းခံရ သတင်း
“အပြောင်းအလဲလိုချင်ရင် အပြောင်းအလဲရအောင် ကြိုးစား” (ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်တာဗျူး)
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၆) ဖွဲ့ စစ်ရေး၊ နိုင်ငံရေး မဟာမိတ် ဖွဲ့စည်းရာတွင် ရခိုင်ပြည်လွတ်မြောက် ရေးပါတီ ပါဝင်မှု မရှိခြင်းအပေါ် ပါတီ ဒု-ဥက္ကဌ (၂) ဗိုလ်မှူး ခိုင်မျိုးမင်းနှင့် ဆက်သွယ်မေးမြန်းခန်း (အင်တာဗျူး)
ဒေါ်အောင်ဆန်းစုကြည် လွတ်ပြီ၊ တိုက်ပွဲ ပြန်စပြီ (ဆောင်းပါး)
ပိုလိုအပ်တဲ့သူကို အရင်ပေးတဲ့ အမေ (ဆောင်းပါး)

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် အောင်စစ်သည် ဆုရ ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်

ရော်နီညိမ်း
တနင်္ဂနွေ, 14 နိုဝင်ဘာ 2010

တပ်မှူးတပ်သား ပြောစကား (၀၃၄)

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်မှာ အကျယ်ချုပ်နဲ့ အကျဉ်းကျ နေရာက နိုဝင်ဘာ (၁၃) ရက် နေ့မှာ ပြန်လည် လွတ်မြောက် လာခဲ့ပါပြီ။ ဒီနှစ်ထဲမှာပဲ ကသာ အကျဉ်းထောင်ကနေ ပြန်လည် လွတ်မြောက် လာခဲ့သူဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ထောက် တစ်ဦး ဖြစ်ခဲ့သူ ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်ပါ။ သူ့ရဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး ဦးဝင်းထိန်ရဲ့ ရှုမြင် သုံးသပ်ထားတဲ့ အမြင် သဘောထားတွေကို ဒီတပတ် “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ် ကဏ္ဍမှာ “မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် အောင်စစ်သည်ဆုရ ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်” ခေါင်းစဉ်နဲ့ ဦးရော်နီညိမ်း က စီစဉ် တင်ဆက် ထားပါတယ်။

ဦးရော်နီညိမ်း။ ။ စစ်အစိုးရက ချမှတ်ခဲ့တဲ့ ထောင်ဒဏ်(၁၄) နှစ်ကို လျှော့ရက်မရှိ အပြည့်အ၀ ကျခံခဲ့ရ ပြီးတော့၊ ပြီးခဲ့တဲ့ ဇူလိုင်လ(၁၅) ရက်နေ့က ကသာ ထောင်ကနေ ပြန်ပြီး လွတ်မြောက်လာသူကတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဗိုလ်ကြီးဟောင်း ဦးဝင်းထိန် ဖြစ်ပါတယ်။ ပြည်ပ သတင်းမီဒီယာတွေကို သတင်းမှားတွေ ပေးပို့တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ၁၉၉၆ ခုနှစ်မှာ ဦးဝင်းထိန်ဟာ ဒုတိယ အကြိမ် ဖမ်းဆီးခံရပြီး ထောင် ဒဏ်(၁၄)နှစ် ကျခံခဲ့ရတာ ဖြစ်ပါတယ်။ ၁၉၈၉ ခုနှစ်ကလည်း ဇူလိုင်လ(၂၀) ရက်နေ့မှာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ အထိန်းသိမ်း ခံခဲ့ရပြီး ပထမအကြိမ် ထောင်ဒဏ် (၆) နှစ် ကျခံခဲ့ရပါတယ်။ ၁၉၉၅ ခုနှစ်မှာ ပြန်ပြီး လွတ်လာခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အနီးကပ် လက်ထောက် တစ်ဦး ဖြစ်လာခဲ့ပုံကို ဦးဝင်းထိန်က အခုလို ရှင်းပြခဲ့ပါတယ်။

Read More...

Thursday, November 18, 2010

Burma Update - The Lady Visits HIV-AIDS Patients - 17 Nov 2010

Burma Update - The Lady Visits HIV-AIDS Patients - 17 Nov 2010

ဒေါ်အောင်ဆန်းစုကြည်နှင့် မဇ္ဈိမ အင်တာဗျူး

ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ ၁၇ ရက် ၂၀၁၀

၇ နှစ်ကြာ နေအိမ်အချုပ်မှ နိုဝင်ဘာ ၁၃ ရက်နေ့က လွတ်မြောက်လာခဲ့သော မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကို အိန္ဒိယ၏ မြန်မာနိုင်ငံ အပေါ်ထားရှိသော မူဝါဒ၊ အင်တာနက်နှင့် မီဒီယာသစ် သုံးစွဲမှု၊ တိုင်းရင်းသား အရေး၊ ဂျွန်ယက်ထောကို ဘယ်သူလွှတ်လဲ၊ လူငယ်နှင့် အမျိုးသမီးကဏ္ဍ၊ လုံခြုံရေး အကြောင်းများ မဇ္ဈိမသတင်းဌာန စီမံခန့်ခွဲမှု အယ်ဒီတာ ကိုစိန်ဝင်းက တယ်လီဖုန်းဖြင့် မေးမြန်းထားသည်။

ကျနော် ပထမဆုံး အိန္ဒိယနဲ့ ပတ်သက်တဲ့ မေးခွန်းမေးချင်တယ်ခင်ဗျ၊ အိန္ဒိယလူထု အနေနဲ့ မြန်မာ့ ဒီမိုကရေစီ အရေးအတွက် ဘာများ လုပ်ပေးနိုင်တယ် အန်တီ ထင်လဲခင်ဗျ။

အန်တီတို့ နိုင်ငံ ၂ နိုင်ငံဟာ လွတ်လပ်ရေး ကြိုးပမ်းတဲ့ ကာလကနေစပြီး မိတ်ဆွေတွေလို ရဲဘော် ရဲဘက်တွေလို လုပ်ခဲ့ကြတာ၊ အခု နောက်ပိုင်းမှာတော့ အိန္ဒိယ ပြည်သူတွေက သိသင့်သလောက် မသိဘူးလို့ အန်တီထင်တယ်၊ အဲဒါ ပိုပြီးတော့ သိနိုင်ရင် ပထမဆုံး ခြေလှမ်းပဲ။

အိန္ဒိယ ပါလီမန်၊ အစိုးရက ဘာတွေလုပ်နိုင်တယ် ဘာတွေဖြစ်သင့်တယ်လို့ အန်တီပြောချင်လဲ။

အိန္ဒိယနိုင်ငံက ဒီမိုကရေစီနိုင်ငံ ဆိုတော့ အခုမေးလိုက်တဲ့ မေးခွန်းနဲ့ ခုနတုန်းက ပြောလိုက်တဲ့ ကိစ္စနဲ့ ဆက်နွယ်နေတယ်၊ ဒီမိုကရေစီ နိုင်ငံဆိုတော့ ပြည်သူလူထုက နိုးကြား တက်ကြွပြီးတော့ မြန်မာနိုင်ငံ ဒီမိုကရေစီ အရေးအတွက် လုပ်ဆောင်ပေးချင်တဲ့ စိတ်ဓာတ်တွေ ရှိရင် ပါလီမန်နဲ့ အစိုးရကလဲ လျစ်လျူရှုထားလို့ ရမှာမဟုတ်ဘူး၊ အဲဒါကြောင့်မလို့ ပထမဆုံး ခြေလှမ်းက အိန္ဒိယ ပြည်သူလူထု အနေနဲ့ အန်တီတို့ ဒီမိုကရေစီ လှုပ်ရှားမှု အကြောင်းကို ပိုပြီး သိဖို့၊ ထောက်ခံလာဖို့ လိုတယ်။

Read More...

နေ့စဉ်သတင်းများ ( ၁၇ - ၁၁ - ၂၀၁၀ )

