Thursday, January 19, 2012

ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ မှတ်ပုံတင်တော့မည်

2012-01-18

CRPP ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီဝင် ဦးအေးသာအောင်နဲ့ ကြေးမုံ ဦးသာဘန်းတို့ ဦးဆောင်တဲ့ ရခိုင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို နောက်လထဲမှာ ပါတီ မှတ်ပုံပြန်တင်ဖို့ ဆုံးဖြတ်လိုက်ကြတယ်လို့ သတင်းရရှိပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ဦးအေးသာအောင်က RFA ကို အခုလို ပြောပါတယ်။

“နောက်လလောက်ကို ကျွန်တော်တို့ တင်မလို့ပါ။ အရင်တုန်းကတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြန်လည် မှတ်ပုံတင် ပေမယ့် ခွန်ထွန်းဦး တို့လို၊ စိုင်းညွန့်လွင်တို့လို၊ မင်းကိုနိုင်၊ ကိုကိုကြီးနဲ့ တကွ ရဟန်း သံဃာတော်တွေ၊ နိုင်ငံရေး အကျဉ်းသား တွေ မလွတ်မချင်း မှတ်ပုံ မတင်သေးဘူး ဆိုပြီး ကျွန်တော်တို့က ဆုံးဖြတ်ပြီး နေခဲ့တယ်။ အခုတော့ နိုင်ငံရေး အကျဉ်းသား တွေ လည်း လွတ်လာပြီ ဆိုတော့ ကျွန်တော်တို့ပါတီ အနေနဲ့ မှတ်ပုံတင်ဖို့ ဆုံးဖြတ်ပါတယ်”

ရခိုင် အမျိုး​သား​ ဒီမိုက​ရေစီ အဖွဲ့ချုပ်ဟာ ၁၉၉၀ ​ရွေး​ကောက်ပွဲမှာ တတိယ မဲအများ​ဆုံး​ ရခဲ့​ပေမယ့်​ စစ်အစိုး​ရက ပါတီကို ဖျက်သိမ်း​ခဲ့​ပါတယ်။ နောက်လထဲမှာ ပါတီ မှတ်ပုံပြန်တင်မှာ ဖြစ်ပေမယ့် လာမယ့် ကြားဖြတ် ရွေးကောက်ပွဲ ဝင်ဖို့ ပြင်ဆင်ချိန် လုံလုံလောက်လောက် ရနိုင်မှာ မဟုတ်ဘူးလို့ တွက်ဆထားပါတယ်။

ရခိုင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တွေထဲက ကွယ်လွန်သွားသူတွေနဲ့ ပြည်ပ ရောက်သွားသူတွေ နေရာမှာ အစားထိုးဖို့ ဆုံးဖြတ်ထားပြီးကြောင်း ကိုလည်း ဦးအေးသာအောင်က ပြောပါတယ်။

Ref: အာရ်အဖ်အေ

0 comments:

အပေါ်သို့