Tuesday, May 7, 2013

ရခိုင်စုံစမ်းရေးကော်မရှင်အစီရင်ခံစာနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတ မိန့်ခွန်းပြောကြား

မိုးမြင့်ကျော်(မြစ်မခ)
6 May, 2013

ရခိုင်ပြည်နယ် ပဋိပက္ခများစုံစမ်းရေးကော်မရှင်အစီရင်ခံစာနှင့်ပတ်သက်၍ နိုင်ငံရေးပါတီများ၏ တင်ပြချက်ကို နိုင်ငံတော်သမ္မတ မှ မိန့်ခွန်းဖြင့် ပြန်လည်ဖြေကြားမည်ဟု နိုင်ငံရေးပါတီများနှင့်တွေ့ ဆုံပွဲတွင် နိုင်ငံတော်သမ္မတ ကြီးက ပြောကြားလိုက် သည်။

ရခိုင်ပြည်နယ်ပဋိပက္ခများစုံစမ်းရေးကော်မရှင်အစီရင်ခံစာနှင့်ပတ်သက်၍ ယနေ့ မေလ(၆)ရက်နေ့ မြန်မာ့ အသံနှင့် ရုပ်မြင် သံကြား ည(၈)နာရီသတင်းတွင် နိုင်ငံတော်သမ္မတကြီးမှ ပြောကြားသည့်မိန့်ခွန်းအား တိုက်ရိုက် ထုတ်လွှင့်ပေးမည်ဖြစ် သည်ဟု သိရှိရသည်။


ရခိုင်အရေးကိစ္စမှာ ပြည်ပအဖွဲ့အစည်းများ ပါဝင်ပတ်သက်နေသည့်အတွက် သိမ်မွေ့စွာ ကိုင်တွယ်ဖြေရှင်း ရမည်ဖြစ်ကြောင်း၊ ၎င်း အရေးကို ကိုင်တွယ်ဖြေရှင်းရာ၌ ထိထိရောက်ရောက် မဖြေရှင်းနိုင်ပါ က ပြဿနာမှာ ပိုမိုကြီးထွားလာမည်ဟု ဒီမိုကရက်တစ်ပါတီမှ အတွင်းရေးမှူးချုပ် ဒေါ်သန်းသန်းနုက တင်ပြဆွေးနွေးခဲ့သည့် အပေါ်တွင် နိုင်ငံတော် သမ္မတမှ ပြန်လည်ဖြေကြားလိုက်ခြင်းဖြစ်သည်။

အဆိုပါတွေဆုံပွဲတွင် သမ္မတကြီးပြောကြားခဲ့သည်များကို မိမိတို့ပါတီ၏မှုဝါဒများနှင့် ထပ်တူကျပါကြောင်း သို့သော် သမ္မတကြီး၏ပြောကြားချက်များမှာ အောက်ခြေအဆင့်ဆင့်သို့ မရောက်ရှိပဲ သာမန်ပြည်သူ များမှာ အခက်အခဲများနှင့် ကြုံတွေနေရဆဲဖြစ်ကြောင်း သမ္မတကြီးထံသို့ ထပ်မံတင်ပြခဲ့သည်ဟု ဒီမိုကရက်တစ် ပါတီ(မြန်မာ) အတွင်းရေးမှူး ချုပ်ဒေါ်သန်းသန်းနုက ဆိုသည်။

“သမ္မတကြီး ပြောသွားတာတွေက အင်မတန်ကောင်းပါတယ် ဂုဏ်လဲ ယူပါတယ်။ ဒါပေမယ့် ဒီနေ့အထိ တွေ့ကြုံနေရတဲ့ သာမန်ပြည်သူတွေအတွက်တော့ အခက်အခဲတွေ ရှိနေတာပဲ၊ သမ္မတကြီးပြောတာတွေ က အောက်ခြေကို လုံးဝ မရောက်ဘူးလို့ ကျွန်မ တင်ပြခဲ့ပါတယ်။” ဟု ဒေါ်သန်းသန်းနု ကဆိုသည်။

နိုင်ငံတော်သမ္မတမှ ပါတီခေါင်းဆောင်များ တင်ပြခဲ့သော ကိစ္စရပ်များကို တက်နိုင်သမျှဖြေရှင်းပေးသွား မည်ဖြစ်ပြီး အချိန်ယူဖြေရှင်းရမည့်ကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း နိုင်ငံရေးပါတီ များ နှင့်တွေ့ဆုံပွဲ တွင် နိုင်ငံတော်သမ္မတကြီးက ပြောကြားခဲ့သည်။

အဆိုပါတွေ့ဆုံမှုတွင် မတ်လ (၅)ရက်နေ့တွင် နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့ပြီး သမ္မတဦးသိန်းစိန်နှင့် တိုင်းရင်းသားပါတီ (၈)ပါတီ၊ ဒီမိုကရက်တစ်ပါတီ (၁၀)ပါတီမှ ခေါင်းဆောင်များ တွေ့ဆုံနွေး ခဲ့ကြကြောင်း သိရှိရသည်။

ထို တွေ့ဆုံမှုတွင် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF) မှ တင်ပြဆွေးနွေးခဲ့သော လယ်ယာမြေ ကဏ္ဍ နှင့် ပြည်တွင်းငြိမ်းချမ်းရေးကိစ္စရပ်များအပေါ် သမ္မတကြီးမှ ကြိုးစားလုပ်ဆောင် ပေးသွားမည်ပြန် လည် ဖြေကြား ခဲ့ကြောင်း NDF ပါတီ ဥက္ကဌ ဦးခင်မောင်ဆွေက ပြောသည်။

“လယ်ယာကဏ္ဍနဲ့ပတ်သတ်တဲ့ လယ်ယာမြေ မှတ်ပုံတင်တဲ့ ကိစ္စတွေ၊ အမတော်ကြေးတိုးပေးတဲ့ ကိစ္စတွေကို နောက် အောက်ခြေမှာ အမတော်ကြေးမရတဲ့ ကိစ္စတွေ ကို သမ္မတကြီးကိုတင်ပြခဲ့ပါ တယ်။ နောက် ပြည်တွင်း ငြိမ်းချမ်းရေး နဲ့ ပတ်သတ်တာတွေ ပြောခဲ့ပါတယ်။”ဟု ဦးခင်မောင်ဆွေက ပြောသည်။

ဘာသာရေးအကြောင်းပြုပြီး ပဋိပက္ခများဖြစ်ပေါ်နေသည်ကို တွေ့ရသောကြောင့် သာသနာရေးဝန်ကြီးဌာန အနေနှင့် ဘက်ဂျက်များကို အခြားဘာသာများအတွက်ပါ ခွဲဝေသုံးစွဲးကာ မိမိတို့နိုင်ငံ၏စေတ နာကောင်းများကို ကမ္ဘာသို့ပြ သင့်ကြောင်း၊ ဒါအပြင် အိန္ဒိယနိုင်ငံနှင့် နယ်နမိတ်ချင်းထိစပ်နေသော ဒေသမျာရှိ ကျေးရွာများ၌ နေထိုင်ကြသော နိုင်ငံသားများ၏လုံခြုံရေးကိုလည်း ဂရုစိုက်ဆောင်ရွက်ပေးစေ လိုကြောင်း တင်ပြဆွေးနွေး ခဲ့ကြောင်း ချင်းအမျိုးသားပါတီ (CNP) အထွေထွေအတွင်းရေးမှုးချုပ် ဦးငယ်ပီး ထီယံအုပ်ထန်းက ဆိုသည်။

“တစ်ပါတီချင်း တစ်ယောက်ချင်းစီ တင်ပြခဲ့ပြီးနောက်မှာ သမ္မတကြီးက တစ်ခါထဲ ဖြေလို့ရတာဖြေတယ်။ ဖြေလို့ မရတာတွေကိုတော့ သူအားလုံးကို လိုက်မှတ်သားထားပါတယ်။ ချက်ချင်းဆောင်ရွက်ပေး လို့ရတဲ့ ကိစ္စတွေကို ချက်ချင်းဆောင်ရွက်ပေးမှာဖြစ်ပြီး အချိန်ယူပြီးဆောင်ရွက်ရမယ့် အရာတွေကိုတော့ နားလည်ပေးပြီး စောင့်ကြ ပါလို့ ပြောသွားပါတယ်” ဟု ဦးငယ်ပီး ထီယံအုပ်ထန်းက ပြောသည်။

နိုင်ငံတော်သမ္မတနှင့် နိုင်ငံရေးပါတီများတွေ့ဆုံမှုမှာ တတိယအကြိမ်မြောက်ဖြစ်ပြီး၊ ၂၀၁၂ခုနှစ်ဇူလိုင်လ အတွင်းက ဒီမိုကရေစီမိတ်ဆွေ(၁၀)ပါတီနှင့် တစ်ကြိမ်၊ ဇူလိုင်(၂၃)ရက်နေ့၌ တိုင်းရင်းသားပါတီများနှင့် တစ်ကြိမ် တွေ့ဆုံခဲ့ ကြောင်းသိရသည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့