December 16, 2011
ကိုထွေး
မြန်မာနိုင်ငံမှာ လက်ခံကျင်းပမယ့် စတုတ္ထအကြိမ် မဟာမဲခေါင် ဒေသခွဲ ထိပ်သီး အစည်းအဝေး တက်ဖို့ရှိတဲ့ ထိုင်းဝန်ကြီးချုပ် ယင်လပ်ခ့် ရှင်နာဝပ်ဟာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမယ်လို့ သိရပါတယ်။
ထိုင်း ဝန်ကြီးချုပ် ယင့်လပ်ခ့်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်္ဂါနေ့ ညနေပိုင်းမှာ တွေ့ဖို့ ရှိတဲ့အကြောင်း ထိုင်းဝန်ကြီးချုပ်ရုံး ပြောခွင့်ရက ပြောပါတယ်။
ဒီသတင်းနဲ့ ပတ်သက်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကနေ ထုတ်ပြန်တာမျိုး မရှိသေးပေမယ့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် ဦးခွန်သာမြင့်ကတော့ ထိုင်းဝန်ကြီးချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဖို့ရှိတယ်လို့ အတည်ပြုပြောပါတယ်။
ဒီအစည်းအဝေး ကို ထိုင်းဝန်ကြီးချုပ် မစ္စယင်းလတ် ရှင်နာဝပ်၊ နိုင်ငံခြားရေးဝန်ကြီး ဆူရာပေါင်နဲ့ စွမ်းအင်ဝန်ကြီးတို့လည်း လိုက် ပါပြီးတော့ ဒေသတွင်းက အကြီးအကဲတွေ တက်ရောက်မှာ ဖြစ်ပါတယ်။
ထိုင်း နိုင်ငံကို မြန်မာပြည်က တင်ပို့နေတဲ့ ဓာတ်ငွေ့ပမာဏဟာ ထိုင်းတနိုင်ငံ စွမ်းအင်လိုအပ်ချက်ရဲ့ ၃၀ ရာခိုင်နှုန်းရှိပါတယ်။ အစည်းအဝေးမှာ စီးပွားရေးဆိုင်ရာ ကိစ္စတွေ ဆွေးနွေးသွားဖွယ်ရှိပြီး အသေးစိတ်ကို မသိရဘူးလို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောခွင့်ရသူတဦးက ပြောပါတယ်။
ဆွေးနွေးပွဲ တက်ရောက်မယ့် ထိုင်းအစိုးရ အဖွဲ့ဝင်များကတော့ စွမ်းအင်ကဏ္ဍ ကိစ္စရပ်များကို မြန်မာနဲ့ သီးခြား ဆွေးနွေးသွားမယ်လို့ ထိုင်းနိုင်ငံထုတ် နေရှင်းသတင်းစာမှာ ရေးသားထားပါတယ်။
ဒီအစည်းအဝေး ကို နေပြည်တော်က မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန (MICC)မှာ လာမယ့် တနင်္လာနဲ့ အင်္ဂါနေ့တွေမှာ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။
ပို့ဆောင် ရေး၊ ဆက်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ခရီးသွားလုပ်ငန်း၊ စွမ်းအင်၊ စိုက်ပျိုးရေး၊ ကုန်သွယ်ရေး စတဲ့ကဏ္ဍတွေမှာ မဲခေါင်မြစ်ကြောင်းတလျှောက်ရှိ နိုင်ငံခြောက်နိုင်ငံက ပူးပေါင်းဆောင်ရွက်နေပါတယ်။
ထိုင်း ဝန်ကြီးချုပ်ဟာ အောက်တိုဘာ လဆန်းပိုင်းကလည်း နေပြည်တော်ကို နေ့ချင်းပြန် သွားရောက်ခဲ့ပြီး အဲဒီတုန်းက မြန်မာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံခဲ့ပါတယ်။
Ref: ဒီဗွီဘီ
Monday, December 19, 2011
ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းဝန်ကြီးချုပ်တွေ့မည်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment