Wednesday, November 21, 2012

စီးပွားရေးတက္ကသိုလ် သတ်မှတ်ပေးရန် ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှတောင်းဆိုချက်ကို ပြန်လည်ရုပ်သိမ်း

မိုးဝေ- ရခိုင်ပြည်နယ်( မြစ်မခ )
21 Nov, 2012

တောင်ကုတ်မြို့တွင် တည်ရှိလာမည့် တောင်ကုတ်တက္ကသိုလ်အား စီးပွားရေးတက္ကသိုလ်အဖြစ်သာ သတ်မှတ်ပေးရန် ရခိုင်ပြည် ကျောင်းသားသမဂ္ဂမှတောင်းဆိုချက်ကို ပြန်လည် ရုပ်သိမ်းလိုက်ပြီဟု သိရသည်။

အောက်တိုဘာ (၂၄) ရက်နေ့က စစ်တွေမြို့အတွင်းရှိ တက္ကသိုလ်ပေါင်းစုံမှကျောင်းသား (၈၀၀) ကျော် ပါဝင်သည့် ဆန္ဒ ထုတ်ဖော် ပွဲတွင် ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ တောင်းဆိုချက် (၅)ချက်တွင် ပါဝင်သည့် အဆိုပါတောင်းဆိုမှုကို နိုဝင်ဘာလ (၁၈) ရက်နေ့က ပြန်လည်ရုပ်သိမ်းလိုက်ခြင်းဖြစ်သည်။

ရခိုင်ပြည်ကျောင်းသားသမဂ္ဂနှင့် တောင်ကုတ်မြို့မိမြို့ဖတို့ နိုဝင်ဘာလ(၁၈)ရက်နေ့က တွေ့ဆုံဆွေးနွေးကြစဉ် တောင်ကုတ် တက္ကသိုလ်ကျောင်းတွင်စီးပွားရေးတက္ကသိုလ်အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုချက်တစ်ခုကို သဘောတူပြန်လည် ရုပ်သိမ်း ခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်ကျောင်းသားသမဂ္ဂ၏ တောင်းဆိုချက်ကိုတောက်ကုတ်တက္ကသိုလ်ဆောက်လုပ်ရာတွင် မြေကွက်အလှူ ရှင်လဲဖြစ် သူနေလသစ္စာဆောက်လုပ်ရေးကုမ္ပဏီအုပ်စု၏ ဥက္ကဋ္ဌ ဦးကျောက်တောင်ကမူ တောင်ကုတ်ဒေသ ကောလိပ် အားဝိဇ္ဇာ /သိပ္ပံ တက္ကသိုလ်အဖြစ် ဆောက်လုပ်ရန်ဖြစ်သည်ဟု ဆိုသည်။

ထို့အပြင် ကျောင်းသားသမဂ္ဂ၏ တောင်းဆိုချက်ကို မြို့ခံများနှင့်ဆွေးနွေးကြရာ မြို့ခံတို့၏ ဆန္ဒနှင့်အညီပြန်လည် ရုပ်သိမ်း လိုက်ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ် တောင်ပိုင်းဒေသရှိမြို့နယ်များမှကျောင်းသားကျောင်းသူတို့မှာ စစ်တွေမြို့ရှိ တက္ကသိုလ်များ တွင်ပညာ သင်ယူနေကြရာ လမ်းပမ်းဆက်သွယ်ရေး ခက်ခဲသည့်အပြင်ငွေကြေးအကုန်အကျ များပြီးဆင်းရဲနွမ်းပါးသည့် ကျောင်း သားကျောင်းသူ များမှာ အခက်အခဲရှိလာသည့်အတွက် တောင်ကုတ်မြို့တွင် တက္ကသိုလ် ဖွင့်ရန်စီစဉ်နေခြင်းဖြစ်သည်။

အဆိုပါ တောင်ကုတ်တက္ကသိုလ်ကို ၂၀၁၁ခုနှစ် မှစ၍ တည်ဆောက်နေခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်တွင် စစ်တွေတက္ကသိုလ်၊ အစိုးရနည်းပညာတက္ကသိုလ်၊ကွန်ပျူတာတက္ကသိုလ်၊ ကျောက်ဖြူပညာရေး ကောလိပ် စသည့်တက္ကသိုလ်ကျောင်းများတည်ရှိသည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့