Thursday, January 19, 2012

RFA ရုပ်မြင်သံကြား အစီအစဉ် စတင်ထုတ်လွှင့်ပြီ

2012-01-18

ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် ဧပြီလ ၁ ရက်နေ့က စတင်ပြီး ရုပ်သံလွှင့် အစီအစဉ်ကို RFA ဝက်ဘ် စာမျက်နှာတွေပေါ်မှာ တင်ဆက်ခဲ့ ပြီးနောက်၊ ရှေ့ခြေလှမ်းသစ် တစ်ရပ် အဖြစ် ဇန်နဝါရီလ ၁၈ ရက်နေ့က စတင်ပြီး TV RFA ရုပ်မြင်သံကြား အစီအစဉ်တွေကို ထုတ်လွှင့်နေပါပြီ။

အပတ်စဉ် တနင်္လာနေ့ ကနေ သောကြာနေ့၊ ညစဉ် မြန်မာစံတော်ချိန် ၈ နာရီခွဲမှ ၉ နာရီအထိ ဂြိုလ်တုက တဆင့်နာရီဝက်ကြာ ဖမ်းယူ ကြည့်ရှုနိုင်ပြီ ဖြစ်ပါတယ်။ ဒီ ရုပ်မြင်သံကြား အစီအစဉ်မှာ နေ့စဉ် သတင်းတွေ၊ တွေ့ဆုံ မေးမြန်းခန်းတွေနဲ့ တခြား စိတ် ၀င်စားဘွယ် ကဏ္ဍ အဖြာဖြာကို ကြည့်ရှုနိုင်ကြမှာ ဖြစ်ပါတယ်။

ဇန်နဝါရီလ ၁၉ ရက်နေ့ ည ၈ နာရီခွဲ အစီအစဉ်မှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှုတ်ခွန်းဆက် စကား ပြောကြားထားတာကိုလည်း ရှုစားကြရမှာပါ။

RFA ရုပ်မြင်သံကြား အစီအစဉ်တွေကို ApStar APR2R ဆက်သွယ်ရေး ဂြိုလ်တုကနေ ထုတ်လွှင့်နေတာ ဖြစ်ပါတယ်။

ဆက်သွယ်ရေး ဂြိုလ်တု တည်ရှိရာ လမ်းညွန်ချက်က ၇၆.၅ ဒီဂရီ အရှေ့ (76.5 degrees East) နဲ့ Band က C band ဖြစ်ပြီး Transponder က 6 A, Downlink frequency က 3840 Horizontal, Symbol Rate SR က 27500 နဲ့ FEC Rate က 3/4 ဖြစ်ပါတယ်။

Ref: အာရ်အဖ်အေ

0 comments:

အပေါ်သို့