Tuesday, January 17, 2012

ရမ္မာဝတီ အရှင်ပညာစာရ စစ်တွေကို ယနေ့ ရောက်မည်

16/1/2012

ရခိုင် စာပေ သမိုင်း သုတေသီ ရမ္မာဝတီ အရှင်ပညာစာရသည် သရက်ထောင်မှ ပြန်လည် လွှတ်မြောက်လာပြီး ယနေ့တွင် စစ်တွေ သို့ ရောက်ရှိမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

" ဆရာတော် လွတ်တဲ့ အထဲမှာ ပါလာပါတယ်။ ဒီနေ့ စစ်တွေကို ရောက်မယ် ဆိုပြီး ရှေ့နေမကြီး ဆရာမ ဒေါ်အေးနုစိန်က ပြောပါ တယ် " ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီရုံး တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အသေးစိတ် သိရှိနိုင်ရန် ဆရာမကြီး ဒေါ်အေးနုစိန်အား ဖုံးမှ တဆင့် ဆက်သွယ်ရာ ဆရာမကြီးမှာ ခရီးထွက်သွားသဖြင့် ညနေ ပိုင်းမှ စစ်တွေသို့ ရောက်ရှိမည်ဟု ဆရာမကြီး၏ ဆွေမျိုးတစ်ဦးက ပြောသည်။

" ဆရာတော် လွှတ်မြောက်လာတဲ့ သတင်းကြားရတဲ့ အတွက် ၀မ်းသာပါတယ်။ ဆရာတော်မှာ ဘာမှ အပြစ် မရှိတဲ့အတွက် ခုလို စောစောစီးစီး လွှတ်လာတာ ဖြစ်ပါတယ် " ဟု သူက ဆက်ပြောသည်။

ဆရာတော် အရှင်ပညာစာရ၏ အမည်အား အေအေပီပီမှ လွှတ်ပေးလိုက်သည့် စာရင်း အမှတ်စဉ် ၂၇၂ တွင် ဖေါ်ပြထားသည်ဟု သိရသည်။

ဆရာတော် အရှင်ပညာစာရအား ၂၀၁၀ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့က ဖမ်းဆီးခဲ့ပြီး အဆိုပါနှစ် စက်တင်္ဘာလတွင် စွဲချက် အမျိုးမျိုး၊ ပုဒ်မ အမျိုးမျိုးတပ်ကာ ထောင် ၈ နှစ်နှင့် သုံးလ ချမှတ်ခဲ့သည်။

လွန်ခဲ့သော ဒီဇင်္ဘာလ ၃၁ ရက်နေ့က ၂၂၇ နှစ်မြောက် ရခိုင် အချုပ်အချာအာဏာကျဆုံးနေ့တွင် ရခိုင်မျိုးစောင့်အဖွဲ့မှ အမျိုး ဘာသာ သာသနာ အကျိုးအတွက် ဆောင်ရွက်ခဲ့သူ ဖြစ်သဖြင့် ဆရာတော်အား ရက္ခိတ မျိုးစောင့်ဆုကို ပေးအပ်ချီးမြှင့်ခဲ့သည်။

Ref: နိရဉ္စရာ

0 comments:

အပေါ်သို့