Tuesday, January 17, 2012

အစိုး​ရနှင့်​တွေ့​ဆုံခဲ့​သည့်​ ​ကေအန်ယူအဖွဲ့​ ရှင်း​လင်း​ပွဲလုပ်

January 16, 2012
နော်နိုရင်း

အစိုး​ရနဲ့​ အပစ်ခတ်ရပ်စဲ​ရေး​ ​ဆွေး​နွေး​လက်မှတ်ထိုး​ခဲ့​တဲ့​ ​ကေအန်ယူငြိမ်း​ချမ်း​ရေး​ ကိုယ်စား​လှယ်အဖွဲ့​ဟာ မ​နေ့​က ထိုင်း​-မြန်မာ နယ် စပ် မဲ​ဆောက်မြို့​ကို ပြန်လည်​ရောက်ရှိလာပြီး​ ဒီ​နေ့​ မနက်မှာ ဗဟို​ကော်မတီဝင်​တွေနဲ့​ ​တွေ့​ဆုံရှင်း​လင်း​ခဲ့​ပါတယ်။

အပစ်ခတ်ရပ်စဲ​ရေး​ သွား​ရောက်​ဆွေး​နွေး​ခဲ့​တဲ့​ ကိုယ်စား​လှယ် ၁၉ ဦး​က​နေပြီး​ ဗဟို​ကော်မတီဝင်​တွေကို ဒီမနက် ၉ နာရီက​နေ ၁၂ ရီအထိ ပြန်လည်ရှင်း​လင်း​မှု​တွေ ပြုလုပ်ခဲ့​တာပါ။


ကရင်ပြည်နယ် ဘား​အံမြို့​မှာ ငြိမ်း​ချမ်း​ရေး​အတွက် သ​ဘောတူညီချက် အပိုင်း​ ၂ ပိုင်း​ခွဲ လက်မှတ် ​ရေး​ထိုး​ခဲ့​ကြတဲ့​ အ​ကြောင်း​တွေ ရှင်း​လင်း​တာလို့​ ဗဟို​ကော်မတီဝင် ပဒို​စောသမိန်ထွန်း​က ရှင်း​ပြပါတယ်။

“သူတို့​က ကျ​နော်တို့​တင်တဲ့​ ၁၁ ချက်ရယ်၊​ သူတို့​ဘက်က ၄ ချက်ရယ်၊​ ဒီအ​ပေါ်မှာ နှစ်ဖက်သ​ဘောတူတယ်။ တိတိကျကျ မဟုတ်ဘူး​။ ပဏာမ သ​ဘော အပစ်အခတ်ရပ်စဲ​ရေး​ သ​ဘောတူတာ​လေ။ အဲဒီအ​ပေါ်မှာ သူ့​တပ်​နေရာ၊​ ကိုယ့်​တပ်​နေရာ​တွေ တိကျတဲ့​လုပ်ငန်း​တွေက ဆက်​ဆွေး​နွေး​စရာ ရှိ​သေး​တယ်။

“နအဖ တပ်က၊​ ဘား​အံမြို့​ထဲမှာ​နေမလား​၊​ ဒါမှမဟုတ် ​ကော့​ကရိတ်မှာ​နေမလား​၊​ ဒါမှမဟုတ် သူတို့​ရှိထား​တဲ့​ တပ်စခန်း​တွေက ဘယ်နား​မှာ ရှိတယ်ဆိုတာ အဲဒါ​တွေကို သူတို့​က ​ပြောပြရမယ်။ သူတို့​တပ်​တွေ ဘယ်နား​မှာ​နေတယ်ဆိုတာ ​ပြောပြရမယ်။ ​ပြော ပြပြီး​မှ ဒီတပ် ၂ ခုက၊​ ပဋိပက္ခ မဖြစ်​အောင်၊​ တိုက်ပွဲမဖြစ်​အောင် စည်း​ကမ်း​တွေ ပြန်ချရမယ်။ အဲဒီစည်း​ကမ်း​တွေချပြီး​မှ အဲဒီစည်း​ကမ်း​အတိုင်း​ ​ဆောင်ရွက်ဖို့​အတွက် တပ်​တွေကို ညွှန်ကြား​ရမယ်။ အဲဒါ​တွေပြီး​မှ ဆက်သွယ်​ရေး​ရုံး​မှာ ဘယ်သူ​တွေထား​မလဲ။ အမည်​ပေး​။ အမည်​ပေး​မထား​ဘဲ ထား​တယ်ဆိုတာ မရဘူး​။ ကျ​နော်တို့​ဘက်ကလည်း​ သူတို့​ကို ဆက်သွယ်​ရေး​လုပ်မယ်။ အဲဒီ တာဝန်ခံ အမည်ဘယ်သူဆိုတာ​ပေး​၊​ ဘယ်မှာရုံး​စိုက်မယ်။ အဲဒါအား​လုံး​ ​ကျေနပ်ပြီလား​ဆိုမှ အဲဒီမှာ တရား​ဝင် လက်မှတ်ထိုး​မယ်။

“အခုပဏာမက တရား​ဝင်ပဲ။ တရား​ဝင်​ပေမယ့်​ ဖျက်လို့​ရတယ်။ အဲဒီသ​ဘောတူညီခွင့်​ အကုန်လုပ်ပြီး​မှ သ​ဘောတူလက်မှတ်ထိုး​တာ ဖျက်လို့​မရဘူး​။ အဲဒါ ​ဖောက်ဖျက်ရင် စည်း​ကမ်း​ဖောက်ဖျက်တာပဲ။ ၄၅ ရက်အတွင်း​ ပြန်ပြီး​မှ စီစဉ်ရမယ်။ အစည်း​အ​ဝေး​ ထပ်ထိုင်ရဦး​မယ်။”

ကေအန်ယူ အ​နေနဲ့​ အစိုး​ရ ကိုယ်စား​လှယ်​တွေနဲ့​ လာမယ့်​ ၄၅ ရက်အတွင်း​ ထပ်မံ​တွေ့​ဆုံ​ဆွေး​နွေး​ပြီး​ အပစ်ခတ်ရပ်စဲ​ရေး​နဲ့​ အ​သေး​စိတ် ဆက်လက် ​ဆွေး​နွေး​မှာဖြစ်ပါတယ်။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့