ဒေါ်အောင်ဆန်းစုကြည် တောင်ဒဂုံမြို့နယ်က HIV စောင့်ရှောက်ရေးဂေဟာသို့ ရောက်ရှိ သတင်း
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှုကို ရတပမှ ကြိုဆို သတင်း
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှု နေပြည်တော်ဝန်ထမ်းများ အားတက် သတင်း
ဒေါ်အောင်ဆန်းစုကြည် HIV/AIDS ဝေဒနာရှင်များကို အားပေး သတင်း
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာခြင်းအပေါ် ၀မ်းမြောက်ကြောင်း ကြေညာ ခြင်း သတင်း
အကျဉ်းကျ တိုင်းရင်းသားခေါင်းဆောင် လွတ်မြောက်ရေး ဦးစားပေး စဉ်းစားနေဟု ဒေါ်အောင်ဆန်းစုကြည် ပြော သတင်း
သာယာဝတီခရိုင် (၄) မြို့နယ်က ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှုကို ကြိုဆို သတင်း
လုံခြုံရေးကောင်စီ မြန်မာ့အရေး ဆွေးနွေးမည် သတင်း
ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးတဲ့ စစ်တပ်ဘက်က သဘောထား သတင်း
ဂျပန်နိုင်ငံက မြန်မာပြည်နှင့် အပြုသဘောဆက်ဆံရေး ဆက်လက်ကျင့်သုံးမည်ဟု ပြော သတင်း
စစ်အစိုးရ၏ စိစစ်ရေး အစွမ်းပြပြီ၊ အိုးပင်းနယူးစ်ဂျာနယ်ကို နားခိုင်းလိုက် သတင်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သတင်း၊ မြန်မာ့ရေးရာ သတင်းများ သတင်း
ဂီရိဒုက္ခသည် (၁၀၀,၀၀၀) အိုးအိမ်မဲ့နေဆဲ သတင်း
ဂီိရိမုန်တိုင်းဒဏ်သင့် သွေးချင်းတို့အတွက် ဂရုဏာလက် အလှူ သတင်း
မြဝတီမြို့မှာ ဟမ်းဖုန်ပြောသူတွေကို လိုက်ဖမ်းနေ သတင်း
အပစ်ရပ်နယ်မြေအတွင်း နအဖတပ်များ ကိုယ်ယောင်ဖျောက် သတင်း
ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် မြန်မာစစ်အစိုးရတပ် တိုက်ပွဲဆက်ဖြစ် သတင်း
ဒုက္ခသည် နှစ်ထောင်ကျော် ထိုင်းနယ်စပ်သို့ ထပ်မံရောက်ရှိ သတင်း
မြောက်ဦး ယဉ်ကျေးမှုဇုန်တွင် ရထားလမ်းဖောက်လုပ်မှု ရွှေ့ဆိုင်းပေးရန် ပညာရှင်များနှင့် နိုင်ငံရေးခေါင်း ဆောင်များ တောင်းဆို သတင်း
နအဖ သတင်းစာ စွပ်စွဲချက် မမှန်ကန်ကြောင်း ပါတီများတုံ့ပြန် သတင်း
၂၀၁၀ နိုဝင်ဘာ (၇) ရက်နေ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဦးနေမျိုးဝေရဲ့ အမြင် သတင်း
၂၀၁၀ နိုဝင်ဘာ (၇) ရက်နေ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဦးသိန်းတင်အောင်ရဲ့ အမြင် သတင်း
လက်မှတ်သက်တမ်းမတိုးသည့် အလုပ်သမားများ ယာယီနေထိုင်ခွင့် ကုန်ဆုံးမည် သတင်း
“အပြောင်းအလဲလိုချင်လို့ရှိရင် ကိုယ့်ဘာသာကိုယ်လုပ်ရမယ်” (ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်သွယ်မေး မြန်းခြင်း)
ဒုတိယပင်လုံအပေါ် ယနေ့ကျောင်းသားလူငယ်တဦး ရဲဘော်ဖိုးသံချောင်းကို မေးမြန်း (အင်တာဗျူး)
သည်တပွဲမှာ ရဲရဲညီညီ အောင်ပွဲသို့ရည် ချီကြလေ (ဆောင်းပါး)

Wednesday, November 17, 2010

နိုင်ငံရေးကို နိုင်ငံရေးနဲ့ ဖြေရှင်းဖို့ ဒေါ်စုဦးဆောင်ပါ

တနင်္လာနေ့၊ နိုဝင်ဘာလ ၁၅ ရက် ၂၀၁၀


စိုင်းလိတ်( SNLD)

ဒေါ်အောင်ဆန်းစုကြည်လွတ်လာတာကို SNLD အနေနဲ့ ဘယ်လိုခံစားရလဲ။

ဒေါ်အောင်ဆန်းစုကြည် လွတ်လာတယ်လို့ ကြားလိုက်တာနဲ့ ကျနော်တို့တဖွဲ့လုံး ပြည်သူနဲ့ ထပ်တူ လုံးဝ ဝမ်းသာ ကျေနပ်ပါတယ်။ ဝမ်းသာအားရ ဖြစ်နေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့စကားပြောခွင့်ရသလား။

အခုထက်ထိတော့ပြောခွင့်မရသေးပါဘူး။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးဖို့ SNLD ဘာတွေ ပြင်ဆင်ထားပါ သလဲ။

Read More...

ဒေါ်အောင်ဆန်းစုကြည် နှင့် ဂျွန် ဆင်ပဆင် အင်တာဗျူး (၁၅ နိုဝင်ဘာ ၂၀၁၀)

Nov 17, 2010

နေ့စဉ်သတင်းများ ( ၁၆ - ၁၁ - ၂၀၁၀ )

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှုအတွက် ဗြိတိန်ဝန်ကြီးချုပ် ကြိုဆို သတင်း
နိုင်ငံရေးကြောက်စိတ် နည်းသွားဟု လူငယ်များ ပြော သတင်း
NLD ဆက်လက်ရပ်တည်ရေး နေပြည်တော်တွင် ကြားနာမည် သတင်း
ဒေါ်အောင်ဆန်းစုကြည် လူငယ်များနှင့် တွေ့ဆုံမည် သတင်း
အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် လက်တွဲရန် အသင့်ရှိဟုဆို သတင်း
တိုင်းရင်းသားအရေး၊ ဒီမိုကရေစီအရေး ဒေါ်အောင်ဆန်းစုကြည် လုပ်ဆောင်မည်ဟု ကချင်အမျိုးသားများ မျှော်လင့် သတင်း
ဒေါ်အောင်ဆန်းစုကြည်၏ ယနေ့လှုပ်ရှားမှုများ သတင်း
ဒုတိယပင်လုံညီလာခံနဲ့ ဒေါ်အောင်ဆန်းစုကြည် သတင်း
နိုဝင်ဘာ (၁၆) ရက် နောက်ဆုံးရ သတင်းတိုများ သတင်း
ဒေါ်အောင်ဆန်းစုကြည်သတင်း၊ မြန်မာအသိုင်းအ၀ိုင်းသတင်းများ သတင်း
ဒေါ်အောင်ဆန်းစုကြည်အတွက် facebook အကောင့်များ ဖွင့် သတင်း
ကြံ့ဖွံ့ပါတီကို ဖျက်သိမ်းပေးရန် ဒီငြိမ်း တောင်းဆို သတင်း
ရွေးကောက်ပွဲမှစ၍ တာချီလိတ်နယ်စပ် ကုန်စည်ကူးသန်းမှု ပိတ်ပင်၊ ကုန်သည်များ အခက်တွေ့ ညည်းတွား သတင်း
အထက်အမိန့်အရ လုပ်ရသောကြောင့် ရန်ငြှိုးမထားရန် ကျားဖြူကို လားရှိုးကော်မရှင် ပြော သတင်း
လွင်မိုးက ကြံ့ဖွံ့ကို ၀မ်းသာအားရ မဲပေးခဲ့ သတင်း
သရဲလေးကောင်က လွင်မိုးနဲ့အတူ ရွေးကောက်ပွဲမှာ မဲမဆွယ်ခဲ့ကြောင်း ရှင်းလင်း သတင်း
UDP ပါတီ ယနေ့ထုတ်ပြန်ချက် သတင်း
ရွေးကောက်ပွဲတွင် ကရင်လွှတ်တော်ကိုယ်စားလှယ်လောင်း (၁၆) ဦး အရွေးခံရ သတင်း
မြေပုံ ကျွန်းသာယာတွင် လေဘေးသင့် ပြည်သူများကို စစ်တပ်က လုပ်အားပေးစေခိုင်းနေ သတင်း
ကရင်ပြည်နယ်တွင် တိုက်ပွဲများ ဆက်ဖြစ် သတင်း
ဘုရားသုံးဆူရှိ ဒီကေဘီအေတပ်စခန်းကို နအဖတပ် ၀င်ရောက်နေရာယူ သတင်း
နယ်စပ်တိုက်ပွဲများကြောင့် ဆေးဈေးနှုန်း မြင့်တက် သတင်း
တိုင်းရင်းသားတွေ မြင်တဲ့ ဒေါ်အောင်ဆန်းစုကြည် (ဆောင်းပါး)
ကုလသမဂ္ဂ၊ အာဆီယံနှင့် ရွေးကောက်ပွဲလုပ်ဇာတ် (ဆောင်းပါး)
မာရသွန်သို့ ... (ဆောင်းပါး)
ဒေါ်အောင်ဆန်းစုကြည်နဲ့ BBC အင်တာဗျူး (ရုပ်သံ)
နိုင်ငံရေးကို နိုင်ငံရေးနဲ့ ဖြေရှင်းဖို့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပါ (အင်တာဗျူး)
ရွေးကောက်ပွဲ မသမာမှုကို တိုင်လည်း မထူးဘူး (အင်တာဗျူး)
တရားဥပဒေအရ ရွေးကောက်ပွဲကို ကူညီတဲ့သဘော (အင်တာဗျူး)

Monday, November 15, 2010

ဒေါ်အောင်ဆန်းစုကြည် သတင်းစာ ရှင်းလင်းပွဲ

မစုမြတ်မွန်
တနင်္ဂနွေ, 14 နိုဝင်ဘာ 2010

မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ရရှိရေးအတွက် သူတယောက်တည်း လုပ်လို့မရဘူးလို့ ဒေါ်အောင်ဆန်းစုကြည် က ပြောလိုက် ပါတယ်။ ဘယ်ပါတီ ဘယ်အဖွဲ့အစည်းပဲ ဖြစ်ဖြစ် ဒီမိုကရေစီ လိုလားတယ် ဆိုရင် အားလုံးနဲ့ လက်တွဲ လုပ်သွားမယ်လို့ တနင်္ဂနွေနေ့က လုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေ အရေး၊ NLD ရဲ့ ရှေ့ရေး၊ ပိတ်ဆို့ အရေးယူမှု ဖယ်ရှားရေး၊ တွေ့ဆုံဆွေးနွေးရေး စတဲ့ အကြောင်းအရာတွေ အပါအဝင် ရွေးကောက်ပွဲမှာ မဲပေးခဲ့သူတွေ အပေါ် သူ့အမြင်တွေကို ဖြေကြားခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲ အကြောင်းကို မစုမြတ်မွန်က စုစည်း တင်ပြပေးထားပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်မှာ တနင်္ဂနွေနေ့က လုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာတော့ ဒေါ်အောင်ဆန်း စုကြည်က တော်တော်လေး အော်ဟစ် ဖြေကြား ခဲ့ရတယ်လို့ ပြောရမှာပါ။ သူ့ကိုမေးကြတဲ့ ပြည်တွင်း ပြည်ပက သတင်းထောက်တွေ ကလည်း သူ့ထက်ငါ အလုအယက်ကို မေးခဲ့ကြပါတယ်။ သူ့ရဲ့ လွတ်မြောက်မှုနဲ့ ပတ်သက်ပြီး သတင်းထောက် တယောက်က မေးတော့ ဒေါ်အောင်ဆန်းစုကြည်က…

“ကျမရဲ့ ပြည်သူတွေ မလွတ်မြောက်သေးသရွေ့ ကျမ လွတ်မြောက်တယ်လို့ ဘယ်ပြောနိုင်ပါ့ မလဲ။ အားလုံးအတူ မလွတ်မြောက် သရွေ့ ဘယ်သူမှ မလွတ်လပ် သေးပါဘူး။ တယောက်နဲ့ တယောက် ကူညီပြီး လွတ်လပ်မှုနဲ့ ဒီမိုကရေစီရအောင် လုပ်သွားရမယ်။” လို့ ဖြေသွားပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ရရှိအောင် လုပ်ဖို့အတွက်ကိုလည်း အားလုံးနဲ့ လက်တွဲ လုပ်သွားမယ်လို့ ပြောပါတယ်။

“ကျမတို့က အမြဲ တံခါးဖွင့်ထားပါတယ်။ ကျမတို့နဲ့ ဒီမိုကရေစီ လိုလားတဲ့ အုပ်စုအဖွဲ့တွေနဲ့ အားလုံး လက်တွဲပြီး ဆောင်ရွက်ဖို့ အဆင်သင့်ပဲ။ ကျမတို့ရဲ့ အရင်တုန်းက မူဝါဒကလည်း ဒီအတိုင်းပဲ။ အခုလည်း ဒီမူဝါဒ အတိုင်းပဲ။”

Read More...

NLD ရုံးချုပ်တွင်ပြောသော ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း

Sunday, November 14, 2010

Monthly-News-Commentary-November-2010

Monthly News Commentary - November 2010

ဒေါ်အောင်ဆန်းစုကြည် လွတ်ပြီ

နိုဝင်ဘာ ၁၃ ရက် ၂၀၁၀

အပေါ်သို့