August, 12, 2010
လူငယ်တွေ နိုင်ငံရေးကို စိတ်ဝင်စားဖို့ လိုတယ်၊ လူငယ်တွေ မျိုးချစ်စိတ်၊ တိုင်းချစ် ပြည်ချစ်စိတ် ရှိကြဖို့ လိုတယ် စသည်ဖြင့် ယနေ့ခေတ် နိုင်ငံရေး သမားတွေက ပြောနေ ကြတာဟာ အလကား အားအားယား ယားပြောနေတာ မဟုတ်ပါ။ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးရဲ့ အနာဂတ်ကို တွေးပူမိလို့ ပြောနေ ကြတာပါ။ ဒီပြဿနာက တစ်နိုင်ငံ နှစ်နိုင်ငံ ပြဿနာ မဟုတ်ဘူး။ နိုင်ငံ အတော်များများမှာ ကြုံနေရတယ်လို့ သတင်းတွေထဲ ဖတ်လိုက်ရ ဖူးတယ်။
အရည်အချင်းရှိသူတွေက နိုင်ငံရေး၊ တိုင်းရေး ပြည်ရေးကို စိတ်မ၀င်စားဘဲ ကိုယ်နဲ့ မဆိုင် သလို နေကြရင် အရည်အချင်း မရှိသူတွေက အဲဒီ ကွက်လပ်ထဲ ၀င်နေရာ ယူကြတော့မှာပေါ့။ တွေရဲ့ အုပ်ချုပ်မှုကို နိုင်ငံရေး စိတ်မ၀င်စားဘူး ဆိုတဲ့ လူတွေ ကျေကျေနပ်နပ်ကြီး ခံကြပေါ့။ ဒါပေမဲ့ အဲသလို လည်းခံနိုင်ကြတာ မဟုတ်ဘူး။ စိတ်ဆင်းရဲစွာနဲ့ အတင်းအဖျင်း တွေပဲ ထိုင်ပြော နေကြမှာ မြင်ယောင် သေးတယ်ဗျာ။
Ref: ရန်ကုန်တိုင်းမ်
0 comments:
Post a Comment