Tuesday, September 14, 2010

NLD ပါတီနှင့် CRPP သို့ လမ်းပြကြယ်မှ အိပ်ဖွင့်ပေးစာ

၂၀၁၀ ခုနှစ် စက်တင်ဘာလ (၁၄) ၇က်

ပြည်သူလူထုက အားကိုးပြီး လေးထားနေကြသည့် စွမ်းအားကို ဘယ်လို မြှင့်တင် ပေးရမလဲ ဆိုတဲ့အချိန် တနည်း ပြောရ၇င် နောက်ဆုံးအချိန် ရောက်ရှိနေပါပြီ။ သို့လောသို့လော တွေဝေနေရမည့်အချိန် မဟုတ်တော့ လေလှိုင်းက နေပြီး တိုင်းပြည်ကို ကယ်တင်ရှင်ကြီး သဖွယ် လုပ်နေခြင်း -နောက် ၁ ခုက ဒေါ်စုက မှာလိုက်တယ် ပြောလိုက်တယ် ဆိုပြီး မိမိ တစ်ဦးတည်း ဆန္ဒကို ထည့်သွင်းပြီး နိုင်ငံရေး လုပ်နေသောရှေ့နေကြီး ဦးဥာဏ်ဝင်း လုပ်ရပ် ရပ်တန်းက ရပ်သင့်ပြီလို့ ပြောချင်ပါတယ်။

၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကို သပိတ်မှောက်ကြောင်း NLD က ကြေညာလိုက်တော့ ပြည်သူ လူထုက ၀မ်းသာ သွားကြတယ်။ ဒါပေမယ့် နှုတ်ကသာ ပြောပြီး လက်တွေ့ကျကျ အလုပ် အပြောနှင့် ညီအောင် မလုပ်ခဲ့ဘူး ကြေညာချက်တွေ ထုတ်နေတာလည်း ဂိုဒေါင်နှင့် ထည့်ထားရတာ အများကြီး ဖြစ်နေပြီ လက်တွေ့ကျကျ အကောင်အထည် မဖော်နိုင်လို့ - ရွေးကောက်ပွဲ ဇွတ်အတင်း လုပ်လာရင် ဘာလုပ်သင့်လဲ ဆိုတာကို ထည့်သွင်း မစဉ်းစားတော့ဘူးလား အသက်တွေလည်း ကြီးလို့ သေရမှာ မကြောက်ရတော့မည့် အရွယ်တွေ ရောက်နေကြပါပြီ ပြတ်သားသော ဆုံးဖြတ်ချက်ကို ချပေးစေလိုပါတယ်။

တိုင်းပြည်အပြောင်းအလဲဖြစ်အောင် လုပ်မည့်သူ၏ ဦးဆောင်မည့်နောက်ကို အသက်နှင့် ထောင်ကိုရင်းပြီး စွန့်ကြမည့် သူတွေ အများကြီး ရှိနေတယ် ဆိုတာ သတိပေးလိုက်ရပါတယ်။

ဦးအေးမြင့် (လမ်းပြကြယ်)

ဒေါ်အောင်ဆန်းစုကြည်အား ယုံကြည်လေးစားလျှက်

0 comments:

အပေါ်သို့