Thursday, January 17, 2013

ပြည်တွင်းစစ်ရပ်စဲရေး ငြိမ်းချမ်းရေး လိုလားသူလူငယ်တစ်စု လမ်းလျှောက်မည်

2013-01-16

ကချင်ဒေသမှာ ဖြစ်ပွားနေ တဲ့ ပြည်တွင်းစစ် ရပ်စဲရေးအတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အားလုံးပါဝင်လာစေဖို့ ရည်ရွယ်ချက် နဲ့ ငြိမ်းချမ်းရေးလိုလားတဲ့ လူငယ်တစ်စုက ရန်ကုန်မြို့ ကနေ ကချင်ပြည်နယ်ကို လမ်းလျှောက်ချီတက် သွားမယ်လို့ ဒီကနေ့ ညနေ ပိုင်းက ရန်ကုန်မြို့ မြန်မာဂျာနယ်လစ်ကွန်ရက် ရုံးခန်းမှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောဆိုလိုက်ပါတယ်။

လွတ်လပ်ရေးနဲ့အတူ စတင်သန္ဓေတည်လာတဲ့ ပြည်တွင်းစစ်ရပ်ဆိုင်းရေးအတွက် အားလုံးပူးပေါင်းပါဝင်လာစေဖို့ ငြိမ်းချမ်းရေး လိုလား တဲ့လူငယ်တစ်စုရဲ့ ကြိုးပမ်းမူတစ်ခုပါလို့ လမ်းလျှောက်ပွဲမှာပါဝင်မယ့် ကိုဇင်ကိုကိုက ပြောပါတယ်။

လမ်းလျှောက်မယ့်ရက်ကို အခုလ ၂၁ရက်နေ့ ရန်ကုန်မြို့တော်ခန်းမရှေ့ကနေ မနက် ၇နာရီမှာ စတင်ထွက်ခွာဖို့ စီစဉ်ထားပြီး အဲဒီလိုလမ်းလျှောက် ဆန္ဒထုတ်ဖော်မယ့်ကိစ္စကို သမ္မတ ဦးသိန်းစိန်အစိုးရသိရှိဖို့ စာပေးပို့ထားပြီး ခရီးစဉ်အတွင်း စားရေးသောက် ရေးတွေကိုလည်း သူတို့ကုန်ကျမှုနဲ့ သွားရောက်မှာဖြစ်ပြီး ခရီးအဆုံးကို ကချင်ပြည်နယ် လိုင်ဇာမြို့အထိ သတ်မှတ်ထားတယ်လို့ သိရပါတယ်။

ခရီးစဉ် အစ အဆုံးကို ရက်ပေါင်း ၄၅ရက် ကြာမယ်လို့ ခန့်မှန်းထားကြောင်း သိရပါတယ်။

Ref: အာရ်အဖ်အေ

0 comments:

အပေါ်သို့