Friday, September 30, 2011

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ရေကြီး

September 29, 2011
ရွှေအောင်

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ရေလွှမ်းမိုးမှုတွေ ဖြစ်ပွားနေပါတယ်။ ချင်းမိုင်ရေကြီးမှုနဲ့ ပတ်သက်ပြီး ချင်းမိုင်အခြေစိုက် ဒီဗွီဘီသတင်း ထောက် မန်းဆိုင်းမွန်ကို ကိုရွှေအောင်က မေးကြည့်ထားပါတယ်။

မနေ့ကတည်းက ရေကြီးနေတာ၊ အခုထိလည်း ကြီးနေတုန်းပဲပေါ့။ ဘာဖြစ်လို့ ဒီလောက်ရေကြီးတာလဲ ခင်ဗျ။

ချင်းမိုင်အထက်မှာ မိုးရွာတယ်။ မုန်တိုင်းတခု ဖြတ်သွားတယ်။ တောင်တရုတ်ကနေ ဖြတ်လာတဲ့ မုန်တိုင်းပေါ့။ အဖျားခတ်သွား တယ်။ အဖျားခတ်သွားတော့ ချင်းမိုင်ရဲ့ မြောက်ပိုင်းမှာ မိုးရွာတယ်။ ချင်းမိုင် အထက်မှာ ရေကာတာ ရှိတယ်လေ။ အဲဒါရေ ကာ တာ ဖွင့်ချလိုက်ရတယ်။ အဓိကတော့ မိုးကြောင့်ပါ။ မုန်တိုင်း အဖျားခတ်သွားတာပေါ့။”


အခုရေကြီးနေတဲ့အနေအထားက ဘယ်လောက်ထိ ကြာနိုင် သလဲ။

“ရေကတော့ ဒီနေ့ညပိုင်းမှာ တဖြည်းဖြည်း ကျသွားတယ်။ နောက်တရက် လောက်မှာတော့ ပုံမှန်အတိုင်း ပြန်ဖြစ် သွားမယ်လို့ ပြောနေကြတယ်။ မိုးက ထပ်မရွာတော့ဘူး ဆိုရင် ပေါ့။”

မိုးရွာနေသေးရင် ရေထပ်မကျနိုင်သေးဘူးလို့ ဆိုနိုင်သလား ခင်ဗျ။

“မုန်တိုင်း နောက်တလုံးထပ်ပြီး ၀င်ဦးမယ်ပြောတယ်။ သူတို့ မှန်းထားတာ နောက်ပိုင်းမှာ ၀င်ချင်လည်းဝင်မယ်။ ဒါပေ မယ့် ဒီမှာ အဖျားခတ်လို့ အဲဒီမှာ ရွာတယ်ဆိုရင်လည်း ရေ တော့ ထပ်ကြီးဦးမယ်။”

အခုရေကြီးတဲ့ ဖြစ်စဉ်မှာ လူအသေအပျောက်တွေ ဘာတွေကော ကြားသေးလား။

“အခု အသေအပျောက်က ချင်းမိုင်အရှေ့မြောက်ပိုင်းက တောင်စောင်းမှာ အိမ်ဘေးမှာလည်း ချောင်းဆိုတော့ အဲဒီချောင်းဘေးက အိမ် ၂ လုံး ပြိုဆင်းသွားပြီး ရေတွေနဲ့မျောပြီး ပါသွားတယ်။ အဲဒီမှာ မိသားစု ၂ စုက ၅ယောက်လောက် ဆုံးသွားတယ်။ အလောင်း တွေ အကုန်ပြန်တွေ့တယ် ပြောတယ်။”

အခုလိုမျိုး ရေကြီးတာမျိုး ချင်းမိုင်မှာ ဘယ်တုန်းက ဖြစ်ခဲ့ဖူးလဲခင်ဗျ။

“လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကလည်း အခုလိုမျိုး ကြီးခဲ့တာပဲ။ ဒါပေမယ့် အခုကတော့ ပိုများတယ်လို့ ပြောတယ်။ ထိုင်းတနိုင်ငံလုံး အတိုင်းအတာနဲ့ဆိုရင် ခရိုင် ၅၄ ခုလုံးမှာ ရေမြုပ်နေတယ်လို့ အစိုးရက ကြေညာတာကိုး။

ခရိုင်အားလုံး ဘယ်လောက်ရှိလဲခင်ဗျ။

“၇၇ ခရိုင် ရှိတယ်။ ချင်းမိုင်က night paza (ညဈေး)မှာလည်း ရေက တော်တော်တက်လာတယ်။”

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့