Wednesday, June 22, 2011

အိမ်မှုကိစ္စမလုပ်တဲ့ ဖခင်များကို မိခင်များ မကျေနပ်

21 June 2011

ပြီးခဲ့တဲ့ တနင်္ဂနွေ အဖေနေ့တွင် အမေရိကန် ဖခင်များအတွက် စိတ်အနှောင့်အယှက် ဖြစ်စရာ တစ်ခု ပေါ်လာသည်။ TheBump.com ၀က်ဘ်ဆိုဒ်မှ မိခင် ၁၂၀၀ ကို စစ်တမ်းတစ်ခု ကောက်ကြည့်ရာ

အိမ်မှုကိစ္စနှင့် ကလေးစောင့်ရှောက်မှုအတွက် သူတို့ လင်ယောက်ျားများအပေါ် မကျေနပ်ကြကြောင်း အားလုံးနီးပါးက ဖော်ပြကြသည်။


ခင်ပွန်းနှင့် လက်ထပ်ပြီး အတူနေကြသော်လည်း မိခင်အများစုက သူတို့ကိုယ်သူတို့ single mother အဖြစ် ခံစားမိကြောင်း ဖော်ပြကြသည်။ သို့သော် သူတို့ ယောက်ျားများကို မချစ်ခြင်းမဟုတ်၊ တန်ဖိုး မထားခြင်း မဟုတ်။ အိမ်မှု ဗာဟီရကိစ္စ များလွန်းခြင်းအပေါ် ခင်ပွန်းသည်များရဲ့ ကူဖော်လောင်ဖက် မရတဲ့အတွက် ကျွဲမြီးတိုနေခြင်းသာ ဖြစ်သည်။

ဖခင်များက စားပြီးပန်းကန်ဆေး၊ ကလေး မွှေးမွှေးပေးပြီး ကျောခိုင်း ထွက်သွားကြသည်။ မိခင်များက ချက်ပြုတ်ရ၊ သန့်ရှင်းရ၊ လျှော်ဖွတ်ရ၊ ကလေး ကျောင်းပို့ ကျောင်းကြိုရ၊ အိမ်စာများ ၀ိုင်းလုပ်ပေးရ၊ လိမ္မာယဉ်ကျေးအောင် ဆုံးမရ၊ မိသားစုဘ၀ တည်ဆောက်ရ စသဖြင့် မပြီးနိုင်မစီးနိုင် နေ့စဉ် လုပ်ကြရသည်။ နောက် မိသားစုဝင်ငွေအတွက် ခင်ပွန်းလိုပင် ကုမ္ပဏီအလုပ်များ လုပ်ကြရသည်။

စစ်တမ်းအရ မိခင် သုံးပုံနှစ်ပုံကျော်က အိမ်မှုကိစ္စနှင့် မိဘတာဝန် ခွဲတမ်းမညီမျှမှုအတွက် သူတို့ အိမ်ထောင်ဖက်များအပေါ် မကျေနပ်ကြောင်း ဖော်ပြသည်။ အိမ်မှုကိစ္စများအတွက် ဖခင်များတွင်လည်း တာဝန်ရှိကြောင်း ငြီးတွားကြသည်။ မိခင်များမှာ အိမ်မှုကိစ္စနှင့် ရင်သွေးတာဝန်အတွက် နေ့စဉ် အချိန်နာရီများစွာ ပိုပေးနေရမှုကို အဖေများ နားလည်ခံစားမိဖို့ လိုကြောင်း အဖေနေ့တွင် ၀ဘ်ဆိုဒ်မှ ရင်ဖွင့်ခဲ့ကြသည်။
Ref: မောက္ခ

0 comments:

အပေါ်သို့