Saturday, July 2, 2011

ရှမ်းပြည်ရှိ စစ်တပ်အတွက် သိမ်းမြေများ လျော်ကြေးပေး

ဟိန်းသူ
02 July 2011

ရှမ်းပြည်တောင်ပိုင်း ခိုလမ်မြို့နယ်ခွဲတွင် စစ်တပ်အတွက် မြေဧက ရာချီ သိမ်းခဲ့သည့်ကိစ္စကို သက်ဆိုင်ရာက ပြန်လည်ဖြေရှင်းပေး သည့်အတွက် မြေသိမ်းခံဒေသခံများနှင့် ပြေလည်မှုရရှိသွားပြီ ဖြစ်သည်။


“ရွာသားတွေကို ပိုက်ဆံနဲ့မြေကွက် အစားပြန် ပေးတယ်။ အပြည့်အ၀ ပေးတာတော့မဟုတ်ဘူး။ ဒါပေမယ့် ရွာသားတွေကတော့ ကျေ နပ် တယ်လို့ ပြောပါတယ်”ဟု အဆိုပါအမှုအား လိုက်လံ ဆောင်ရွက်ပေးနေသူ စိုင်းသူရိန်ဦးက ပြောသည်။

အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တည်ဆောက် ရန်အတွက် တောင်ကြီးနှင့် ကျိုင်းတုံဒေသအကြား ခိုလမ်မြို့နယ်ခွဲရှိ မြေဧက ၁၀၀ ကျော်ကို မြေပိုင်ရှင် ၄၀ ခန့်ထံမှ ပြီးခဲ့သည့် ဧပြီလက သိမ်းခဲ့ခြင်း ဖြစ်သည်။

ထိုအထဲမှ လက်မှတ်ထိုးပေးလိုက်သူများရှိသော်လည်း မကျေနပ်သည့်ရွာသား ၇ ဦးက ရှမ်းပြည်နယ် ၀န်ကြီးချုပ်ထံ တိုင်တန်းခဲ့ကြ သည်။

တိုင်တန်းသည့် ရွာသား ၇ ဦးအပါအ၀င် လက်မှတ်မထိုးပေးသော မြေပိုင်ရှင်များကို သိမ်းယူထားသည့် မြေ၏ ထက်ဝက် အတွက် အခြားနေရာမှ မြေအစားပြန်ပေးကြောင်း၊ ကျန်သိမ်းယူမြေအတွက် တဧက လျှင် ကျပ် တသိန်းခွဲနှုန်းဖြင့် လျော်ကြေး ပေးကြောင်း သိရသည်။

ခိုလမ်မြို့နယ် အုပ်ချုပ်ရေးမှူးက မြေစာရင်းဦးစီးဌာနနှင့် ညှိနှိုင်းကာ မြေကွက်များကို ပြန်လည် နေရာချထားပေးခဲ့ ခြင်းဖြစ်သည်။

“မြို့ထဲမှာတော့ မဟုတ်ဘူး။ အဓိက ကတော့ ခြံလုပ်ငန်း ပြန်လုပ်လို့ရတဲ့ နေရာမျိုးပြန်ရတဲ့အတွက် ကျေနပ်လိုက်တာပါ”ဟု ခိုလမ်ရွာ သား တဦးက ပြောသည်။

မြေသိမ်းစဉ်က လက်မှတ်ထိုးပေးလိုက်သော မြေပိုင်ရှင် ၁၃ ဦးထဲမှ တချို့မှာ သိမ်းယူခံ မြေတဧကအတွက် ကျပ် တသိန်းခွဲ လျော်ကြေးငွေ ရရှိသော်လည်း တချို့မှာ လျော်ကြေးငွေ မရရှိဘဲ ပေ ၄၀ x ၆၀ မြေကွက်များသာ အစားထိုး ရရှိကြောင်း၊ ထိုသို့ သိမ်းယူ ထားသည့် မြေများထဲတွင် ကျပ်သိန်း ၅၀၀ ကျော် ပေါက်ဈေးရှိသည့် လိမ္မော်ခြံများလည်း ပါဝင်သည်ဟု သိရသည်။

လက်မှတ်ထိုးပြီးသူများကို အခြားသူများနည်းတူ လျော်ကြေးထပ်ပေးခြင်း မရှိကြောင်း၊ ယခုအချိန်ထိ အပြီးသတ် လျော်ကြေး မရသေးသူ အနည်းငယ်ကျန်သေးကြောင်း လိုက်လံ ဆောင်ရွက်ပေးနေသူ စိုင်းသူရိန်ဦးက ပြောသည်။

Ref: ဧရာဝတီ

0 comments:

အပေါ်သို့