Monday, September 26, 2011

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (၂၃) နှစ်မြောက် အထိမ်းအမှတ် ကျင်းပရေး စီစဉ်နေ

2011-09-25

လာမယ့် စက်တင်ဘာလ (၂၇) ရက်နေ့မှာ ကျရောက်မယ့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ထူထောင်ခြင်း (၂၃) နှစ်မြောက် အထိမ်း အမှတ် အခမ်းအနားကို မြန်မာပြည် တလွှားမှာရှိတဲ့ ပါတီရုံးတွေမှာ ခမ်းခမ်းနားနား ကျင်းပသွားမယ်လို့ ပါတီပြောခွင့်ရ ပုဂ္ဂိုလ် ဦးအုန်းကြိုင်က အာအက်ဖ်အေကို ပြောပါတယ်။

မြန်မာ့ ဒီမိုကရေစီရေး အတွက် ပြည်သူဘက်က ရပ်တည်လှုပ်ရှားဖို့ ထူထောင်ခဲ့တဲ့ အမျိုးသား ဒီမိုကရေစိအဖွဲ့ချုပ်ရဲ့ရပ်တည်ရေးဟာ အရေးကြီးတယ်လို့ ဦးအုန်းကြိုင်က ဆိုပါတယ်။


၂၃ နှစ်တာကာလ အတွင်း ပါတီရဲ့ ရည်မှန်းချက်တွေ ဖြစ်တဲ့ စစ်မှန်တဲ့ ဒီမိုကရေစီစနစ် မြန်မာနိုင်ငံမှာ ဖြစ်ထွန်း ရှင်သန်ရေး အတွက် မဆုတ်မနစ် ချီတက်ခဲ့တဲ့ ပါတီကြီး ဖြစ်ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာ ပြည်သူလူထု တစ်ရပ်လုံးက တခဲနက် ထောက်ခံအားပေး ရွေးချယ်တင်မြှောက်ခဲ့တဲ့ ပါတီကြီးလည်း ဖြစ်ပါတယ။၊ ဒါကြောင့် အဖွဲ့ချုပ် ရပ်တည်ရေးဟာ မြန်မာနိုင်ငံ ဒီမိုကရေစီရေးမှာ အလွန့်ကို အရေးကြီး ပါတယ်။ အဓိကလည်း ကျပါတယ်။ ပါတီ အထွေထွေ အတွင်းရေးမှူးကလည်း အဖွဲ့ချုပ် ရပ်တည်ရေး အရေးကြီးကြောင်း မကြာခင်က ဂျာနယ်တစ်စောင်ကို ပြောခဲ့ပါတယ်။"

ြ ရန်ကုန်မြို့ ရွှေဂုံတိုင်ဌာနချုပ်ရုံးမှာ အခမ်းအနား ကျင်းပဖို့စီစဉ်ထားတယ်လို့သိရပါတယ်။

ြ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ (၂၃) နှစ်မြောက် အခမ်းအနားကို ပေးပို့တဲ့ ပြည်ပ အခြေစိုက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် များအဖွဲ့ (MPU) ရဲ့ သ၀ဏ်လွှာမှာတော့ ထင်သာမြင်သာ ရှိတဲ့ တွေ့ဆုံဆွေးနွေးရေးတွေ ပေါ်ပေါက်လာဖို့ တိုက်တွန်းထားပါတယ်။ v ဦးသိန်းစိန် အစိုးရ အနေနဲ့ ပြုပြင် ပြောင်းလဲရေး အတွက် လက်တွေ့ ဆောင်ရွက်ပြသဖို့ MPU တွဲဘက် အတွင်းရေးမှုး ဦးမောင် မောင်အေးက ပြောပါတယ်။

Ref: အာရ်အဖ်အေ

0 comments:

အပေါ်သို့