July 17, 2012
အင်တာနက် ရှာ ဖွေ ရေး နှင့် အင်တာနက် ၀န်ဆောင်မှု များ ပေး နေသည့် ကုမ္ပဏီ တစ်ခု ဖြစ်သည့် Google မှ ပြောရေး ဆိုခွင့် ရှိသူ နှင့် အမှုဆောင် အရာ ရှိ တစ်ဦးဖြစ်သူ မယ်ရီဆာ မေယာ ကို Yahoo ကုမ္ပဏီ က ယနေ့  အမှုဆောင် အရာ ရှိ ချုပ် CEO အဖြစ် ခန့်  လိုက် သည် ဟု နယူးယောက် တိုင်း(မ)သတင်းစာ တွင် ဖော် ပြထားသည်။
မယ်ရီဆာ မေယာ သည် ၁၉၉၉ ခုနှစ် တွင် ဂူဂယ် ကုမ္ပဏီ သို့  စတင် ၀င် ရောက် ခဲ့ သည်။ သူမ သည်ဂူဂယ် ၏ ပထမ ဦးဆုံး ၀န်ထမ်း အယောက် ၂၀ တွင် ပါဝင် သူ ဖြစ် ပြီး နောက် ပိုင်း တွင် ဂူဂယ် မြေပုံ ဌာန ၏ အကြီး အကဲ တစ်ဦး ဖြစ်လာ ပြီး အမှုဆောင် အရာရှိ တစ်ဦး လည်း ဖြစ်လာ ခဲ့ သည်။
နည်းပညာ နှင့် စတော့ စသည့် ငွေကြေး ဈေး ကွက် များ တွင် အကြပ် ရိုက် နေသည့် Yahoo အား မယ်ရီဆာ မှ ကယ် တင် နိုင် လိမ့် မည် ဟု Yahoo ရှယ်ယာရှင် များ က ယုံကြည် ကြသည်။
မေလ ၁၈ ရက်နေ့  က ယာဟူး တည်ထောင် သူ ဂျယ်ရီယန်း ရာထူး မှ နှုတ် ထွက် သွား ခဲ့ ပြီး နောက် ကြားဖြတ် အမှုဆောင် အရာရှိ ချုပ် သစ် ဖြစ်သည့် Ross Levinsohn က တာဝန်ယူ ခဲ့ ပြီး တနင်္လာနေ့  က ဘုတ် အဖွဲ့  အစည်း အဝေး တွင် မယ်ရီဆာ ကို အမှုဆောင် အရာ ရှိ ချုပ် အသစ် အဖြစ် အတည် ပြု ခဲ့ ခြင်း ဖြစ်သည်။
မယ်ရီဆာ က သူ မ၏ Google Circles တွင် ယာဟူး CEO အဖြစ် ခန့်  အပ် ခံ ရခြင်း အတွက် စိတ်လှုပ်ရှားပြီး ဂုဏ်ယူဝမ်းမြောက် သည် ဟု ရေးသားထား သည်။
Ref: အဖ်အဲန်ဂျီ
0 comments:
Post a Comment