မြန်မာနိုင်ငံမှာ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်စု အပေါ် ရာဇဝတ် ကျုးလွန်မှုတွေ ရှိနေတယ် ဆိုတဲ့ စွပ်စွဲချက်တွေ အပေါ်မှာ နိုင်ငံတကာ စုံစမ်းရေးကော်မရှင် ဖွဲ့ပြီး စစ်ဆေးဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စတာ ကင်တားနားရဲ့ အဆိုကို ဘယ်လ်ဂျီယမ်နိုင်ငံက တရားဝင် ထောက်ခံထားတယ်လို့ Burma Action Belgium က ဖေဖော်ဝါရီ ၃ ရက် မနေ့က ပြောပါတယ်။
ရန်ကုန်မြို့၊ အလုံမြို့နယ်တွင် ဒီဇင်ဘာ ၁၀ ရက်နေ့က အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနား ကျင်းပနေပုံ ဖြစ်ပါသည်။ (Photo: RFA)
၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ အတွင်း ကျင်းပခဲတဲ့ ဘယ်လ်ဂျီယမ် လွှတ်တော် အစည်းအဝေးမှာ နိုင်ငံခြားရေး ဝန်ကြီးကနေ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင် ဖွဲ့ဖို့ လိုတယ်ဆိုတဲ့ အခြေခံ အချက်တွေကို ဘယ်လ်ဂျီယမ်နိုင်ငံအနေ နဲ့ အသိအမှတ်ပြုထားပါတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင်ဖွဲ့ဖို့ အဆိုကို ထောက်ခံတဲ့ နိုင်ငံပေါင်း ဘယ်လ်ဂျီယမ်နိုင်ငံ အပါအဝင် ၁၄ နိုင်ငံ ရှိပါပြီ။Ref;RFA
















































0 comments:
Post a Comment