Friday, June 24, 2011

ထိုင်း​တောင်ပိုင်း​ ယာဉ်တိုက်မှု မြန်မာ ၄ ဦး​သေဆုံး

June 24, 2011
နော်နိုရင်း

ထိုင်း​ နိုင်ငံ​တောင်ပိုင်း​ ပရာချွတ်ခီရီခမ် ခရိုင်အတွင်း​ မ​နေ့​ည​နေက မြန်မာ​ရွှေ့​ပြောင်း​ အလုပ်သမား​တွေ တင်​ဆောင်တဲ့​ ကား​တစီး​နဲ့​ ၁၀ ဘီကား​တစီး​နဲ့​ တိုက်မိရာမှာ ၅ ဦး​ ​သေဆုံး​ပြီး​ ၉ ​ယောက်ဒဏ်ရာရသွား​ပါတယ်။

ပရာချွတ် ခီရီခမ်ခရိုင် ဘန်း​စဖန်း​မြို့​နယ်အတွင်း​မှာ မြန်မာ​တွေစီး​နင်း​လာတဲ့​ ​တောင်း​အေ့​စ် အမျိုး​အစား​ မှန်လုံကား​နဲ့​ ၁၀ ဘီး​ကား​တစီး​ တိုက်မှုဖြစ်ပွား​ခဲ့​တာပါ။ ကား​ပေါ်ပါ မြန်မာ​တွေဟာ ထိုင်း​-မြန်မာနယ်စပ် ရ​နောင်း​မြို့​မှာ အလုပ်သမား​ ယာယီနိုင်ငံကူး​ လက်မှတ်သွား​လုပ်ကြတာဖြစ်ပြီး​ အပြန်မှာ ယာဉ်တိုက်မှု ဖြစ်တာပါ။


ရ​နောင်း​က အပြန်ကား​ပေါ်မှာ ထိုင်း​ယာဉ်​မောင်း​တဦး​နဲ့​ မြန်မာအလုပ်သမား​ ၁၃ ဦး​ လိုက်ပါလာတာပါ။ ယာဉ်တိုက်မှု​ကြောင့်​ ထိုင်း​ယာဉ်​မောင်း​နဲ့​ မြန်မာ​လေး​ဦး​ ​သေဆုံး​ပြီး​ ဒဏ်ရာရသူ ၉ ဦး​ကို ကုသ​နေတယ်လို့​ ဘန်း​စဖန်း​ဆေး​ရုံက ​ဖြေဆိုပါတယ်။

“၅ ​ယောက်​သေပြီး​ ၉ ဦး​ ဒဏ်ရာရပါတယ်။ မ​နေ့​ည​နေ ၄ နာရီခွဲက ကား​တိုက်မှု ဖြစ်ပွား​ခဲ့​တာ ဖြစ်ပါတယ်။ ​ဆေး​ရုံက အ​ရေး​ပေါ်ကား​နဲ့​ ကယ်ဆယ်​ရေး​ကား​တွေက သွား​ခေါ်တာ ဖြစ်ပါတယ်။ အလုပ်ရှင်က​တော့​ သူတို့​ကို လာကြည့်​ပါတယ်။ သူတို့​ ​ဆွေမျိုး​ လာကြိုလား​၊​ မကြိုလား​တော့​ မ​ပြောတတ်ဘူး​။ တချို့​လူ​တွေက အိမ်ပြန်လို့​ရ​တော့​ ပြန်သွား​ကြပါပြီ။”

ဆေး​ ရုံတာဝန်ရှိသူရဲ့​ ​ပြောဆိုချက်အရ ဒဏ်ရသူတချို့​တော့​ အိမ်ပြန်နိုင်​ပေမယ့်​ တချို့​က အတွင်း​လူနာအဖြစ် ကုသမှု ခံယူ​နေရတယ်လို့​ ​ပြောပါတယ်။
Ref: DVB

0 comments:

အပေါ်သို့