February 15, 2012
အေးနိုင်
ပဒိုမန်းငြိမ်းမောင်အမှုနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ ဂျာနယ်တွေမှာ ပြောဆိုချက်တွေဟာ တရားရုံးကို မထီမဲ့မြင်ပြု လုပ်ချက်တွေ ဖြစ်တယ်လို့ ပဒိုမန်းငြိမ်းဘက်က လိုက်ပါဆောင်ရွက်တဲ့ ဥပဒေအကြံပေး ဦးအောင်သိန်းက ဝေဖန် ပြောဆို လိုက်ပါတယ်။
“တရားစီရင်ရေးရဲ့ လမ်းကြောင်းပေါ်မှာ သွားနေတဲ့အတွက် အုပ်ချုပ်ရေးပိုင်း ဆိုင်ရာတွေကနေ အစိုးရအဖွဲ့နဲ့ ဝင်ရောက် မစွက်ဖက်ဘူးဆိုတဲ့ သဘောမျိုးနဲ့ သူတို့ လွှတ်ထားတယ်။ နောက်ပြီးတော့ သူတို့ ဒီကိစ္စက လွတ်နိုင်ပါတယ် ဆိုပြီးတော့ ဂျာနယ်၊ မီဒီယာကနေပြီးတော့ ထုတ်ပြီးတော့ တာဝန်ရှိသူတွေက ပြီးတော့လွတ်သွားမှာပါ ဆိုတဲ့စကားလုံးကို သုံးတာဟာဖြင့် ရှင်းရှင်းပြောရင် တရားရုံးများကို မထီလေးစား ပြုလုပ်တယ်။ တရားစီရင်ရေးပေါ်မှာ လမ်းကြောင်းက သွားနေတဲ့ အလုပ်ပေါ်မှာ ဒီလို တာဝန်ရှိသူတွေက လက်လွတ်စပယ် ပြောတာကဖြင့် မပြောသင့်ဘူးလို့ အန်ကယ်တို့ဘက်က မြင်တယ်။ ”
ပဒိုမန်း ငြိမ်းမောင်ကို နိုင်ငံတော်ပုန်ကန်မှု၊ မတရားအသင်း ဥပဒေပုဒ်မတွေနဲ့ အစိုးရက တရားစွဲဆိုထားပြီး အင်းစိန်ထောင်မှာ ကြာသပတေးနေ့တိုင်း ရုံးထုတ်နေပြီး ပြန်ခေါ်သက်သေတွေကို စစ်မေးခဲ့ပါတယ်။ မနက်ဖြန်မှာ ပဒိုမန်းငြိမ်းမောင်ကို စတင် စစ်ဆေးဖို့ ရှိပါတယ်။
ဂျာနယ်တချို့ မှာ ပါရှိတဲ့ “မန်းငြိမ်းမောင် ပြန်လွတ်မှာပါ”လို့ တာဝန်ရှိသူရဲ့ ပြောဆိုချက်ကို တရားရုံးက မန်းငြိမ်းမောင်ကို ပြသကြောင်းနဲ့ တကယ်တော့ ဒီလို မဖြစ်သင့်ကြောင်း ဦးအောင်သိန်းက ထောက်ပြပြောဆိုပါတယ်။
“အုပ်ချုပ် ရေး အာဏာပိုင်အဖွဲ့အစည်းက အချိန်မရွေး လွှတ်နိုင်ခွင့် ရှိတယ်ဆိုတာ ကျနော်တို့က နားလည်တယ်။ ဒါပေမယ့် တရားစီရင်ရေးပိုင်းမှာတော့ တရားစီရင်ရေးပိုင်းကို သွားနေတဲ့ အမှုအခင်းပေါ်မှာ ဒီလို ကြိုပြီးပြောပြီးတော့ တဖက်ကလည်း ခင်ဗျားလွတ်မှာပါ။ ဒါပေမယ့် ကျနော်တို့ အလုပ်ကိုတော့ ကျနော်တို့ လုပ်ရမှာပဲ။ ကျနော်တို့ တရားရုံးပေါ်မှာတော့ နားလည်မှု ပေးထားပါဆိုတဲ့ သဘောသက်ရောက်တဲ့ ဟာမျိုးကို ဖြစ်စေတာကို မသင့်လျော်ဘူးလို့ ထင်တယ်။”
ပဒိုမန်း ငြိမ်းမောင်ဟာ တရုတ်နိုင်ငံကို ရောက်ရှိစဉ်မှာ ထိုင်းနိုင်ငံကို ပြန်ဖို့ ပြည်ဝင်ခွင့် အခက်အခဲ ဖြစ်ရာကနေ အစပြုလို့ မြန်မာ အာ ဏာပိုင်လက်ထဲ အပ်ခံရပြီး ဖမ်းဆီး တရားစွဲခံနေရတာပါ။ ပျိုရွယ်စဉ်ကာလကလည်း သူရဲ့ နိုင်ငံရေး လှုပ်ရှားမှုကြောင့် ထောင်ဒဏ် တသက်တကျွန်း ကျခဲ့ဖူးပါတယ်။
Ref: ဒီဗွီဘီ
Thursday, February 16, 2012
ပဒိုမန်းငြိမ်းမောင်အမှုတွင် တာဝန်ရှိသူများ၏ ပြောကြားချက်သည် တရားရုံးကို မထီမဲ့မြင် ပြုလုပ်ဟုဆို
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment