November 16, 2011
ရွှေအောင်
ရန်ကုန်မြို့မှာ ခုရက်ပိုင်းအတွင် ကာတွန်းပြပွဲတွေ ဆက်တိုက်ကျင်းပဖို့ ရှိနေပါတယ်။
ယောမင်းကြီး လမ်းက Gallery ၆၅ ပြခန်းမှာ ကာတွန်းမြစ်လို့ နာမည်ပေးထားတဲ့ ပြပွဲနဲ့ ရွေဂုံတိုင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ပြုလုပ်မယ့် အမျိုးသားနေ့အထိမ်းအမှတ် ကာတွန်းပြပွဲတွေ ပြသမှာပါ။
ယောမင်းကြီး လမ်းပြခန်း၊ ကာတွန်းပြပွဲက ဧရာဝတီမြစ် ထိန်းသိမ်းရေး အပါအဝင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကာတွန်းကားပေါင်း ခုနှစ်ဆယ်လောက် ပြသထားမှာဖြစ်ပြီး၊ နိုဝင်ဘာ ၁၈ ရက်ကနေ ၂၀ ရက်ထိ သုံးရက်ပြသမှာဖြစ်တယ်လို့ ကာတွန်းရွှေလူက ပြောပါတယ်။
ပြပွဲမှာပြသထား တဲ့ ကာတွန်းကားတွေကို ရောင်းချသွားမှာဖြစ်ပြီး လူမှုရေးရန်ပုံငွေနဲ့ သစ်ပင်စိုက်ဖို့ လှူဒါန်းမှာလို့ ဆိုပါတယ်။ ကာတွန်းကား တကား ကျပ်သုံးသောင်းကနေ သုံးသိန်းအထိ ဈေးသတ်မှတ် ရောင်းချမှာဖြစ်ပါတယ်။
အဖွဲ့ ချုပ်ရုံးမှာ ပြုလုပ်မယ့် အမျိုးသားနေ့အထိမ်းအမှတ် ကာတွန်းပြပွဲကတော့ ဒီနှစ်မှာမှ စတင်ပြုလုပ်တာဖြစ်ပါတယ်။ အဖွဲ့ချုပ် ကာတွန်းပြပွဲအတွက် စီစဉ်ထားတာကို အဖွဲ့ချုပ်ပြောခွင့်ရ ဦးအုန်းကြိုင်က ခုလိုပြောပြပါတယ်။
“အဖွဲ့ ချုပ်ကို လာရောက်ပြီးတော့ အကူအညီပေးဖို့ ကမ်းလှမ်းထားတဲ့ ကာတွန်းဆရာ ၃၀ ရှိပါတယ်။ အဲဒီ ကာတွန်းဆရာ ၃၀ ကလည်း သူတို့ ကာတွန်းပုံတွေ ဆွဲပြီးတော့ ပို့ဖို့ သဘောတူထားပါတယ်။ နောက် ကျနော်တို့ကလည်း ဝါရင့်ကာတွန်းဆရာကြီးတွေကို ချဉ်းကပ်ပြီးတော့ အမျိုးသားနေနဲ့ လိုက်ဖက်မယ့် ကာတွန်းပုံတွေ ပေးပါလို့ ကျနော်တို့က အဲဒီလို မေတ္တာရပ်ခံထားပါတယ်။ ကျနော်တို့က ၁၉ ရက်နေ့မှာပဲ ကာတွန်းပြပွဲကို ခင်းကျင်းပြီးတော့ ၁၉ ရက်နေ့မှာပဲ ဖွင့်ပွဲလုပ်ပါမယ်။”
ကာတွန်းကား ပေါင်း ငါးဆယ်ကျော်လောက် ခင်းကျင်းပြသသွားဖို့ ရှိတယ်လို့လည်း ပြောပါတယ်။ အဖွဲ့ချုပ်ရဲ့ အမျိုးသားနေ့ ကာတွန်းပြပွဲမှာ ပါဝင်ရေးဆွဲဖို့ရှိတဲ့ ကာတွန်းရွှေမင်းသားက သူဆွဲမယ့် ကာတွန်းပုံကို ခုလိုဆိုပါတယ်။
“အကြောင်း အရာကတော့ မကြာသေးခင်က ဒေါ်အောင်ဆန်းစုကြည်ကို ဆုတခုပေးလိုက်တယ်လေ။ Freedom House အဲဒီ Freedom House နဲ့ ပတ်သက်တဲ့ ဆုကို ကျနော်က စိတ်ကူးလေးတခုနဲ့ ရေးမှာပါ။”
အစိုး ရသစ်လက်ထက်မှာ ပြီးခဲ့တဲ့ ပုဇွန်တောင် ရေကျော်လမ်း ကာတွန်းပြပွဲကစလို့ လမ်းမတော်၁၃လမ်း ကာတွန်းဦးဘဂျမ်း ကာတွန်းပြပွဲပါ ပြန်လည်ပြသခွင့်ရခဲ့ကြပြီး ကာတွန်းနှစ်သက်တဲ့ ပြည်သူတွေနဲ့စည်ကားခဲ့ပါတယ်။
Ref: ဒီဗွီဘီ
Thursday, November 17, 2011
ကာတွန်းမြစ်ပြပွဲနှင့် အမျိုးသားနေ့အထိမ်းအမှတ် ကာတွန်းပြပွဲများ ပြသမည်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment