Monday, January 31, 2011

ထူးထူးဆန်းဆန်း ............. မြတ်ခိုင်ရေးတဲ့  ကိုဇာဂနာအတွက် ကဗျာ

''၅ဝ သူရ''

Myat Khine on Saturday, January 29, 2011

သူရ

သူရရ မရရ

သူသည် သူရဖြစ်တယ် ...



သူရ

ဘယ်သူရရ မရရ

သူသည် သူရဖြစ်တယ် ...



သူရ

ဘယ်သူခြောက်ခြောက် မခြောက်ခြောက်

မကြောက်တတ်တာသူရဖြစ်တယ်...



သူရ

ဘယ်သူမြှောက်မြှောက် မမြှောက်မြှောက်

မမြောက်တတ်တာ သူရဖြစ်တယ်...



သူရ

ဘယ်သူကျွေးကျွေး မကျွေးကျွေး

ရှိတာထုတ်ကျွေးတတ်တာ သူရဖြစ်တယ် ...



သူရ

ဘယ်သူရိုးရိုး မရိုးရိုး

ရိုးသားသူဟာ သူရဖြစ်တယ် ...



သူရ

ဘယ်သူလှူလှူ မလှူလှူ

ရှိတာလှူတတ်သူဟာ သူရဖြစ်တယ် ...



သူရ

ဘယ်သူစွန့်စွန့် မစွန့်စွန့်

စွန့်တတ်သူဟာ သူရဖြစ်တယ် ...



သူရ

ဘယ်သူချော့ချော့ မချော့ချော့

မချော့တတ်သူဟာ သူရဖြစ်တယ် ...



သူရ

ဘယ်သူကျကျ မကျကျ

မကျဆုံးတတ်သူဟာ သူရဖြစ်တယ် ...



သူရ

သင်ဟာ ပါးစပ်လေးနဲ့လေမုန်တိုင်းတိုက်ပြီး

စကားကြီး စကားကျယ်ပြောတတ်သူမဟုတ်ဘူး ...



သူရ

သင်ဟာ စာရွက်ပေါ်မှာ စိတ်ကူးယဉ်စိတ်အချဉ်ဖောက်

သူတစ်ပါးဦးနှောက်ကောက်စားတတ်သူမဟုတ်ဘူး ...



သူရ

သင်ဟာကိုယ်တိုင်ကိုယ်ကျိုးစွန့်အနစ်နာခံ

ဘယ်သူ့ကိုမှ တရားခံလုပ်တတ်သူမဟုတ်ဘူး ...



သူရ

သင်ဟာ ခေါင်းဆောင်ကောင်းမပီသ

နောက်လိုက်များကို ထိုးချကျွေးတတ်သူမဟုတ်ဘူး ...



သူရ

သင်ဟာ ရောက်ရာဘဝမှာ ခေါင်းဆောင်

ဖြစ်ရာဘဝမှာ ရင်ကော့

ဘယ်တော့မှ အလျော်အစားမလုပ်တတ်သူ

သင့်ဖခင် (ဆရာ) နန်းညွန့်ဆွေ

သင့်မိခင် (အမေ)ဒေါ်ကြည်ဦးတို့ ဈာပနကိုသော်မှ

ကိုယ်တိုင်ဂါရဝပြုခွင့်မရတဲ့ဘဝမှာ

မျက်ရည်တစ်စက်မှ မကျမှာ သေချာတယ် ...



သူရ

သင့် (၅ဝ)ပြည့်မွေးနေ့မှာ

အဖော်မပါ နံရံလေးဘက်ထဲကျင်းပ

ဘယ်လိုမှမလှလောက်ပေမယ့်...

လှချင်တိုင်းလှနေမယ့် သင့်ကတုံး ...

ပြုံးနေမှာ သေချာရဲ့ ...။





မြတ်ခိုင်

နံနက် (၉)နာရီ

၂၉၊ ဇန်နဝါရီ၊ ၂ဝ၁၁

ရန်ကုန်

0 comments:

အပေါ်သို့