Friday, October 8, 2010

ဒိန်းမတ်အစိုးရမှ ဧရာဝတီ မဂ္ဂဇင်းအတွက် ထောက်ပံ့မှုကို ရပ်ဆိုင်းလိုက်ခြင်း

Thursday, October 7, 2010

ဘန်ကောက်မှာ ရှိတဲ့ ထိုင်းနိုင်ငံဆိုင်ရာ ဒိန်းမတ်နိုင်ငံ သံရုံးကနေပြီး ဒိန်းမတ်နိုင်ငံက ချင်းမိုင်း အခြေစိုက် ဧရာဝတီ မဂ္ဂဇင်းကို ထောက်ပံ့ ကူညီနေမှုများကို ၂၀၁၁ ခုနှစ်မှာ ရပ်ဆိုင်း တော့မယ်လို့ ထုတ်ပြန် ကြေညာခဲ့ပါတယ်။ ထုတ်ပြန်ချက်ထဲမှာ ဒိန်းမတ်နိုင်ငံ အနေနဲ့ ဧရာဝတီ မဂ္ဂဇင်းကို အလှူရှင်တွေရဲ့ လှူဒါန်းမှု အပေါ်မှာ သက်သက် မှီခိုနေတဲ့ ပုံစံကနေ မိမိဘာသာ ရေရှည် ရပ်တည်နိုင်ပြီး ပြင်ပ အကူအညီ နည်းနည်းသာ ရယူတဲ့ပုံစံ အဖြစ် ပြောင်းပြီး ရပ်တည်နိုင်ဖို့ အတွက် မျှော်မှန်းခဲ့တယ်။ ဒါပေမယ့် ဧရာဝတီ မဂ္ဂဇင်းရဲ့ တာဝန်ရှိသူတွေဟာ အဲဒီလို အသွင်ပြောင်းဖို့ စိတ်မ၀င်စားဘူး။ အကူအညီ ပေးရေး စီမံကိန်းမှာ ပါတဲ့ သဘော တူညီချက်တွေကို ဖြည့်ဆည်းဖို့ ပျက်ကွက်ခဲ့တယ်။ ဧရာဝတီ မဂ္ဂဇင်းဟာ တစ်နှစ်ကို ဒေါ်လာ တစ်သန်း ကျော် ရှိတဲ့ အကူအညီတွေကို သုံးပြီး ၀န်ထမ်း ၆၂ ယောက် ခန့်ထားတယ်။ မဂ္ဂဇင်းရဲ့ အကြီးတန်း တာဝန် ရှိသူတွေရဲ့ ခရီး စရိတ်အပြင် အသုံးစရိတ်တွေ အတွက် ငွေတွေ ဖောဖော သီသီ သုံးပြီး ငွေကြေးဆိုင်ရာ စီမံခန့်ခွဲမှု၊ ချွေတာ သုံးစွဲမှုတွေ မလုပ်ဖူးလို့ ထောက်ပြ ထားပြီး အလှူငွေတွေ အများကြီး သုံးပေမယ့် မဂ္ဂဇင်း စောင်ရေ ကျတော့ စောင်ရေ ၂၀၀ ပဲ ထုတ်တယ်လို့ ဖော်ပြ ထားပါတယ်။

ပြည်ပရောက် ဒီမိုကရေစီ လှုပ်ရှားမှု အဖွဲ့များ အတွင်းမှာ ငွေကြေး သုံးစွဲမှုတွေနဲ့ ပတ်သက်ပြီး စနစ်ဇယား မရှိမှု၊ အဂတိ လိုက်စားမှု တွေနဲ့ ပတ်သက်ပြီး ပြည်ပရောက် မြန်မာများကြားမှာ ထောက်ပြ ဆွေးနွေးမှုများ ရှိခဲ့တာ ကြာပါပြီ။ ဒါပေမယ့် ပြည်ပ အကူအညီ ပေးသူများက ဒါတွေကို ထောက်ပြပြီး အကူအညီ ဖြတ်တောက် တာတော့ ဒါဟာ ပထမဆုံး ဖြစ်မယ် ထင်ပါတယ်။

သံရုံးရဲ့ ထုတ်ပြန်ချက်ကို အောက်မှာ မူရင်းအတိုင်း ဖော်ပြလိုက်ပါတယ်။

Dear all,

I would like to inform you that the Danish Embassy has decided – after many years of support at a high ( may be too high) – level, to discontinue our financial support to the Irrawaddy magazine for 2011.

The decision is based on our current project where the Irrawaddy unfortunately have not delivered what was promised in the project agreement nor have they been able to follow up on the contractual amendments the Irrawaddy themselves requested for.

The contractual agreement between the Danish embassy and Irrawaddy included several project components that in time could help the Irrawaddy become more sustainable and thus less dependent on donor financing. Unfortunately it seems that this is not a priority for Irrawaddy at this stage. They seemingly prefer the easier option to be totally dependent on donor contributions, an option which in our eyes gives the magazine a less convincing profile than the alternative model, which would show all out efforts to make this a sustainable organization run by exile Burmese, of course with some donor support. Now the organization appears as a donor stooge run by people who do not feel a great urge to rationalize procedures, to consider possible savings and in general to show the necessary will to prudently manage the scarce donor funds made available to the organization. It is worth noting that the magazine, which 2010 budget exceeded one million US$, employs 62 members of staff at their Chaing Mai office, with inter alia a very generous and liberal travel policy for senior staff, only sells around 200 magazines per month.

Kind regards,

bjarke

BJARKE MANNICHE NIELSEN / BJANIE@UM.DK

SENIOR PROGRAMME OFFICER

ROYAL DANISH EMBASSY, BANGKOK

10 SATHORN SOI 1(SOI ATTAKARN PRASIT) / 10120 BANGKOK

WWW.AMBBANGKOK.UM.DK

Ref: ပိတောက်မြေ ဘလော့မှ

0 comments:

အပေါ်သို့