Saturday, June 25, 2011

က​လေး​စစ်သား​ကို ပြန်လွှတ်​ပေး​ရန် ​တောင်း​ဆို

June 24, 2011
နော်နိုရင်း

အသက်မပြည့်​ သေး​တဲ့​ က​လေး​ငယ်ကို တပ်က​နေ ပြန်လွှတ်​ပေး​ဖို့​ မိဘ​တွေက အိုင်အယ်လ်အိုကို တိုင်ကြား​ခဲ့​ပါတယ်။

ဧရာဝတီတိုင်း​ ဝါး​ခယ်မမြို့နယ် အူကျွန်း​ဆွယ်ရွာမှာ​နေတဲ့​ ​မောင်ချစ်သွယ်ဦး​ဟာ အခုနှစ် ဇန်နဝါရီလက အိမ်မဲမြို့​မှာရှိတဲ့​ ဗလီ​ကျောင်း​တခုမှာ သင်တန်း​တက်ရင်း​ ​ပျောက်ဆုံး​ခဲ့​တယ်လို့​ ပြန်လွတ်​မြောက်​ရေး​အတွက် အိုင်အယ်လ်အိုဆီ ကူညီတိုင်ကြား​ပေး​တဲ့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့ချုပ် ဗဟို​တောင်သူလယ်သမား​ လုပ်ငန်း​ကော်မတီဝင် ဦး​မောင်​မောင်ကြီး​က ​ပြောပါတယ်။


ပျောက်ဆုံး​ ပြီး​ နှစ်လအကြာမှာ မိဘ​တွေဆီကို တယ်လီဖုန်း​နဲ့​ ဆက်သွယ်ပြီး​ သူဟာ ရှမ်း​ပြည်နယ် ​တောင်ကြီး​ စစ်သင်တန်း​ကျောင်း​က ဓာတ်ခွဲခန်း​မှာ သင်တန်း​တက်​နေ​ကြောင်း​ ​မောင်ချစ်သွယ်ဦး​က ​ပြောတယ်လို့​ ဆိုပါတယ်။

မိဘ​တွေကလည်း​ သား​နဲ့​အဆက်သွယ်ရပြီး​ သွား​ရောက်​တွေ့​ဆုံခဲ့​ရာမှာ အိမ်ပြန်လို​ကြောင်း​နဲ့​ သင်တန်း​မှာ မ​ပျော်​ကြောင်း​လည်း​ မိဘ​တွေကို ​ပြောဆိုခဲ့​တယ်လို့​ ဦး​မောင်​မောင်ကြီး​က ဆိုပါတယ်။

အိုင်အယ်လ်အိုကို တိုင်ကြား​နေချိန်မှာပဲ အခုလ ၆ ရက်​နေ့​က ​မောင်ချစ်သွယ်ဦး​(တပ်သား​ နံပါတ်/ ၄၄၈၁၈၅)ကို သင်တန်း​ဆင်း​ပြီး​ ဘယ်တပ်ပို့​ဆောင်သလဲဆိုတာ မိဘ​တွေအ​နေနဲ့ စုံစမ်း​လို့မရ ဖြစ်​နေကြရပါတယ်။

မောင်ချစ်သွယ်ဦး ​ဟာ လာမယ့်​ ဇွန်လိုင်လကျမှ သက် ၁၇ နှစ် ပြည့်​မှာ ဖြစ်တာ​ကြောင့်​ အသက်မပြည့်​သေး​တဲ့​ က​လေး​ငယ်ကို တပ်အရာရှိ​တွေက ပြန်လွှတ်​ပေး​ဖို့​ ​တောင်း​ဆိုပါတယ်။
Ref:

0 comments:

အပေါ်သို့