Thursday, April 5, 2012

ကျန်ရှိ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး EU ဆက်လက် ဖိအားပေးသွားမည်

2012-04-04

မြန်မာအစိုးရအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှု တချို့ကို အီးယူ ဥရောပသမဂ္ဂက ပြန်လည်ရုပ်သိမ်းမှာ ဖြစ်ပေမဲ့ ကျန်ရှိနေ သေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လည် လွတ်မြောက်ရေးအတွက် ဆက်လက် ဖိအားပေးသွားမှာ ဖြစ်တယ်လို့ ဗြိတိန် နိုင်ငံခြား ရေးဝန်ကြီး William Hague က ပြောလိုက်ပါတယ်။

" ပြီးခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲဟာ မြန်မာပြည် အပြောင်းအလဲအတွက် အင်မတန် အရေးကြီးတဲ့ အခိုက်အတန့် တစ်ရပ်ဖြစ်တယ် ဆိုတာ ထင်ရှားပါတယ်။ ဒါပေမဲ့ အဲဒီရွေးကောက်ပွဲတွေ ဘယ်လောက်ထိ လွတ်လပ်ပြီး တရားမျှတသလဲဆိုတာ ဆုံးဖြတ်ဖို့ စောပါ သေးတယ်။ ရွေး ကောက်ပွဲ စောင့်ကြည့် လေ့လာသူတွေရဲ့အစီခံချက်တွေနဲ့ တခြားအဖွဲ့အစည်းတွေရဲ့ အမြင်တွေကို သိရဖို့ မိမိ စောင့်စားနေပါတယ်" လို့ မစ္စတာ Hague က ဆိုပါတယ်။


ကြားဖြတ် ရွေးကောက်ပွဲ လွတ်လပ်မျှတမယ်။ ကျန်နေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်မယ်ဆိုရင် မြန်မာအပေါ်ချမှတ် ထား တဲ့ ပိတ်ဆို့မှု အများအပြားကို ရုတ်သိမ်းမယ်လို့ အီးယူ နိုင်ငံခြားရေး ၀န်ကြီးတွေက ပြောဆိုထားပြီး ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး အခုမိမိတို့ အခုလက်ငင်း ဘာတွေ လုပ်စရာရှိသလဲဆိုတာ ဆွေးနွေး တိုင်ပင်ကြရမှာပါ လို့လည်း ဗြိတိန် နိုင်ငံခြား ရေးဝန်ကြီးက ပြောဆိုပါတယ်။

ပိတ်ဆို့မှုတချို့ ရုပ်သိမ်းရေးကိစ္စအတွက် မြန်မာနဲ့ အီးယူ နိုင်ငံခြားရေးဝန်ကြီးတွေ လာမယ့် ဧပြီလ ၂၃ ရက်နေ့မှာ တွေ့ဆုံ ဆွေးနွေးကြ မှာဖြစ်ကြောင်း အီးယူ အလုပ်အမှုဆောင် ကော်မရှင်က ပြောပါတယ်။

Ref: အာရ်အဖ်အေ

0 comments:

အပေါ်သို့