July 26, 2011
ရွှေအောင်
အစိုးရက ပို့ကုန်ခွန်လျှော့ပေးလိုက်ပြီးနောက်ပိုင်း ပြည်ပကိုဆန်တင်ပို့တဲ့ ပမာဏ တိုးမလာဘဲ ပုံမှန်ပဲရှိနေတယ်လို့ ဘုရင့်နောင် ဆန်ကုန်သည်တဦးက ပြောပါတယ်။
အန်နီးလို့ ခေါ်တဲ့ ပို့ကုန်ကရတဲ့ နိုင်ငံခြားငွေတန်ဖိုး ကျဆင်းနေတာကြောင့် ဆန်တင်ပို့သူတွေ အဆင်မပြေဖြစ်နေကြတာလို့ ဆန်ကုန်သည်က ပြောပါတယ်။
“ပုံမှန်ပတ်ဝန်း ကျင်လောက်ပါပဲ။ သူ့ဟာသူ ၃ ရာခိုင်နှုန်းချတာက ချတာပဲ။ အဝယ်နဲ့အရောင်းက အန်နီးဈေးက တခါထပ်ပြီး အတက်အကျရှိနေတယ်။ အန်နီးဈေး မတည်ငြိမ်တော့ လက်ရှိပေါက်ဈေး ၈၀၀ ပဲ အကြမ်းဖျင်းထား၊ အိတ်စ်ပို့ အရောင်းအဝယ်လုပ်လိုက်လို့ ငွေလည်း အန်နီးထဲ ဝင်လည်းဝင်လာရော ၈၀၀ အောက်ဆင်းသွားတော့ အလိုလိုရှုံးရော။ အဲလိုမျိုးမဖြစ်အောင် ငွေကြေးတည်ငြိမ်မှုရှိဖို့ အဓိကလိုတယ်။”
လက်ရှိ အန်နီးဈေးက ကျပ် ၈၀၀ လောက်ရှိနေပြီး ဆန်အိတ်စ်ပို့ဈေးက တတန်ကို အမေရိကန်ဒေါ်လာ ၃၈၀ နဲ့ ၄၀၀ ကြားရှိတယ်လို့လည်း ပြောပါတယ်။
ဇူလိုင်လဆန်းကစပြီး စီးပွားကူးသန်းက ပို့ကုန်ရငွေအခွန်ကို ၁၀ ရာခိုင်နှုန်းကနေ ၃ ရာခိုင်နှုန်း လျှော့ပေးထားပါတယ်။
လက်ရှိမှာ ပြည်ပကိုဆန်တင်ပို့ဖို့ ဆန်အထူးပြုကုမ္ပဏီတွေက ၅၀ ရာခိုင်နှုန်း၊ ပြည်ပကို ဆန်တင်ပို့နေသူတွေက ၂၅ ရာခိုင်နှုန်း၊ ဆန်စက်ပိုင်ရှင်တွေနဲ့ လယ်သမားတွေက ၂၅ ရာခိုင်နှုန်း ခွင့်ပြုထားတယ်လို့ သိရပါတယ်။
ဇွန်နဲ့ ဇူလိုင်လအတွင်း ဆန်တန်ချိန် ရှစ်သောင်း တင်ပို့ခွင့်ပြုထားပြီး အခုထိ တန်ချိန် ခြောက်သောင်းပဲ တင်ပို့နိုင်သေးတယ်လို့ ဆိုပါတယ်။
Ref: ဒီဗွီဘီ
Wednesday, July 27, 2011
ပို့ကုန်ခွန်လျှော့ပေးသော်လည်း ငွေဈေးကြောင့် ဆန်တင်ပို့သူများ တွက်ခြေမကိုက်
Subscribe to:
Post Comments (Atom)
















































0 comments:
Post a Comment