Thursday, November 22, 2012

ဗီဒီယိုအခွေအား ဆင်ဆာမဲ့ရောင်းချမှုဖြင့် (၄)ဦးအား မိုးညှင်းမြို့နယ်ရဲစခန်းတွင် အမှုဖွင့်

ငြိမ်းချမ်း (မြစ်မခ)
21 Nov, 2012

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်ရှိ ညောင်ပင်ဈေးမပြောင်းရွှေ့ရေးအတွက်ဆန္ဒထုတ်ဖော်သည့် ဗီဒီယိုအခွေအား ဆင်ဆာမဲ့ ရောင်း ချမှုဖြင့် (၄)ဦအားဗွီဒီယိုအက်ဥပဒေပုဒ်မ၃၂(ခ) ပအမှတ် ၇၆/၁၂ဖြင့် မိုးညှင်းမြို့နယ် ရဲစခန်းတွင် နိုဝင်ဘာလ ၂၀ရက်နေ့က ဖမ်းဆီးကာ၊ အမှုဖွင့်ထားကြောင်း သိရှိရသည်။

အဆိုပါ လေးဦးကို ဖမ်းဆီးရခြင်းမှာ ညောင်ပင်ဈေးပြောင်းရွှေ့ရေးအတွက်ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်ခြင်းကြောင့် မဟုတ်ဘဲ ဆင် ဆာမဲ့အခွေရောင်းချခြင်းကြောင့် ဖမ်းဆီးရခြင်းဖြစ်သည်ဟုမိုးညှင်းရဲစခန်းမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘ၀င်းထံက သိရှိရသည်။

"အရေးယူထားတဲ့လေးဦးက ဈေးပြောင်းရွေှ့ရာမှာ ဆန္ဒပြခဲ့လို့ ဖမ်းတာမဟုတ်ဘူး၊နိုင်ငံရေးအမှုနဲ့ ဖမ်းတာမဟုတ်ဘူး၊ အဓိကက ဆင်ဆာမဲ့ အခွေကိုဖြန့်တာတွေ့ရှိမှုနဲ့ ဖမ်းပြီးအရေးယူတာပါ”ဟု မိုးညှင်းမြို့နယ် အုပ်ချုပ်ရေးမှုး ဦးဘ၀င်းက ပြောသည်။

ဆင်ဆာမဲ့အခွေဖြန့်ချီမှုကြောင့် အထိန်းသိမ်းခံရသူ လေးဦးမှာ ကိုဗညားနိုင်၊ မပွားပွားလှိုင်၊ မသီတာအေး နှင့်မင်းရာဇာဗီဒီယို ရိုက်ကူးရေးတို့ ပါဝင်သည်ဟု ၄င်းကဆက်လက်ပြောသည်။

“ဈေးထဲမှာအခွေကိုင်ထားတဲ့ အမျိုးသမီးတစ်ယောက်ကို အရင်ဖမ်းသွားတာ၊အဲဒီအမျိုးသမီးက ကိုဗညားဆီကရတယ်ဆိုပြီး ပြောလိုက်တော့ လာဖမ်းသွားတယ်”ဟုကိုဗညားနိုင်၏အဒေါ်ဖြစ်သူ ဒေါ်ခင်ကပြောသည်။

နိုဝင်ဘာလ(၁၈)ရက်နေ့တွင် ညောင်ပင်ဈေးသူဈေးသားများသည်ဈေးပြောင်းရွှေ့ခိုင်း ခြင်းနှင့် ပတ်သက်ပြီး ဆန္ဒထုတ်ဖော်ရန် အတွက်လူစုဝေးခဲ့သော်လည်း သက်ဆိုင်ရာတာဝန်ရှိသူများက လာရောက် ညှိနှိုင်းခဲ့သောကြောင့် ဆန္ဒထုတ်ဖော်မှုမပြု လုပ်ခဲ့ကြောင်း ညောင်ပင်ဈေးမှဈေးသူ၊ ဈေးသားအချို့ထံမှ သိရှိရသည်။

အဆိုပါ အခွေတွင်ဆန္ဒထုတ်ဖော်ရန်လူစုဝေးနေသောပုံများနှင့်စည်ပင်မှတာဝန်ရှိသူတစ်ဦးနှင့် ဆန္ဒပြရာတွင် ပါဝင်သော ဈေးသူ တစ်ဦးဖြစ်သူမအေးအေးခိုင် အမေးအဖြေပြုလုပ်နေသည့် အခန်းများ ပါဝင်ကြောင်း သိရသည်။

ရုပ်မြင်သံကြားနှင့် ဗွီဒီယို နည်းဥပဒေ ပုဒ်မ(၉၆)တွင် မည်သည့်အခွေမဆိုရုပ်သံပါသောအခွေများကို ဗီဒီယိုဆင်ဆာတင်ရ မည်ဖြစ်ပြီး ၊ထိုသို့ဆင်ဆာမတင်ပါကတရားဥပဒေအရအရေး ယူနိုင်ကြောင်းမြန်မာ နိုင်ငံဗီဒီယို ဆင်ဆာအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးထံက သိရှိရသည်။

အဆိုပါဆန္ဒထုတ်ဖော်သည့် ဗီဒီယိုအခွေများကို မိုးညှင်းမြို့ပေါ်တွင်တစ်ခွေလျှင်(၁)ထောင်ကျပ်နှုန်း ဖြင့် ရောင်းချလျက် ရှိသည်ဟု မြို့နယ်အုပ်ချုပ်ရေးမှုး ဦးဘ၀င်းက ဆိုသည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့