January 18, 2012
အံ့ဘုန်းမြတ်
လာမယ့် ဘဏ္ဍာရေးနှစ်ကနေ စတင်ပြီး ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍ အသုံးစရိတ်တွေကို အစိုးရက တိုးမြှင့်ပေးတော့မှာ ဖြစ်ပါ တယ်။
တိုင်း ပြည်ရဲ့ ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍ အသုံးစရိတ်တွေကို ပြည်ထောင်စုအစိုးရက လာမယ့် ဧပြီလ ၁ ရက်နေ့က စတင် မယ့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်ကနေ စတင်တိုးမြှင့်ပေးဖို့ရှိနေတာပါ။
လာမယ့် ၂၆ ရက်နေ့မှာ ပြန်လည်ခေါ်ယူမယ့် လွှတ်တော် အစည်းအဝေးတွေမှာ ဒီအသုံးစရိတ်တွေကို အတည်ပြု ထုတ်ပြန် ကြေ ညာဖို့ ရှိနေတာလည်း ဖြစ်ပါတယ်။
အရင်က ကျန်းမာရေးကဏ္ဍအတွက် အမျိုးသားဝင်ငွေ (GDP) ရဲ့ ၁.၃ ရာခိုင်နှုန်းသာ သုံးစွဲနေရာက အခု အခါမှာ ၂ ရာခိုင်နှုန်းလောက်အထိ တိုးမြှင့် သတ်မှတ်ပေးဖို့ ရှိနေတာပါ။
ဒီလိုတိုး မြှင့်ဖို့မယ့်အပေါ် ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးစီမံကိန်း ဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဖုန်းမြင့်က “ကျန်းမာရေး စီမံကိန်းဦးစီးဌာန ကျန်းမာရေး ဝန်ကြီးဌာနအနေနဲ့ တိုးပြီးရရှိလာမယ့် အသုံးစရိတ်တွေကို ဆေးဝါးနဲ့ ဝန်ထမ်းပိုင်းတွေမှာ အဓိကထား ဖြည့်ဆည်းဖို့ရှိနေသလို ကုသရေးထက် ကြိုတင် ကာကွယ်ရေးပိုင်းတွေမှာလည်း အသုံးပြုသွားဖို့ရှိ ရှိနေပါ တယ်။ ဒီလို ပိုမိုရရှိ လာပေမယ့်လည်း ကျန်းမာရေးကဏ္ဍ အသုံးစရိတ်လိုအပ်ချက်တွေကတော့ အမျိုးသားဝင်ငွေ (GDP) ရဲ့ ၅ ရာခိုင်နှုန်း လောက်အထိ လိုအပ်နေတယ်” လို့ ပြောပါတယ်။
အရင်က ၄.၁၃ ရာခိုင်နှုန်း ရရှိခဲ့တဲ့ ပညာရေးကဏ္ဍအတွက် ဘယ်လောက်အထိ တိုးမြှင့်မယ်ဆိုတာ မသိရသေးပေမယ့် ပညာရေးလောကသားတွေကတော့ တိုးမြှင့်ရရှိဖို့ မျှော်လင့်နေကြတယ်လို့ အငြိမ်းစားပါမောက္ခ ဒေါက်တာခင်မောင်ညိုက ဆိုပါတယ်။
“တိုး ရမယ်လို့တော့ မျှော်လင့်နေတာပဲ။ ပညာရေးအတွက် အဓိက ကတော့ သေချာ လေ့လာသုံးသပ်ပြီးတော့ နားလည်တတ် ကျွမ်းတဲ့ လူတွေ၊ UN က လူတွေ၊ UNDP က လူတွေ ဆွေးနွေးပြီးတော့ ကျနော်တို့ လုပ်ရမှာပေါ့။ အတန်းငယ်ကနေ စပြီးတော့ အတန်းကြီးထိပေါ့။ ၁၀ တန်း ထိကို ကျနော်တို့ ပုံစံလေးတွေ တဖြည်းဖြည်း ပြောင်းရမယ် ကျနော်ထင်တယ်။ ဒီအတိုင်းပဲ သွားမယ်ဆိုရင်တော့ ကျနော်တို့ ပညာရေးစနစ်က မြောင်းထဲမှာ ဒီအတိုင်း ဒီအတိုင်းပဲ ရှိနေမှာပဲ ကျနော်ထင်တယ်။ တက္ကသိုလ်၊ ကောလိပ်တွေမှာ ကျနော်တို့ အဆောင်တွေ ပြန်ထားပေးဖို့ ကိစ္စပေါ့။ ကျောင်းသားတွေကို အဆောင်မထားပေးတဲ့ ဟာကတော့ အဆိုး ဆုံးပေါ့ ပညာရေးမှာ။”
ဒီလို တိုးမြှင့်သတ်မှတ်ပေးမယ့် ဘတ်ဂျက်ရသုံးမှန်းချေ ငွေစာရင်းဟာ ကာကွယ်ရေးနဲ့ ပြည်ထဲရေးကဏ္ဍ ဘတ်ဂျက်တွေကို လျှော့ချအသုံးပြုတာလား၊ ဒါမှမဟုတ် အခြားကဏ္ဍတွေရဲ့ အသုံးစရိတ်တွေကို မထိခိုက်ပဲ ပြည်ထောင်စုအစိုးရက စိုက်ထုတ် တိုးမြှင့်ပေးမှာလား ဆိုတာ တိတိကျကျ မသိရသေးပါဘူး။
အစိုးရသစ်ရဲ့ ပထမဆုံး ဘတ်ဂျက်ကိုတော့ အရင် နအဖ စစ်အစိုးရက သတ်မှတ် ထုတ်ပြန်ပေးခဲ့တာပါ။ ဒီဘတ်ဂျက်စာရင်းမှာ ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍ အသုံးစရိတ် နည်းပါးနေတဲ့အပေါ် ဝေဖန်မှုတွေလည်း အများအပြား ရှိခဲ့ပါတယ်။
ဒီလို ဝေဖန်ခံခဲ့ရတဲ့ ဘတ်ဂျက်နဲ့ ပတ်သက်ပြီး အစိုးရသစ်က ပြည်သူသို့ အစီရင်ခံစာကို မကြာခင်မှာ ထုတ်ပြန်ပေးရတော့မှာ ဖြစ် ပါတယ်။
Ref: ဒီဗွီဘီ
Thursday, January 19, 2012
ကျန်းမာရေးနှင့် ပညာရေးအသုံးစရိတ်များ အစိုးရတိုးမြှင့်မည်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment