Monday, November 21, 2011

"မြစိမ်းရောင် စိုက်ပျိုးရေး" လုပ်ငန်းများလုပ်ရန် ဆော်သြ

21 November 2011
မောင်မောင်သန်း

ကုလသမဂ္ဂ သဘာဝပတ်ဝန်းကျင် အစီအစဉ် (UNEP)က စိုက်ပျိုးမြေများ ပို၍ အထွက်ကောင်းလာအောင်နှင့်၊ ဆင်းရဲသားများ အတွက် ရိက္ခာလုံခြုံမှု ပိုရှိလာအောင်

ကမ္ဘာ့ ဂေဟစနစ်ကို အားပေးသောအားဖြင့် သစ်ပင်မျိုးစုံကို အလုံးအရင်းလိုက် စိုက်ပျိုးရန် ဆော်သြလျက်ရှိသည်။

နိုင်ငံတကာရေ စီမံအုပ်ချုပ်ရေးအဖွဲ နှင့် ပူးတွဲပြုစုသော အစီရင်စာတစောင်၌ ကုလသမဂ္ဂ သဘာဝ ပတ်ဝန်းကျင်အစီအစဉ်က ရှင်သန်သော ဂေဟ စနစ်များသည် ရေအရင်းအမြစ်များ ရေရှည် တည်တံ့ရေးအတွက် အခြခံဖြစ်ကြောင်း အသိအမှတ်ပြုလျက်၊ တည်ငြိမ်သော ရိက္ခာလုံခြုံမှုသည် လယ်ယာ အထွက်နှုန်းကို တိုးစေနိုင်ပြီး၊ ရာသီဥတု ပြောင်းလဲမှုကိုလည်း ပို၍ ခံနိုင်ရည် ရှိစေ နိုင်သည့်အပြင်၊ ဆင်းရဲသူ ဆင်းရဲသားများအတွက်လည်း စီးပွားရေး အကျိုးအမြတ်များကို ပေးနိုင်သည်ဟု ဆိုပါသည်။


သီးနှံမျိုးစုံ စိုက်ပျိုးခြင်း၊ လယ်ယာမြေများတွင် သစ်ပင်များ စိုက်ပျိုးခြင်း၊ မိုးရေ သိုလှောင်နည်းကို ပို၍ တိုးတက် ကောင်းမွန် စေခြင်းအားဖြင့် ရေနှင့် ရိက္ခာ တွင် ရင်းနှီးမြှုပ်နှံသင့်ကြောင်း၊ ဤသို့ ဖြင့် ရေ ရှားပါးမှု မဖြစ်ပွားအောင် ရှောင်ရှားနိုင်သည့် အပြင်၊ ကမ္ဘာ့ လူဦးရေ၏ ကြီးထွားလာနေသော ရိက္ခာ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သည်ဟု အစီရင်ခံစာ၌ ဖေါ်ပြထားသည်။

"ရေနှင့် ရိက္ခာလုံခြုံမှုအတွက် ဂေဟစနစ်နည်းလမ်း" ဟု အမည်ပေးထားသော ထိုအစီရင်ခံစာက ဆိုထားသည်မှာ - လယ်ယာ မြေများ၊ ငါးမွေးကန်များနှင့် လယ်ယာစိုက်ပျိုးရေးဆိုင်ရာ အခြားသော လုပ်ငန်းများကို "လယ်ယာ-ဂေဟစနစ်များ"ဟု သဘော ထားသင့်ကြောင်း၊ ဤဂေဟစနစ်များက အစားအစာ များကို ဖြည့်ဆည်းပေးသည့်အပြင်၊ ရေသန့်စင်ခြင်းကဲ့သို့သော ဂေဟစနစ်၏ လုပ်ငန်းများကို လုပ်ပေးသည်။ ဤ "ပုံမှန် လည်ပတ်နေ သော"ဂေဟစနစ်၏ လုပ်ငန်းများ ကျဆင်းသွားလျှင်၊ မြေဆီမြေသြဇာ ဆုံးရှုံးခြင်း သို့မဟုတ် အပင်ရောဂါများ ဖြစ်ပွားမည့် အန္တရာယ် ပိုများလာခြင်း ကဲ့သို့သော ပြဿနာများ ဖြစ်ပွားပြီး၊ ဤသို့ ဖြစ်ပွားရာမှ နေ၍ လယ်ယာ အထွက်နှုန်းမှာ ထိခိုက်လာနိုင်သည် ဟူ၍ဖြစ်သည်။

ဤကျဆင်းမှုများသည် ရာသီဥတု ပြောင်းလဲမှုကြောင့် ပိုဆိုးလာနိုင်ပြီး၊ (၂၀၅၀) ခုနှစ် လိုအပ်ချက်၏ ၂၅ % အထိ သီးနှံ အထွက် ကျဆင်းသွားစေနိုင်သည်။ ဤသို့ ဖြင့် ကမ္ဘာ့ ဆင်းရဲသူ ဆင်းရဲသား လူမှု အသိုက်အမြုံများမှာ အကြီးအကျယ် ထိခိုက် လာ နိုင်ပါ သည်။ လက်ရှိ ရိက္ခာထုတ်လုပ်မှု ပမာဏ တိုး မြှင့်ရေးတွင် ဧရာမ အခက်အခဲကြီးတခုကား ကျွဲနွား တိရစ္ဆှာန် များ၊ သီးနှံ ခင်းများ၊ ငါးမွေးကန်များနှင့် အခြားသော လယ်ယာ စိုက်ပျိုးရေးဆိုင်ရာ လုပ်ငန်းများ အတွက် လိုအပ်သော ရေကို ရရှိ ရေးပင်ဖြစ်သည်။

မြေအောက်ရေသည် တရုတ်ပြည်မြောက်ပိုင်းလွင်ပြင်၊ အိန္ဒိယနိုင်ငံ၏ ပန်ဂျပ်ပြည်နယ်၊ အမေရိကန် ပြည်ထောင်စု မြောက်ပိုင်း ကဲ့သို့ သော ကမ္ဘာ့ အဓိက စပါးစိုက်ပျိုးရာ ဒေသများတွင် အလျှင်အမြန် ဆုတ်ယုတ်နေလျက်ရှိသည်။

သို့ ဖြစ်ရာ၊ စိုက်ပျိုးရေးအတွက် ရေရရှိစေမည့် ရှင်သန်သော၊ တာရှည်ခံသော ဂေဟစနစ်များနှင့် အခြားသော ဂေဟစနစ်၏ လုပ်ငန်းများကို ထိန်းသိမ်းရေး သည် ရေရှည် ရိက္ခာလုံခြုံမှုအတွက် မရှိ မဖြစ်လိုအပ်သည်။ ရိက္ခာထုတ်လုပ်မှုတွင် အထွက် တိုးအောင် ဖြစ်ညှစ် စိုက်ပျိုးသော နည်းလမ်းများကို အသုံးပြုမှု များလာခြင်းကြောင့် ဇီဝမျိုးစိပ်များ စုံလင်ထွေပြားမှုနှင့် ၀တ်မှုံ မျိုးကူးမှုသော်၎င်း၊ လယ်ယာ စွန့်ပစ်ရေ၏ ညစ်ညမ်းမှုကြောင့်ဖြစ်သော မြေဆီမြေနှစ် ဆုတ်ယုတ်မှု ကာကွယ်ရေးသော်၎င်း၊ မြစ်များမှ လယ်ယာမြေများထဲသို့ ရေသွယ်ခြင်းကဲ့သို့ သော အခြားသော ဂေဟစနစ်၏ လုပ်ငန်းများသော်၎င်း ပျက်စီးခဲ့ရသည်။

လယ်ယာစိုက်ပျိုးရေးမှာ ဂေဟစနစ်အခြေခံသော နည်းလမ်းကို အသုံးပြုခြင်းအားဖြင့် ရေကိုပို၍ တွက်ခြေကိုက်စွာ အသုံးပြုခြင်း၊ နှစ်စဉ် လယ်ယာမြေ ဟက်တာပေါင်း(၅-၁၀)သန်း ဆုတ်ယုတ် ပျက်စီးနေမှုကို လျော့နည်းသွားစေခြင်း၊ ပိုးသတ်ဆေးများ အသုံးပြုရာမှဖြစ်ပွားသော အထွက်ဆုတ် ယုတ်မှုများ နည်းသွားစေခြင်း၊ ရိက္ခာနှင့် အသက်မွေးဝမ်းကျောင်းမှုအတွက် လယ်ယာ မြေများ၊ မြစ် များ၊ သစ်တောများနှင့် အခြားသော ဂေဟစနစ်များအပေါ် အမှီသဟဲ ပြုနေရသော ဆင်းရဲသား လူမှု အသိုက် အမြုံများအဖို့ ပို၍အကျိုးခံစားရခြင်းတည်းဟူသော ရလဒ်များ ဖြစ်ပေါ်လာနိုင်သည်ဟု အစီရင်ခံစာက ဆိုပါသည်။

အဖွဲ့ အစည်းပေါင်း (၂၁) ဖွဲ့ မှ ပါဝင် ရေးသားသူပေါင်း (၅၀) ကျော်တို့ ဖြင့် သဘာဝ ပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်မှု၊ ရေ အရင်းအမြစ်များ စီမံအုပ်ချုပ်မှု၊ ရိက္ခာထုတ်လုပ်မှုတည်းဟူသော နယ်ပယ် (၃) ရပ်တွင် ပြောင်းလဲမှုများ လုပ်ရန် အကြံပြု ထားသော (တရုတ်၊ ဂွာတီမာလာ၊ ဂျော်ဒန်နှင့် အခြား လူ့အသိုက် အမြုံများမှ) ဖြစ်ရပ် လေ့လာချက်များကို အသုံးပြုကာ ဤ အစီရင်ခံစာကို ပြုစုခဲ့ခြင်းဖြစ်သည်။

အစီရင်ခံစာက အခြောက်စိုက်ပျိုးသော မြေများ၊ ရေလှောင် စိုက်ပျိုးမြေများ၊ သီးနှံစနစ်များ၊ ငါးမွေးကန်များနှင့် တိရစ္ဆာန် မွေးမြူ ရေး စနစ်များအတွက်လည်း အကြံပြုချက်များ ပေးထားသည်။ တိရစ္ဆာန်များ ပိုမိုလွတ်လပ်စွာ လှုပ်ရှားသွားလာနိုင်စေရန်၊ တိရစ္ဆာန် များကို နေရာကျဉ်းကျဉ်းမှာ ထားခြင်းကြောင့် ဖြစ်ပွား တတ်သော စားကျက်မြေများ ပြောင်တလင်းခါသွားခြင်းနှင့် မြေ ယာ ဆုတ်ယုတ်ပျက်စီးခြင်းတို့ လျော့နည်းစေရန်အတွက် တိရစ္ဆာန်သွားလမ်းများ ဖန်တီး ပေးရေးအပါအ၀င် အခြေခံမူ (၃) ချက် အတိုင်း ဆောင်ရွက်ရန် အစိုးရများအား ဆော်သြထားသည်။

သီးနှံ၊ သစ်ပင်နှင့် တိရစ္ဆာန် မွေးမြူရေးတို့ ကို ပေါင်းစပ်ပေးခြင်း၊ ကျွဲချေးနွားချေး၊ ရိုးပြတ်များဖြင့် မြေသြဇာ ထက်သန် လာ စေခြင်း၊ သစ်ပင်များကို မြေစာ ကျွေးခြင်း တို့အတွက် မြေယာအမျိုးအစား အမျိုးမျိုး ထားရှိရန်လည်း အကြံပြုထားသည်။

တတိယမူမှာ စိုက်ပျိုးနေကျ သီးနှံများကို စိုက်ပျိုး၍ မရနိုင်လောက်အောင် ခြောက်သွေ့ လာသော နယ်မြေများ၌၊ မိုး မမှန်သည့် အခြေအနေမှာပင်လျှင် အကျိုးရှိရှိ စိုက်ပျိုးနိုင်ပြီး၊ မြေယာ ဆုတ်ယုတ် ပျက်စီးမှု မဖြစ်အောင်လည်း ကာကွယ် ပေးနိုင်ရန်အလို့ ငှာ ခြောက်သွေ့ အခြေအနေများနှင့် ပိုမို ကိုက်ညီ အောင် ပြုပြင်ထားသော စိုက်ပျိုးနေကျ သီးနှံများကို စိုက်ပျိုးရန်ဖြစ်သည်။

Ref: မောက္ခ

0 comments:

အပေါ်သို့