Tuesday, February 14, 2012

ကြား​ဖြတ်​ရွေး​ကောက်ပွဲ လွတ်လပ်တရား​မျှတမည်ဟု ဦး​ရွှေမန်း​ ကတိ​ပေး

February 13, 2012

လာမယ့်​ဧပြီ ၁ ရက်မှာ ကျင်း​ပမယ့်​ ကြား​ဖြတ်​ရွေး​ကောက်ပွဲဟာ လွတ်လပ်မျှတတဲ့​ ​ရွေး​ကောက်ပွဲ ဖြစ်လိမ့်​မယ်လို့​ ပြည်သူ့​လွှတ်​တော် ဥက္ကဋ္ဌ သူရဦး​ရွှေမန်း​က နိုင်ငံတကာကို ကတိပြု ​ပြောကြား​လိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ​ရောက်ရှိ​နေတဲ့​ အီး​ယူ ဥ​ရောပသမဂ္ဂ ဖွံ့​ဖြိုး​ရေး​ကော်မရှင် အကြီး​အကဲ Andris Piebalgs (အန်ဒရစ်ပီ ယာဘဂ်)နဲ့​ ​နေပြည်​တော်မှာ ​တွေ့​ဆုံ ​ပြောကြား​လိုက်တာလို့​ အီး​ယူ အင်တာနက် ဝက်ဆိုက်မှာ သတင်း​ ထုတ်ပြန်ထား​ပါတယ်။


သူရဦး​ရွှေမန်း ​က “ကျ​နော်တို့​ လိုအပ်တဲ့​ အ​ရေး​ယူ​ဆောင်ရွက်မှု​တွေ လုပ်​ဆောင်ထား​ပါတယ်။ ဒါ့​ကြောင့်​ လာမယ့်​ ကြား​ဖြတ် ​ရွေး​ကောက်ပွဲဟာ လွတ်လပ်မျှတပြီး​ အများ​ယုံကြည် လက်ခံနိုင်ပါလိမ့်​မယ်”လို့​ ​ပြောကြား​ခဲ့​ကြောင်း​ သတင်း​မှာ ​ဖော်ပြပါတယ်။

အီး​ယူ ကိုယ်စား​လှယ်အဖွဲ့​ခေါင်း​ဆောင် မစ္စတာ အန်ဒရစ်ပီယာဘဂ်ဟာ “သမ္မတဦး​သိန်း​စိန်နဲ့​လည်း​ တံခါး​ပိတ် ​တွေ့​ဆုံ​ဆွေး​နွေး​မှု​တွေ ပြုလုပ်ခဲ့​ပြီး​ မြန်မာနိုင်ငံမှာ ဖြစ်ပျက်​နေတာ​တွေဟာ အား​တက်စရာ ဖြစ်တယ်။ ဒါ​ပေမယ့်​ ကျ​နော်တို့​ မျက်စိဖွင့်​ပြီး​ ဆက်ကြည့်​နေရပါ တယ်။ ခုဖြစ်ပျက်​နေတာ​တွေနဲ့​ ပတ်သက်ပြီး​ သ​ဘောမတူညီမှု​တွေ ရှိ​နေနိုင်ရင်​တောင် ပြုပြင်​ပြောင်း​လဲမှု​တွေဟာ အမှန်တကယ် ဖြစ်​နေတယ်ဆိုတာ ဘယ်သူမှာ သံသယ မရှိပါဘူး​”လို့​ ​ပြောကြား​ခဲ့​ပါတယ်။

အီး​ယူ ဥ​ရောပသမဂ္ဂအဖွဲ့​မှာ ဂျာမနီ ဖွံ့​ဖြိုး​ရေး​ဝန်ကြီး​ Dirk Niebel လည်း​ လိုက်ပါသွား​ပြီး​ ၃ ရက်ကြာ ခရီး​စဉ်အတွင်း​မှာ ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​လည်း​ ​တွေ့​ဆုံဖို့​စီစဉ်ထား​တယ်လို့​ သိရပါတယ်။

မြန်မာ​ခေါင်း ​ဆောင်​တွေကို ဗီဇာပိတ်ပင်ထား​မှု အီး​ယူက ပြီး​ခဲ့​တဲ့​ ဇန်နဝါရီလမှာ စတင် ပယ်ဖျက်​ပေး​လိုက်ပြီး​ အ​မေရိကန် ​ဒေါ်လာသန်း​ ၂ဝဝ​လောက်နဲ့​ ညီမျှတဲ့​ ယူရို​ငွေ သန်း​ ၁၅ဝ​လောက် လာမယ့်​ ၂ နှစ်အတွင်း​ ကူညီမယ်လို့​ ကတိပြုထား​ပါတယ်။

ဂျာမနီဖွံ့​ ဖြိုး​ရေး​ဝန်ကြီး​က​တော့​ ​ရွေး​ကောက်ပွဲ လွတ်လပ်မျှတပြီး​ ဒီမိုက​ရေစီနည်း​ကျမယ်ဆိုရင် ပိတ်ဆို့​ဒဏ်ခတ် အ​ရေး​ယူမှု​တွေ ရုပ်သိမ်း​ဖို့​ ​မျှော်လင့်​ပါတယ်လို့​ ​ပြောပါတယ်။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့