January 16, 2012
ရွှေအောင်
သာဓုကျောင်းတိုက်မှာ ဆက်လက် သီတင်းသုံးခွင့်နဲ့ သာသနာပြုလုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်ခွင့်ပြုဖို့ အသနားခံစာကို ပယ်ချ လိုက်တာနဲ့ ပတ်သက်ပြီး ခုလို အချိန်မျိုးမှာ မဖြစ်သင့်ဘူးလို့ ရွှေညဝါဆရာတော် ဦးပညာသီဟက မိန့်ကြားပါတယ်။
ရာတော်ရဲ့ အသနားခံစာကို ရန်ကုန်တိုင်း သံဃာ့မဟာနာယကအဖွဲ့က ၂ဝ၁၂ ဇန်နဝါရီ ၁၃ ရက်နေ့က အကြောင်း ပြန်ခဲ့တဲ့ထဲမှာ “သာဓုကျောင်းတိုက် (ရွှေညဝါ ဆရာတော်) မှ တင်ပြလာခြင်းနှင့်စပ်လျဉ်း၍ ဆဋ္ဌအကြိမ် နိုင်ငံတော် သံဃာမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ ပန္နရသမ အစည်းအဝေး ဆုံးဖြတ်ချက်ပါ အတိုင်းသာ ဆောင်ရွက်ရေး ညွှန်ကြားရန်” လို့ ဖော်ပြပါရှိခဲ့ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး အံ့ဩမိတဲ့အကြောင်း ဆရာတော်က အခုလို မိန့်ကြားပါတယ်။
“သမ္မတကြီး ဦးသိန်းစိန်တို့ သူရဦးရွှေမန်းတို့ ဒကာကြီးတွေက ရှေ့သို့ဆိုပြီးတော့ ဒီမိုကရေစီ ရောင်ခြည်တွေကို သူတို့ကိုယ်တိုင် လည်း ထွန်းညှိပြီးတော့ ရှေ့သို့ဆိုပြီး လက်တွဲညီညာစွာနဲ့ တိုင်းရင်းသားပြည်သူတွေ အားလုံးဝိုင်းဝန်းပြီး ပူးပေါင်းဆောင်ရွက် လျှောက်လှမ်းကြပါစို့လို့ ပြောနေတဲ့ အချိန်အခါမျိုးမှာ ဒါမျိုးက မဖြစ်သင့်တဲ့ ကိစ္စကြီး။ အန်အယ်လ်ဒီနဲ့ သံဃာတော်တွေနဲ့ကို ဘယ်လိုဖြစ်စေချင်တယ်ဆိုတာ စိတ်စေတနာ ဆိုးသလား ကောင်းသလားဆိုတာ ထင်ရှားနေပြီလေ။ ကျုပ်တို့က လွတ် လပ်စွာ အထိုက်အလျောက်တော့ ပြောဆိုပိုင်ခွင့် ရှိလာပြီလို့ထင်လို့ ဒါလေးတွေက သိပ်ကြီးမားတဲ့ အပြစ်မဟုတ်ဘူးဆိုပြီး ပြောမိ တာပါ။ ဒါကိုအပြစ်လို့ ပြောလို့လည်း ကျုပ်အသနားခံစာထဲမှာ ဘာမှစောဒက မတက်ပါဘူး။ တပည့်တော် ကျောင်းတိုက်မှာ တပည့်တော် ပြန်လည်နေထိုင်ခွင့်နှင့် သာသနာပြု အခွင့်အလမ်းများကို ပေးသနာတော်မူပါ။ ဒါလေးပဲ လျှောက်ထားပြီးတော့ အသနားခံစာ တင်ပြတာကို ပယ်ချတယ်လို့ဆိုတော့ အဲဒီမှာ အံ့ဩစရာကြီး ဖြစ်နေတယ်။”
အကြောင်း ကြားစာကို ဆရာတော် ထိုင်းနိုင်ငံက ပြန်မယ့် ဇန်နဝါရီလ ၁၃ ရက်နေ့မှာ ပေးပို့ခဲ့တာဖြစ်ပြီး စာထုတ်တဲ့ ရက်စွဲက ဇန်နဝါရီ ၃ ရက် ဖြစ်တာမို့ ဒီအချက်ပေါ်လည်း သံသယဖြစ်မိတဲ့အကြောင်း မိန့်ပါတယ်။
“ကျုပ်ကို ဒီလို နှိပ်ကွပ်တဲ့စာမျိုးကို နိုင်ငံရေးအကျဉ်းသားတွေ လွှတ်တဲ့နောက်ကနေ မျှောထုတ်လိုက်တာက ဒါကလည်း မရိုးသားဘူးလို့ ထင်တာပဲလေ။ ခုထိတော့ ကျုပ်လည်း စိတ်ကောင်းနှလုံးကောင်း နားလည်မှုကြီးကြီးနဲ့ ထားနေဆဲပါပဲ။ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်တဲ့ကိစ္စက ပြည်တွင်းပြည်ပမှာ တော်တော်လှုပ်ခတ်ပြီးတော့ ကြည်နူးဝမ်းသာပြီး သမ္မတကြီး ဦးသိန်းစိန်တို့ အစိုးရအပေါ်မှာ အားလုံးက နားလည်မှုတွေ တော်တော်လေး ကောင်းတဲ့ဘက်ကို ရွေ့လျားလာပြီးတော့ တော်တော်လေး ကျေးဇူးတင်တဲ့စကားတွေ ပြောပြီး ဝမ်းမြောက်နေကြတဲ့အချိန်လေ။”
ဆရာတော်အ နေနဲ့ နိုင်ငံတော်သံဃာ့မဟာနာယက ဆရာတော်ကြီးတွေကို အကြည်ညိုမပျက်ရှိနေပြီး အခု ကိစ္စဟာ နောက်ကွယ် မှာ အရိပ်မည်းတခု ရှိနေတယ်လို့လည်း မိန့်ပါတယ်။
ဆရာတော် ထိုင်းနိုင်ငံကို မထွက်ခွာမီ နိုင်ငံတော်သံဃာ့မဟာနာယက ဆရာတော်တွေထံ ချဉ်းကပ်ပြီး စုံစမ်းခဲ့စဉ်အခါက လာ မယ့် မတ်လထဲ ကျင်းပမယ့် ၄၇ ပါး စုံညီစည်းဝေးကျမှ စဉ်စားဆုံးဖြတ်တော်မူမယ်လို့ သိခဲ့ရပြီး အခုတော့ စာထွက်လာ တာပါ။
ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် စက်တင်ဘာလအတွင်း မန္တလေးမြို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ တရားဟောလို့ ဆိုပြီး ရွှေညဝါဆရာတော်ကို သာဓုကျောင်းတိုက်က ဖယ်ရှားဖို့၊ ကျောင်းတိုက်တွင်း ဘယ်လိုသင်တန်းမျိုးမှ မပြုလုပ်ဖို့ နိုင်ငံတော်သံဃာ့မဟာနာယက အဖွဲ့က ဒီဇင်ဘာလထဲမှာ အကြောင်းကြားစာ ပေးပို့ခဲ့တာဖြစ်ပါတယ်။
Ref: ဒီဗွီဘီ
Tuesday, January 17, 2012
အသနားခံစာပယ်ချသည့် စာအပေါ် ရွှေညဝါဆရာတော် အံ့ဩ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment