Thursday, January 19, 2012

ရှင်သန်နေဆဲ ဗမာနိုင်ငံလုံး ဆိုင်ရာကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်

19 January 2012

၁၈.၀၁.၂၀၁၂ရက်နေ့တွင် ခေတ်အဆက်ဆက် မျိုးဆက်ကျောင်းသားများက ဦးဆောင်ပြီး ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) ကိုပြန်လည် ဖွဲ့စည်းလိုက်ပါသည်။ ဥက္ကဌ - ကိုကျော်ကိုကို -ဒု- ဥက္ကဌ -- ကိုဒီငြိမ်းလင်းနှင့် ကိုလင်းထက်နိုင် အတွင်းရေးမှူး - မဖြိုးဖြိုးအောင် တို့ဖြစ်ပါသည်။

ကျောင်းသားများ ရှိနေရင် ကျောင်းသားသမဂ္ဂ ရှိရမည်။ ဤကော်မတီကို လွန်ခဲ့သည့် ရက်ပိုင်းက ထောင်ကနေ လွတ်မြောက် လာသည့် ဗကသ ခေါင်းဆေင် ကိုကျော်ကိုကို၊ ဒီငြိမ်းလင်း အပါအဝင် ကျောင်းသားခေါင်းဆောင်များက ဦးဆောင်ပြီးပြန်လည် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါသည်။


“ဒီနေ့ ကျနော်တို့ ဆွေးနွေးတဲ့ ပွဲမှာ ဗကသများ အဖွဲ့ချုပ် တရားဝင် ရပ်တည်နိုင်ရေးအတွက် ဗဟိုစည်းရုံးရေးကော်မတီ ဖွဲ့စည်း ခြင်းကို ဆုံးဖြတ်ကြပါတယ်။ ဖွဲ့စည်းခြင်းရဲ့ ရည်ရွယ်ချက်ကတော့ လွတ်မြောက်လာတဲ့ ကျောင်းသားခေါင်းဆောင်များနဲ့ လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ ကျောင်းသား ခေါင်းဆောင်များ ပူးပေါင်းပြီး ဗကသများအဖွဲ့ချုပ် တရားဝင် ရပ်တည်နိုင်ရေး အတွက် ဆက်လက် ရပ်ခံဖို့အတွက် တတိုင်းပြည်လုံး စည်းရုံးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ဖို့အတွက် ရည်ရွယ်ပြီးတော့ ဗဟိုစည်းရုံးရေး ကော်မတီကို ဖွဲ့စည်းလိုက်တာ ဖြစ်တယ်လို့ ကော်မီတီ ဥက္ကဌ ကပြောပါသည်။

ဗဟိုစည်းရုံးရေး ကော်မတီ၏ လတ်တလော တာဝန်များမှာ ကျောင်းသားထု အခွင့်အရေး ကာကွယ်ရေးနှင့် ကိုအေးအောင် အပါအဝင် မလွတ်မြောက်သေးသော နိုင်ငံရေး အကျဉ်းသားများ အားလုံး ပြန်လည် လွတ်မြောက်လာစေရန် ကြိုးပမ်းခြင်းတို့ ဖြစ်ပါသည်။ ဗဟို စည်းရုံးရေး ကော်မတီရဲ့ ရေရှည်တာဝန်များမှာ ဒေသဆိုင်ရာ ကျောင်းသားသမဂ္ဂများ၊ လူမျိုးစု ကျောင်းသား သမဂ္ဂများ ပေါ်ပေါက်ရေးနှင့် ကျောင်းသားထု ညီလာခံတွင် ရွေးကောက်တင်မြှောက်သည့် ဗကသများ အဖွဲ့ချုပ် ပေါ်ပေါက်ရေး တို့ပင် ဖြစ်ပါသည်။

