March 10, 2012
နော်နိုရင်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီကနေ့ မွန်ပြည်နယ် စည်းရုံးရေးခရီးစဉ်မှာ ဒေသခံပြည်သူတွေနဲ့ ကျောင်းသားလူငယ်တွေ သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြပါတယ်။
အဖွဲ့ ချုပ်ကို အများဆုံးထောက်ခံခဲ့တဲ့ မွန်ပြည်နယ်မှာ လုံခြုံရေးနဲ့ ပတ်သက်ပြီး အရင်လို အခြေအနေမျိုး မဖြစ်အောင် အာဏာပိုင်တွေနဲ့ ညှိနှိုင်းဆောင် ရွက်ထားတယ်လို့ မွန်ပြည်နယ်အဖွဲ့ချုပ်ဝင်တွေက ပြောပါတယ်။
ခရီးစဉ် ဒုတိယနေ့မှာ မော်လမြိုင်နဲ့ ၆ မိုင်လောက်ဝေးတဲ့ ကျွဲခြံကုန်းကျေးရွာ ဘောလုံးကွင်းမှာ ဟောပြောမှာပါ။
အစတုန်းက တော့ မော်လမြိုင်မြို့ ဘိုကုန်းရပ် သံလွင် ဥယျာဉ်မှာ ဟောပြောပွဲလုပ်ဖို့ စီစဉ်ခဲ့ပေမယ့် ပြည်နယ် စည်ပင်သာယာရေးဝန်ကြီးဌာနက သစ်တောပျက်မျာကို အကြောင်းပြုပြီး ခွင့်မပြုခဲ့ပါဘူး။ ဒါကြောင့် မော်လမြိုင်မြိုနဲ့ ၆ မိုင်လောက်ဝေးတဲ့ မော်လမြိုင် – ကျိုက်မရော လမ်းဘေးက ကျွဲခြံကုန်ကျေးရွာမှာ ပြုလုပ်မှာ ဖြစ်ပါတယ်။
ဒေါ် အောင်ဆန်းစုကြည်ဟာ မွန်အမျိုသားဒီမိုကရေစီအဖွဲ့ အပါအဝင် တခြား အန်ဂျီအဖွဲ့တွေနဲ့လည်း တွေ့ဆုံခဲ့တယ်လို့ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ အတွင်းရေးမှူး ဒေါက်တာ မင်းစိုးလင်းက ပြောပါတယ်။
Ref: ဒီဗွီဘီ
Sunday, March 11, 2012
ဒေါ်အောင်ဆန်းစုကြည်၏ မွန်ပြည်နယ်ခရီးစဉ် ဒေသခံများ သောင်းသောင်းဖြဖြ ကြိုဆို
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment