Tuesday, January 17, 2012

ရှမ်း​ပြည်နယ် ​ကျေး​ရွာများ​တွင် အဓမ္မစစ်သား​စု​ဆောင်း

January 16, 2012

ရှမ်း​ပြည်နယ်​မြောက်ပိုင်း​ တန့်​ယန်း​မြို့​နယ်နဲ့​ ရှမ်း​ပြည်​တောင်ပိုင်း​ လဲချား​မြို့​နယ် ထဲမှာ ပြည်သူ့​စစ်​တွေက အဓမ္မစစ်သား​စု​ဆောင်း​နေပါတယ်။

ပြီး​ခဲ့​တဲ့​ ဒီဇင်ဘာလလယ်​လောက်က တန့်​ယန်း​မြို့​နယ် မန့်​ပန်ရွာအ​ခြေစိုက် ဌာ​နေပြည်သူ့​စစ်အဖွဲ့​ရဲ့​ နိုင်ငံ​ရေး​ရုံး​တာဝန်ခံက သူတို့​ ထိန်း​ချုပ်​ဒေသထဲက ရွာသူကြီး​တွေအား​လုံး​ကို ဆင့်​ခေါ်ပြီး​ တပ်ထဲဝင်ဖို့​ လူ​တွေ စု​ပေး​ရမယ့်​အ​ကြောင်း​ ​ပြောဆိုခဲ့​တယ်လို့​ ​ဒေသခံ​တွေက ​ပြောပါတယ်။


ရွာကြီး​ တရွာကို ၂၅ ​ယောက်၊​ ရွာငယ်တရွာ ၁၅ ​ယောက်နှုန်း​နဲ့​ လူမပို့​ပေး​နိုင်ပါက သူတို့​အဖွဲ့​ကိုယ်တိုင် ရွာထဲ ဆင်း​ကောက် မှာဖြစ်ပြီး​ လူမရရင် တရွာကို ကျပ်​ငွေ ၃၈ သိန်း​ ​ပေး​ဆောင်ရမယ့်​အ​ကြောင်း​ ​ပြောခဲ့​တယ်လို့​ ​ဒေသခံတဦး​က ​ပြောပါတယ်။

“ပြည်သူ့​စစ်​ တွေမှာ အစိုး​ရ​ထောက်ပံ့​ငွေ ရှိ​နေတာပဲ။ ရွာသား​တွေဆီမှာ စစ်သား​စု​ဆောင်း​ဖို့​ အ​ကြောင်း​ပြပြီး​ ​ကောက်တာ​တော့​ မဖြစ်သင့်​ဘူး​။ ဒါ​ပေမယ့်​ ရွာသား​တွေက နီး​ရာ လက်နက်ကိုင်အဖွဲ့​ကို ​ကြောက်​တော့​ ဘယ်မှ မတိုင်ရဲဘူး​၊​ ဘယ်နား​သွား​တိုင် ရမှန်း​လည်း​ မသိဘူး​။ တချို့​ရွာဆို တိုင်ရ ​ကောင်း​မှန်း​လည်း​ မသိပါဘူး​။ ဟိုအဖွဲ့​လာလည်း​ ​ပေး​ရတာပဲ၊​ ဒီအဖွဲ့​လာလည်း​ ​ပေး​လိုက်ရ တာပဲ။ စား​စရာမရှိလည်း​ ​ပေး​စရာ​တော့​ ရှိ​နေရတယ်။”

ရှမ်း​ပြည်​ တောင်ပိုင်း​ လဲချား​မြို့​နယ်ထဲမှာလည်း​ ဝမ့်​ပန်အ​ခြေစိုက် ပြည်သူ့​စစ်အဖွဲ့​က​နေ ​ဒေသခံရွာသား​တွေဆီက အဓမ္မစစ်သား​စု​ဆောင်း​နေတယ်လို့​ ​ဒေသခံ​တွေက ​ပြောပါတယ်။

နမ့်​ဟူး​ဖရား ​ထမ့်​ရွာအ​ခြေစိုက် ပြည်သူ့​စစ်အဖွဲ့​ဟာ ဒီလဆန်း​ပိုင်း​ ၁၂ ရက်​နေ့​က ဝမ်ဆန်း​ကျေး​ရွာအုပ်စု ကုန်း​မိုက်ဟိုက် ရွာသား​တွေဆီက တပ်သား​သစ်တ​ယောက်စာ ကျပ်​ငွေ ၁၃ သိန်း​ကို ဇန်နဝါရီ ၁၄ရက်​နေ့​ ​နောက်ဆုံး​ထား​ပြီး​ ​ပေး​ဆောင်ဖို့​ ​တောင်း​ခံခဲ့​တယ်လို့​ ဆိုပါတယ်။

အိမ်​ခြေ ၂၀ သာရှိတဲ့​ အဲဒီ့​ရွာဟာ တအိမ် ၆ ​သောင်း​ စု​ပေး​လိုက်ရတယ်လို့​ ဒေသခံတဦး​က ​ပြောပါတယ်။

တန့်​ယန်း​ မြို့​နယ် ဝမ့်​ပန်အ​ခြေစိုက် ပြည်သူ့​စစ်အဖွဲ့​ဟာ လား​ရှိုး​၊​ တန့်​ယန်း​၊​ မိုင်း​ရယ် စတဲ့​ မြို့​နယ်တဝိုက်မှာ လှုပ်ရှား​နေပြီး​ အင်အား​ ၁၀၀၀ ​လောက် ရှိတယ်လို့​ ဆိုပါတယ်။

လဲချား​မြို့​ နယ် နမ့်​ဟူး​ဖရား​ထမ်ရွာ အ​ခြေစိုက်ပြည်သူ့​စစ်အဖွဲ့​ဟာ ၂၀၀၂ ခုနှစ်က ရှမ်း​ပြည်တပ်မ​တော် ​တောင်ပိုင်း​ တပ်မဟာ ၇၅၈ က ခွဲထွက်ခဲ့​တာ ဖြစ်ပြီး​ စုစု​ပေါင်း​ အင်အား​ ၂၀၀ ​လောက်ရှိတယ်လို့​ ရှမ်း​ပြည်တပ်မ​တော် တပ်မှူး​တဦး​က ​ပြောပါတယ်။

ပြီး​ခဲ့​တဲ့​ ဒီဇင်ဘာလကုန်ပိုင်း​လောက်က သူတို့​ရဲ့​ ဘိန်း​ချက်စခန်း​ကို ရှမ်း​ပြည်တပ်မ​တော် ​တောင်ပိုင်း​က ဝင်​ရောက်သိမ်း​ပိုက်ခဲ့​ပြီး​နောက် အင်အား​ ၃၀ ​လောက်ပဲ ကျန်တယ်လို့​ ဆိုပါတယ်။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့