“အခု ဖွဲ့စည်းလိုက်တဲ့ ဗကသများ အဖွဲ့ချုပ် ဗဟိုစည်းရုံးရေး ကော်မတီရဲ့ ဖွဲ့စည်းပုံမှာ အဖွဲ့ဝင် ၁၂ ဦး ပါဝင်ပြီးတော့ ဥက္ကဋ္ဌ အဖြစ် ကျနော်က တာဝန်ယူမှာ ဖြစ်ပါတယ်။ ဒု-ဥက္ကဋ္ဌ ၁ အဖြစ် ကိုလင်းထက်နိုင်က တာဝန်ယူပြီး၊ ဒု-ဥက္ကဋ္ဌ ၂ အဖြစ် ကိုဒီငြိမ်းလင်းက တာဝန်ယူမှာ ဖြစ်ပါတယ်။ အထွေထွေ အတွင်းရေးမှူးအဖြစ် မဖြိုးဖြိုးအောင်က တာဝန်ယူမှာ ဖြစ်ပြီး၊ တွဲဖက် အထွေထွေအတွင်းရေးမှူး ၁ အဖြစ် ကိုအောင်အောင်ကျော်၊ တွဲဖက် အထွေထွေအတွင်းရေးမှူး ၂ အဖြစ် ကိုမင်းသွေး သစ်တို့က တာဝန်ယူမှာ ဖြစ်ပါတယ်။ ”

သတင်းနဲ့ ပြန်ကြားရေး ကော်မတီကို ကိုသီဟဝင်းတင်၊ နိုင်ငံခြား ဆက်သွယ်ရေး ကော်မတီကို ကိုဘုန်းပြည့်ကြွယ်၊ကျောင်းသား ထု အခွင့်အရေး ကာကွယ်ရေးကော်မတီကို ကိုစည်သူမောင်၊ သုတေသနနှင့် ဖွံ့ဖြိုးရေး ကော်မတီကို ကိုရဲမင်းဦး၊ ဘဏ္ဍာရေး ကော်မတီကို မဟန်နီဦး၊ တိုင်းရင်းသား ကျောင်းသားရေးရာ ကော်မတီကို ကိုနန္ဒဆက် အောင်တို့က တာ ဝန်ယူကြမည်ဖြစ်ပါသည်။

ဤဆွေးနွေးပွဲ၌ ထောင်က လွတ်မြောက်လာတဲ့ လက်ရှိ ကျောင်းသားခေါင်းဆောင်များ၊ လက်ရှိ ကျောင်းတက်နေသည့် ကျောင်း သားခေါင်းဆောင်များ၊ ထောင်မကျပေမယ့် တာဝန်ဆက်လက် ထမ်းဆောင်နေတဲ့ ကျောင်းသား ခေါင်းဆောင် များက တက် ရောက်ကြပါသည်။ ၁၉၉၆၊ ၁၉၉၇၊ ၁၉၉၈ နှင့်၂၀၀၃ ခုနှစ် ကျောင်းသားခေါင်းဆောင် ဟောင်းများလည်း တက်ရောက်ကြပါ သည်။

ဗကသသည် ကျောင်းသားများ လှုပ်ရှာမှုကြောင့် ထောင်ချခံရသူများဖြစ်ကြသည်။ ရဲရဲဝံ့ဝံ့ ပေါ်ပေါ်တင်တင် လုပ်ကိုင် တတ်ကြပြီး ကျောင်းသားသမဂ္ဂ တရားဝင် တည်ရှိရေး၊ သမဂ္ဂ အဆောက်အုံ ရှိရေးမူကို ဆွဲကိုင်ပြီး ဆက်လက် လှုပ်ရှားမည်ဟု ဆိုပါသည်။

ဗကသသည် နယ်ချဲ့ ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေးအတွက် ပေါ်ပေါက်လာသော မြန်မာ့ကျောင်းသား သမဂ္ဂဖြစ် ပါသည်။ နယ်ချဲ့ခေတ်၌ တရားဝင် တည်ရှိလာခဲ့သော်လည်း စစ်အာဏာရှင်ခေတ် စတင်ခဲ့သော ဦးနေ၀င်း၏ တော်လှန်ရေး ကောင်စီခေတ်၌ ကျောင်းသားများကို ပစ်သတ်ပြီး သမဂ္ဂ အဆောက်အဦးကိုလည်း မိုင်းခွဲပြီး ဖျောက်ဖျက်ပစ်ခဲ့ပါသည်။

Ref: ရွှေဟင်္သာ

0 comments:

အပေါ်သို့