Wednesday, January 16, 2013

မြောက်ကိုရီးယားလုပ်ကြံမှုကြောင့် ကျဆုံးသူတွေ အတွက် အထိမ်းအမှတ် ထားရှိမည်

2013-01-15

၁၉၈၃ ခုနှစ်က ရန်ကုန်မြို့ အာဇာနည်ဗိမ္ဗာန်မှာ တောင်ကိုရီယား အစိုးရအဖွဲ့ဝင်တွေဗုံးခွဲတိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး အောက် မေ့ဖွယ် အထိမ်းအမှတ်တခု ထားရှိဖို့ မြန်မာနဲ့ တောင်ကိုးရီးယား အစိုးရတို့ သဘောတူညီလိုက်တယ်လို့ သိရပါတယ်။

တောင်ကိုရီးယားသမ္မတ ချန်ဒူးဝှမ်နဲ့ အစိုးရဝန်ကြီးတွေ အာဇာနည်ကုန်းကို လာရောက် အလေးပြုချိန် မှာ မြောက်ကိုရီးယား အထူးကွန်မန်ဒို တပ်ဖွဲ့ဝင်တွေရဲ့ ဗုံးခွဲလုပ်ကြံမှုကြောင့် တောင်ကိုးရီးယား ဒု-သမ္မတ နဲ့ နိုင်ငံခြားရေးဝန်ကြီး အပါအဝင် အရာရှိ ၁၇ ဦး သေဆုံးခဲ့ပါတယ်။

ဗုံးကွဲခဲ့တဲ့နေရာနဲ့ မလှမ်းမကမ်းက စတုရန်းမီတာ ၂၆ဝ ရှိတဲ့ မြေကွက်လပ်ကို အထိမ်းအမှတ်နေရာ ဆောက်လုပ်ဖို့ မြန်မာ အစိုးရက ခွင့်ပြုထားတယ်လို့ သံတမန် သတင်းတွေကို ကိုးကားပြီး ဒီကနေ့ထုတ် Chosun သတင်းမှာ ဖော်ပြထားပါတယ်။

အဲဒီ အထိမ်းအမှတ်ကို ဗုံးကွဲခဲ့ တဲ့ အနှစ် ၃ဝ မြောက်ဖြစ်တဲ့ လာမယ့် အောက်တိုဘာ ၉ ရက်နေ့မှာ ဖွင့်လှစ်နိုင်ဖို့ တောင် ကိုးရီးယားက စီစဉ်နေ တယ်လို့လည်း သိရပါတယ်။

Ref: အာရ်အဖ်အေ

0 comments:

အပေါ်သို့