Friday, September 30, 2011

ယီမင်သမ္မတ အာဏာစွန့်ဖို့ ငြင်းဆို

29 စက်တင်ဘာ 2011

ယီမင်သမ္မတ အလီ အဗ္ဗဒူလာ ဆာလိခ် (Ali Abdullah Saleh) က သူ့ရဲ့ပြိုင်ဘက်တွေ ရှိနေသ၍ အာဏာမစွန့်ဘူးလို့ ပြော လိုက် ပါတယ်။

အတိုက်အခံတွေဘက်ကို ကူးပြောင်းသွားတဲ့ အဆင့်မြင့် ဗိုလ်ချုပ်နဲ့ တောင်ပေါ် တိုင်းရင်းသား ခေါင်းဆောင် သူဌေးကြီးတို့က တိုင်း ပြည်မှာ လွှမ်းမိုးမှု ရှိနေသ၍ အာဏာကို မစွန့်ဘူးလို့ The Washington Post သတင်းစာနဲ့ Time မဂ္ဂဇင်းတို့နဲ့ သီးသန့် မေးမြန်း ခန်းမှာ ပြောခဲ့တာပါ။

ယီမင်နိုင်ငံအတွင်းမှာ တင်းမာမှုတွေဟာ အခု ၂ ပတ်အတွင်း ပိုပြီး များလာနေတပါတယ်။ မနေ့တုန်းက ယီမင်နိုင်ငံရဲ့ မြို့တော် ဆနားအား (Sana'a) မှာ ယီမင်သမ္မတ အလီ အဗ္ဗဒူလာ ဆာလိခ်ကို သစ္စာခံတဲ့ တပ်ဖွဲ့တွေနဲ့ အတိုက်အခံဘက်က ရပ်တည်တဲ့ လက်နက်ကိုင် တောင်ပေါ် တိုင်းရင်းသားတွေ ပဋိပက္ခ ဖြစ်ပွားခဲ့ကြလို့ အဲဒီမှာ လူ ၂ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

မနေ့က စောစောပိုင်း မြို့တော် ဆနားအားရဲ့ နေရာတော်တော်များများမှာ ပေါက်ကွဲမှုတွေရော၊ သေနတ်တွေ အကြီးအကျယ် ပစ်ခတ်တာတွေရော ရှိခဲ့တယ်လို့ မျက်မြင်တွေ့တဲ့ သူတွေက ဆိုပါတယ်။

အစိုးရတပ်ဖွဲ့တွေနဲ့ တောင်ပေါ် တိုင်းရင်းသား ခေါင်းဆောင် ရှိတ်ခ် ဆာဒိခ် အယ်လ် အာမာ (Sheikh Sadek al-Ahmar) ရဲ့ နောက်လိုက်တွေနဲ့ တိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တုန်းကလည်း အစိုးရရဲ့ တိုက်ခိုက်ရေး စစ်လေယာဉ်တစီးကို တောင်ပေါ် တိုင်းရင်းသား တပ်ဖွဲ့တွေက မြို့တော် ဆနားအားနားမှာ ပစ်ချခဲ့ပါသေးတယ်။

ယီမင် နိုင်ငံခြားရေး ၀န်ကြီးကတော့ ၂၀၀၆ ခုနှစ်တုန်းက ကျင်းပခဲ့တဲ့ သမ္မတ ရွေးကောက်ပွဲရဲ့ ရလဒ်ကို အတိုက်အခံတွေ ဘက် က လက်မခံလို့ အခုလို တင်းမာမှုတွေ ဖြစ်နေတာလို့ ဆိုပါတယ်။

Ref: VOA

0 comments:

အပေါ်သို့