Friday, September 30, 2011

ချင်းမိုင်ရေကြီးသဖြင့် မြန်မာအလုပ်သမားများ အလုပ်ပျက်

29 September 2011

ထိုင်းနိုင်ငံ၏ ဒုတိယအကြီးဆုံး ချင်းမိုင်မြို့ မြစ်ရေလျှံကာ အနိမ့်ပိုင်းနေရာများ ရေလွှမ်းမိုးသွားသည့်ထဲ မြန်မာနိုင်ငံသားများ အများ စု လုပ်ကိုင်သည့် ညဈေးတန်း(Night Bazaar) ပါဝင်သည်။

စက်တင်ဘာ ၂၈ ရက်တွင် ပိန်မြစ်ရေလျှံလာသဖြင့် ဆိုင်ခန်းများအားလုံးနီးပါး ပိတ်လိုက်ရကာ ဆုံးရှုံးမှု အနည်းဆုံး ထိုင်းဘတ်ငွေ သန်း ၁၀၀ ရှိမည်ဟု Night Nazaar အုပ်ချုပ်ရေးကော်မတီမှ အရာရှိတစ်ဦး The Nation သတင်းတွင် ပြောဆိုထားသည်။


“တနင်္လာနေ့လောက်မှ ဈေးပြန်ရောင်းလို့ရမယ်”ဟု Night Bazaar ဈေးသည်တစ်ဦး ပြောသည်။

ဈေးဆိုင်ခန်းများတွင် လုပ်ကိုင်သူ ၃ ပုံ ၂ ပုံမှာ မြန်မာနိုင်ငံသားများဖြစ်ကြကာ အလုပ်သမားတစ်ဦးအတွက် ပျှမ်းမျှ တစ်လ ဘတ်ငွေ ၅၀၀၀ နှင့် ၆၀၀၀ ကြား ရရှိကြသည်ဟု ဆိုသည်။

ဆိုင်ခန်းပေါင်း ၅၀၀ ကျော်တွင် မြန်မာနိုင်ငံသားများ ၃၀၀ နှင့် ၄၀၀ ကြား ရှိနိုင်သည်ဟု ပြောသည်။

Ref: ကေအဲန်ဂျီ

0 comments:

အပေါ်သို့