Tuesday, September 22, 2009

ဘဝတပါး(နတ်လူရိသည်)

September 21, 2009


“ဟေ့ကောင်သန်းရွှေ ခုထွက်ခဲ့စမ်း”

“မင်းကိုသတ်ပစ်မယ်...”

“မင်းဆက်ဒမ်ဟူစိန်လိုပဲ သေစေရမယ်....”

အသံတွေကဆူညံနေသည် နှလုံးခုန်သံတွေကလည်း ပေါက်ကွဲထွက်တော့မတတ်။

အိပ်ပျော်သွားမိတိုင်းလည်း အလားတူ အိမ်မက်တွေက လိုက်နှောင့်ယှက် နေသည်မှာ အတော်ပင် ကြာခဲ့ပြီ။ အဆိုးဆုံးကတော့ အိမ်မက်ထဲမှာ ဆက်ဒမ်ဟူစိန် ကိုယ်တိုင် သူ့ဆီလာပြီး စကားပြောခြင်းပင်။

ဆက်ဒမ်က အိမ်မက်ထဲမှာ အဝတ်မပါ။ လည်ပင်းတွင်တော့ သေမိန့်ပေးခံရစဉ် ကတည်းက မချွတ်ရသေးသော ကြိုးကွင်းကြီး တခုသာ ပါသည်။ သူ၏ ပါးစပ်တခြမ်းမှာလည်း သွေးများ ယိုစီးကျနေပြီး မျက်စိနှစ်လုံးမှာလည်း ထိတ်ခန့် ခြောက်ချားဖွယ် အဆမတန် ပြူးထွက် နီရဲနေသည်။

ပြီးတော့ဆက်ဒမ်က သူ့ကို အသံသြသြကြီးနှင့် အော်ခေါ်နေသည်။

“အဆွေတော် သန်းရွှေ ... အဆွေတော်ရဲ့ အလှည့်ရောက်ဖို့လည်း သိပ်မလို တော့ပါဘူးကွာ။ ကျွန်ုပ်တို့ တတွေ ငရဲပြည်ရဲ့ အနက်ဆုံးတနေရာမှာ ပြန်ဆုံကြတာပေါ့”

အဆုံးသို့

0 comments:

အပေါ်သို့