Ref;irrawaddyblog
Tuesday, March 8, 2011
ကမ္ဘာ့အမျိုးသမီးများနေ့ နှစ် ၁၀၀ ပြည့် ကမ္ဘာအရပ်ရပ်တွင် ကျင်းပ
ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ကမ္ဘာ့အမျိုးသမီးများနေ့ ကျင်းပနေတဲ့ မြင်ကွင်း (ဓာတ်ပုံ - GETTY IMAGE)
မက္ကဆီကို နိုင်ငံ ကွာနာဗာကာ မြို့တော်မှာ မနေ့က ကမ္ဘာ့အမျိုးသမီးများနေ့ နှစ် ၁၀၀ ပြည့်ကျင်းပတဲ့ မြင်ကွင်းပါ။ ပန်းရောင် လက်ဝါးကပ်တိုင် တခုစီကတော့ ယုံကြည်ချက်အတွက် အသတ်ခံခဲ့ရတဲ့ အမျိုးသမီးတဦးစီကို ကိုယ်စားပြုတယ်လို့ ဆိုပါတယ် (ဓာတ်ပုံ - Reuters)
ဒီပန်းပင်လေးကတော့ ဟွန်းဒရပ်စ်မှာ အမျိုးသမီးအခွင့်အရေးအတွက် တိုက်ပွဲဝင်ရင်း အသတ်ခံရသူ အမျိုးသမီးတဦးကို ကိုယ်စားပြုပါတယ် (ဓာတ်ပုံ - Reuters)
ကင်ညာနိုင်ငံက အမျိုးသမီးတဦးက သူ့ဆန္ဒကို ထုတ်ဖော်တဲ့အနေနဲ့ လမ်းမမှာ အင်စတော်လေးရှင်း လုပ်နေတာပါ။ ဒီနှစ် ကမ္ဘာ့ အမျိုးသမီးများနေ့ ဆောင်ပုဒ်ကတော့ အမျိုးသမီးတွေ အဆင်ပြေကောင်းမွန်တဲ့ အလုပ်တွေ လုပ်နိုင်ဖို့ ညီမျှတဲ့ ပညာသင်ကြားခွင့်၊ လေ့ကျင့်မှု ရရှိခွင့်၊ သိပ္ပံနဲ့ နည်းပညာ သင်ကြားရခွင့် တို့ပဲ ဖြစ်ပါတယ် (ဓာတ်ပုံ - AP)Ref;irrawaddyblog
Labels:
ဓာတ်ပုံသတင်း
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment