January 9, 2012
ထိုင်း နိုင်ငံ ဘန်ကောက်အနီး မဟာချိုင်ရဲက ယာယီနိုင်ငံကူးလက်မှတ် ကွန်ပျူတာ လက်ဗွေနှိပ်ဖို့ သရုံးကိုသွားတဲ့ မြန်မာအလုပ် သမား ၂၀ ကျော်ကို သောကြာနေ့က လမ်းမှာ ဖမ်းဆီးခဲ့ပါတယ်။
အီလက်ထရွန်နစ် နည်းပညာသုံး ခရမ်းရောင် ယာယီနိုင်ငံကူးလက်မှတ် အစီအစဉ်ကို ထိုင်းနဲ့ မြန်မာအစိုးရတို့ ပူးတွဲစီစဉ်ဆောင်ရွက်နေတာ ဖြစ်ပေမယ့် အောက်ခြေက ထိုင်းတာဝန်ရှိသူတွေက အရင်ဥပဒေ အရ အလုပ်သမားတွေ အနေနဲ့ နယ်ကျော်လုပ်ကိုင် သွားလာခွင့် မရှိတာကို ပြောပြီး ဖမ်းဆီးနေတာ ဖြစ်ပါတယ်။
အဲ့ဒီ့ထဲက အလုပ်သမား ၂ ယောက်ကို နယ်ကျော်လို့ဆိုပြီး ဘတ်ငွေ ၂သောင်း တောင်းခံခဲ့ပါတယ်။ ဒါပေမယ့် ကုမ္ပဏီ ပွဲစားကတော့ ဘတ်ငွေတသောင်းပဲ ပေးလိုက်ရတယ်လို့ပြောပါတယ်။ ငွေပေးလိုက်ရတဲ့ အလုပ်သမား ၂ ယောက်ဟာ အရင် ဘန်ကောက် မှာ နေထိုင်ခွင့်(ဘတ်)လုပ်ထားပြီး မဟာချိုင်ကို ပြောင်းလာတဲ့ အလုပ်သမားတွေ ဖြစ်ပါတယ်။ သူတို့အဖမ်းခံနေရတုန်း ကားပေါ်အတူပါလာတဲ့ မြန်မာတဦးက မြန်မာသံရုံးကို အကူအညီတောင်းဖို့ ဖုန်းအကြိမ်ကြိမ် ဆက်သွယ်ပေမယ့် ဖုန်းမကိုင်ဘူးလို့ပြောပါတယ်။
ထိုင်းနဲ့ မြန်မာအစိုးရတို့က ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက နိုင်ငံအတွင်းမှာ ယာယီပတ်စပို့ ထုတ်ပေးဖို့အတွက် ဘန်ကောက်၊ မဟာချိုင်၊ စမုပါရာကန်၊ ထိုင်းနိုင်ငံ တောင်ပိုင်း စူရဌာနီနဲ့ ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့တို့ ၅ နေရာတို့မှာ သတ်မှတ်ခဲ့ပါတယ်။
Ref: ဒီဗွီဘီ
Tuesday, January 10, 2012
မြန်မာသံရုံးသွားသည့် ရွှေ့ပြောင်းအလုပ်သမားများကို မဟာချိုင်ရဲက ဖမ်းဆီး
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment